Chin Community Bangkok

Chin Community Bangkok Welcome to Beautiful Chin Land.

Chin Community Bangkok (CCB) မှ ချင်းမျိုးနွယ်စုအသီးသီးနှင့် မိတ်ဆွေအပေါင်းတို့အား ညိုးငယ်စွာဖြင့် အသိပေးလိုပါတယ်။၂၀၂၆ ခ...
12/06/2026

Chin Community Bangkok (CCB) မှ ချင်းမျိုးနွယ်စုအသီးသီးနှင့် မိတ်ဆွေအပေါင်းတို့အား ညိုးငယ်စွာဖြင့် အသိပေးလိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် Ko Mal Sawn ( Ma Cherry Bochung ​၏မောင် ၊ CCB ဥက္ကဋ္ဌ ကိုJohn ၏ ယောက်ဖ) ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် CCB မိသားစုဝင်များအားလုံး ကျန်ရစ်သူ မိသားစုနဲ့အထူ ထပ်တူ ဝမ်းနည်း ပူဆွေးရပါတယ်။

ကျန်ရစ်သူ မိသားစုဝင်များအပေါ်မှာလည်း ဘုရားရှင်ရဲ့ နှစ်သိမ့်မှု၊ ငြိမ်သက်ခြင်းနှင့် ခွန်အားများ သက်ရောက်ပါစေကြောင်း CCB မှ ဆုတောင်းမေတ္တာပို့ပေးပါရစေ။🙏

"နောက်ဆုံးခရီး ပို့ဆောင်ခြင်း"

လာမည့် ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့တွင် ကျန်ရစ်သူ မိသားစုနှင့်အတူ ကွယ်လွန်သူ Ko Mal Sawn ၏ ​ေနာက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ပြပါမည်။ သို့ဖြစ်၍ ဘန်ကောက်မြို့မှ ကားဖြင့် အတူလိုက်ပါလိုသူများအနေဖြင့် အောက်ပါ ဖော်ပြပါ အချိန် နှင့် နေရာသို့ စုဝေးပေးကြပါရန် မေတ္တာရပ်ခံပါရစေ။

📅 နေ့ရက် — ၁၄ ဇွန် ၂၀၂၆ (တနင်္ဂနွေနေ့)
🕢 အချိန် — မနက် ၇:၃၀ နာရီ
📍 နရာ —https://maps.app.goo.gl/5seBZbgZRfLyHY2s8?g_st=ic

ဆက်သွယ်ရန်: Ko Tluangcung

Chin Community Bangkok (CCB)

Edit : လူပြည့်သွားပါပြီ။ အလုပ်ရှိပါသည်။ *****************အသိမိတ်ဆွေထဲကအလုပ်လိုအပ်သူများဆီကိုလည်း ဝေမျှပေးပါ။ ဘန်ကောက်နဲ့...
12/03/2026

Edit : လူပြည့်သွားပါပြီ။

အလုပ်ရှိပါသည်။
*****************

အသိမိတ်ဆွေထဲကအလုပ်လိုအပ်သူများဆီကိုလည်း ဝေမျှပေးပါ။

ဘန်ကောက်နဲ့နီးနီးလေးပါ

အလုပ်သမား (10)ယောက်လိုတယ် ကျား/မ

- ကားတာရာ လုပ်ငန်းစက်ရုံကြီး
- တစ်နေ့ 370
- နေ့ခင်းထမင်းတစ်နပ်ကြွေး (ရက်မှန်ကြေးရှိသည် )
- အခန်းငှါးခ1500 ပေါင်းနေလို့လဲရတယ်
- OT အချိန်ပိုရှိတယ်
- အလုပ်ချိန် 2 ဆိုင်း မနက် 8 am ညနေ 5 pm / ည 7 pm to မနက် 3 am
- Sunday Off

ဆက်သွယ်ရန်
Ko @ Khai Tawng
FB - https://www.facebook.com/share/1Dm2PkBUcw/?mibextid=wwXIfr
Ph 0823216231

CCB ကံစမ်းမဲ ကံထူးရှင်များ***************************Chin Community Bangkok (CCB) မှ ပြုလုပ်သော လူမှုရေး၊ သာရေး၊ နားရေ အ...
24/02/2026

CCB ကံစမ်းမဲ ကံထူးရှင်များ
***************************

Chin Community Bangkok (CCB) မှ ပြုလုပ်သော လူမှုရေး၊ သာရေး၊ နားရေ အတွက်အသုံးပြုမည့် Fundraising ကံစမ်းမဲစုစုပေါင်း ၁၂၀၀ ထုတ်ရာကနေ ၅၅၀ နီးပါးမရောင်းရပေမဲ့ ကတိပြုသည့်အတိုင်း ဖောက်မဲများအားလုံးကို CND ချင်းအမျိုးသားနေ့ကျင်းသည့် ၂၂ ရက်နေ့ ဖေဖော်ဝါရီလတွင် မဲဖောက်ပေးခဲ့ပါသည် ။ စုစုပေါင်း ဆုကြီး (၄)ခု၊ နှစ်သိမ့်ဆု ၁၀၀၀ တန် (၄) ခုအပြင် အကျီ (၁၀) ထည်ကို မဲဖောက်ပေးခဲ့ပါသည်။

အောက်ပါအမှတ်စဉ်တွေကတော့ ပေါက်မဲတွေဖြစ်ပါသည်။

အဓိကဆုကြီး (၄)ခု

၁။ ပထမဆု (ဆိုင်ကယ်) - ၂၅၀၁၈၃ (Ya Mon_Japan)
၂။ ဒုတိယဆု ( အိုင်ဖုန်း) - ၂၅၀၇၁၃ (Dr. Piyachai)
၃။ တတိယဆု (Steam cook) - ၂၅၀၃၄၃ - Kyaw Thu Hein
၄။ စတုတ္ထဆု (ပေါင်းအိုး) - ၂၅၀၆၇၀ (Mon Pi)

ဘတ် (၁)ထောင်တန်နှစ်သိမ့်ဆု
၁။ ၂၅၀၀၁၀ (Ko Bu Ning)
၂။ ၂၅၀၆၉၂ ( Cherry)
၃။ ၂၅၀၀၆၂ (Chitmin Thu)
၄။ ၂၅၀၉၉၉ ( Zun Pann Poin Shu)

နှစ်သိမ့်ဆု အကျီ
၁။ ၁၅၀၀၇၀ (Lily)
၂။ ၂၅၀၉၇၇ ( Ko Bobo Aung)
၃။ ၂၅၀၇၂၇ (Mon Anna Tun)
၄။ ၂၅၀၉၇၁ ( Thuzar)
၅။ ၂၅၀၇၀၀ ( Pu Ruall aa)
၆။ ၂၅၀၆၉၀ ( Nay Lin Zaw)
၇။ ၂၅၀၄၇၄ (Ju Ju)
၈။ ၂၅၀၉၆၇ (Mercy Lung Tuen)
၉။ ၂၅၀၉၅၉ ( Warreepon Rayme)
၁၀။ ၂၅၀၆၆၁ ( Dawt Sin Mawi)

အားပေးကြတဲ့ မိဘပြည်သူများအားလုံးကို CCB မှာ ကျေးဇူးအထူးတင်ပါသည်။ ကျန်ရှိသည့်အမြတ်များကို CCB မှာတစ်ဆင့် ဘန်ကောက်မှာရှိကြသော ချင်းမိသားစုများအတွက်လုပ်အပ်သည့်နေရာမှာ ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။
CCB

The 78th Chin National Day, Culture Show MemoriesBangkok.ဓာတ်ပုံ ဆရာ များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
24/02/2026

The 78th Chin National Day, Culture Show Memories

Bangkok.

ဓာတ်ပုံ ဆရာ များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

The 78th Chin National Day, Bangkok's Memoriesဓာတ်ပုံဆရာများကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။
24/02/2026

The 78th Chin National Day, Bangkok's Memories

ဓာတ်ပုံဆရာများကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။

The 78th Chin National Day Memories ပထမ အသုတ်
24/02/2026

The 78th Chin National Day Memories

ပထမ အသုတ်

မနက်ဖြန် ပွဲအတွက် ည သခေါင် အထိ မငြီးမငြူ ပါဝင် ပြင်ဆင်ကူညီ ပေးသော၊ လာရောက် ပါဝင်ပေးသော လေးစားစရာ ဘန်ကောက်ရောက် ချင်းမျို...
21/02/2026

မနက်ဖြန် ပွဲအတွက် ည သခေါင် အထိ မငြီးမငြူ ပါဝင် ပြင်ဆင်ကူညီ ပေးသော၊ လာရောက် ပါဝင်ပေးသော လေးစားစရာ ဘန်ကောက်ရောက် ချင်းမျိုးနွယ်စုအသီးသီးက ညီအစ်ကိုမောင်နှ မများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း

မနက်ဖြန် တွေ့ကြပါမယ် အမျိုးတို့



မနက်ဖြန် (၂၂၊၂၊၂၀၂၆) တွင် ကျင်းပပြုလုပ်မည် (၇၈)နှစ်ကြိမ်မြောက် ချင်းအမျိုးသားနေ့ အစီအစဉ် ဖြစ်ပါတယ်။~~~~~~~~~~~~~~~~~~~~~...
21/02/2026

မနက်ဖြန် (၂၂၊၂၊၂၀၂၆) တွင် ကျင်းပပြုလုပ်မည် (၇၈)နှစ်ကြိမ်မြောက် ချင်းအမျိုးသားနေ့ အစီအစဉ် ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သီဆိုဖျော်ဖြေ ပါဝင်မည့် ညီအစ်ကိုမောင်နှမများအားလုံး လည်း ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပေးမျှဝေပေးလိုက်ပါတယ်။

"အကအတွက် သီချင်းများကို USB နဲ့သော်လည်းကောင်း၊ Youtube / Facebook ပေါ်ရှိသီးချင်းများကိုသုံးမည်ဆိုလျှင် ဆိုလျှင်လည်း ကိုယ်ကမည့် အစီစဉ်မတိုင်ခင် ပွဲစီစဉ်သူထံသို့ မမေ့လျော့ပဲ လာရောက် ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။"

⚫︎နေ့ ရက် -၂၂ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ခုနှစ် (တနင်္ဂနွေနေ့)
⚫︎အချိန် - မနက် ၉:၃၀ မှ ညနေ ၅:၀၀ နာရီ အထိ
⚫︎နေရာ - Sakul Khu Songkhro Association , 3799 Rama IV Rd, Phra Khanong, Khlong Toei, Bangkok 10110
(https://maps.app.goo.gl/yY5JdW4KyGTUHqg36?g_st=com.google.maps.preview.copy)

အားလုံးပဲ ချင်းအမျိုးသားနေ့မှာ ပြန်လည် ဆုံကြမယ်နော်….

Culture Show လေ့ကျင့်ရန် အသိပေးခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~၂၀၂၆ ခုနစ်တွင် ကျင်းပမည့် ၇၈ အကြိမ်မြောက် ချင်းအမျိုးသာ...
20/02/2026

Culture Show လေ့ကျင့်ရန် အသိပေးခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၂၆ ခုနစ်တွင် ကျင်းပမည့် ၇၈ အကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် မျိုးနွယ်စု Culture Show အတွက် ပါဝင်မည့်သူများအားလုံး Rehasal လေ့ကျင့်ပါဝင်ပေးပါရန် အောက်အတိုင်းဖိတ်ခေါ်လိုပါသည်။

နေ့ရက် ။ ၂၁ ရက်နေ့၊ ဖေဖော်ဝါရီလ ၂၀၂၆။
အချိန်။ ။ ညနေ ၈ နာရီ။
နေရာ ။ Sakul Khu Songkhro Association , 3799 Rama IV Rd, Phra Khanong, Khlong Toei, Bangkok 10110
(https://maps.app.goo.gl/yY5JdW4KyGTUHqg36?g_st=com.google.maps.preview.copy)

မှတ်ချက်။ CND Culture Show အတွက် ကိုယ်တိုင် အလှပြင်ဆင်ထားပါရန် အသိပေးလိုပါသည်။

ပုံ - Thadou Kuki ချင်းရိုးရာဝတ်စုံ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chin Community Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์