Dawei PDF - CDM အနာဂတ် အသစ်ကို လျောက်လှမ်းစို့

28/10/2025

ခုဆိုရင်
ဇမတို့ CDM page လေး
ပြန်လည်ရရှိခဲ့ပါပြီရှင်
🙂‍↔️

24/05/2025

စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်"

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် မေလ ဒုတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၅ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။

အလင်းဝင်လာသူများ (စုစုပေါင်း ၇ ဦး)

စစ်သား ၃ ဦး
-ကရင်ပြည်နယ် (၁)
-တနင်္သာရီတိုင်း (၂)

ပြည်သူ့စစ် ၄ ဦး
-စစ်ကိုင်းတိုင်း (၁)
-မကွေးတိုင်း (၃)

*(မှတ်ချက် - အလင်းဝင်သူ ၃ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်။)*

စစ်သုံ့ပန်း ဖမ်းဆီးခံရသူများ (စုစုပေါင်း ၈ ဦး)

စစ်သား ၆ ဦး
-ပဲခူးတိုင်း (၆)

ပြည်သူ့စစ် ၂ ဦး
-မကွေးတိုင်း (၂)

ပြည်သူကို ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတော်အာဏာနဲ့ နိုင်ငံ့ဘဏ္ဍာတွေကို လုယူခိုးဝှက်ရင်း မနိုင်မနင်းနဲ့ယောက်ယက်ခတ်နေချိန်မှာ နွေဦးတော်လှန်ရေးကြောင့် ကျဆုံးသွားကြတဲ့ စကစစစ်သည်တွေရဲ့ မိသားစုဝင်တွေကတော့ အနာဂတ်‌တွေပျောက်၊ ဘဝ‌တွေပျောက်၊ မိသားစု‌တွေပျောက်နဲ့ ခံစားခွင့်လုံးဝ မရရှာသူတွေလည်း မရေတွက်နိုင်တော့ပြီ။

ဒီလို အခြေအနေဆိုးထဲမှာ စစ်ကျွန်ဘဝက လွတ်ဖို့အရေး အခွင့်အခါကို အမြဲစောင့်ကြည့် အသုံးချတတ်ဖို့ လိုပါကြောင်း ထပ်မံတိုက်တွန်းရင်း...။

ကိုးကား - (၈.၅.၂၀၂၅ ) မှ (၁၄.၅.၂၀၂၅) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။

မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလ ဒုတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၁၀၈၂ ဦးထိရှိခဲ့ပါသည်။

ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : []
- ဗိုက်ဘာ : +66 94 652 9985

16/05/2025

“၂၀၂၅ ခုနှစ် ဧပြီလအတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၈ ဦး ရှိခဲ့“

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၈ ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

အလင်းဝင်လာသူများ (စုစုပေါင်း ၇၃ ဦး)။

- စစ်သား ၆၅ ဦး။
- ပဲခူးတိုင်း (၂)၊ ကရင်ပြည်နယ် (၁၃)၊ ကရင်နီပြည်နယ် (၈)၊ ချင်းပြည်နယ် (၆)၊ မကွေးတိုင်း (၈)၊ မွန်ပြည်နယ် (၂)၊ စစ်ကိုင်းတိုင်း (၁၁)၊ တနင်္သာရီတိုင်း (၈)၊ ရှမ်းပြည်နယ် (၆)၊ ရန်ကုန်တိုင်း (၁)။
*(မှတ်ချက် - အလင်းဝင်သူ စစ်သား ၆၅ ဦးအနက် ၃၅ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*

- ရဲ ၄ ဦး။
- မန္တလေးတိုင်း (၁)၊ ချင်းပြည်နယ် (၁)၊​ စစ်ကိုင်းတိုင်း (၂)။

- ပြည်သူ့စစ် ၄ ဦး။
- ရှမ်းပြည်နယ် (၁)၊ ချင်းပြည်နယ် (၃)။

လက်နက်ချသူများ (စုစုပေါင်း ၁၈ ဦး)

- စစ်သား ၁၈ ဦး။
- ရှမ်းပြည်နယ် (၃)၊ တနင်္သာရီတိုင်း (၁၅)။

စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၁၈၇ ဦး)

- စစ်သား ၁၈၁ ဦး။
- မန္တလေး (၂)၊ မကွေးတိုင်း (၂၄)၊ စစ်ကိုင်းတိုင်း (၁၅၂)၊ ပဲခူး (၁)၊ တနင်္သာရီတိုင်း (၁)၊ မွန်ပြည်နယ် (၁)။
*(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၁၈၁ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ်ဖြစ်သည်။)*

- ရဲ ၁ ဦး။
- မကွေးတိုင်း (၁)

- ပြည်သူ့စစ် ၅ ဦး။
- မွန်ပြည်နယ် (၅)။

သတင်းကိုးကား - တော်လှန်ရေးအဖွဲ့အစည်းများ ၊ မီဒီယာများ။

မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၁၀၄၁ဦးထိရှိခဲ့ပါသည်။

ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : []
- ဗိုက်ဘာ : +66 94 652 9985

16/05/2025

စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်"

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် မေလ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၆ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။

အလင်းဝင်လာသူများ (စုစုပေါင်း ၂၁ ဦး)

စစ်သား ၂၁ ဦး
-မန္တလေးတိုင်း (၃)
-ကရင်ပြည်နယ် (၃)
-မကွေးတိုင်း (၃)
-တနင်္သာရီတိုင်း (၁၂)

*(မှတ်ချက် - အလင်းဝင်သူ ၂၁ ဦးအနက် ၁၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*

စစ်သုံ့ပန်း ဖမ်းဆီးခံရသူများ (စုစုပေါင်း ၅ ဦး)

စစ်သား ၂ ဦး
-စစ်ကိုင်းတိုင်း (၁)
-ကချင်ပြည်နယ် (၁)

ရဲ ၂ ဦး
-ချင်းပြည်နယ် (၂)

ပြည်သူ့စစ် ၁ ဦး
-တနင်္သာရီတိုင်း (၁)

စကစရဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ထွက်ချင်သော်လည်း ထွက်ခွင့်မရခဲ့သူများအနေဖြင့် အလင်းဝင်ခြင်း၊ လက်နက်ချခြင်းအားဖြင့် မိမိဘဝကိုပြန်လည်ကယ်တင်နိုင်သလို ပြည်သူလူထုအတွက်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာရောက်ပေသည်။

စကစအဖွဲ့ဝင်များအနေဖြင့် ပြည်သူအပေါ် အကြမ်းဖက်နေသည့် အဖွဲ့အစည်းမှ ရသည့်နည်းဖြင့် ဆန့်ကျင်ရုန်းထွက်‌ပေးကြပါရန် ပြည်သူ့ပန်းတိုင်က ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုးကား - (၁.၅.၂၀၂၅ ) မှ (၇.၅.၂၀၂၅) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။

မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလ ပထမပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၁၀၆၇ ဦးထိရှိခဲ့ပါသည်။

ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : []
- ဗိုက်ဘာ : +66 94 652 9985

06/02/2025

ငါ တရားလေးတော့ ပီးအောင် ဟောပါရစေ 🤣🤣🤣

"‌ကိုယ်လက်အစိတ်အပိုင်း ထိခိုက်ဆုံးရှုံး၊ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် CDM စစ်သားများအား ထောက်ပံ့ပေး"နွေဦးတော်လှန်ရေးနှင့်အတ...
06/02/2025

"‌ကိုယ်လက်အစိတ်အပိုင်း ထိခိုက်ဆုံးရှုံး၊ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် CDM စစ်သားများအား ထောက်ပံ့ပေး"

နွေဦးတော်လှန်ရေးနှင့်အတူ ပြည်သူ့စစ်သားအများအပြားသည် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူဘက်သို့ ကူးပြောင်းရပ်တည်လာခဲ့ကြပါသည်။

ထိုသို့ ဘက်ကူးပြောင်းလာခဲ့ကြသည့် CDM ပြည်သူ့စစ်သားများသည် တော်လှန်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်အားဖြည့်နေကြသလို၊ စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးတွင် ပြန်လည်ပါဝင်နေကြသူ အများအပြားရှိပါသည်။

နွေဦးတော်လှန်ရေးတလျှောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပြန်လည်ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်သားများ၏ "ပြန်လည်ထူထောင်ရေး နှင့် လူမှုကျန်းမာရေးလိုအပ်မှု" များအတွက် ကူညီပံ့ပိုးပေးသည့်အနေဖြင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူ (၃) ဦး အား (၂၀,၀၀၀) ဘတ်၊ ကိုယ်လက်အင်္ဂါချို့ယွင်းထိခိုက်သူ (၁) ဦး အား (၁၅,၀၀၀) ဘတ်၊ ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦး အား (၁၀,၀၀၀) ဘတ်/(၁) ဦး အား (၅၀၀၀) ဘတ်၊ စုစုပေါင်း (၉၀,၀၀၀) ဘတ် ကို ၂၀၂၄ နိုဝင်ဘာလမှ ယနေ့အထိ ၄ လခန့်ကာလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အတူ အခြား ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော် PDF (၂) ဦးအားလည်း (၅၀၀၀) ဘတ် စီဖြင့် စုစုပေါင်း (၁၀,၀၀၀) ဘတ် ထောက်ပံ့ပေးခဲ့ပါသည်။

နွေဉီးတော်လှန်ရေးတွင် ကိုယ်ကျိုးစွန့်ပါဝင်ရင်း ကိုယ်လက်အစိတ်အပိုင်း ထိခိုက်ဆုံးရှုံး၊ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် CDM ပြည်သူ့စစ်သားများအား ပြန်လည်ထူထောင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရန် ပြည်သူ့ပန်းတိုင်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

#ပြည်သူ့ပန်းတိုင်

26/01/2025

ဓါတ်ခဲတို့ ခွေးတပ်ရင်းခန်းမထဲမှာ လွင့် 🤣🤣

ဒရုန်း သင်တန်းဆင်းပွဲအမျိူးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5...
24/01/2025

ဒရုန်း သင်တန်းဆင်းပွဲ

အမျိူးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့နှင့်
သရက်ချောင်း(ပကဖ)-ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ အပတ်စဥ်(၁) ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနား 15.12025

22/01/2025

ဇူဇူလဲ အငြိမ်မနေပီ 🤣🤣🤣

ဘေးထိုင် ဘုပြော လူတချို့ကို ပြောချင်သောစကားလေးက--- မင်း မေ ဠိုး လိုက် 😂😂
16/01/2025

ဘေးထိုင် ဘုပြော လူတချို့ကို ပြောချင်သောစကားလေးက---
မင်း မေ ဠိုး လိုက် 😂😂

ที่อยู่

Chiang Mai
50300

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Dawei PDF - CDM โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์