Peace In Burma Now

Peace In Burma Now page for Burma Study Center, a migrant education and empowerment center in Chiang Mai

08/08/2025

Burma Students' Association- Chiang Mai University မှ ပြုလုပ်မယ့် Youth Thinkers Space Workshop
[ENGLISH BELOW]

Burma Students' Association- Chiang Mai University မှ Regional Center for Social Science and Sustainable Development-RCSD, BEAM Education Foundation,နဲ့ Burma Study Centerတို့နဲ့ ပူးပေါင်းပြုလုပ်မယ့် Youth Thinkers Space Workshopအတွက် ရွေးချယ်ပြီးသော ကျောင်းသူ၊ကျောင်းသားများကို အီးမေးလ်အသီးသီး ပေးပို့ပြီးဖြစ်ပါတယ်။

လျှောက်ထားခဲ့ပါက ကျေးဇူးပြု၍ အီးမေးလ်အကြောင်းပြန်ရန်နဲ့ ဖုန်းဖြင့် ဆက်သွယ်လာခြင်းများကို လက်ခံဖြေဆိုပေးရန် မေတ္တာရပ်ခံလိုပါတယ်။

ပါဝင်ရမည့် ကျောင်းသူ၊ကျောင်းသားများကို ရွေးချယ်ခြင်းဖြစ်စဉ်ဟာ အင်မတန်မှ ခက်ခဲခဲ့ပြီး လျှောက်ထားလာသော လူငယ်တစ်ယောက်ချင်းစီဟာ သည်အစီအစဉ်မှာ ပါဝင်ရန်ထိုက်တန်ပါကြောင်း အသိအမှတ်ပြုပြောကြားလိုပါတယ်။ သို့သော် ကျွန်ုပ်တို့၏ ငွေအား၊ လူအား အရင်းအမြစ်နည်းပါးမှုကြောင့် လူငယ်တစ်စုကိုသာ ရွေးချယ်နိုင်ခဲ့ပြီး အီးမေးလ်လက်ခံမရရှိပါက သည်အစီအစဉ်မယ် သည်တစ်ခေါက်တော့ ရွေးချယ်ခံရခြင်းမရှိကြောင်း ဝမ်းနည်းစွာ အသိပေးလိုပါတယ်။

Burma Students' Association-CMUဟာ ချင်းမိုင်အခြေစိုက် ကျောင်းသူ၊ကျောင်းသားများ၏ အသံအသီးသီးကို အစဉ်တစိုက် လေးစားပါကြောင်းပြောကြားလိုပြီး ပိုမိုကောင်းမွန်သော အားပေးထောက်ပံ့မှု အစီအစဉ်များ ပြုလုပ်သွားနိုင်ရန် အမြဲကြိုးစားလျက်ရှိပါတယ်။

[ENGLISH VERSION]

Youth Thinkers Space Workshop by Burma Students' Association – Chiang Mai University

The Burma Students' Association – Chiang Mai University, in collaboration with the Regional Center for Social Science and Sustainable Development (RCSD), BEAM Education Foundation, and the Burma Study Center, has sent individual emails to the selected students for the upcoming Youth Thinkers Space Workshop.

If you have applied, please kindly respond to the email and be ready to answer any phone calls from our team.

The selection process was incredibly challenging, as every applicant truly deserved to be part of this program. However, due to our limited financial and human resources, we were only able to select a certain number of participants. If you did not receive an email, we regret to inform you that you were not selected for this round of the workshop.

The Burma Students' Association – CMU highly values the voices of all students based in Chiang Mai and is committed to continuously creating better support programs in the future.

Youth Thinkers' Space Workshop [English Below]Burma Students Association-CMU ကနေ Youth Thinkers' Spaceလို့ အမည်ရတဲ့ ကျို...
28/07/2025

Youth Thinkers' Space Workshop
[English Below]

Burma Students Association-CMU ကနေ Youth Thinkers' Spaceလို့ အမည်ရတဲ့ ကျိုးကြောင်းဆီလျော်စွာတွေးခေါ်ခြင်းနှင့် လူအများရှေ့စကားပြောဆိုခြင်း Workshopလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။

Youth Thinkers' Space-YPS, Critical Thinking and Public Speaking Workshopလေးဟာ မေလကမှ ပြုလုပ်သွားခဲ့တဲ့ Youth Debate Camp-လူငယ် ဒီဘိတ်စခန်းလေးရဲ့ သက်ရောက်မှုများအပေါ် အခြေခံပြီး ဖြစ်တည်လာတာဆိုလည်း မမှားပါဖူးခင်ဗျာ။

မြန်မာနိုင်ငံကနေ အကြောင်းကိစ္စအမျိုးမျိုးနဲ့ ပြောင်းရွှေ့လာကြတဲ့ ကျွန်တော်တို့လူငယ်တွေဟာ ဘာသာစကား၊ ယဉ်ကျေးမှု၊ ပြောဆိုဆက်သွယ်မှု အခက်အခဲများစွာနဲ့ တွေ့ကြုံနေတတ်ပြီး၊ ရင်ဘတ်ချင်းနီးတဲ့လူငယ်တွေနဲ့လည်း တွေ့ဆုံဖို့ တခါတရံခက်ခဲတတ်ပါတယ်။ ဒါကြောင့် မြန်မာလူငယ်များကြား အတွေးအခေါ် နှင့် စကားပြောစွမ်းရည်များ၊ ပေါင်းသင်းဆက်ဆံရေး နည်းလမ်းများ အချင်းချင်းလေ့ကျင့် သင်ယူရင်း တိုးတတ်လာကြစေဖို့ သည်workshop လေးကို ပြုလုပ်လိုရခြင်းလည်းဖြစ်ပါတယ်။

သည် Workshopလေးမှာ ကျွန်တော်တို့နဲ့အတူ Burma Study Center, The Regional Center for Social Science and Sustainable Development-Chiang Mai University နဲ့ BEAM Education Foundation တို့ကလည်း ငွေအား၊လူအား၊နဲ့ဉာဏအားတွေ ပါဝင်ကူ‌ညီပေးထားပါတယ်။

သည် Workshopလေးမယ် အတူတူလေ့လာကြည့်ကြမယ့် ခေါင်းစဉ်လေးတွေကတော့
(1) Critical Thinking (ကျိုးကြောင်းဆီလျော်စွာတွေးခေါ်ခြင်း)
(2) Argumentation (ကျိုးကြောင်းဆီလျော်သော စကားပြောဆိုခြင်း)
(3) Fallacies (စကားနှင့် အတွေးယိုပေါက်များ)
(4) Public Speaking (လူအများရှေ့ စကားပြောဆိုခြင်း)
တို့ပဲဖြစ်ပါတယ်။

သည်သက်ဆိုင်ရာskillsတွေကို ကျွန်တော်တို့နဲ့အတူတူ အတွေးလေ့ကျင့်ခန်းများဖွင့်ခြင်းနဲ့ ပျော်ရွှင်စရာ gamesများကစားခြင်းဖြင့် လေ့လာရင်း မတူညီတဲ့ background ကလူငယ်တွေစုဝေးပြီး အပြန်အလှန် နှီးနှောဖလှယ်ကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဤအားဖြင့်လည်း ကောင်းမွန်တဲ့ အသိုက်အဝန်းနဲ့ ပတ်ဝန်းကျင်အသစ်တခုကို တည်ဆောက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

သင်တန်းတက်ရောက်ဖို့ စာရင်းသွင်းချင်တယ် ဆိုရင်တော့ အောက်ပါလင့်ကလေးမယ် ဝင်ရောက်စာရင်းပေးရပါမယ်။

🔗 https://docs.google.com/forms/d/e/1FAIpQLSdDO6tGjcgsdOCiSLC3YSLsbYYnyodxN7FTjNd_y7_9wbwbPg/viewform

ကျင်းပပြုလုပ်မည့်နေရာ- လူမှုသိပ္ပံမဟာဌာန၊ ချင်းမိုင်တက္ကသိုလ်
ကျင်းပပြုလုပ်မည့်နေ့ရက်- ၉-၁၀ရက်၊ ဩဂုတ်လ၊ ၂၀၂၅ (နှစ်ရက်)
ကျင်းပပြုလုပ်မည့်အချိန် -နံနက်၉:၃၀- နေ့လယ်၃:၀၀
လျှောက်ထားနိုင်သည့် နောက်ဆုံးနေ့ – ၃.၈.၂၀၂၅ (ည ၁၂:၀၀ အထိ)

ပါဝင်ခွင့်ရသူများအား – ၆.၈.၂၀၂၅ တွင် ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းနှစ်ရက်တာကာလအတွင်း ‌နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံသွားပါမယ်။

[English Version]

Youth Thinkers' Space Workshop

[မြန်မာဘာသာဖြင့်အထက်တွင်ဖတ်ရှုနိုင်ပါသည်။]

The Burma Students Association-CMU at Chiang Mai University is pleased to introduce the Youth Thinkers Space: A Workshop on Critical Thinking and Public Speaking.

The Youth Thinkers' Space (YTS) Workshop is a continuation of the momentum built by the Youth Debate Camp held in May. It was created to further enhance the voices and confidence of young people.

Young people who have relocated from Myanmar due to various circumstances often face numerous challenges, including language barriers, cultural differences, and communication difficulties. Sometimes, it’s even hard to connect with fellow youths who share similar experiences. This workshop is therefore designed to help strengthen critical thinking and public speaking skills, while fostering meaningful peer connections.

This event is made possible with the support—both financial and intellectual—of our partners: Burma Study Center, The Regional Center for Social Science and Sustainable Development (RCSD), Chiang Mai University, and BEAM Education Foundation.
Throughout the two-day workshop, we will explore the following topics:

1. Critical Thinking
2. Argumentation
3. Fallacies
4. Public Speaking

We warmly invite you to join us in learning these valuable skills through engaging discussions, interactive thinking exercises, and fun games. Let’s come together from different backgrounds to exchange ideas and build a vibrant and inclusive community.

📝 To register, please fill out this form:
🔗 Registration Form: https://docs.google.com/forms/d/e/1FAIpQLSdDO6tGjcgsdOCiSLC3YSLsbYYnyodxN7FTjNd_y7_9wbwbPg/viewform
📍 Venue: Faculty of Social Sciences, Chiang Mai University
📅 Date: August 9–10, 2025 (Two days)
🕘 Time: 9:30 AM – 3:00 PM
📌 Application Deadline: August 3, 2025 (by 12:00 midnight)
📢 Selected participants will be notified on August 6, 2025.
🍱 Lunch and refreshments will be provided on both days.

Myanmar Earthquake Relief Online Fundraiser - FINAL UPDATE[အောက်တွင် ဗမာလိုပါရှိသည်။]In response to the devastating 7.7-...
13/06/2025

Myanmar Earthquake Relief Online Fundraiser - FINAL UPDATE
[အောက်တွင် ဗမာလိုပါရှိသည်။]

In response to the devastating 7.7-magnitude earthquake centered in Sagaing Region, Myanmar on 28 March 2025, which led to the loss of lives, homes, and livelihoods, the Burma Students Association-CMU at Chiang Mai University and Burma Study Center (BSC) organized an Urgent Earthquake Relief Online Fundraiser from 30 March to 6 April 2025

Alongside our online fundraiser, students from Burma at Chiang Mai University actively participated in various activities in both online and in-person fundraising events in Chiang Mai city. These included selling food and drinks, creating and selling artworks and postcards, hosting performances, and organizing collective donation drives.

Thanks to the collaborative efforts of the Faculty of Social Sciences, the Regional Center for Social Sciences and Sustainable Development (RCSD), local Thai supporters, restaurant owners in Chiang Mai, the Burmese diaspora in Chiang Mai, and caring foreign friends, as well as the tireless dedication of Burmese students at CMU, a total of 1,037,848 THB was successfully raised.

The donations were allocated as follows:
• 432,368 THB to Sagaing Region and surrounding areas
• 287,280 THB to Mandalay Region and surrounding areas
• 260,000 THB to Inle region, Shan State, and nearby areas
• 50,000 THB to 13 families in Bangkok who lost family members due to the quake
• 8,200 THB reserved to create and sell earthquake memorial art pieces for sustainable support efforts

The donations were distributed transparently and responsibly to 12 local community-based groups, including fire brigades, civil society organizations, social rescue teams, interfaith networks, women and children's groups, and student organizations working on the ground in affected areas.

We would like to extend our heartfelt gratitude to all friends, business owners, families, organizations, and individuals who supported this fundraiser selflessly—through donations, encouragement, and active participation.

"From the people, to the people."

--

မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသသို့ ‌ဗဟိုပြုလှုပ်ခတ်ခဲ့‌သော အင်အား၇.၇ရခ်ျတာစကေးရှိ ပြင်းထန်ငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်များဆုံးရှူံးခဲ့ရသော ပြည်သူများအတွက် Burma Students' Association-Chiang Mai Universityမှ ချင်းမိုင်တက္ကသိုလ်ကျောင်းသူ၊သားများနှင့် Burma Study Center(BSC)တို့မှဦးဆောင်၍ (မတ်လ၃၀မှ ဧပြီလ၆ရက်အတွင်း) Urgent Earthquake Relief Online Fundraiserအမည်ရှိ ရံပုံငွေရှာဖွေခြင်း အစီအစဉ်တစ်ခုကို အွန်လိုင်းမှ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အွန်လိုင်းရံပုံငွေရှာဖွေခြင်း အစီအစဉ်နှင့်အတူ ချင်းမိုင်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများသည် အွန်လိုင်းနှင့် ‌ချင်းမိုင်မြို့ရှိ ငလျင်ရံပုံငွေပွဲအသီးသီးတွင် အစားအသောက်များ ရောင်းချခြင်း၊ ပန်းချီများ၊ ပိုစ့်ကတ်များ ရေးဆွဲရောင်းချခြင်း၊ အနုပညာများဖြင့် ဖျော်ဖြေအလှူခံခြင်း၊နှင့် စုပေါင်းရံပုံငွေမတည်ခြင်းများ အသီးသီးကို ချင်းမိုင်မြို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံမဟာဌာန၊ Regional Center for Social Sciences and Sustainable Development-RCSD,နှင့် ဒေသခံမြို့မိမြို့ဖများ၏ ကူညီဖေးမမှုများ၊ ချင်းမိုင်အခြေစိုက်စားသောက်ဆိုင်လုပ်ငန်းရှင်များ၏ ပါဝင်ကူညီမှု၊ ချင်းမိုင်မြို့နေ မြန်မာလူမျိုးများ၏ တက်ကြွစွာလှူဒါန်းမျှဝေမှု၊ နိုင်ငံခြားသားမိတ်ဆွေများ၏ ကြင်နာသောကမ်းလက်များနှင့်အတူ ချင်းမိုင်တက္ကသိုလ်ရှိ မြန်မာကျောင်းသူ၊ကျောင်းသားများ၏ နေ့မနားညမနား ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရံပုံငွေစုစုပေါင်း ၁,၀၃၇,၈၄၈ဘတ် တိတိကို အောင်မြင်စွာ အလှူခံရရှိခဲ့ပါသည်။

လက်ခံရရှိသော အဆိုပါ ၁,၀၃၇,၈၄၈ဘတ်ကို
-စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဆက်စပ်ဒေသများသို့ ၄၃၂,၃၆၈ဘတ်တိတိအားလည်းကောင်း
-မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်ဒေသများသို့ ၂၈၇,၂၈၀ဘတ်တိတိအားလည်းကောင်း
-ရှမ်းပြည်နယ် အင်းလေးဒေသနှင့် ဆက်စပ်ဒေသများသို့ ၂၆၀,၀၀၀ဘတ်တိတိအားလည်းကောင်း
-ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ငလျင်ဒဏ်ခံစားခဲ့ရ၍ မိသားစုဝင်များဆုံးရှူံးခဲ့သော မိသားစု ၁၃စုသို့ ၅၀,၀၀၀ဘတ်တိတိအားလည်းကောင်းနှင့်
-ရေရှည်ဆက်လက်ထောက်ပံ့မှုများပြုလုပ်နိုင်ရန်အတွက် ချင်းမိုင်တက္ကသိုလ်ကျောင်းသူ၊သားများပြုလုပ်သော ငလျင်အမှတ်တရ အနုပညာပစ္စည်းများပြုလုပ်ရောင်းချနိုင်ရန်အတွက် ၈,၂၀၀ဘတ်တိတိအားလည်းကောင်း
အသီးသီး ခွဲဝေလှူဒါန်းပြီး ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အဆိုပါ အလှူငွေပေးအပ်ခြင်းကို သက်ဆိုင်ရာဒေသများရှိ မြေပြင်၌ ပွင့်လင်းမြင်သာစွာနှင့် တက်ကြွစွာကူညီဆောင်ရွက်ပေးနေသော အရံမီးသတ်တပ်ဖွဲ့များ၊ ပရဟိတအသင်းများ၊ လူမှုကယ်ဆယ်ရေးအသင်းများ၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ အမျိုးသမီးနှင့်ကလေးအဖွဲ့အစည်းများ၊နှင့် ကျောင်းသားအဖွဲ့အစည်းများအစရှိသော ဒေသခံအဖွဲ့အစည်း ၁၂ဖွဲ့အား ခွဲဝေလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

သို့ပါ၍ ဤရံပုံငွေအစီအစဉ်ဖြစ်မြောက်ရေးအတွက်စိတ်ဝင်စားမှု၊ အားဖြည့်မှု၊ လှူဒါန်းမှုများဖြင့် အကျိုးအမြတ်မယူဘဲ ပါဝင်ကူညီခဲ့ကြသော မိတ်ဆွေများ၊ လုပ်ငန်းရှင်များ၊ မိသားစုများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးကို ကျွန်ုပ်တို့၏နှလုံးသားထဲမှ အထူးကျေးဇူးတင်ရှိပါသည်။

"ပြည်သူမှပြည်သူသို့"










 ြီး_ကျင်းပမည့်_Youth_Debate_Tournament[English Below]လူငယ်ဒီဘိတ်စခန်း(YDC)ဟာ Burma Students' Association-Chiang Mai Uni...
21/05/2025

ြီး_ကျင်းပမည့်_Youth_Debate_Tournament
[English Below]

လူငယ်ဒီဘိတ်စခန်း(YDC)ဟာ Burma Students' Association-Chiang Mai University, Burma Study Center, RCSD The Regional Center for Social Science and Sustainable Development-Chiang Mai Universityနဲ့ BEAM Education Foundation တို့ ပူးပေါင်းပြီးလေးရက်တာကျင်းပပြုလုပ်မယ့်အစီစဉ်တစ်ခုဖြစ်ပါတယ်။

Youth Debate Campရဲ့ ဒုတိယတစ်ပိုင်းမှာတော့ ပထမတစ်ပိုင်းလေ့ကျင့်သင်ကြားမှုတွေကို ပြည့်ပြည့်ဝဝသင်ယူပြီးတဲ့ debaterလူငယ်များအတွက် Youth Debate Tournamentလေး စီစဉ်သွားမှာ ဖြစ်ပါတယ်။ သည် Debate Tournamentလေးမှာ ပါဝင်ယှဉ်ပြိုင်တဲ့ debaterများကို အောက်ပါဆုကြေးများနှင့် ဆုလက်ဆောင်များ ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

Better Team Award (၂)ဆု - 1000 THB
Humble Award (၁)ဆု - 800 THB
Knowledgeable Award (၁)ဆု - 800 THB
Smart Award (၁)ဆု - 800 THB
Best Speaker Award (၁)ဆု - 800 THB

ပါဝင်လိုတဲ့ လူငယ်တွေအတွက် လူငယ်ဒီဘိတ်စခန်းကို ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံမဟာဌာနမှာ လေးရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သည်အစီစဉ်လေးမှာ လက်မလွတ်တမ်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လူဦးရေအကန့်အသတ်လည်းရှိတဲ့အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။

သင်တန်းတက်ရောက်ဖို့စာရင်းပေးသွင်းရန် - https://forms.gle/CrJVVJmMWCzrerJA6
(လျှောက်လွှာပိတ်ချိန်မှာ မေလ ၂၃ရက်နေ့ ည၁၁နာရီ၅၉မိနစ်ဖြစ်ပါတယ်)
Youth Debate Camp လေးအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါလင့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1BdtHMsGQH/

[English Version]



The Youth Debate Camp (YDC) is a four-day training program co-organized by the Burma Students’ Association – Chiang Mai University (BSA-CMU), Burma Study Center, RCSD – The Regional Center for Social Science and Sustainable Development, CMU, and BEAM Education Foundation.

As the second part of the Youth Debate Camp, a Youth Debate Tournament will be held exclusively for young debaters who complete the first phase of the training. Participants will have the opportunity to showcase their skills in a live competition and win awards!

Awards for the Debate Tournament include:
Better Team Award (2 teams) – 1000 THB each
Humble Award – 800 THB
Knowledgeable Award – 800 THB
Smart Award – 800 THB
Best Speaker Award – 800 THB

The camp will take place over four days at the Faculty of Social Sciences, Chiang Mai University, and we warmly invite interested youth to join this meaningful program. Spots are limited, so we encourage you to apply as soon as possible!

Register here: https://forms.gle/CrJVVJmMWCzrerJA6
Application Deadline: May 23, 11:59 PM
Want to learn more about the Youth Debate Camp? Click the link below:
https://www.facebook.com/share/p/1BdtHMsGQH/

Burma Students' Association-Chiang Mai Universityရဲ့ Youth Debate Camp[English Below]BSA-CMUက မကြာသေးခင်ကမှ သတင်းစကားပါး...
19/05/2025

Burma Students' Association-Chiang Mai Universityရဲ့ Youth Debate Camp
[English Below]
BSA-CMUက မကြာသေးခင်ကမှ သတင်းစကားပါးခဲ့တဲ့ Debate Camp အစီအစဉ်လေးကို လျှောက်ထားပြီးကြပြီလား?
လူငယ်ဒီဘိတ်စခန်းဟာ Burma students' Association-Chiang Mai University , Burma Study Center, RCSD The Regional Center for Social Science and Sustainable Developmentနဲ့ BEAM Education Foundation တို့ ပူးပေါင်းပြီးလေးရက်တာကျင်းပပြုလုပ်မယ့်အစီစဉ်တစ်ခုဖြစ်ပါတယ်။ သည်အစီအစဉ်လေးမှာ ထူးခြားစွာပဲ ဗြိတိသျှပါလီမန် ဒီဘိတ်အသွင်ပုံစံကို အခြေပြုကျင်းပသွားမှာဖြစ်ပါတယ်။ ဗြိတိသျှပါလီမန် ဒီဘိတ်တို့ရဲ့ သဘောသဘာဝအတိုင်း ကိုယ်တိုင်ကိုယ်ကျ လူချင်းတွေ့ဆုံဆွေးနွေးရမှသာ စိတ်ခံစားချက်တွေရဲ့ အသက်ဝင်မှုဟာ ပိုမိုပေါ်လွင်တာပါ။ ဒီဘိတ်စခန်းမှာတော့ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတွင်း စိတ်ဝင်စားဖွယ်အကြောင်းအရာများကို လူငယ်တွေစုပေါင်းကာ ငြင်းခုံဆွေးနွေးဖလှယ်ရင်း လူတွေကြားက ကွဲပြားတဲ့အမြင်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
မျက်မှောက်ခေတ်ကာလမှာ လူငယ်တွေရဲ့ တွေးတောဆင်ခြင်နိုင်မှုနဲ့ ဆန်းစစ်နိုင်စွမ်းတွေက များစွာအရေးကြီးပါတယ်။ ဒီလို တွေးတောဆန်းစစ်မှုတွေကို ကျိုးကြောင်းဆီလျော်စွာ ချက်ကျလက်ကျ သုံးသပ်ပြောဆိုနိုင်ရေးအတွက် ဒီဘိတ်ပညာရပ်ဟာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီဘိတ်ပညာရပ်က မြန်မာ့လူငယ်တွေကြားမှာလဲ ခေတ်အဆက်ဆက် စိတ်ဝင်စားလေ့ရှိခဲ့ကြတဲ့ ဝါသနာအခြေခံ လေ့ကျင့်ဆင်နွှဲမှုလို့ပြောရင်လဲ မမှားပါဘူး။
သည်နေ့မှာတော့ BSA-CMUအနေနဲ့ “ချင်းမိုင်ရောက်မြန်မာလူငယ်တွေအတွက် ဒီဘိတ်စခန်း”မှာ သင်ကြားလေ့ကျင့်မယ့် "ဗြိတိသျှပါလီမန် ဒီဘိတ်"အသွင်ပုံစံအမျိုးအစားအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
#ဗြတိသျှပါလီမန်_ဒီဘိတ်ဆိုတာ_ဘာလဲ။
ပိုမိုကောင်းမွန်တဲ့အသင်းဘယ်သူဖြစ်မလဲ အဆုံးအဖြတ်ပေးမယ့် အကဲဖြတ်ဒိုင်လူကြီးတစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသူတွေရဲ့ ရှေ့မှာ ပေးထားတဲ့ ခေါင်းစဥ်တစ်ခုကို အသင်းတစ်သင်းလျှင် လူနှစ်ဦးစီပါဝင်ပြီး အသင်းလေးသင်းက အချိန် ၁၅မိနစ်အတွင်း ဗြိတိသျှပါလီမန်ထဲရှိ ပါလီမန်တက်ရောက်လာကြသူများသကဲ့သို့ တွေးခေါ်ပြောဆိုကာ အဆိုတင်သွင်း ယှဥ်ပြိုင်ရတာ ဖြစ်ပါတယ်။
ှာဘာတွေလေ့လာနိုင်မလဲ။
(၁)ဒီဘိတ်ကို ပါဝင်လေ့ကျင့်ခြင်းတွေကတဆင့် လူအများရှေ့မှာ စကားပြောဆိုဖို့ စိုးရိမ်ပူပန်မှုနဲ့ ကြောက်စိတ်ကို အနိုင်ယူလာနိုင်မယ့် အလေ့အကျင့်ကောင်းကို အစပျိုးနိုင်ပါတယ်။
(၂)လူအများရှေ့မှာ စကားပြောဆိုဖို့ အလေ့အကျင့်ရှိပြီးသားသူတွေအတွက်လည်း ဆက်လက်လေ့ကျင့်ဖို့ လိုအပ်တဲ့ သုံးသပ်ဆန်းစစ်ခြင်း၊ အားနည်းချက်များကို စစ်ဆေးခြင်း၊ ရှေ့နောက်မလျော်ညီတဲ့ ပြောဆိုချက်တွေကို ထောက်ပြခြင်း၊နဲ့ ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ပြောဆိုခြင်း အစရှိတဲ့ အရည်အသွေးတွေကို လေ့ကျင့်သင်ယူနိုင်ပါလိမ့်မယ်။
ိုဘာကြောင့်တက်သင့်တာလဲ။
အထက်မှာ တင်ပြခဲ့တဲ့ အရည်အသွေးကောင်းတွေကို ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေနဲ့ ချင်းမိုင်မြို့မှာပြောင်းရွှေ့ရောက်ရှိနေတဲ့ လူငယ်တွေ အတူတူတကွ လေ့လာနိုင်ကြမယ့် လေးရက်တာတွေ့ဆုံပွဲက တန်ဖိုးရှိတဲ့အစီအစဥ်လေးတစ်ခု ဖြစ်ပါတယ်။
ပါဝင်လိုတဲ့ လူငယ်တွေအတွက် လူငယ်ဒီဘိတ်စခန်းကို ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံမဟာဌာနမှာ လေးရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီစဉ်လေးမှာ လက်မလွတ်တမ်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လူဦးရေ အကန့်အသတ်လည်းရှိတဲ့အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။
သင်တန်းတက်ရောက်ဖို့စာရင်းပေးသွင်းရန် - https://forms.gle/CrJVVJmMWCzrerJA6
(လျှောက်လွှာပိတ်ချိန်မှာ မေလ ၂၃ရက်နေ့ ည ၁၁နာရီ၅၉မိနစ်ဖြစ်ပါတယ်)

Burma Students’ Association–Chiang Mai University’s Youth Debate Camp
[English Version]
Have you already applied for the Debate Camp recently announced by BSA-CMU?
The Youth Debate Camp is a four-day program jointly organized by the Burma Students' Association–Chiang Mai University, Burma Study Center, RCSD (Regional Center for Social Science and Sustainable Development), and BEAM Education Foundation. What makes this program unique is that it will follow the British Parliamentary (BP) Debate format. One of the most powerful aspects of this style is the face-to-face exchange of ideas, which allows emotions and reasoning to be expressed more vividly and directly.
At the camp, youth participants will engage in debates centered on social and national issues. By exploring different perspectives and opinions, they will gain a deeper understanding of their communities and the world around them.
In today's world, the ability of young people to think critically and analytically is more important than ever. Debate is a powerful tool that strengthens those skills and encourages thoughtful and logical public discourse. For many generations, Burmese youth have taken great interest in debating as a practice grounded in curiosity, discipline, and passion.
Today, BSA-CMU is excited to introduce the British Parliamentary Debate format, which will be used for training and discussion at the Youth Debate Camp in Chiang Mai for youth from Burma.
?
In BP debate, four teams of two (eight debaters in total) compete on a given motion in front of a judge or panel of judges. Each team represents a “house” in a simulated parliamentary setting and is given 15 minutes to prepare. During the debate, they argue either in support or opposition of the motion, presenting their points in structured speeches as if they were members of parliament.
?
1. For those new to debating, the camp is a great way to overcome the fear of public speaking and build confidence in expressing ideas in front of others.
2. For experienced speakers, it’s an opportunity to strengthen skills like critical analysis, identifying weaknesses in arguments, recognizing logical inconsistencies, and delivering well-reasoned speeches under pressure.
?
This four-day intensive learning experience is a valuable opportunity for students at Chiang Mai University and young people living in Chiang Mai to come together and strengthen their debate and critical thinking skills.
The Youth Debate Camp will take place at the Faculty of Social Sciences, Chiang Mai University. Due to limited spots, we encourage all interested youth to apply as soon as possible!
Register here: https://forms.gle/CrJVVJmMWCzrerJA6
Application deadline: May 23 at 11:59 PM
---

  by Burma Students' Association-Chiang Mai University [English Below]ချင်းမိုင်တက္ကသိုလ်ရဲ့ နွေကျောင်းပိတ်ရက်မှာ ချင်းမ...
13/05/2025

by Burma Students' Association-Chiang Mai University

[English Below]

ချင်းမိုင်တက္ကသိုလ်ရဲ့ နွေကျောင်းပိတ်ရက်မှာ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေနဲ့ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့ လူငယ်တွေ အတူတူတွေ့ဆုံပြီး တွေးခေါ်ပြောဆိုမှုပြိုင်ပွဲကို မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ယှဉ်ပြိုင်လေ့ကျင့်နိုင်မယ့် အစီအစဉ်တခုရှိလာမယ်ဆို စိတ်ဝင်စားပါသလား။

အရှိန်အဟုန်နဲ့ အားကောင်းခဲ့တဲ့ လူငယ်တွေရဲ့ တွေးခေါ်ပြောဆိုမှုအတွက် စကားစစ်ထိုးတဲ့ ဒီဘိတ်အတတ်ပညာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးအစီစဉ်တွေ၊ မြေပြင်မှာတွေ့ဆုံဆွေးနွေးပွဲတွေဟာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက အားလုံးနီးပါးရပ်တန့်ခဲ့တာပါ။ အဲ့ဒီအချိန်ကစလို့ လူငယ်တွေအနေနဲ့ သင်ကြားလေ့လာမှုပုံစံအသစ်တွေနဲ့အတူ အွန်လိုင်းကနေပဲ ဝမ်းစာဖြည့်ကြိုးပမ်းခဲ့ကြရပါတယ်။

၂၀၂၁ ခုနှစ်မှာ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပေမယ့် လူငယ်တွေရဲ့ သင်ယူလေ့လာလိုစိတ်တွေဟာ ဘယ်တော့မှရပ်တန့်မသွားခဲ့ပါဘူး။ ခုချိန်မှာတော့ အွန်လိုင်းကနေပဲ ဝမ်းစာဖြည့်ခဲ့ရတဲ့ အသိပညာတွေကို လူငယ်ဒီဘိတ်စခန်းမှာ လက်တွေ့အသုံးချလို့ရတော့မှာပါ။

လူငယ်ဒီဘိတ်စခန်းဟာ Burma students' Association-Chiang Mai University, Burma Study Center, RCSD The Regional Center for Social Science and Sustainable Developmentနဲ့ BEAM Education Foundation တို့ ပူးပေါင်းပြီးလေးရက်တာကျင်းပပြုလုပ်မယ့်အစီစဉ်တစ်ခုဖြစ်ပါတယ်။ သည်အစီအစဉ်လေးမှာ ထူးခြားစွာပဲ ဗြိတိသျှပါလီမန် ဒီဘိတ်အသွင်ပုံစံကို အခြေပြုကျင်းပသွားမှာဖြစ်ပါတယ်။ ဗြိတိသျှပါလီမန် ဒီဘိတ်တို့ရဲ့ သဘောသဘာဝအတိုင်း ကိုယ်တိုင်ကိုယ်ကျ လူချင်းတွေ့ဆုံဆွေးနွေးရမှသာ စိတ်ခံစားချက်တွေရဲ့ အသက်ဝင်မှုဟာ ပိုမိုပေါ်လွင်တာပါ။ ဒီဘိတ်စခန်းမှာတော့ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတွင်း စိတ်ဝင်စားဖွယ်အကြောင်းအရာများကို လူငယ်တွေစုပေါင်းကာ ငြင်းခုံဆွေးနွေးဖလှယ်ရင်း လူတွေကြားက ကွဲပြားတဲ့အမြင်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

#လူငယ်ဒီဘိတ်စခန်း_လေးရက်တာကို_ပါဝင်လိုက်ခြင်းအားဖြင့်

ဗြိတိသျှပါလီမန် ဒီဘိတ်နဲ့ သည်ဒီဘိတ်အမျိုးအစားရဲ့အခြေခံသဘောတရားတွေကို နားလည်လာမယ်။

ဖြန့်ကျက်တွေးခေါ်နိုင်မှု၊ အချက်အလက်အခြေပြုပိုင်းခြားဝေဖန်နိုင်မှု နဲ့ သုတေသနအခြေခံသဘောတရား တွေကိုလည်း နားလည်မယ်။

ဒီဘိတ်ရဲ့ ယှဉ်ပြိုင်ပုံသဘောတရားကို လက်တွေ့အသုံးချနိုင်ပြီး လူမှုပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များ တိုးတက်လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ ငြင်းခုံဆွေးနွေးအဖြေရှာလိုတဲ့ လူငယ်တွေအတွက် အချိန်အခါကောင်းပဲဖြစ်ပါတယ်။

လူငယ်ဒီဘိတ်စခန်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံမဟာဌာနမှာ လေးရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သည်အစီစဉ်လေးမှာ လက်မလွှတ်တမ်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လူဦးရေ အကန့်အသတ်လည်းရှိတဲ့အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။

သင်တန်းတက်ရောက်ဖို့စာရင်းပေးသွင်းရန် - https://tinyurl.com/evb4j5ee

(လျှောက်လွှာပိတ်ချိန်မှာ မေလ ၂၃ရက်နေ့ ည ၁၁နာရီ၅၉မိနစ်ဖြစ်ပါတယ်။)

မှတ်ချက်။ ။လူငယ်ဒီဘိတ်စခန်းမှာပါဝင်မယ့်လူငယ်တွေအတွက် လေးရက်တာမှာ အစားအသောက်များလည်း ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

by Burma Students' Association - Chiang Mai University

Are you interested in a hands-on space where youth in Chiang Mai, including CMU students and other young people in the city, can meet, engage, and train in the art of debating during the summer break?

For years, energetic and passionate young voices have been missing from the debate floor due to the halt in face-to-face activities since the outbreak of COVID-19. Since then, youth have had to adapt and pursue learning opportunities online.

Even though 2021 brought many challenges, the thirst for learning among young people never stopped. Now, it's time to bring all that online knowledge into practice—on the ground—through our Youth Debate Camp.

Organized by Burma Students' Association-Chiang Mai University, in collaboration with Burma Study Center, RCSD The Regional Center for Social Science and Sustainable Development-Chiang Mai University, and BEAM Education Foundation, this 4-day camp will be held in Chiang Mai. What makes this camp unique is its focus on the British Parliamentary debate format, offering a dynamic and in-person experience that brings out the emotions and perspectives of each speaker.

Participants will engage in debates on critical social and national issues, exchanging diverse viewpoints and strengthening their understanding of the world around them.

, you will:

Gain a clear understanding of the British Parliamentary debate structure and core values

Improve critical thinking, evidence-based reasoning, and research skills

Apply debating strategies in real-life settings and boost your collaborative communication abilities

This is a great opportunity for energetic youth who are eager to explore, argue, and exchange ideas on meaningful topics. The camp will take place at Chiang Mai University, Faculty of Social Sciences and seats are limited—so we encourage early registration!

Apply here: ⁦https://tinyurl.com/evb4j5ee
Application Deadline: May 23 at 11:59 PM

Note: Meals will be provided throughout the four-day camp for all participants.

07/04/2025

😮⚡UPDATE: Myanmar Earthquake Fundraiser: 960,000+ THB ($30,500+ US) Raised!! 🇲🇲🇹🇭

✨Burma Study Center and Burma Students Association-CMU are pleased to announce the successful conclusion of our one-week fundraising campaign. Thanks to your incredible compassion and support, we raised nearly DOUBLE our fundraising goal, something we never imagined would be possible. 🙏💕

Huge gratitude goes to all donors, guests at our fundraising concert last Sunday in Chiang Mai, and our incredible partner organizations, including North Gate Jazz Co-Op, Karma.cnx, Do One Thing, and many others! ✨🫶

06/04/2025

Myanmar Earthquake Fundraising Concert TODAY in Chiang Mai!!

Doors open at 4 pm. Great entertainment, food, drinks, vendors, an art auction, and more!

⏰️6th April 2025. 4 pm - 11:30pm
📍At GOODCERY Community Space .space
🎟 150 baht donation for entry

Several local organizations and businesses have combined our strength and come together to show our love and support as a community to raise what we can to support people affected by the earthquake in Myanmar. 100% of event proceeds will be donated to Earthquake Relief Fundraiser organized by Burma Study Center and Burma Students Association-CMU!!

event page: https://www.facebook.com/share/1B6tUr9L3M/

https://www.facebook.com/stories/100635085442885/UzpfSVNDOjY1MTQ1NDQ1MDg0NDY0NA==/?view_single=1

Send a message to learn more

💥Updates : Myanmar Earthquake Relief Online Fundraiser 🇲🇲🇹🇭📸 Photos from On-the-Ground Rescue and Relief VolunteersThe f...
04/04/2025

💥Updates : Myanmar Earthquake Relief Online Fundraiser 🇲🇲🇹🇭
📸 Photos from On-the-Ground Rescue and Relief Volunteers

The following photos are records sent by our on-ground relief network team members. These activities were made possible thanks to the compassion and contributions made through the online fundraising campaign organized by the Burma Students’ Association – Chiang Mai University (BSA) and Burma Study Center (BSC).

Currently, in Sagaing Region, Amarapura, and Inle Lake areas, our partners have been able to distribute the following with transferred donations:
-Clean water
-Basic food supplies
-Medicines
-Some personal hygiene items

We will continue to share updates on how the remaining and upcoming funds are being managed and used. Relief efforts are still ongoing, and we plan to continue supporting areas in need of urgent assistance. 🙏

original post with donation information:
https://www.facebook.com/share/p/1FvTJ7qDid/

💞Earthquake Relief Update! 📷First photos of aid delivery🙏Here are some of the first photos sent to us of our on-the-grou...
03/04/2025

💞Earthquake Relief Update! 📷First photos of aid delivery🙏

Here are some of the first photos sent to us of our on-the-ground relief partners distributing essential aid to earthquake survivors in Sagaing and Amarapura.

The donations of bottled drinking water and prepared meals was directly purchased with YOUR donations, with funds collected through our Urgent Earthquake Relief Online Fundraiser. As of today, a total of 200,000 THB (12,400,000 MMK / $6,250 US) has been transferred to our partners inside Myanmar.

As many people are sleeping outside after having their residences completely destroyed or due to fears of aftershocks, they continue to struggle significantly with no access to water, electricity, phone or internet signals. The Myanmar authorities have severely restricted access to some of the hardest hit areas without delivering any meaningful assistance to locals.

Water, food, and shelter are basic essentials for survival! In addition to continuing to provide clean water and food, we hope to be able to supply blankets, mosquito nets, clothing, and hygiene products to those affected in the coming days.

PLEASE continue supporting the online fundraiser to help us reach our target by the end of this week, and don't forget to visit the big earthquake fundraiser event this Sunday, April 6, if you are in Chiang Mai! 🙏

Latest fundraiser update: https://www.facebook.com/share/p/1FKGk2b7W7/

Fundraiser Event information:
https://www.facebook.com/events/2097262797385787/?post_id=2097540937357973&view=permalink¬if_id=1743687779596387¬if_t=feedback_reaction_generic&ref=notif

ที่อยู่

Chiang Mai
50200

เบอร์โทรศัพท์

+66936524182

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Peace In Burma Nowผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Peace In Burma Now:

แชร์