Read for your Future

Read for your Future လောကဓံရဲ့အထုအထောင်းဒဏ်ကို စာအုပ်တွေဖတ်ပြီး တွန်းလှန်ကြမယ်💪💪💪

02/07/2026

နိုင်ငံခြားမှာ…
ပိုက်ဆံစုနိုင်လာတာက ကောင်းတဲ့အရာတစ်ခုပါ။

ဒါပေမယ့်…
ကျွန်တော် သတိထားမိတာတစ်ခုက…
လူတော်တော်များများက…
ပိုက်ဆံစုဖို့ပဲ သိလာကြပြီး…
ပိုက်ဆံကို ဘယ်လိုအသုံးချရမလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြဘူး။

တစ်ချို့တွေက…
နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်တယ်။
ပိုက်ဆံစုတယ်။
ဒါပေမယ့်…
ဘဏ်စာအုပ်ထဲက ဂဏန်းတွေ တိုးလာတာကိုပဲ ကြည့်ပြီး…အဲ့ဒီပိုက်ဆံကို နောက်ထပ် ဘယ်လိုတိုးအောင်လုပ်မလဲဆိုတာကို မစဉ်းစားမိကြဘူး။
တကယ်တော့…
နိုင်ငံခြားမှာ ပိုက်ဆံစုနိုင်လာပြီဆိုရင်…
အနည်းဆုံး ဒီ (၄) ချက်ကို စဉ်းစားထားသင့်တယ်။

(၁) ရွှေကို စဉ်းစားပါ

ရွှေဆိုတာ…တစ်ညတည်း ချမ်းသာစေမယ့် အရာတော့မဟုတ်ဘူး။
ဒါပေမယ့်…အချိန်ကြာလာတာနဲ့အမျှ…
တန်ဖိုးကို ထိန်းထားပေးနိုင်တဲ့ Asset တစ်ခု ဖြစ်တယ်။
ငွေကြေးဖောင်းပွမှုတွေ…
စီးပွားရေး အပြောင်းအလဲတွေကြားမှာ…
ကိုယ့်ရဲ့ ငွေတန်ဖိုးကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။

(၂) မြေကို စဉ်းစားပါ

လူတော်တော်များများက…ကားဝယ်ဖို့ စဉ်းစားကြတယ် ဆိုပါစို့။ကားက ဝယ်တဲ့နေ့ကစပြီး တန်ဖိုးကျသွားတတ်တယ်။
မြေကတော့…

နေရာမှန်…

အချိန်မှန်ဆိုရင်…

နှစ်တွေကြာလာတာနဲ့အမျှ တန်ဖိုးတက်လာနိုင်တဲ့ အရာတစ်ခု ဖြစ်တယ်။ဒါကြောင့် အနာဂတ်အတွက် Asset တစ်ခုအနေနဲ့ စဉ်းစားထားသင့်တယ်။
(၃) အသေးစား စီးပွားရေးကို စမ်းကြည့်ပါ

နိုင်ငံခြားမှာ…အလုပ်လုပ်ပြီး လစာရတာက အရေးကြီးတယ်။

ဒါပေမယ့် ဘဝတစ်လျှောက်လုံး လစာတစ်ခုတည်းကိုပဲ အားကိုးနေမယ်ဆိုရင်…
တစ်နေ့မှာ ကန့်သတ်ချက်ကို ရောက်လာနိုင်တယ်။

ဒါကြောင့်…

Online Shop ပဲဖြစ်ဖြစ်…

ကုန်ပစ္စည်း သေးသေးလေးပဲဖြစ်ဖြစ်…

ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုကို စမ်းကြည့်ဖို့ လိုပါတယ်။
အောင်မြင်မလား…
မအောင်မြင်ဘူးလား ဆိုတာထက်…
စမ်းကြည့်ခဲ့ဖူးတဲ့ အတွေ့အကြုံက ပိုအရေးကြီးတယ်။

(၄) ကိုယ့်ကိုယ်ကို Invest လုပ်ပါ

တကယ်တော့…
အကောင်းဆုံး Investment ကတော့…
ကိုယ့်ကိုယ်ကိုယ်ပဲ။
ဘာသာစကားအသစ်…
Skill အသစ်…
ပညာအသစ်…
အတွေ့အကြုံအသစ်…
ဒီအရာတွေက ဘယ်သူမှ မလုယူနိုင်တဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တယ်။
တစ်နေ့မှာ…
ကိုယ့်ရဲ့ ဝင်ငွေကိုတောင် ပြောင်းလဲသွားစေနိုင်တယ်။
တကယ်တော့ နိုင်ငံခြားမှာ ပိုက်ဆံစုတာက အရေးကြီးတယ်။
ဒါပေမယ့်…
ပိုက်ဆံကို ဘယ်လိုအသုံးချမလဲဆိုတာက…
အဲ့ထက် ပိုအရေးကြီးတယ်။
ဘာလို့လဲဆိုတော့…
ပိုက်ဆံစုတတ်တဲ့သူတွေ အများကြီးရှိတယ်။

ဒါပေမယ့်…ပိုက်ဆံကို အနာဂတ်အတွက် အလုပ်လုပ်ခိုင်းတတ်တဲ့သူတွေကပဲ…
နောက်ဆုံးမှာ ပိုအဆင်ပြေသွားတတ်ကြလို့ပါ။


Credit.

Life Timing 🕛  ဘဝရဲ့အရာအားလုံးက Timing အပေါ်မှာ မူတည်တယ်။ အချိန်ကာလတစ်ခုပဲ လိုတာပါ။   ကောင်းမွန်တဲ့ဘဝလက်တွဲဖော် ပိုင်ဆို...
20/02/2026

Life Timing 🕛

ဘဝရဲ့အရာအားလုံးက Timing အပေါ်မှာ မူတည်တယ်။ အချိန်ကာလတစ်ခုပဲ လိုတာပါ။
ကောင်းမွန်တဲ့ဘဝလက်တွဲဖော် ပိုင်ဆိုင်ရဖို့ အချိန်လိုတယ်။ မိဘတွေကို ကောင်းကောင်းထားနိုင်ဖို့ အချိန်လိုတယ်။ အချစ်ဆုံးသူငယ်ချင်း ပိုင်ဆိုင်ရဖို့ အချိန်လိုတယ်။
ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာ မဟုတ်ဘူးနော်။ သိပြီးရင် လုံ့လစိုက်ပြီး ကြိုးစားရဦးမယ်။ ကိုယ်နဲ့အဆင်ပြေ၊မပြေ ဆုံးဖြတ်ချက် ချရဦးမယ်။ ဒီတော့ ကိုယ်လိုချင်တာရဖို့ အချိန်လိုတယ်။ ကြိုးစားဖို့ လိုတယ်။ ဆုံးဖြတ်ချက် ချတတ်ဖို့ လိုတယ်။ ရွေးချယ်တတ်ဖို့ လိုတယ်။
ကိုယ်သာ ရိုးသားဖြောင့်မတ်စွာ နေထိုင်ပြီး အရူးအမူး ကြိုးစားနေရင် လိုချင်တာ မရစရာ အကြောင်းမရှိပါ။


#ဘဝနှင့်အချစ်၏ချိုမြိန်ခြင်း
#နူးနူးအောင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Read for your Future โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์