Independent Press Council Myanmar

Independent Press Council Myanmar လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ

ကြေညာချက်အမှတ် (၁၁/ ၂၀၂၆)၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ်   ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ သက်ရော...
25/06/2026

ကြေညာချက်အမှတ် (၁၁/ ၂၀၂၆)

၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ် ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ သက်ရောက်မှု အစီရင်ခံစာ (တတိယ) ထုတ်ပြန်ခြင်း။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်။

မြန်မာမီဒီယာဌာနများ၏ Digital Platforms ထုတ်လွှင့်မှုများအပေါ် မြန်မာ့ဒီဂျစ်တယ် အာဏာသိမ်းမှု အတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်း - (News Audience Suppression Under Myanmar’s Digital Coup) များကို သုတေသနစာတန်းပြုစုထားသည်။

၁။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် (၃) ကြိမ် ခွဲပြီး ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) များတွင် လွတ်လပ်သော သတင်းမီဒီယာ များမှ ထုတ်လွှင့်ခဲ့ကြသော သတင်းမှန်များကို ပြည်သူလူထု ဖတ်ရှု နားထောင် ကြည့်ရှုခွင့် မရအောင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာ့ဒစ်ဂျစ်တယ်အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်းများကို စနစ်တကျ ဖန်တီးထားပြီး မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များကို နိုင်ငံတကာ နှင့် မြန်မာပြည်သူများ လေ့လာ သိရှိနိုင်ရန်အတွက် IPCM နှင့် HRM တို့မှ စနစ်တကျ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့ပြီး အစီရင်ခံစာ (၃) စောင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပထမ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ဒုတိယ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၂။ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလ အတွင်း မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာများအနက်မှ တတိယတစောင်ကို အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် Facebook ဒေတာ အချက်အလက် ပေါင်း ၁၂ ဘီလီယံကို ခွဲခြမ်းစိတ်ဖြာထားပြီး စစ်အုပ်စု၏ အင်တာနက်ပိတ်ဆို့မှုများ၊ ကန့်သတ်မှုများနှင့် စောင့်ကြည့် ထောက်လှမ်းမှုများ၊ အင်တာနက်ဖိုး ပိုမိုဈေးကြီးလာမှုနှင့် ပလက်ဖေါင်း အယ်လ်ဂိုရစ်သမ် (Algorithms) များက မီဒီယာပရိသတ်များအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ဖော်ထုတ် တင်ပြထားသည်။

၃။ သတင်းစာပညာကို ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားသည့်တိုင်အောင် မီဒီယာလုပ်ငန်းများ၏ Facebook ပေါ်ရှိ စုစုပေါင်းထုတ်လွှင့်တင်ပြမှုသည် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မီဒီယာထုတ်လုပ်မှုမှာ ၁၀၈ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခဲ့သည်။

၄။ စနစ်တကျ သတင်းမှောင်ချ ပိတ်ဆို့မှုတခု အနေဖြင့် စစ်တပ်က အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အင်တာနက်ဖိုး တိုးမြှင့်လာခြင်းတို့ကို ပြုလုပ်ခဲ့ရာ၊ ၎င်းအခြေအနေသည် ပလက်ဖေါင်းများ၏ အယ်လ်ဂိုရစ်သမ် (algorithm)အပြောင်းအလဲများနှင့် ပေါင်းစပ်သွားသောကြောင့် ပြည်သူများ သတင်းမီဒီယာများသို့ ဝင်ရောက် ကြည့်ရှုနိုင်မှုသည် - ၄၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

၅။ မြန်မာစစ်အုပ်စု၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ဆောင်ချက်များ ကို အမှောင်ချ ထားခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပယ်ဖျက်မှုများက လွတ်လပ်သော သတင်းမီဒီယာ များကို ထိခိုက် နစ်နာစေသည်။

၆။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး မြန်မာ့ဒီဂျစ်တယ်အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်းကို စနစ်တကျ လေ့လာပြီး အစီရင်ခံစာ တတိယပိုင်း ကို မြန်မာ-အင်္ဂလိပ် ၂-ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။

အစီရင်ခံစာ ရယူရန် လင်ခ့်
https://drive.google.com/drive/folders/1EmXCYVw2iaj1jNAayrNBn5XeJ6AoxLz1?usp=sharing

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန် -
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240

ကြေညာချက်အမှတ် (၁၀/ ၂၀၂၆)လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့်  Myanmar Women in Media (MWiM) တို့၏ ပူးတွဲထုတ်...
16/06/2026

ကြေညာချက်အမှတ် (၁၀/ ၂၀၂၆)

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)
နှင့် Myanmar Women in Media (MWiM) တို့၏ ပူးတွဲထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆ ) ရက်

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Myanmar Women in Media (MWiM) တို့သည် လွတ်လပ်သော မြန်မာ့မီဒီယာအသိုက်အဝန်း (အထူးသဖြင့် Exile အခြေစိုက် လွတ်လပ်သော မီဒီယာများ) အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ကာကွယ်ရန်၊ အသိပညာပေးရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်မည့် ယန္တရားတစ်ရပ် အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၆ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌ ဦးကိုကိုဇော် နှင့် Myanmar Women in Media (MWiM) တည်ထောင်သူ (Founder) ဒေါ်တင်ဇာအောင်တို့အပါအဝင် နှစ်ဖက်အဖွဲ့အစည်း များမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။

နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွင် အောက်ပါအချက်များအား သဘောတူညီခဲ့ကြသည်
- လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကာကွယ်ရေးနှင့် အသိပညာပေးခြင်း
- မီဒီယာအသိုက်အဝန်းအတွင်း ဖြစ်ပေါ်နေသော/ ရှိနေသော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို နားလည်သဘောပေါက်ပြီး ကာကွယ်နိုင်ရန် နှင့်
- လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို သတင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။

မူဝါဒများ လက်ခံကျင့်သုံးရေး တိုက်တွန်းခြင်း - သတင်းမီဒီယာဌာနများအတွင်းတွင် PSHEA policy (Prevention of Sexual Harassment, Exploitation, and Abuse) ဟုခေါ်သည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားမှုများ ကာကွယ်ရေးမူဝါဒကို လက်ခံအသုံးပြုလာစေရန် ဆွေးနွေးအသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။

ပူးတွဲတုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း - လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ဖြစ်ပေါ်လာပြီး တိုင်ကြားမှုများ ရရှိပါကဖြစ်စေ၊ ဖြစ်ရပ်က သိသာထင်ရှားလွန်းလျှင်ဖြစ်စေ ဖြစ်စဉ် တစ်ခုချင်းစီအတွက် IPCM၊ MWiM နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သော ဆွေးနွေးတိုင်ကြားရေးဆိုင်ရာ "Sexual Harassment Response Team" ကို ဖွဲ့စည်းကာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန် -
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဦးကိုကိုဇော် (ဥက္ကဌ) (ဆစ်ဂနယ် +၉၅ ၉ ၂၅၅-၈၀၃-၂၆၂)

Myanmar Women in Media (MWiM)
ဒေါ်တင်ဇာအောင် (Founder) (ဆစ်ဂနယ် +၆၆ ၆၂၉-၁၀၉-၀၃၂)

ကြေညာချက်အမှတ် (၉/ ၂၀၂၆)       ၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ်   ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ ...
27/05/2026

ကြေညာချက်အမှတ် (၉/ ၂၀၂၆)

၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ် ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ သက်ရောက်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၂၇) ရက်။

မြန်မာမီဒီယာတိုက်များ၏ Digital Platforms ထုတ်လွှင့်မှုများအပေါ် Digital Platforms Owner များမှတရားမဲ့ပြုလုပ်မှုများကို သုတေသနစာတန်းပြုစုထားသည်။

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် (၃) ကြိမ် ခွဲပြီး ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) များတွင် လွတ်လပ်သော သတင်းမီဒီယာများမှ ထုတ်လွှင့်ခဲ့ကြသော သတင်းမှန်များကို ပြည်သူလူထု ဖတ်ရှု နားထောင် ကြည့်ရှုခွင့် မရအောင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ကြံဖန်တီး ထားသော မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များကို ၎င်းတို့၏ လက်ဝေခံ မီဒီယာများမှ တဆင့် ထုတ်လုပ် ဖြန့်ဝေခဲ့ကြခြင်းများကို နိုင်ငံတကာနှင့် မြန်မာပြည်သူများ လေ့လာ သိရှိနိုင်ရန် အတွက် IPCM နှင့် HRM တို့မှ စနစ်တကျ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့ပြီး အစီရင်ခံစာ (၃) စောင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပထမ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း မီဒီယာ အကြောင်းအရာများကို ကာကွယ်ပေးသည့် နိုင်ငံတကာစံနှုန်းများနှင့် ဂတိကဝတ်များမှာ ကျယ်ပြန့်ပြီး လက်တွေ့ အကောင်အထည်ဖေါ်မှုများကို ကြပ်မတ်နိုင်မည့် ယန္တရားများ ကင်းမဲ့နေခြင်းကလည်းသတင်းမှန် ထုတ်လုပ်သူ မီဒီယာများအတွက် စိန်ခေါ်မှုများဖြစ်စေပြီး လက်တွေ့တွင် အနှစ်သာရမရှိပေ။

၃။ မြန်မာ့အတုအယောင် ရွေးကောက်ပွဲသည် ဒစ်ဂျစ်တယ် နယ်ပယ်အတွင်း ရန်လိုတိုက်ခိုက်မှုများ ပိုမိုဆိုးရွားစေပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ခြိမ်းခြောက်မှုများ ပိုမိုပြင်းထန်လာကြောင်း စစ်တမ်းဖြေဆိုသည့် မီဒီယာများ၏ ၆၉ ရာခိုင်နှုန်းက အစီရင်ခံခဲ့သည်။

၄။ ထိုကဲ့သို့ ဒစ်ဂျစ်တယ် ပလက် ဖေါင်းများမှ ထိန်းချုပ်စစ်ဆေးခြင်း မရှိသလောက်ဖြစ်နေခြင်းက အဆိုပါ ရန်လိုတိုက်ခိုက်မှု အကြောင်းအရာများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုက နိုင်ငံသား အခွင့်အရေးနှင့်ဆိုင်သော အရေးကြီးသည့် အချိန်ကာလတွင် လွတ်လပ်သောမီဒီယာများကို ၎င်းတို့၏ ပရိတ်သတ် ပြည်သူများနှင့် ကင်းကွာ သွားစေခဲ့သည်။

၅။ မြန်မာစစ်အုပ်စု၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ဆောင်ချက်များ ကို အမှောင်ချ ထားခြင်း၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပယ်ဖျက်မှုများက လွတ်လပ်သော သတင်း မီဒီယာ များကို ထိခိုက်နစ်နာစေသည်။

၆။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲ ကာလတလျှောက်လုံးတွင် ပြည်သူလူထု၏ သတင်းမှန် သိပိုင်ခွင့်ကို ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ပိတ်ဆို့ကန့်သတ်မှုများကို လက်နက်သဖွယ် အသုံးချခဲ့မှုများကို စနစ်တကျ လေ့လာပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ရွေးကောက်ပွဲကာလများတွင် မြန်မာမီဒီယာများအပေါ် ဒစ်ဂျစ်တယ် ပလက်ဖေါင်းများ၏ သက်ရောက်မှု ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ဒုတိယပိုင်း ကို မြန်မာ-အင်္ဂလိပ် ၂-ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။

အစီရင်ခံစာ ရယူရန် လင်ခ့်
https://drive.google.com/drive/folders/1EmXCYVw2iaj1jNAayrNBn5XeJ6AoxLz1?usp=sharing

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန် -
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240

Statement No. (8/2026)IPCM Statement on World Press Freedom DayMay 3, 2026On this World Press Freedom Day, May 3, the In...
03/05/2026

Statement No. (8/2026)

IPCM Statement on World Press Freedom Day

May 3, 2026

On this World Press Freedom Day, May 3, the Independent Press Council Myanmar (IPCM) wishes to highlight the alarming and continuous decline of press freedom within Myanmar. Journalists across the country remain subject to systematic suppression and multi-faceted restrictions under the military regime.

According to the latest report by Reporters Without Borders (RSF), Myanmar ranks 166th out of 180 countries in the World Press Freedom Index. The country remains designated in the "red zone," signifying a catastrophic situation for media personnel.

Since the 2021 military coup, the state of press freedom in Myanmar has deteriorated annually. The military junta continues to impose lengthy prison sentences on journalists and persists in the arbitrary revocation of media licenses.

Most recently, on April 24, the junta announced the revocation of licenses for Chin World, Khonumthung News, and Now a days News agencies, alleging that their reporting undermined national security, the rule of law, and public tranquility. This followed the revocation of the Shwe Phee Myay news agency’s license on January 13.

From the onset of the coup until May 2026, over 200 journalists have been unjustly arrested. Many remain imprisoned under various charges. Among them, the health of detained journalist Ko Sai Zaw Thaike is a matter of grave concern, as he has been denied urgent and necessary medical treatment.

Despite the junta’s attempts to present a civilian facade of administration within a democratic framework, the reality is that independent media and journalists remain under constant threat.
The IPCM does not recognize the military junta’s authority. Most importantly, the IPCM condemns its revocation of media licenses and its suppression. We strongly demand the immediate and unconditional release of all unjustly detained journalists and call for an urgent end to the targeted persecution of media organizations.

Despite these mounting pressures, the IPCM reaffirms on this World Press Freedom Day that independent media will continue to stand firmly with the people. We remain committed to delivering accurate and timely information in accordance with professional media ethics.

Independent Press Council Myanmar (IPCM)

Media Contacts:
Ko Ko Zaw – Chairman (Signal: +95 925 580 3262)
Toe Zaw Latt – Secretary (Signal: +66 80 683 4240)

Statement No. (7/2026)IPCM Statement on the Targeted Persecution of Media ProfessionalsMay 3, 2026 — World Press Freedom...
03/05/2026

Statement No. (7/2026)

IPCM Statement on the Targeted Persecution of Media Professionals

May 3, 2026 — World Press Freedom Day

"On this World Press Freedom Day, the Independent Press Council Myanmar (IPCM) calls urgent attention to the catastrophic decline of media safety in the five years following the 2021 military coup. During this period, nearly 200 media professionals have been arrested. As of May 3, 2026, 18 media professionals remain behind bars in various prisons across the country, including three women."

The severity of the judicial crackdown is reflected in the harsh sentencing of those currently held. Thirteen journalists are serving long-term prison sentences, with the most extreme cases resulting in life imprisonment or terms of 20 years. Other sentences range from eight years down to a minimum of three to five years.

Most tragically, the junta’s campaign of violence has resulted in the deaths of seven media professionals since February 2021. These individuals were killed as a direct result of arrest, torture, or extrajudicial ex*****on while actively performing their journalistic duties.

To facilitate this crackdown, the military junta has weaponized the legal system, prosecuting nearly 200 journalists under a range of restrictive statutes. These include Sections 505(a), 505(b), and 124(a) of the Penal Code, Section 17(1) of the Unlawful Associations Act, and Section 66(d) of the Telecommunications Law. Additionally, the regime has utilized the News Media Law, the Export and Import Law, the Explosive Substances Act, and the Natural Disaster Management Law to silence dissent. The Counter-Terrorism Law, alongside Section 505, remains the most frequently used tool for the arbitrary detention of press members.

Beyond individual arrests, the regime has systematically targeted media infrastructure. Between January and April 2026 alone, the junta revoked the licenses of four independent media outlets, bringing the total number of revoked licenses to 19 since the coup began. This institutional suppression is compounded by the regime's unilateral amendments to media-related laws, which are designed to further criminalize the profession and ensure that independent outlets cannot operate under the fundamental principles of a free press.

The IPCM emphasizes that the survival of independent media is not merely an industry concern but a vital necessity for the future establishment of a federal democratic union. The current environment has rendered Myanmar one of the most dangerous nations in the world for journalists. We call upon all international and domestic organizations to prioritize the protection of media workers, advocate for the immediate release of those unjustly detained, and demand full accountability for the torture and killing of media professionals.

Independent Press Council Myanmar (IPCM)

Media Contacts:
Ko Ko Zaw – Chairman (Signal: +95 925 580 3262)
Toe Zaw Latt – Secretary (Signal: +66 80 683 4240)

ကြေညာချက် အမှတ် (၈/၂၀၂၆)ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ကြေညာချက်၂၀၂၆ ခုနှစ် မေလ ၃ ရက်။၁။ ယနေ့ မေလ (၃) ရက်နေ့တွင် ကျရ...
03/05/2026

ကြေညာချက် အမှတ် (၈/၂၀၂၆)

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့

ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ် မေလ ၃ ရက်။

၁။ ယနေ့ မေလ (၃) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် မြန်မာနိုင်ငံအတွင်းရှိ သတင်းလွတ်လပ်ခွင့် အခြေအနေမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး သတင်းသမားများမှာလည်း ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အလေးအနက် ထောက်ပြလိုပါသည်။

၂။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံမှာ ယခုနှစ်၌ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အလွန်ဆိုးဝါးသည့်အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက် သတ်မှတ်ထားကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေမှာ နှစ်စဉ် ဆိုးဝါးလာနေပြီး သတင်းထောက်များအား နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားခြင်း၊ သတင်းမီဒီယာလိုင်စင် ပိတ်သိမ်းခြင်းများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ၂၄ ရက်က နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးတို့အား ထိခိုက်စေသော အကြောင်းအရာများ ရေးသားလွှင့်တင်ခဲ့သည်ဟု စွပ်စွဲကာ Chin World သတင်းဌာန၊ Khonumthung သတင်းဌာနနှင့် မျက်မှောက်ခေတ် သတင်းဌာနတို့ကို လိုင်စင်ပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်အုပ်စုက ကြေညာခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ရွှေဖီမြေသတင်းဌာနကို လိုင်စင်ပိတ်သိမ်းခဲ့သည်။

စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၆ မေလအထိ မတရားဖမ်းဆီးခံရသူ သတင်း မီဒီယာသမားဦးရေ ၂၀၀ ကျော် ရှိခဲ့သည့်အနက် ၁၈ ဦးမှာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီး အကျဉ်းချခံနေရဆဲဖြစ်သည်။ အကျဉ်းကျခံနေရသူ ကိုစိုင်းဇော်သိုက်၏ ကျန်းမာရေးမှာ အရေးပေါ်ဆေးကုသရန် လိုအပ်နေသည်။

၃။ ယင်းသည် အာဏာသိမ်းစစ်အုပ်စုက အရပ်သားအသွင် ယူ၍ အစိုးရသစ်အဖြစ် ဟန်ပြလုပ်ဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေသည်ဟု အယောင်ပြနေသော်လည်း၊ လက်တွေ့တွင် သတင်းမီဒီယာများအပေါ် မည်သည့်အလျှော့အတင်းမျှ မရှိဘဲ ပိုမိုပြင်းထန်စွာ ဖိနှိပ်လျက်ရှိကြောင်း သက်သေပင်ဖြစ်သည်။

၄။ IPCM အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ မီဒီယာလိုင်စင် ပိတ်သိမ်းခြင်း ယန္တရားကို အသိအမှတ်မပြုပါ။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့် မီဒီယာဌာနများအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်နေမှုများကို အမြန်ဆုံး ရပ်တန့်ရန် IPCM မှ ပြင်းထန်စွာ တောင်းဆိုပါသည်။

၅။ မည်သည့် ဖိအားများရှိစေကာမူ လွတ်လပ်သည့် မီဒီယာများသည် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက် တင်ဆက်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ တွင် ကျွန်ုပ်တို့ IPCM က ထပ်လောင်း အတည်ပြုလိုက်ပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ - IPCM

ဆက်သွယ်ရန်
၁) ကိုကိုဇော် - ဥက္ကဌ (ဆစ်ဂနယ် - +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် - အတွင်းရေးမှူး (ဆစ်ဂနယ် - +၆၆ ၈၀ ၆၈၃ ၄၂၄၀)

မတရားဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများနှင့်သက်ဆိုင်သောလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ၏ထုတ်ပြန်ကြေညာချက်ကြေညာချက် ...
03/05/2026

မတရားဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများနှင့်သက်ဆိုင်သော
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ၏
ထုတ်ပြန်ကြေညာချက်

ကြေညာချက် အမှတ် (၇/၂၀၂၆)

၃ ရက် မေလ ၂၀၂၆ ခုနှစ်
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး (၅)နှစ်ကျော်ကာလတွင် သတင်းသမား ဦးရေ ၂၀၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး နိုင်ငံအနှံ့အကျဥ်းထောင်အသီးသီး၌ သတင်းမီဒီယာသမားအနည်းဆုံး(၃၀)ကျော်မှ အများဆုံး(၆၀)ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ကြရသည်။ ယခုလက်ရှိ ၂၀၂၆ ခုနှစ် မေလ(၃)ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား(၁၈)ဦး အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရဆဲဖြစ်ပြီး အမျိုးသမီး(၃)ဦးပါဝင်သည်။

ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်တစ်သက်နှင့်ထောင်ဒဏ်နှစ်(၂၀)အပါ အဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား(၁၃)ဦးပါဝင်သည်။ ထိုသူများသည် အမြင့်ပြစ်ဒဏ် ထောင်တစ်သက် နှင့် အနိမ့်ဆုံးပြစ်ဒဏ်ထောင်(၈)နှစ် ကျခံထားရသူများဖြစ်သည်။ ယင်းတို့အနက် ကျန်ရှိသူ များသည် အနည်းဆုံးထောင်ဒဏ်(၃)နှစ်မှ(၅)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရသည်။

စစ်အုပ်စု၏ဖမ်းဆီးနှိပ်စက်မှုနှင့်သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမားများ လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မေလအထိ စုစုပေါင်း(၇)ဦး ရှိခဲ့သည်။ ထိုသူများသည် သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မေလအတွင်း သတင်းမီဒီယာသမား(၂၀၀)နီးပါးကို စစ်အုပ်စုက မတရားဖမ်းဆီးအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ - က၊ ၅၀၅ - ခ၊ ပုဒ်မ - ၁၂၄ - က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆(ဃ)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ပို့ ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများပုဒ်မ - (၅)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဥပဒေပုဒ်မ - ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများ အစရှိသည့် ရာဇဝတ်မှုများဖြင့် အရေးယူခဲ့သည်။

ယင်းတို့အနက် အများဆုံးအသုံးပြုခဲ့သောဥပဒေပုဒ်မများမှာ ၅၀၅ - က၊ ၅၀၅ - ခ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများ ဖြစ်သည်။

ထို့အပြင် စစ်အုပ်စုသည် ယခုနှစ်စ ဇန်နဝါရီ နှင့် ဧပြီလကုန်ပိုင်းက လွတ်လပ်သော သတင်းမီဒီယာ (၄) ခုကို လိုင်စင်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ သတင်းမီဒီယာ လုပ်ငန်း(၁၉)ခု၏ လုပ်ငန်းလိုင်စင်များကို စစ်အုပ်စုက ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့်ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကိုလည်း တစ်ဖက်သတ်ပြုပြင် ပြဌာန်းခဲ့သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ (၅)နှစ်တာကာလအတွင်း စစ်အုပ်စု၏မီဒီယာဖိနှိပ်မှုများသည် လွန်စွာပြင်း ထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်။ သတင်းမီဒီယာသမားများနှင့်သတင်းမီဒီယာ လုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက် နေပြီဖြစ်သည်။

သတင်းလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်တို့သည် သတင်းမီဒီယာနယ်ပယ်အတွက်သာ မကဘဲ အနာဂတ်တွင်ထူထောင်ရန်ရည်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်တမျှအရေးပါသည့် အရာဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးအတွက် သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြပါရန် နှင့် သတင်းမီဒီယာသမားများဖမ်းဆီးထောင်ချခြင်း နှင့် နှိပ်စက်သတ်ဖြတ်ခြင်း များကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် IPCM အနေဖြင့် တောင်းဆိုလိုက်သည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ - IPCM

ဆက်သွယ်ရန်
၁) ကိုကိုဇော် - ဥက္ကဌ (ဆစ်ဂနယ် - +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် - အတွင်းရေးမှူး (ဆစ်ဂနယ် - +၆၆ ၈၀ ၆၈၃ ၄၂၄၀)

ကြေညာချက်အမှတ် (၆/ ၂၀၂၆)မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမားများအားလုံးကို ခြွင်းချက်မ...
16/04/2026

ကြေညာချက်အမှတ် (၆/ ၂၀၂၆)

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခြင်း။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၆) ရက်။

၁။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးလေ့ ရှိသည့် အစဉ်အလာကောင်း ကို အလေးအနက်ပြုလျက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သတင်းမီဒီယာသမားအားလုံးကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) က ပြင်းထန်စွာ တောင်းဆို လိုက်သည်။

၂။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မေလအထိ မတရားဖမ်းဆီးခံခဲ့ရသူ သတင်းမီဒီယာသမား (၂၀၀) ကျော်ရှိခဲ့ပြီး၊ ယနေ့အချိန်ထိ အကျဉ်းထောင်အသီးသီးတွင် သတင်းမီဒီယာသမား (၁၉) ဦးမှာ မတရားသော ဥပဒေများ၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါသည်။

၃။ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ (၁၉) ဦး ထဲတွင် အမျိုးသား (၁၅) ဦး နှင့် အမျိုးသမီး(၄) ဦးပါဝင်ပြီး ၎င်းတို့သည် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ပြည်သူလူထုထံသို့ သတင်း အချက်အလက်မှန်များ ရောက်ရှိရန် လုပ်ဆောင်ရင်း ဖမ်းဆီးခံခဲ့ ကြရသူများ ဖြစ်သည်။ ထို့အပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရ စဉ် အတွင်း သေဆုံးခဲ့ရသည့် သတင်းသမား (၇) ဦးအထိ ရှိခဲ့ခြင်းအပေါ် IPCM အနေဖြင့် အထူးပင် စိတ်မကောင်းဖြစ်ရပါသည်။

၄။ သတင်းမီဒီယာလုပ်ငန်းသည် နိုင်ငံသားတို့၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေး သည့် အခြေခံကျသော ဒီမိုကရေစီမဏ္ဍိုင်တစ်ခု ဖြစ်သည်။ သတင်းသမားများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းတို့သည် သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိခိုက် စေ ရုံသာမက ပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကိုပါ ပိတ်ပင်တားဆီးရာ ရောက်ပါသည်။

၅။ သို့ဖြစ်ပါ၍ နှစ်သစ်ကူးအခါသမယတွင် မတရား ဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများ၊ စာရေးဆရာများ အပါအဝင် အနုပညာရှင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်နှင့် သတင်းမီဒီယာသမားများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထပ်လောင်း တောင်းဆိုလိုက်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန် -
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240

ကြေညာချက် အမှတ် (၅/၂၀၂၆)မီဒီယာ လုံခြုံရေးနှင့် အကာအကွယ်ပေးရေးအစီအစဉ်အရေးပေါ်ရွှေ့ပြောင်းနှင့် မြန်မာနိုင်ငံပြင်ပတွင် သတင...
06/04/2026

ကြေညာချက် အမှတ် (၅/၂၀၂၆)

မီဒီယာ လုံခြုံရေးနှင့် အကာအကွယ်ပေးရေးအစီအစဉ်

အရေးပေါ်ရွှေ့ပြောင်းနှင့် မြန်မာနိုင်ငံပြင်ပတွင် သတင်းမီဒီယာလုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ရန် တရားဝင်နေထိုင်ခွင့် အကူအညီ လျှောက်ထားရန် ကြေညာခြင်း။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။

၁။ ၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန် မှစတင်ပြီး စစ်အုပ်ချုပ်ရေး အောက်တွင် ဖိနှိပ်မှုမျိုးစုံနှင့် မြန်မာပြည်သူများ ကြုံတွေ့ခံစား ခဲ့ရသည့်နည်းတူ သတင်းမီဒီယာ အပေါ် ဖိနှိပ်ခြင်းကိုလည်း လက်ရှိကာလအထိ ဆက်တိုက်ဖိနှိပ်ခဲ့သဖြင့် သတင်းမီဒီယာသမားများမှာ အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ခံစားခဲ့ရသည်။

၂။ စစ်အုပ်စု၏ မတရားဖိနှိပ်မှုကြောင့် ပြည်တွင်းတွင် သတင်းလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ကြရပြီး သတင်းသမားအများအပြားမှာ ပြည်ပနိုင်ငံများ၊ နယ်စပ်ဒေသ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့မှာ မြန်မာနိုင်ငံအတွင်း အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်ကာ သတင်းမီဒီယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရသည်။

၃။ နိုင်ငံပြင်ပသို့ ရောက်ရှိနေထိုင်နေကြရသည့် သတင်းသမားများမှာလည်း တရားမဝင်နေထိုင်မှု ကြောင့်ဖမ်းဆီးခံရနိုင်ခြင်း၊ အလုပ်လုပ်ခွင့် လိုင်စင်မရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

၄။ လက်ရှိကာလတွင် သတင်းရေးသားမှု (သတင်းမီဒီယာလုပ်ငန်း) ကြောင့် ဖမ်းဆီးခြင်းခံရခြင်းမှ လွတ်မြောက်ရန် အရေးပေါ် ရွှေ့ပြောင်းနေထိုင်ရသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော သတင်းမီဒီယာသမား များ၏ အရေးမှာလည်း အရေးကြီး လိုအပ်ပါသည်။

၅။ ထိုအခက်အခဲများကို ကျော်လွှားရန် နိုင်ငံပြင်ပတွင် တရားဝင်နေထိုင်ပြီး သတင်းမီဒီယာ လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် ရည်ရွယ်သော မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ လုံခြုံစွာ နေထိုင်ရေးအတွက် တရားဝင် စာရွက်စာတမ်းရရှိရန်မှာ အရေးကြီး လိုအပ်ပါသည်။

၆။ ထိုကဲ့သို့ နိုင်ငံပြင်ပတွင် လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် တရားဝင် စာရွက်စာတမ်း ရရှိရေး၊ အရေးပေါ် ရွှေ့ပြောင်းရမည့် သတင်းမီဒီယာသမားများ လိုအပ်သောအကူအညီများ ပေးနိုင်ရေး အတွက် IPCM မှ အရေးပေါ်အကူအညီများ ပေးအပ်မည့် မီဒီယာလုံခြုံရေးနှင့် အကာအကွယ် ပေးရေး အစီအစဉ် မှ အရေးပေါ် ရွှေ့ပြောင်း နေထိုင်ခြင်း အကူအညီနှင့် တရားဝင်နေထိုင်ခွင့် အကူအညီ ရရှိရန်အတွက် လက်ရှိ သတင်းမီဒီယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသူ သတင်းမီဒီယာသမားများ လျှောက်ထား နိုင်ပါသည်။

၇။ အရေးပေါ်အကူအညီပေးမည့်အစီအစဉ်များ။
သတင်းသမားတစ်ဦးချင်းအတွက် -
• လက်ရှိ သတင်းရေးသားမှုကြောင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် အရေးပေါ်ရွှေ့ပြောင်းနေထိုင်မှု (ပြည်တွင်း - ပြည်ပ) ကုန်ကျစရိတ် ကူညီထောက်ပံ့ခြင်း။
• နိုင်ငံပြင်ပတွင် တရားဝင်နေထိုင်၊ အလုပ်လုပ်ခွင့် အတွက် အထောက်အထား ရရှိရန် ကူညီ ထောက်ပံ့ခြင်း။

၈။ အရေးပေါ် အကူအညီအတွက် အခြေခံသတ်မှတ်ချက်။
• ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေပြီး၊
လတ်တလော သတင်းကိစ္စကြောင့် ဖမ်းဆီးခံရခြင်း ဘေးမှ လွတ်ကင်းရန် အရေးပေါ် ရွှေ့ပြောင်း နေထိုင်ရမည့် သတင်းမီဒီယာသမားများ၊ နိုင်ငံပြင်ပတွင် တရားဝင်နေထိုင်ပြီး သတင်းမီဒီယာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိရန်။
• ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ မတ်လ အတွင်း မိမိကိုယ်တိုင်ရေးသားပြီး ထုတ်လုပ်ထားသော သတင်းလင့် (၃) ခု။
• လျှောက်ထားသူ သတင်းမီဒီယာသမား၏ နောက်ခံအချက်အလက်နှင့် မိမိအကြောင်း (Background Information and Profile) တင်ပြနိုင်ရမည်။

၉။ အရေးပေါ်ကူညီထောက်ပံ့ခြင်းလျှောက်လွှာများကို IPCM အလုပ်အမှုဆောင် ကော်မတီဝင်များ၊ လွတ်လပ်သော သတင်းမီဒီယာနယ်ပယ်မှ ပုဂ္ဂိုလ်များ ပါဝင်သော ကော်မတီမှ စိစစ်ဆုံးဖြတ်မည်။

မှတ်ချက် ။ ။ လျှောက်ထားမည့် သတင်းမီဒီယာသမားများ အနေနှင့် ဤကြေညာချက်ပါ သတ်မှတ် ချက်များကို သေချာစွာ ဖတ်ရှုပြီး အောက်ဖေါ်ပြပါ လင့်တွင် မိမိ ကိုယ်တိုင် ဝင်ရောက် ဖြည့်စွက်ရန် လိုအပ်ပါသည်။

လျှောက်လွှာလင့်ခ် - https://emergencysupport2026.netlify.app/

Passcode အား IPCM ၏ page Messenger တွင် လာရောက်တောင်းခံနိုင်ပါသည်။

အလုပ်အမှုဆောင်ကော်မတီ
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ - IPCM

ဆက်သွယ်ရန်
၁) ကိုကိုဇော် - ဥက္ကဌ (ဆစ်ဂနယ် - +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် - အတွင်းရေးမှူး (ဆစ်ဂနယ် - +၆၆ ၈၀ ၆၈၃ ၄၂၄၀)

သတင်း ကြေညာချက် အမှတ် (၄/၂၀၂၆)ရက်စွဲ။  ။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Huma...
16/03/2026

သတင်း ကြေညာချက် အမှတ် (၄/၂၀၂၆)

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ပူးပေါင်းပြီး မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) တွင် ပြည်သူလူထုအား မှန်ကန်သော သတင်း အချက်အလက် များကို သိခွင့်မပေးဘဲ၊ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ကြံဖန် တီးထားသော သတင်းအချက်အလက်များကို ၎င်းတို့၏လက်ဝေခံ မီဒီယာများမှ တဆင့် ဖြန့်ဝေခဲ့ကြခြင်းကို အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် စနစ်တကျ လေ့လာခဲ့သည်။

၂။ စစ်အုပ်စုသည် လွတ်လပ်သော သတင်းမီဒီယာများမှ ထုတ်လုပ်ကြသော မှန်ကန်သည့် သတင်း အချက် အလက်များကို ပြည်သူလူထုများမှ ဖတ်ရှုခြင်း မပြုနိုင်အောင် ၎င်းတို့ထိန်းချုပ်ထားသော ဆက်သွယ်ရေး အော်ပရေတာများမှတဆင့် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြုပြီး ကန့်သတ်ပိတ်ပင်မှုများ၊ မတရား ဖမ်းဆီး ထောင်ချခြင်းများကို ပြုလုပ်ခဲ့ကြသည်။

၃။ ထိုကန့်သတ်ပိတ်ဆို့မှု များတွင် ပြည်မအခြေစိုက် Mainstream Media များ သာမက ပြည်နယ်နှင့်တိုင်း နေရာအနှံ့အပြားတွင် အခြေစိုက်ခဲ့ကြသော တိုင်းရင်းမီဒီယာများ၊ ဒေသအခြေပြု မီဒီယာများကိုပါ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြပါသည်။

၄။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲ ကာလတလျှောက်လုံးတွင် ပြည်သူလူထုများမှ သတင်းမှန် သိပိုင်ခွင့်ကို ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ပိတ်ဆို့ကန့်သတ်မှုများကို လက်နက်သဖွယ် အသုံးချခဲ့မှုများကို စနစ်တကျ လေ့လာပြီး ၂၀၂၅-၂၀၂၆ အတုအယောင်ရွေးကောက်ပွဲကာလများတွင် လွတ်လပ်သော သတင်းမီဒီယာများကို ပိတ်ဆို့ ကန့်သတ်ပုံများ နှင့် ပတ်သက်ပြီး အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ ရယူရန် လင်ခ့် -https://drive.google.com/drive/folders/1EmXCYVw2iaj1jNAayrNBn5XeJ6AoxLz1?usp=drive_link

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်
၁) ကိုကိုဇော် (ဆစ်ဂနယ် - +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် (ဆစ်ဂနယ် - +၆၆ ၈၀ ၆၈၃ ၄၂၄၀)

ที่อยู่

Chiang Mai
50300

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Independent Press Council Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์