အစ်ဆာရာမြန်မာ - Issara

အစ်ဆာရာမြန်မာ - Issara အစ်ဆာရာသည် ​ရွှေ့​ပြောင်းအလုပ်သမားအ​ရေးကို​ဆောင်ရွက်​နေသည့်အဖွဲ့ဖြစ်သည်။
(260)

အစ်ဆာရာအဖွဲ့သည် ​ရွှေ့​ပြောင်းအလုပ်သမားများ၊ အလုပ်ရှာ​ဖွေ​နေသူများ၊ အလုပ်သမား​အရေး​ဆောင်ရွက်​နေသည့်အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာဝယ်လက်များ၊ အလုပ်ရှင်များနှင့် လုပ်သားစု​ဆောင်းသည့်​အေဂျင်စီများနှင့်ပူးပေါင်း၍ လုပ်သား​ခေါင်းပုံဖြတ်ခံရမှုများကို​ဖြေရှင်း​ဆောင်ရွက်လျက်ရှိပါသည်။ အလုပ်သမားများ၏အသံနှင့် အကြံဥာဏ်များဖြင့် ဤပြသနာများကိုထိ​​ရောက်စွာ​ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။
ထိုင်းနိုင်ငံ​ရောက်အလုပ်သမားများအ​နေဖြင့် ဖုန်းနံပါတ် ၁၈၀၀၀ ၁၀ ၁၈၀ သို့​ ၂၄နာရီ အခမဲ့​ခေါ်ဆိုနိုင်ပြီး၊ မြန်မာနိုင်ငံဖုန်း ၀၉ ၇၆ ၅၀၀၀ ၁၅၀ သို့လည်း ခေါ်ဆိုနိုင်ပါသည်။
အစ်ဆာရာမှ တီထွင်ဖန်တီးထားသည့် ​ရွှေအိပ်မက်ဖုန်းအပလီ​ကေးရှင်းမှလည်း အလုပ်သမားအခွင့်အ​ရေးများ၊ သတင်းများ၊ အလုပ်ရှင်နှင့်​အေဂျင်စီဆိုင်ရာအချက်အလက်များကြည့်ရှုနိုင်သည်သာမက ​'အလုပ်ရှာ​ဖွေရာ​နေရာ' မှတစ်ဆင့် ​အလုပ်​လျှောက်ထားနိုင်ပါသည်။

11/10/2026

အောက်တိုဘာလ (၁၃) ရက်နေ့စာ ထိုင်းဘုရင် ရာမ ( 9 ) ဘူမိဘောဘုရင်ရဲ့ နက်ရွာစံနှစ်ပတ်လည်နေ့ဖြစ်ပါတယ်.. သူငယ်ချင်းတို့ရော အလုပ်ပိတ််ကြလား..အလုပ်ဆင်းရတဲ့သူတွေရော ရှိကြလား..

09/10/2026

အလုပ်သမား ညီကိုမောင်နှမတို့ရေ ယခု ရက်ပိုင်း ထိုင်းမှာ ပတ်စပို့စာအုပ်တွေကို လဲပေးတဲ့ အခါမှာ အချို့သော မြို့တွေမှာ လုပ်ထားတဲ့ စာအုပ်တွေကို လဲမပေးဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာဆိုတော့ မိမိတို့ရဲ့ စာအုပ်တွေကိုရော ဘယ်တိုင်းဒေသကြီးတွေမှာ လုပ်ခဲ့တယ်ဆိုတာရော မှတ်မိကြလား ဖြေခဲ့ကြအုံးနော်

မင်္ဂလာပါ ထိုင်းရောက်ရွှေမြန်မာတို့ရေ။ထိုင်းနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် အစ်ဆာရာက အရေးကြီ...
07/10/2026

မင်္ဂလာပါ ထိုင်းရောက်ရွှေမြန်မာတို့ရေ။
ထိုင်းနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် အစ်ဆာရာက အရေးကြီးတဲ့ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) နဲ့ ပတ်သက်တဲ့ သတင်းကောင်းလေး မျှဝေပေးချင်ပါတယ်။
အခုလာမယ့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံအတွင်းမှာ CI စင်တာတွေကို စတင်ဖွင့်လှစ်တော့မှာပါ။ CI စင်တာဖွင့်လှစ်မယ့် ခရိုင် (၅) ခုကတော့ ၁။ စမွတ်ဆာခွန် ၂။ စမွတ်ပရာကန် ၃။ ဆူရတ်ဌာနီ ၄။ ချင်းမိုင် ၅။ ချွန်ဘူရီ ခရိုင် ငါးခုမှာ လာမယ့် ရက်ပိုင်းအတွင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေ CI စာအုပ် သွားလုပ်ရမလဲ?
၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအလုပ်သမားအုပ်စုတွေ သွားရောက်ပြုလုပ်ရမှာဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် (Passport) မရှိသေးသူတွေလည်း CI စာအုပ် သွားရောက်လျှောက်ထားပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိကိုယ်တိုင် သက်တမ်းကုန်တော့မှာပဲဖြစ်ဖြစ်၊ သက်တမ်းကုန်ခါနီးသူငယ်ချင်းတွေရှိရင်လည်း သိအောင် မျှဝေပေးလိုက်ကြပါဦးနော်။ အခြားသိလိုတာတွေရှိရင်လည်း အစ်ဆာရာရဲ့ ထိုင်ဟော့လိုင်း ၁၈၀၀၀၁၀၁၈၀ ကို ဆက်သွယ်တာပဲဖြစ်ဖြစ်၊ မြန်မာဟော့လိုင်း ၀၉၇၆၅၀၀၀၁၅၀ ကိုပဲ ဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

04/10/2026

ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားများ အလုပ်ထုတ်ခံရလျှင် (သို့) အလုပ်ထွက်ထားသူတွေအတွက် အလုပ်လက်မဲ့ ပကန်လျှောက်လို့ ရပါတယ် 🥰😍

02/10/2026

ဂျပန်သွားဖို့ပြင်ဆင်နေသူတွေရှိလား????
ဒါဆို ဂျပန်နိုင်ငံရဲ့ အလုပ်သင်သင်တန်းသားစနစ်ဟောင်းနေရာမှာ အစားထိုးဝင်ရောက်လာတော့မယ့် ESD (Employment for Skill Development Program) စနစ်သစ်အကြောင်း သိထားပြီးကြပြီလား?
ဒီစနစ်သစ်က ဂျပန်ကို သွားပြီး အလုပ်လုပ်မယ့် မြန်မာအလုပ်သမားတွေအတွက် ဘာတွေ ပိုကောင်းသွားမယ်ထင်လဲ?
ကိုယ့်ရဲ့ အမြင်တွေကိုလည်း ဒီပို့လေးအောက်မှာ ဝေမျှပေးသွားကြပါဉီးနော်။ ထပ်သိချင်တာရှိရင်လည်း အစ်ဆာရာရဲ့ ဟော့လိုင်း ၀၉၇၆၅၀၀၀၁၅၀ ကို ဆက်သွယ်လိုက်ပါနော်။

29/09/2026

🇹🇭ထိုင်းမှာ အလုပ်ထွက်တာဖြစ်ဖြစ် အလုပ်ရှင်ကထုတ်တာဖြစ်ဖြစ် ရရှိမယ့် အကျိုးခံစားခွင့်များ #ပြည်ပရောက်မြန်မာ #အလုပ်သမားအခွင့်အရေး

25/09/2026
23/09/2026

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ ထိုင်းရောက် ရွှေ့မြန်မာတွေ ညီကိုမောင်နှမတွေ မဖြစ်မနေ သိထားရမယ့် ဒီ TM30 နဲ့ TM47 ဆိုတဲ့ form နှစ်ခုအကြောင်း ပြောပြပေးထားပါတယ်။ ထပ်ပြီးသိချင်တာရှိရင် ထိုင်းဘက် အစ်ဆာရာဟော့လိုင်း ၁၈၀၀၀၁၀၁၈၀ နဲ့ မြန်မာဟော့လိုင်း ၀၉၇၆၅၀၀၀၁၅၀ ကို ဆက်သွယ်နိုင်ပါတယ်၊။

18/09/2026

ပြည်ပရောက်တာ ဘယ်လောက်ကြာပြီလဲ... ဘယ်တော့ပြန်မယ် စိက်ကူးထားကြလဲ
ဖြေခဲ့ကြအုံးနော်...?

16/09/2026

"မလေးရှားဆိုမှ မလေးရှားအကြောင်းပဲ သိချင်တယ်ဆိုသူတွေအတွက်ပါ။ မလေးရှားနိုင်ငံနဲ့ ပတ်သက်တဲ့ Updates လေးတွေပြောပြပေးထားပါတယ်နော်။"

ที่อยู่

Bangkok
10110

เบอร์โทรศัพท์

+66804565560

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ အစ်ဆာရာမြန်မာ - Issara โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์