05/06/2026
🚀 Career Launchpad with BSA-CMU 🚀
✨ကျောင်းတက်နေစဉ်မှာ Internship လျှောက်ဖို့နဲ့ ကျောင်းပြီးသွားတဲ့အချိန် အလုပ်လျှောက်တဲ့အခါ CV Form ဘယ်လိုရေးရမလဲ?
✨LinkedIn Profile ကောင်းကောင်းတစ်ခုတည်ဆောက်ပြီး နည်းဗျူဟာကျ ချိတ်ဆက်ပြောဆိုမှုတွေ ဘယ်လိုပြုလုပ်ရမလဲ?
✨မတူညီတဲ့ယဉ်ကျေးမှု၊ နောက်ခံ၊ အလေ့အထတွေကြားထဲမှာ ထိရောက်တဲ့ပြောဆိုဆက်သွယ်မှုဆိုတာ ဘာလဲ? ဘယ်လိုလေ့ကျင့်လို့ရနိုင်မလဲ?
- စတာတွေကို ဆယ်စုနှစ်ကျော်ကြာ အတွေ့အကြုံရှိတဲ့ Ma Thazin Nyein Kyaw (Founder & Director of IntEd Abroad Consulting) က ဦးဆောင်ပြီး Burma Students' Association - Chiang Mai University ရဲ့ စီစဉ်မှုနဲ့အတူ ၂ရက်တာ ဆွေးနွေးပွဲကျင်းပသွားမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ဘာတွေပါမှာလဲ?
1️⃣ Self Exploration: MBTI & Ikigai
2️⃣ Values & Interests Sort + Career DNA Synthesis
3️⃣Effective Communication: Audience & Clarity
4️⃣Public Speaking: Stage Presence & 60-sec Pitch - တွေ ပါဝင်မှာဖြစ်ပြီး ဆွေးနွေးပွဲတစ်လျောက်လုံးမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရတာ၊ အပြန်အလှန်ဆွေးနွေးရတာတွေနဲ့ မိတ်ဆွေသူငယ်ချင်းအသစ်တွေလည်းရရှိမှာဖြစ်ပါတယ်။
✅စိတ်ပါဝင်စားတယ်ဆိုရင်တော့ အောက်က Form လေးကို ဖြည့်စွက်ဖို့တိုက်တွန်းပါတယ်။ စိတ်ပါဝင်စားသူများဟာ ဆွေးနွေးပွဲ ၂ ရက်တာလုံးကိုမပျက်မကွက်တက်ရောက်ရမှာဖြစ်ပြီး တက်ကြွစွာပါဝင်ဆွေးနွေးသွားရမှာပဲဖြစ်ပါတယ်။
Google Form Link: https://forms.gle/CDa5yowHb2q7GJLp8
Registration Deadline: June 7th, 2026, 24:00
နေရာထိုင်ခင်းကန့်သတ်ချက်အရ Burma Students' Association - Chiang Mai University အဖွဲ့ဝင်များနဲ့ ယခင်က BSA-CMU ရဲ့ လှုပ်ရှားမှုများမှာ ပါဝင်ခဲ့ဖူးသူများကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပြီး၊ အခြားသောစိတ်ဝင်စားသူများလည်း စိတ်ပါဝင်စားပါက Google form လေးကို ဖြည့်စွက်နိုင်ပါတယ်။
📆 Date: June 9 & 11, 2026
⏰ Time: 10:00 AM - 5:00 PM
🏠 Location: ကျင်းပပြုလုပ်မဲ့နေရာကို ပါဝင်မှုအတည်ပြုကြောင်း email နဲ့အတူ ပေးပို့သွားပါမယ်။
🥘 💯 ဆွေးနွေးပွဲ ၂ ရက်တာမှာ Burma Students' Association - Chiang Mai University မှ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံဦးမှာဖြစ်လို့ အခုပဲ Form ဖြည့်လိုက်ကြတော့နော် ...
See You Soon!!!