We Protect The Children

We Protect The Children Our page aims to promote child rights and make the public aware of the rights of children.

04/07/2025
25/05/2025

တစ်ချိန်က တို့ လုပ်နိုင်ခဲ့ကြသည်

https://m.facebook.com/100090940200201/posts/190735933967746/?mibextid=cr9u03&refid=12&notif_t=page_message_reminder&pai...
03/08/2023

https://m.facebook.com/100090940200201/posts/190735933967746/?mibextid=cr9u03&refid=12¬if_t=page_message_reminder&paipv=1&eav=AfbwQmx9DSnVatGSoKq1b3-r4TyXqzf_cvOONW8ujRvU-rI2hyROR2XpDkYj5ji1q8g

သားသမီးတွေကို ထူးချွန်စေချင်တဲ့ မိဘတိုင်း သိထားသင့်တဲ့
"ကလေးတွေရဲ့ ဦးနှောက် ဘယ်လိုအလုပ်လုပ်လဲ"

ကလေးတစ်ယောက် ရဲ့ ဉာဏ်ရည်က သူ့ကို ပြုစုပျိုးထောင်တဲ့ မိဘ နဲ့ ပတ်ဝန်းကျင်တွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။

မိဘက သားသမီးအပေါ် နေ့စဉ် ပြောဆိုပြုမူ ဆက်ဆံခြင်း တွေက ကလေး တစ်ယောက်ရဲ့ ဦးနှောက်ကို ပုံဖော်ပေးနေတာ ဖြစ်ပါတယ်။

သူတို့လေးတွေ ခန္ဓာကိုယ်လှုပ်ရှားဖို့ ၊ စဉ်းစားဖို့ ၊ မှတ်သားဖို့ ဦးနှောက်ထဲမှာ ရှိတဲ့ Neuron (နူရွန်) ပေါင်းများစွာချိတ်ဆက် လုပ်ဆောင်ရပါတယ်။

မွေးကင်းစအရွယ်ကနေ အရွယ်ရောက်တဲ့အထိ ဦးနှောက်တွေကို MRI ရိုက်ကြည့်တဲ့အခါ ပုံပါ အတိုင်း နူရွန်ချိတ်ဆက်မှုတွေကို တွေ့ရပါတယ်။

ကလေးငယ်တွေ အရွယ်မှာ လှုပ်ရှားမှုတွေ၊ စဉ်းစားတွေးခေါ်မှုတွေ သိပ်မရှိသေးတဲ့အတွက် နူရွန်ချိတ်ဆက်မှုတွေ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု အပေါ်မှာ မူတည်ပြီး နူရွန်ချိတ်ဆက်မှုတွေ များပြားလာတာဖြစ်ပါတယ်။

လှုပ်ရှားမှုတွေ၊ ဆော့ကစားခြင်းတွေကလည်း နူရွန်ချိတ်ဆက်မှုတွေကို ဖြစ်စေပါတယ်။ ကလေးတွေ တော်တော်များများ အငြိမ်ကို မနေနိုင်ကြပါဘူး။ တစ်ခုမဟုတ်တစ်ခု လှုပ်ရှားနေကြတယ်။

အမြဲလိုလို ပြေးလွှား ဆော့ကစား နေချင်ကြတယ်။ ဒါတွေဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ ကလေးတွေမှာ သဘာဝအလျောက် ဦးနှောက်က တောင်းဆိုလာတာ ဖြစ်တယ်။ ဒါပေမယ့် မိဘတော်တော် များများက ဒါကို မသိတဲ့အခါ ကလေးတွေ ဆော့ ကစားနေတာကို ရပ်ခိုင်းပြီး စာတွေ အတင်းကျက်ခိုင်း နေကြတာ များပါတယ်။ ကျောင်းတွေမှာဆိုရင်လည်း ကာယချိန်တွေမှာ သင်ခန်းစာတွေ မမှီမှာစိုးလို့ ဆိုပြီး စာသင်ကြပါတယ်။

ဒါဆိုရင် ကလေးတွေမှာ သဘာဝအလျောက် ပါလာတဲ့ ဦးနှောက်ဖွံ့ဖြိုးအောင် ရုန်းကန် လှုပ်ရှားမှုတွေကို ဟန့်တားပိတ်ပင်နေတာ ဘယ်သူတွေပါလဲ။

ဦးနှောက် အလုပ်လုပ်ပုံကို မသိတဲ့ မိဘတွေနဲ့ ဆရာတွေ ကိုယ်တိုင်ပါပဲ။ လုံလောက်အောင် ဦးနှောက်ဖွံ့ဖြိုးခွင့် မရလို့ သင်ကြားမှုနှေးကွေးတဲ့အခါ ဆူပူကြိမ်းမောင်းပြီး ဖိအားပေးကြပြန်တယ်။

ကစားရမယ့် အရွယ်မှာ ကစားမှသာ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ ခေတ်မှီတဲ့ နိုင်ငံတကာက ကျောင်းတွေမှာတော့ ကျောင်းတိုင်းမှာ ကစားကွင်း ကျယ်ကျယ် ထားပေးပါတယ်။ ရပ်ကွက်တိုင်းမှာ ကစားကွင်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ကစားကွင်းတွေကို သိမ်းပြီး စီမံကိန်းတွေ လုပ်ပါတယ်။

ဦးနှောက် ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘာတွေက ဦးနှောက်ဖွံ့ဖြိုးစေတာလဲ ဆိုတာကို မိဘတွေ ဆရာတွေ မသိခြင်းက ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ချို့ ကလေးတွေက ကံကောင်း ထောက်မစွာ ဉာဏ်ကောင်း စေတဲ့ ပြုမူဆက်ဆံမှုတွေ နဲ့ကြုံကြိုက်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။

ကလေးတွေဟာ မွေးလာကတည်းက အသိဉာဏ်၊ ဗဟုသုတ တွေ ပါလာတာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာပါလာလဲဆိုတော့ သင်ယူလေ့လာနိုင်စွမ်းလို့ ခေါ်တဲ့ Learning ability ပါ။

လူ့လောကထဲကို စရောက်တဲ့ မွေးကင်းစ အရွယ်ကတည်းက သင်ယူလေ့လာမှုတွေ စ ပါတော့တယ်။ သူ ဘာတွေ ဘယ်လို သင်ယူလေ့လာသလဲ ဆိုတာပေါ် မူတည်ပြီး ဉာဏ်ကောင်းခြင်း မကောင်းခြင်း၊ လူကောင်းလူတော် ဖြစ်ခြင်း မဖြစ်ခြင်းတွေ ကွဲပြားသွားပါတယ်။

ဒါပေမယ့် ပြဿနာက မိဘတော်တော်များများက သားသမီးကို ဉာဏ်ရည်ထက်မြက်တဲ့ သူတွေ လူကောင်းလူတော်တွေသာ ဖြစ်စေချင်ကြတာ ဘာတွေက ဉာဏ်ကောင်းစေတာ လဲ၊ ဘယ်လို ပြုစုပျိုးထောင်ခြင်းက လူကောင်းလူတော် ဖြစ်စေတာလဲကို ဂဃဏန မသိကြပါဘူး။

ဒါကြောင့်....
🧠ကလေးငယ်တွေရဲ့ ဦးနှောက် ဘယ်လို အလုပ်လုပ်လဲ?
🧠ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှုတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး ၊ ဘာတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားနည်းစေတာလဲ
စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ဆက်လက်သိရှိပြီး စနစ်တကျ ပြုစုပျိုးထောင် ချင်တဲ့ မိဘတွေ အတွက်

🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ

စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင် ၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့ ရှိပါတယ်။

ဖတ်ပြီးသူတွေရဲ့ Feedback တွေကို Comment မှာ ကြည့်နိုင်ပါတယ်။

အသေးစိတ် ဗွီဒီယိုကို အောက်ပါလင့်ခ်မှ ကြည့်နိုင်ပါတယ်။
https://www.facebook.com/DigitalGeniusForKids/videos/1566880740457995

23/04/2022

၁ – တအားအော်ခြင်း စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှ...

အသက်အရွယ်အလိုက် ကလေးများအား ဆုံးမ့ခြင်း
10/04/2022

အသက်အရွယ်အလိုက် ကလေးများအား ဆုံးမ့ခြင်း

ကလေးတွေကို အရွယ်နဲ့အလိုက် အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်း၊ ဆုံးမ၊ ပျိုးထောင်ရတာ တကယ်မလွယ်တဲ့အလုပ်ပါ။ တင်းလွန်းလည်းမရ၊ လျှော့လွန်းလည်းမကောင်း၊ မတင်းလွန်း မလျော့လွန်း အကောင်းဆုံးလုပ်ပေးချင်ပေမဲ့ ဘယ်လိုလုပ်ရမှန်းမသိ။

ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ အမူအကျင့်တွေလည်း ပြောင်းလဲလာပါတယ်။ အသက် ၂ နှစ်အရွယ်မှာ ငိုယိုဂျီကျခြင်းမရှိတဲ့ ကလေးဟာလည်း အသက် ၇ နှစ်အရွယ်မှာ ကိုယ့်ကို ဒေါသထွက်အောင် လုပ်တတ်တဲ့ကလေး ဖြစ်လာနိုင်ပြီး၊ အသက် ၁၂ နှစ်အရွယ်မှာ အတော်ထိန်းရခက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆုံးမခြင်းဆိုတာဟာ ကလေးတွေကို လမ်းညွှန်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ "ဆုံးမတယ်" လို့ နာမည်တပ်ပြီး ဒေါသနဲ့ရိုက်နှက်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းတွေဟာ မှန်ကန်တဲ့ဆုံးမခြင်း မဟုတ်ပါဘူး။ "မှန်ကန်တဲ့ဆုံးမခြင်းများ" ဟာ ကလေးတွေကို အမှားကနေ အမှန်ကို သင်ယူဖို့ ကူညီပေးခြင်းဖြစ်ပြီး ဘေးကင်းအောင် စောင့်ရှောက်ပေးခြင်းလည်း ဖြစ်ပါတယ်။

ဘယ်အရွယ်မှာ ဘယ်လိုလေးတွေ ဆုံးမသင်ကြားလို့ ရနိုင်တယ်ဆိုတာ အကြမ်းဖျင်း ရေးပေးပါရစေ။

🚩 အပိုင်း (၂)
▪️ အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးများအား ဆုံးမသင်ကြားခြင်း

ဒီအရွယ်ကလေးတွေဟာ ညွှန်ကြားချက်တွေ လိုက်နာတတ်လာပါပြီ။ ဒီအရွယ်ဟာ မူကြိုစတက်တဲ့အရွယ်ဖြစ်တာနဲ့အညီ လူမှုဆက်ဆံရေးကိစ္စရပ်တွေကို စပြီးလေ့လာရတဲ့အရွယ်ပါ။ အရုပ်/ပစ္စည်းတွေ အတူတူမျှသုံးခြင်း၊ သူငယ်ချင်းတွေနဲ့ တည့်အောင်နေခြင်း၊ အမူအကျင့်ကောင်းလေးတွေ သင်ယူခြင်း စရမယ့်အရွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လောကကိုရောက်တာ ဘယ်လောက်မှ မကြာသေးတဲ့လူသစ်လေး ဖြစ်နေတာမို့ ဘယ်အရာက ကောင်းတယ် မကောင်းဘူးဆိုတာ အခုမှ လေ့လာနေဆဲ ဖြစ်ပါတယ်။ မိဘက အမှန်ကို လမ်းညွှန်ပြသသင်ကြားပေးရပါမယ်။ မသင်ရဘဲ သူ့အသိစိတ်နဲ့ သူသိနေဖို့ မျှော်လင့်လို့ မရပါဘူး။

🔁 ဖြစ်တတ်တဲ့ပြဿနာများ

▪️ ဂျီကျပြီး အီနေခြင်း

ကလေးက ဂျီကျပြီး အီနေတာကို အကျင့်ဖြစ်ပြီး အမြဲလုပ်နေတဲ့အခါ လူကြီးတွေက နားမခံနိုင်တော့ပါဘူး။ ဒါပေမဲ့ သူကတော့ အကျင့်ဖြစ်ပြီး သူကိုယ်တိုင်တောင် သတိမထားမိတော့ဘဲ အမြဲအီနေတတ်ပါတယ်။

▪️ လူကြီးပြောစကား နားမထောင်ခြင်း

ကလေးက TV ကိုပဲ ကြည့်နေ (သို့မဟုတ်) သူလုပ်ချင်တာ တစ်ခုခုလုပ်နေပြီး မိဘက ထမင်းစားဖို့/ ရေချိုးဖို့ ခေါ်တာကို အရေးမလုပ်။ မိဘက အကြိမ်ကြိမ်ခေါ်ရင်း ဒေါသထွက်လာပြီး အော်တဲ့အခါမှ သူက အရေးလုပ်တာမျိုး။ ကိုင်တွယ်မှုမမှန်ရင် အဲဒါက အကျင့်ပါသွားပြီး နေ့စဉ် မိဘက ဒေါသထွက်ပြီး အော်ဟစ်မှ ပြောတာ ထလုပ်တတ်တဲ့ အကျင့်စွဲသွားပါလိမ့်မယ်။

☑️ ဒါလေးတွေ လုပ်ကြည့်ပါ။

▪️ နှစ်ကြိမ်ထက်ပိုပြီး မပြောပါနဲ့။

✔️ ညင်ညင်သာသာ တစ်ကြိမ် ပြောပါ။
"အရုပ်တွေ သိမ်းလိုက်တော့ သားလေးရေ၊ ထမင်းစားမယ်။"
✔️ ဒုတိယအကြိမ်မှာ သတိပေးချက်နဲ့အတူပြောပါ။
"အရုပ်တွေ သိမ်းခိုင်းနေတယ်နော်။ ၁ ကနေ ၅ အထိ မေမေ ရေမယ်။ အဲဒီအချိန်အတွင်း မသိမ်းရင် အဲဒီအရုပ်နဲ့ မကစားရတော့ဘူး။ မေမေသိမ်းလိုက်တော့မယ်။ မနက်ဖြန်ညနေမှ ပြန်ထုတ်ပေးမယ်။" ဆိုတာမျိုးပြောပါ။ မဖြစ်နိုင်တဲ့ ခြိမ်းခြောက်နည်းတွေ မသုံးပါနဲ့။ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပါ။

▪️ သူတို့လိမ္မာ၊ စကားနားထောင်တာကို သိကြောင်းပြပါ။

ကလေးက သူလိမ္မာကြောင်း၊ စကားနားထောင်ကြောင်း မိဘကို ပြချင်ပါတယ်။ အဲဒါကြောင့် သူက ကောင်းတဲ့အပြုအမူလေးတွေလုပ်ရင် ချီးကျူးပါ။ တစ်ခါထဲခေါ်လို့ ချက်ချင်းလာရင် သဘောကျကြောင်းပြပါ။ သူငယ်ချင်းနဲ့ အရုပ်/ပစ္စည်းမျှသုံးရင် သဘောကျကြောင်းပြပါ။ များသောအားဖြင့် လူကြီးတွေဟာ သူတို့မကြိုက်တဲ့အပြုအမူကိုသာ သတိထားမိပြီး ကောင်းတဲ့အပြုအမူတွေလုပ်ရင်တော့ သတိမထားမိတတ်ပါဘူး။

▪️ ကိုယ်တိုင် ပုံသက်သေကောင်း ဖြစ်စေပါ။

ကလေးတွေက ကိုယ့်နှုတ်က သင်ပြတာထက် ကိုယ့်ရဲ့နေ့စဉ်နေထိုင်ပြောဆိုမှုပုံစံကို အတုယူတာဖြစ်ပါတယ်။ ကိုယ်ဒေါသထွက်တဲ့အချိန်မှာ စိတ်မထိန်းနိုင်၊ အော်ဟစ်တတ်၊ ပေါက်ကွဲတတ်ရင် ကိုယ့်ကလေးကလည်း အဲဒီလိုပဲ ပြုမူပါလိမ့်မယ်။ ကိုယ်တောင်မလုပ်နိုင်တာကို ကလေးဆီက မျှော်လင့်မယ်ဆိုတာ မဖြစ်သင့်ဘူးမဟုတ်လား။

Jessica Mozart
Date : April 9, 2022
အခြား Social Media, Page, Website များတွင် ပြန်လည်ကူးယူဝေမျှခြင်း ခွင့်မပြုပါ။

▪️ ဆက်ရန်
အပိုင်း (၃) အသက် ၅ နှစ်မှ ၈ နှစ်အရွယ် ကလေးများအား ဆုံးမသင်ကြားခြင်း

အပိုင်း (၄) အသက် ၈ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများအား ဆုံးမသင်ကြားခြင်း

အပိုင်း (၅) အသက် ၁၂ နှစ်နှင့်အထက် ဆယ်ကျော်သက်အရွယ် ကလေးများအား ဆုံးမသင်ကြားခြင်း

20/11/2021

မနှစ်က ပထမ ဆုရ သီချင်းလေး

20/11/2021

UNCRC Day (20) November

20/11/2021

ဒီနေ့ နိုဝင်ဘာလ(၂၀)ရက်နေ့သည် (၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့ ဘဲ ဖြစ်ပါတယ်...
နိုင်ငံတစ်ဝှမ်းမှ ကလေးသူငယ်များ နှင့် မိသားစုများ ဘေးကင်း ကြပါစေ....

09/10/2021

“သင့်ကလေးရဲ့ ခေါင်းဆောင်စိတ်ကို ပျိုးထောင်ပါ”

ဒီနေ့ခေတ်မှာ ခေါင်းဆောင်မှု (Leadership) ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးကြောင်း အင်မတန်မှကို ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြပါပြီ။ ခေါင်းဆောင်ပေါ် မူတည်ပြီးပဲ အောင်မြင်မှု၊ ကျရှုံးမှုရယ်လို့ ဖြစ်လာကြတာပါ။

အရင်တုန်းကတော့ Leaders are born ခေါင်းဆောင်ဆိုတာ မွေးရာပါဗီဇပါလာသူတွေလို့ ဆိုခဲ့ကြပေမယ့် အခုခေတ်မှာတော့ Leaders are made ခေါင်းဆောင်တွေကို ပျိုးထောင်လို့ရတယ်လို့ ယူဆလာကြပါတယ်။ အဲဒီလို ပျိုးထောင်တဲ့အခါမှာ တချို့လူတွေက ပျိုးထောင်ရလွယ်ကူတယ်။ သူတို့ရဲ့ နဂိုပုံစံကိုက တက်ကြွတယ်၊ ရဲရင့်တယ်၊ ဆုံးဖြတ်ချက် ပြတ်သားတယ်၊ အများနဲ့ ပြောဆိုဆက်ဆံနိုင်တယ်။ သူတို့အဖွဲ့ထဲမှာ တခုခုအရေးကိစ္စပေါ်လာတိုင်း ခေါင်းဆောင်နေရာဆိုတာနဲ့ သူ့ကို အားလုံးက ပြေးမြင်ကြတယ်။ ဒီလိုလူတွေ ရှိတယ်။ တချို့ကျတော့ အဲဒါနဲ့ ပြောင်းပြန်၊ မလုပ်ရဲ မကိုင်ရဲ မပြောရဲ မဆိုရဲ ဆိုတော့ တော်တော်လေးကို ပျိုးထောင်ရခက်တယ်။

ဘာလို့ ဒီလိုတွေ ကွာခြားသွားတာလဲ။ မွေးရာပါဗီဇကြောင့်လား။ မဟုတ်ပါဘူး။ အဓိကက ငယ်စဉ်ကလေးဘ၀က ဘယ်လိုပျိုးထောင်ခဲ့သလဲနဲ့ အဓိက သက်ဆိုင်ပါတယ်။

ဒါဆို ကိုယ့်ကလေးမှာ ခေါင်းဆောင်စိတ်ရှိလာအောင် ဘယ်လိုပြုစုပျိုးထောင်ပေးသင့်သလဲ။ အရေးကြီးတဲ့ အကြံပြုချက် ၃ ခု ပေးလိုပါတယ်။

၁။ “လွဲသွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့စိတ် ကလေးမှာ ရှိမနေအောင် လုပ်ပါ

မြှားပစ်သမားနှစ်ယောက် ရှိတယ်ဆိုကြပါစို့။ သူလည်း အသေအချာ လေ့ကျင့်ခဲ့တယ်၊ ကိုယ်လည်း အထပ်ထပ် လေ့ကျင့်ခဲ့တာပဲ။ ပြင်ဆင်လာမှုမှာ မကွာခြားဘူး။ ဒါပေမယ့် ပစ်တဲ့အချိန်မှာတော့ တစ်ယောက်က ထိကိုထိရမယ်လို့ ယုံကြည်တယ်၊ နောက်တစ်ယောက်က လွဲသွားရင် ဘယ်လိုလုပ်မလဲ လို့ ပူပန်နေတယ်။ ယုံကြည်မှုချင်း ကွာခြားတဲ့အခါမှာ ရလာတဲ့ရလဒ်ချင်းလည်း ကွာခြားသွားတော့တယ်။

ကလေးဘ၀မှာ တခုခုကို စမ်းလုပ်ကြည့်ကြတာပဲ။ အပြာရောင်ခွက်ထဲ အပြာရောင်ပစ္စည်းလေး ထည့်ရမှာကို မှားထည့်လိုက်တာမျိုး၊ နည်းနည်းလေး အရွယ်ရောက်လာတော့ အားကစား လုပ်တဲ့အခါ မှားသွား၊ လွဲသွား၊ ရှုံးသွားတာမျိုး၊ အင်္ဂလိပ်စကားကို အသံထွက်လိုက်တာ မှားနေတာမျိုး စတဲ့ အခြေအနေတွေမှာ မိဘက ဘယ်လိုမှတ်ချက်ပေးသလဲ။ ဟာ ဒါလေးတောင် မသိဘူးလား၊ ကြည့်စမ်း ဟိုဘက်အိမ်က ဘယ်သူဆိုရင် ဘယ်လိုတော်တာ၊ သူ့ချီး နင့်ကို ကျွေးရမယ် ဆိုတာမျိုးတွေနဲ့ အပြစ်တင်ခဲ့မယ်ဆိုရင်၊ ကလေးကို နောက်ပြောင်ခဲ့မယ်ဆိုရင် ကလေးက ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာမယ်။ တခုခု လုပ်ရတော့မယ့်အခါတိုင်း ငါလွဲသွားရင် ဒုက္ခပဲ ဆိုတဲ့ ပူပန်မှုက အကျင့်လိုဖြစ်လာမယ်။ ဒီတော့ မလုပ်ရဲ မကိုင်ရဲ၊ မဆုံးဖြတ်ရဲ ဖြစ်သွားမယ်။ တာ၀န်မယူရဲတော့ဘူး ဖြစ်နေမယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူဟာ ဘယ်လောက်တော်နေပါစေ၊ အောင်မြင်ဖို့ ခက်ပါတယ်။ သူလိုလူမျိုးကိုလည်း ခေါင်းဆောင်တစ်ယောက်အဖြစ် ဘယ်သူကမှ လက်ခံချင်မှာ မဟုတ်ပါဘူး။

၂။ တီထွင်ကြံဆမှုရှိပါစေ

ကလေးတစ်ယောက်က မြေကြီးကို လျှောက်ဆွတယ်၊ သူ့စိတ်ထဲ ထူးခြားတယ်ထင်တဲ့ ကျောက်ခဲတစ်လုံးကို ကိုယ့်ဆီယူလာတယ် ဆိုပါတော့။ ဘယ်လိုတုံ့ပြန်မလဲ။ ဟာ သားရေ ပေကျံကုန်ပြီလို့ ပြောမလား။ သူက ထူးဆန်းတာတစ်ခုကို ရှာတွေ့လာလို့ ကိုယ့်ကို လာပြတဲ့အချိန်၊ လူကြီးဆီကနေ အသိအမှတ်ပြုမှုတစ်ခု လိုချင်နေတဲ့အချိန်မှာ ဒါမျိုး တုံ့ပြန်လိုက်မယ်ဆိုရင် ကလေးရဲ့ လက်တွေ၊ အ၀တ်အစားတွေ ညစ်ပတ်ကုန်တာက ပြန်လျှော်ဖွတ်လို့ ရပါတယ်၊ ပျောက်သွားတဲ့ သူ့ရဲ့စူးစမ်းလိုစိတ်ကတော့ ရှာမရတော့ပါဘူး။

စိန်ခေါ်မှုတွေ တဖြည်းဖြည်း များလာပြီး မျိုးစုံသော အပြောင်းအလဲတွေက လိုက်မမီနိုင်အောင် ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်ထားလို့ မရတော့ဘူး။ ဒီအတွက် မဖြစ်မနေ လိုလာတာက Creativity လို့ခေါ်တဲ့ တီထွင်ကြံဆနိုင်စွမ်းပါ။ ကလေးတွေဟာ အသက် ၃ နှစ်၀န်းကျင်မှာ အမေးအမြန်းသိပ်ထူတယ်။ ဘာမဆို သိချင်တယ်။ ဒီအခါမှာ သူတို့ရဲ့ စူးစမ်းမှုတွေကို လျစ်လျူရှုလိုက်မယ်ဆိုရင် နောင်အရွယ်ရလာတဲ့အခါ မေးခွန်းမမေးတတ်၊ ဘာကိုမှ သိချင် စူးစမ်းချင်စိတ် မရှိတော့တဲ့ လူငယ်တွေဖြစ်လာပါလိမ့်မယ်။

၃။ ကိုယ့်ကိုယ်ကိုယ် မညှာတတ်အောင် လေ့ကျင့်ပေးပါ

လူတစ်ယောက်ရဲ့ အောင်မြင်မှုကို အဓိက တားဆီးနေတာက ပြင်ပက အကြောင်းရင်းတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ပင်နေတာတွေက ပြဿနာပါ။ ငါ ဒီလောက်လုပ်ထားတာ နားသင့်ပြီ၊ ပင်ပန်းနေပြီ၊ စောစောအိပ်မှ စသဖြင့်ပေါ့။ တကယ်တမ်း ကိုယ့်စိတ်ကိုယ်ပြင်ပြီး လုပ်ကြည့်၊ ရပါတယ်၊ အိပ်ငိုက်နေတာ ပျောက်သွားတယ်၊ ခေါင်းကိုက်နေတာ သက်သာသွားတယ်။ ငယ်ရွယ်စဉ် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေတုန်း များများကြိုးစားမှ နောင်တစ်ချိန်မှာ အနားရမှာပါ။ ခေါင်းထဲ ပညာတွေ ပြည့်နေမှ လူသက်သာစွာနဲ့ အလုပ်လုပ်နိုင်မှာပါ။

အဲဒီလို ကလေးက ကိုယ့်ကိုယ်ကိုယ် ညှာတတ်တဲ့ အလေ့အထ ဖြစ်လာအောင် အဓိက လုပ်ပေးလိုက်တာ မိဘဖြစ်ပါတယ်။ ဥပမာ ကစားစရာတစ်ခုကို တပ်ဆင်ကြည့်တယ်၊ မရဘူးဆိုရင် သူ လက်လျှော့ချင်လာမယ်။ လက်မခံပါနဲ့၊ မရရအောင် လုပ်ခိုင်းပါ။ လိုအပ်တာတော့ ဝိုင်းကူပေးပေါ့။ အဲဒါကို ကိုယ်က အစား၀င်လုပ်ပေးလိုက်ရင် ဒီကလေးဟာ ကြီးလာတဲ့အခါမှာလည်း လွယ်လွယ်လက်လျှော့တတ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ဖြစ်သင့်တာက ကလေးကို သူ့မှာ ရှိသလောက် ခွန်အား စိုက်ထုတ်တတ်တဲ့ အလေ့အထ ရလာအောင် တွန်းအားပေးရမှာပါ။ ဒီအခါ ကလေးဟာ တော်ရုံ လက်မလျှော့တတ်သူ၊ မဖြစ်ဖြစ်အောင် လုပ်တတ်သူ ဖြစ်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာတော့ဘဲ ဒါလောက်တော့ ငါလုပ်နိုင်ပါတယ် ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ အသားကျလာမှာဖြစ်ပါတယ်။

ခေါင်းဆောင်တွေဟာ ပျိုးထောင်လို့ရတာ မှန်ပေမယ့် နှစ်အစိတ်၊ သုံးဆယ် အသားကျလာတဲ့ ပုံစံတစ်ခုကို ပြောင်းဖို့ တအားခက်ပါတယ်။ ဒါကြောင့်မို့ ငယ်ငယ်ကတည်းက ပျိုးထောင်နိုင်ခဲ့ရင် အကောင်းဆုံးပါပဲ။ အတန်းခေါင်းဆောင် ရွေးရမယ် ဆိုတာနဲ့ ကလေးအချင်းချင်းကိုက သူ့ကို လုပ်နိုင်မယ်လို့ သတ်မှတ်ကြတယ်ဆိုရင် ဒီကလေးမှာ ခေါင်းဆောင်မှု လက္ခဏာတွေ ရှိနေလို့လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့ကတော့ မိဘအုပ်ထိန်းသူများမှာ အဓိက တာ၀န်ရှိပါတယ်။

ဒါကြောင့်မို့ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင်၊ ရဲရင့်လာအောင် အားပေးပါ။ သူရဲ့ စူးစမ်းဆင်ခြင်မှုတွေကို သေချာတုံ့ပြန်ပေးပါ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မညှာဘဲ၊ အလွယ်တကူ လက်မလျှော့ဘဲ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အလေ့အထကို မွေးမြူပေးပါ။

ဒေါက်တာ ဖြိုးသီဟ
၈.၁၀.၂၀၁၇

⚠️ မိုင်းအန္တရာယ်အတွက် သတိပြုရှောင်ကြဉ်ရမည့် အပြုအမူများ ⚠️မိုင်းအန္တရာယ် ကျရောက်နိုင်တဲ့ နေရာဒေသမှာ နေထိုင်ကြရသူတွေအနေန...
24/07/2021

⚠️ မိုင်းအန္တရာယ်အတွက် သတိပြုရှောင်ကြဉ်ရမည့် အပြုအမူများ ⚠️

မိုင်းအန္တရာယ် ကျရောက်နိုင်တဲ့ နေရာဒေသမှာ နေထိုင်ကြရသူတွေအနေနဲ့ မိုင်းအန္တရာယ် ကင်းဝေးဖို့အတွက် ဘယ်လို အပြုအမူတွေကိုတော့ ရှောင်ရှားသင့်တယ်ဆိုတာမျိုး မိမိကိုယ်တိုင် လေ့လာထားဖို့ လိုအပ်သလို မိမိ သိရှိထားတဲ့ ဗဟုသုတတွေကိုလည်း မိမိရဲ့ ကလေးငယ်တွေကို ပြောပြပေးထားဖို့ လိုအပ်ပါတယ်။

မိုင်းအန္တရာယ်ကို သတိပြုဖို့အတွက် ဘယ်လို အပြုအမူမျိုးတွေ ရှောင်ရှားဖို့ လိုမလဲဆိုရင်..

👉 မပေါက်ကွဲသေးတဲ့ ပေါက်ကွဲလက်နက်ပစ္စည်းတွေ ထိတွေ့ကိုင်တွယ်တာ မလုပ်ရပါဘူး။

👉 ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ တွေ့ခဲ့ရင် ကိုင်တွယ်တာ၊ ကောက်ယူတာ၊ ခြေထောက်နဲ့ ကန်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီပစ္စည်းတွေဟာ မိုင်းတွေလည်း ဖြစ်နိုင်သလို မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ပစ္စည်း (သို့) စစ်ကျန်လက်နက်ပစ္စည်းလည်း ဖြစ်နိုင်လို့ပါ။

👉 မရှိသင့်တဲ့နေရာမှာ ရောက်နေတဲ့ ပစ္စည်းတွေကို တွေ့ခဲ့မယ်ဆိုရင်လည်း ထိတာ၊ ကိုင်တာ မလုပ်ပါနဲ့။ အဲဒီပစ္စည်းတွေဟာ ထောင်ချောက်မိုင်းတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာ - သစ်ပင်ပေါ်မှာ၊ မြေပြင်ပေါ်မှာ မြင်နေကျ မဟုတ်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတစ်ခုခု ရောက်နေတာမျိုး။

တကယ်လို့များ ကလေးတို့ရဲ့ အုပ်ထိန်းသူတွေကိုယ်တိုင်လည်း လယ်ယာမြေသစ်၊ စိုက်ပျိုးမြေသစ်ကို ရွှေ့ပြောင်းစိုက်ပျိုးရတော့မယ်ဆိုရင် ဒေသခံ ရွာသူရွာသားတွေက ဒီမြေကတော့ဖြင့် အန္တရာယ်ကင်းပါတယ်လို့ အာမခံချက် မပေးနိုင်ဘဲနဲ့ စိုက်ပျိုးထွန်ယက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ လက်နက်ပစ္စည်းတွေကို တူးဆွမိပြီး အန္တရာယ် ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။ နယ်မြေသစ်ကို ရောက်ခဲ့တယ်ဆိုရင် ဒေသခံတွေဆီမှာ သတင်းအချက်အလက် စုံစမ်းတာမျိုး လုပ်ထားသင့်ပါတယ်။

နောက်ပြီး သံသယဖြစ်ဖွယ် ပစ္စည်းတစ်ခုခု တွေ့တယ်ဆိုရင် မကိုင်တွယ်ဖို့၊ လူကြီးတွေကို အသိပေးဖို့ ကလေးတွေကို မှာထားတာမျိုးလည်း လုပ်ထားသင့်ပါတယ်။ ထူးခြားတဲ့ အရာဝတ္ထု၊ တွေ့နေမြင်နေကျ မဟုတ်တဲ့ အရာဝတ္ထုတစ်ခုခုကို ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရင် ကလေးတွေဟာ စူးစမ်းလိုစိတ်နဲ့ ထိတွေ့ကိုင်တွယ်တာမျိုး လုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

✨ ယခု ဖော်ပြထားတဲ့ မိုင်းအန္တရာယ် အသိပညာပေး ရုပ်ပုံကားချပ်နဲ့ သတင်းစကားတွေကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်များအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများမှာ ပြုလုပ်ခဲ့တဲ့ ‘မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ သက်ရောက်မှုအန္တရာယ်ဆိုင်ရာ ဗဟုသုတ၊ သဘောထားနှင့် အလေ့အထဆိုင်ရာ စစ်တမ်း’နဲ့ ၂၀၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဆောင်ရွက်ခဲ့တဲ့ ‘အရေးပေါ်မိုင်းအန္တရာယ်ဆိုင်ရာစစ်တမ်း’ တို့က ရရှိလာတဲ့ အဓိကလေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပြုစုထားတာပါ။ ✨

21/06/2021

ကလေးတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ
ဒါကြောင့် ကလေးတွေကို အတတ်နိုင်ဆုံးကာကွယ်ကြပါစို့...

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ We Protect The Childrenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์