Citizen of Burma Award -NY

Citizen of Burma Award -NY ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Citizen of Burma Award -NY, องค์กรไม่แสวงหาผลกำไร, Chiang Mai

Clean Yangon !
07/07/2026

Clean Yangon !

၁၇ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ
15/06/2026

၁၇ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ

NY chapter 👏🏻👏🏻👏🏻
02/02/2026

NY chapter 👏🏻👏🏻👏🏻

ထုတ်ပြန်ကြေညာချက်ဒေါက်တာနန္ဒဝင်း( ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှုး )၏ရပ်တည်လုပ်ဆောင်ချက်များအပေါ်  ပြည်သူ့ဂုဏ်ရည်...
02/11/2025

ထုတ်ပြန်ကြေညာချက်

ဒေါက်တာနန္ဒဝင်း( ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှုး )၏
ရပ်တည်လုပ်ဆောင်ချက်များအပေါ် ပြည်သူ့ဂုဏ်ရည်အသင်း၏သဘောထားကြေညာချက်

ခေတ်အဆက်ဆက် အာဏာရှင်တို့၏ဖိနှိပ်မှုများအောက်မှ ခက်ခဲစွာရုန်းကန်နေကြရသော ပြည်သူတို့၏အကျိုးကို ဦးတည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား “ပြည်သူ့ဂုဏ်ရည်” ဂုဏ်ပြုမှုများဖြင့် ၂၀၁၀ခုနှစ်မှ စတင်ပြီး နှစ်စဥ်မပြတ်ဂုဏ်ပြုလာခဲ့ပါသည်။

၂၀၁၅ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အထူးဆုဖြင့်ဂုဏ်ပြုခဲ့သော ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာ ကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက် များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်။

ဒေါက်တာနန္ဒဝင်းနှင့်သက်ဆိုင်သောအချက်အလက်များကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာမှ ဖယ်ရှားခဲ့ပြီးဖြစ်သလို၊ ပြည်သူ့ဂုဏ်ရည်ဆုရှင်တဦးအဖြစ် ထိုက်တန်မှုမရှိကြောင်းနှင့် ‌ဒေါက်တာနန္ဒဝင်း၏ စက်ဆုပ်ရွံရှာ ဖွယ် ယုတ်မာရက်စက်သည့်စိတ်ထားနှင့် ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလိုက်သည်။ ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း
နိုဝင်ဘာ ၁ ရက်၊ ၂၀၂၅ခုနှစ်

မန္တလေးနန်းကြီးသုပ်ရောင်း၍လှူပါသည်။
01/10/2025

မန္တလေးနန်းကြီးသုပ်ရောင်း၍လှူပါသည်။

ဂုဏ်ပြုမှတ်တမ်း
01/10/2025

ဂုဏ်ပြုမှတ်တမ်း

16 ကြီမ်မြောက်ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပ္ဲအခမ်းအနားမေလ၂၄၊၂၀၂၅
06/06/2025

16 ကြီမ်မြောက်ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပ္ဲအခမ်းအနား
မေလ၂၄၊၂၀၂၅

24/05/2025

၂၀၂၅ ခုနှစ် (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ်
လူထုခေါင်းဆောင် ဖြစ်သော
မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်တဲ့
ဒေါ်ဆောင်ဆန်းစုကြည်ကို

ပြည်သူဂုဏ်ရည် ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေ လေးစား တန်ဖိုးထားပြီး
ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

(ဂုဏ်ပြုပွဲ အစီအမံအများကို ထပ်မံ၍ အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။)

၂၀၂၅ခုနှစ် ၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကိုသိမှတ်ရည်မှန်းပြီး ...
02/05/2025

၂၀၂၅ခုနှစ် ၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကိုသိမှတ်ရည်မှန်းပြီး ဂုဏ်ပြုကြတာဖြစ်ပါတယ်။
မေလ ၂၄ရက်၊ ဟူစတန်မြို့(တက်ဆက်) မှာ ကျင်းပမယ့် ဂုဏ်ပြုပွဲအမီ တစ်လက်မပတ်လည် ရင်ထိုးများကို အမှတ်တရထုတ်ဝေသွားဖို့ရှိပါတယ်။
ရန်ပုံငွေအကျိုးအမြတ်အားလုံးကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ တော်လှန်ရေးဆေးတပ်ဖွဲ့များအတွက် ပေးပို့လှူဒါန်းကြမှာပါ။
တခုကို $10/- နဲ့ ဆက်သွယ်မှာယူနိုင်ကြပါပြီ။

နယူးယောက်ဌာနခွဲ
3478400282

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Citizen of Burma Award -NY โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์