NayKyaw ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก NayKyaw, องค์กรการกุศล, Bangkok.

ကျောက်တော်တွင် စစ်ကျန်ဗုံးသီးနှင့် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရAK - မတ် ၂၀ကျ...
22/03/2025

ကျောက်တော်တွင် စစ်ကျန်ဗုံးသီးနှင့် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

AK - မတ် ၂၀

ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာတွင် စစ်ကျန်ဗုံးသီး တစ်လုံးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ယမန်နေ့ မတ်လ ၁၉ ရက်နေ့၊ ညနေ ၄နာရီခန့်အချိန်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် သေဆုံးခဲ့ရပြီး ၄ဦး ဒဏ်ရာရရှိသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးခဲ့သူမှာ မင်းသားတောင်ကျေးရွာမှ အသက် ၁၄နှစ်အရွယ် မောင်ဌေးဦး ဖြစ်ပြီး မင်းသားတောင်ကျေးရွာမှ အဖ ဦးမောင်ထွန်းအေး၏ သား မောင်ကျော်ဆန်းလင်း ၁၆နှစ်၊ အဖ ဦးထွန်းဝင်း၏ သား မောင်သန်းနိုင် ၁၄နှစ်၊ အဖ ဦးထွန်းတင်၏ သား မောင်နေပိုင်စိုး ၁၄နှစ်နှင့် အဖ ဦးကျော်သန်း၏ သား မောင်ခိုင်အောင်မျိုး ၁၅နှစ်တို့လည်း ဒဏ်ရာ ရရှိခဲ့သည်။

ယမန်နေ့ မတ်လ ၁၉ရက်နေ့တွင် မင်းသားတောင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ၅ဦးသည် ရွာချောင်းမှ တွေ့ရှိသော စစ်ကျန်ဗုံးသီးကို ကောက်ယူပြီး မီးပုံထဲသို့ ထည့်ကြည့်ရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒဏ်ရာရရှိသူများနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက AB News သို့ ပြောသည်။

“သူတို့ဟာ ရွားအနီးက ချောင်းမှာ ငါးရှာနေတုန်း ၄၀ မမ ဗုံးသီး တစ်လုံး ကောက်ယူခဲ့ကြပါတယ်။ အဲ့ဗုံးသီးကို ထုကြည့်ကြတယ်။ ထုကြည့်လို့ မပေါက်တဲ့ ဗုံးသီးကို မီးပုံထဲ ထည့်ရာ ပေါက်ကွဲပြီး တစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဗုံးသီး ပေါက်ကွဲပြီး သေဆုံးခဲ့သည့် လူငယ်တစ်ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၄ဦးမှာ ၇တန်းကျောင်းသားများ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန် ဒဏ်ရာရရှိခဲ့သည့် လူငယ်များမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြရသည်ကို တွေ့ရှိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် နီးစပ်ရာ ပတ်ဝန်းကျင်များတွင် ကျန်ရှိနေသေးသည့် စစ်လက်နက်ပစ္စည်းများကို မထိတွေ့ကြရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားရန် အာရက္ခတပ်တော်က မြို့၊ ရွာများတွင် အသိပေးနိုးဆော်ထားသည်ကို တွေ့ရှိရသည်။

စစ်ကျန်မိုင်းနှင့် လက်နက်များမှာ ဆော့ကစားရန်မဟုတ်သည့်အပြင် အသက်အန္တရာယ်ကို ထိခိုက်စေသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြစ်သည်။

ဓာတ်ပုံ-ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ ဗုံးသီးပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သည့် လူငယ်တစ်ဦးအား ဆေးကုသမှု ခံယူနေသည်ကို တွေ့ရစဥ်

Credit to Bay News

ARSA ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် ခေါင်းဆောင်သစ် ခန့်အပ်မှု သတင်းထွက်ပေါ်AB  News - မတ် ၂၁၊ ၂၀၂၅ဘင်္ဂလားဒေ့ရှ်နိုင်ငံ...
22/03/2025

ARSA ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် ခေါင်းဆောင်သစ် ခန့်အပ်မှု သတင်းထွက်ပေါ်

AB News - မတ် ၂၁၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် ၊ ဒုက္ခသည်စခန်းများတွင် (ARSA) ခေါင်းဆောင် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် အဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် မော်လာနာဘော်ဟန်းအား အစားထိုး ခန့်အပ်ကြောင်း သိရှိထားရသည်ဟု Daily Start သတင်းဌာနတွင် ဖော်ပြသည်။

မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် ခေါင်းဆောင် အာတာအူလာနှင့် အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ARSA အဖွဲ့သည် ၎င်းတို့၏ အင်အားကို ပြန်လည်စုစည်းရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ARSA အဖွဲ့ဝင်များသည် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် နောက်ထပ် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော RSO ထံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသဖြင့် စခန်းအတွင်းမှ ထွက်ပြေးမှုများ ရှိနေကြောင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မတ်လ ၂၀ ရက်နေ့တွင် အာတာအူလာ၏ အနီးကပ်လုပ်ဖော်ကိုင်ဖက် မော်လာနာခါလစ်က ARSA အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရာထူးများတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းသည့် အသံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလာဒေ့ရှ် လက်နက်ကိုင် ရဲတပ်ရင်း( ၁၄) မှ လက်ထောက် အထွေထွေစစ်ရေးမှူး မိုမာဟက်ဆီရာ့ဂျ်အာမင်က မော်လာနာဘော်စန်းက ယခုကဲ့သို့ တာဝန်ယူထားသော သတင်းကို မိမိတို့ ကြားမိသော်လည်း မော်လာနာခါလစ် မည်သည့်နေရာတွင် ရှိနေသည်ကိုမကြားမိထားကြောင်း သတင်းဌာနသို့ ပြောကြားထားသည်။

မတ်လ ၁၇ ရက်နေ့က အ​ကြမ်းဖက် ခေါင်းဆောင် အာတာအူလာအပါအဝင် အဖွဲ့ဝင် ၅ ဦးသည် ကော့ဘဇားခရိုင်ရှိ မူဆလင် ဒုက္ခသည်စခန်းများတွင် နေထိုင်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ၊ ဒုက္ခသည်စခန်းတစ်ခုတွင် RSO အဖွဲ့ဝင် ၁ ဦးကို ARSA အဖွဲ့မှ တူဖြင့်ရိုက်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၄ ရက်နေ့ ၊ ညနေ ၈ နာရီအချိန်ခန့်တွင်လည်း ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် စခန်းခေါင်းဆောင် ၁ ဦးမှာ ပစ်သတ်ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဆလင် ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် ရောက်ရှိလာပြီး ၂ ရက်အကြာမှာ ARSA အကြမ်းဖက် ခေါင်းဆောင် အာတာအူလာသည် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

Press ReleaseRegarding the news reports about drug seizures published in the propaganda videos, newspapers, and journals...
20/03/2025

Press Release
Regarding the news reports about drug seizures published in the propaganda videos, newspapers, and journals of the fascist terrorist military junta on March 18-19, 2025, we hereby declare that our organization has no connection whatsoever with these reports.

March 19th 2025

07/03/2025
07/03/2025

Breaking News
စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့

AB News-မတ် ၆၊ ၂၀၂၅

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီက ဒရုန်းများဖြင့် ဗုံးချကာ ကျေးရွာများကို မီးရှို့နေကြောင်း ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

စစ်တွေမြို့နယ်တွင် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ်တွင် ဦးဂင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဒရုန်းများဖြင့် ဗုံးချ၍ မီးရှို့ခဲ့ခြင်းဖြစ်ကာ ဝါဘိုကျေးရွာကို ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၅၀ ခန့်နှင့် ဦးဂင်းကျေးရွာကို နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီကနေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းမှ ဒရုန်းနဲ့ ရွာတွေကို ဒရုန်းဗုံးချ ဗုံးကြဲသွားတယ်။ စစ်တွေ ဝါဘိုကိုက မနက် ၆ နာရီ မထိုးခင်လောက်မှာ မီးရှို့ခဲတာ ပြီတော့ ကျောက်ဖြူပေါ့ ကျောက်ဖြူမြို့နယ်က ဦးဂင်းရွာကိုက နေ့လည် ပိုင်းမှာ မီးရှို့သွားတာပါ။” ဟုပြောသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင် အရပ်သားလူနေအိမ် ၃၅ အိမ်ခန့် မီးလောက်ကျွမ်းသွားပြီး ကျောက်ဖြူမြို့နယ် ဦးဂင်းရွာတွင် အရပ်သားလူနေအိမ် ၁၄၀ ကျော်ခန့် မီးလောင်ကျွမ်းသွားသည်ဟု သိသည်။

မီးလောင်ကျွမ်းမှုကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု အခြေအနေအား Arakan Bay News က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ရက္ခိုင်တွင် စစ်ကောင်စီက ၃ မြို့နယ်အတွင်း နေရာအချို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး အာရက္ခတပ်တော် က ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုတို့အား အလုံးစုံသိမ်းပိုက်ထားသည်ကို တွေ့ရသည်။

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NayKyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง NayKyaw:

แชร์