God's Hand Forces

God's Hand Forces ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก God's Hand Forces, องค์กรการกุศล, BKK

14/04/2026
ကျေးဇူးအထူးဥပကာရတင်ရှိခြင်းဖေဖော်ဝါရီ (၁) ကစခဲ့တဲ့ ကျွန်တော်တို့ရန်ကုန်ယူဂျီများရဲ့ ‘ရန်ကုန်မှာ နားထွင်း စစ်တပ်ကိုတအားဗျ...
01/04/2026

ကျေးဇူးအထူးဥပကာရတင်ရှိခြင်း

ဖေဖော်ဝါရီ (၁) ကစခဲ့တဲ့ ကျွန်တော်တို့ရန်ကုန်ယူဂျီများရဲ့ ‘ရန်ကုန်မှာ နားထွင်း စစ်တပ်ကိုတအားဗျင်း’ ကမ်ပိန်းဟာ ဒီကနေ့ မတ် (၃၁) မှာ အဆုံးသတ်ပြီဖြစ်ပါတယ်။ ပဏာမအနေနဲ့ ကမ်ပိန်းမှာပါဝင်ပေးခဲ့သူ ပြည်သူတဦးချင်းစီကို အထူးပင်ကျေးဇူးတင်၊ လေးစား၊ ဦးညွတ်ပါကြောင်း ပြောလိုပါတယ်။ ပြည်သူတွေရဲ့ထည့်ဝင်မှုကြောင့် ကြပ်တည်းတဲ့ကာလဖြစ်လင့်ကစား မျှော်မှန်းပမာဏမပြည့်ခဲ့ပေမင့် ထက်ဝက်ကျော်ရရှိခဲ့ပါတယ်။ ဒါဟာ ငွေကြေးတန်ဖိုးထက်ပိုတဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှု တန်ဖိုးညွန်းကိန်းဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ရန်ကုန်ယူဂျီများအနေနဲ့ လေးနက်စွာ နှလုံးသွင်းပါတယ်။

ပြီးတော့ ၂ လတာ ကမ်ပိန်းကာလအတွင်း ယုံကြည်စွာမေတ္တာဖြင့်ပံ့ပိုးပေးခဲ့ပါသော ယူဂျီရဲဘော်များ၊ PDF တပ်ရင်းတပ်ဖွဲ့များ၊ သရုပ်ဆောင်များ၊ ကဗျာဆရာများ၊ Artist များ၊ ကိုယ်စားလှယ်များ နှင့် RCS ရဲဘော်များ ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် ဂရက်ဖစ်ဒီဇိုင်နာများ၊ ဗီဒီယိုတည်းဖြတ်သူများအပါအဝင် ကမ်ပိန်း ဖြစ်မြောက်ရေးအတွက် နောက်ကွယ်မှကူညီပေးခဲ့သူများ၊ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်းဖြင့်ပါဝင်ပေးခဲ့သူ အားလုံး ကိုလည်း ရန်ကုန်ယူဂျီများမှ မမေ့မလျော့ ကျေးဇူးတင်နေပါတယ်။

ဒီကမ်ပိန်းဟာ ၂ လတာကမ်ပိန်းသာဖြစ်ပေမဲ့ ရန်ကုန်ယူဂျီများကို ပံ့ပိုးကူညီလိုသူ ပြည်သူများအနေနဲ့ ဒီစာမျက်နှာမှတဆင့်ဖြစ်စေ၊ God’s Hand Forces တပ်ဖွဲ့စာမျက်နှာမှဖြစ်စေ သက်ဆိုင်ရာ အဖွဲ့များ၏ စာမျက်နှာများမှ ဖြစ်စေဆက်သွယ်ပံ့ပိုးနိုင်ပါ တယ်။

အာဏာသိမ်းမှု ၅ နှစ်ကျော်ပါပြီ။ နိုင်ငံရေးအခင်းအကျင်းများစွာလည်း ဖြစ်ထွန်းပေါ်ပေါက်ပြီးပါပြီ။ အခင်းအကျင်းသစ်များလည်း အလားအလာမြင်နေရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဖက်ဒရယ် ဒီမိုကရယ်စီနိုင်ငံပေါ်ပေါက်ရေး၊ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးခရီးတွင် ရည်မှန်းချက် မပြည့်မချင်း ကျွန်တော်တို့ရန်ကုန်ယူဂျီတွေအနေနဲ့ ပါဝင်နိုင်တဲ့နည်းနာအားလုံးမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ မစ်ရှင်မပြီးမချင်း ‘ယူဂျီ’ အလုပ်ကို ဆက်လုပ်နေပါမယ်။

မြဲမြံခိုင်ကျည်သော တော်လှန်ရေးသစ္စာဖြင့်။

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#မြို့ပြပြောက်ကျား
#ချစ်သောရန်ကုန်

29/03/2026

ရန်ကုန်မြို့ထဲက ဗိုလ်မှူးတွေ ဗိုလ်ချုပ်တွေ ထိတ်လန့်ခဲ့ရတဲ့ အထိအစွမ်းတွေ ပြခဲ့ကြတဲ့ ရန်ကုန် မြို့ပြပြောက်ကျားတွေ အတွက် ကဗျာ ဆရာပန်တော်ဆက်က ကဗျာတပုဒ် ရွတ်ပြထားပါတယ် ။

ကဗျာ နာမည်က “ ငါတို့ လိပ်ပြာလုံခဲ့တယ်” ဖြစ်ပါတယ်။

တော်လှန်မိဘပြည်သူများ အတူနားဆင်ခံစားကြရအောင်ပါ။

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#ကဗျာဆရာပန်တော်ဆက်
#ကဗျာ
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း

28/03/2026

God Hand Forces ရဲဘော် ပီဆိုင်း ပြောပြတဲ့ ယူဂျီ တစ်ယောက်ရဲ့ ထောင်တွင်းဖြတ်သန်းမှု၊ အကျဉ်းကျနေသူတို့ မျှော်လင့်ချက် တွေအကြောင်း

“ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း” ကမ်ပိန်း ပြီးဆုံးဖို့၃ ရက် သာလိုပါတော့တယ်။
လက်ရှိ အချိန်ထိ ကမ်ပိန်း ရံပုံ ငွေ ထက်ဝက်ကျော်ရရှိပြီးပေမယ့် ဆက်လက်လိုအပ်နေဆဲ ဖြစ်ပါတယ်။

ပြည်သူများ ဆက်လက် ဝန်းရံ အားပေး ဖို့တိုက်တွန်းပါရစေ ခင်ဗျာ။

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#ကဗျာဆရာပီဆိုင်း
#ကဗျာ
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း

"ရန်ကုန်မှာနားနှိုက် စစ်တပ်ကို တအားရိုက်” ချင်တဲ့ ကိုဟယ်ရီ 𝙎𝙝𝙞𝙩𝙩𝙮 𝘼𝙧𝙩𝙬𝙤𝙧𝙠𝙨ရဲ့ comic လေးပါ။“ ရန်ကုန်ယူဂျီ တွေ ရဲ့ တနေ့တာ ...
28/03/2026

"ရန်ကုန်မှာနားနှိုက် စစ်တပ်ကို တအားရိုက်”
ချင်တဲ့ ကိုဟယ်ရီ 𝙎𝙝𝙞𝙩𝙩𝙮 𝘼𝙧𝙩𝙬𝙤𝙧𝙠𝙨ရဲ့ comic လေးပါ။

“ ရန်ကုန်ယူဂျီ တွေ ရဲ့ တနေ့တာ ဘယ်လ်ိုစတင်သလဲ ၊
ရန်ကုန် ယူဂျီတွေ ကြောက်ရတာဘာလဲ ??? “

ဆိုတာတွေ ကို မချွင်းမချန် ကွက်ကွက်ကွင်းကွင်းကြီးကို သရုပ်ဖော်ထားတဲ့ Comic Artwork ကို ဖတ်ကြည့်ကြပါအုံးဗျို့…။

ဒါနဲ့ ပုံတွေ ရဲ့ နောက်ဆုံးမှာ မေးခွန်းတခုမေးထားတာရှိတယ် အဖြေပေးသွားကြပါအုံးခင်ဗျ။

27/03/2026

“ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း”

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#မြို့ပြပြောက်ကျား
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ကမ်ပိန်း

27/03/2026

“တော်လှန်သောမွေးနေ့ပါ ကိုမောင်ကျော်”

ဒီနေ့ အကို့ရဲ့မွေးနေ့မှာ သူရေးခဲ့တဲ့ ကဗျာကို ပြန်နားထောင်ရအောင် ပြန်ခံစားရအောင်ပါ ။ ကိုဇေယျာသော် ရဲ့ ပဲ့တင်သံတွေကို ဒီကဗျာကနေ ကျွန်တော်တို့ ပြန်ကြားရမှာပါ။

သူပြောခဲ့တယ်။

“ ကျွန်တော်ဟာ လူငယ်တွေရဲ့ နောက်မှာလဲ အမြဲရှိတယ် ၊ ခင်ဗျားတို့ နဲ့ အတူတူလဲ ရှိမယ် ၊ ရှေ့မှာရင်ဆိုင်ရမယ်ဆိုလဲကျွန်တော်ရှိနေမယ် “လို့ ပြောသလိုပဲ အကိုက ကျွန်တော်တို့ အားလုံးနဲ့ အမြဲအတူရှိနေမှာပါ ။



#ကိုမောင်ကျော်_a_k_a_PhyoZeyaThaw

22/03/2026

Special Operation Group (SOG) တပ်ရေးတာဝန်ခံ ကိုဒွေး ပြောပြတဲ့ ရန်ကုန်ယူဂျီ များ အကြောင်း

“ရန်ကုန်မှာ နားထွင်း စစ်တပ်ကိုတအားဗျင်း” ကမ်
ပိန်းပြီးဆုံး ဖို့နီးကပ်နေပါပြီ ၊
လက်ရှိ အချိန်ထိ ၅၀% စွန်းစွန်းသာ ရံပုံငွေ ရှာဖွေနိုင်သေးလို့ မသိရှိသေးတဲ့ တော်လှန်ပြည်သူများ သိရှိနိုင်အောင် သတင်းစကားမျှဝေပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ရန်ကုန်မှာ အကြမ်းဆုံး မစ်ရှင်တွေပြန်မြင်ရဖို့ မြို့ပြ ပြောက်ကျား ရဲဘော်များကို ဝိုင်းဝန်းကူညီပေးကြပါ။

မိဘပြည်သူအပေါင်းကလည်း ကျွန်တော်တို့နဲ့အတူ တတ်နိုင်တဲ့ဘက်က ဆက်လက်ပါဝင်ပေးကြဖို့ နှိုးဆော်ပါတယ်။

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း


#ကိုဒွေး

22/03/2026

UG: အမာရွတ်များ၏ မှတ်တမ်း
======================

ကျည်ဆန်တစ်တောင့်က သူငယ်ချင်းတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူသွားချိန်မှာ ကျတော့ရဲ့ သာမန်ဘဝဟာလည်း တစ်ပါတည်း သေဆုံးသွားခဲ့တယ်။ သူငယ်ချင်းအတွက်၊ အပြစ်မဲ့ပြည်သူတွေအတွက် လက်ဗလာဘဝကနေ သေမင်းနဲ့ အနီးစပ်ဆုံးနေရာမှာ…………

#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း
#ရဲဘော်
#ယူဂျီ
#ဆောင်းပါး

ที่อยู่

Bkk

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ God's Hand Forces โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง God's Hand Forces:

ทางลัด

แชร์