10/07/2026
နိုင်ငံခြားသားအလုပ်သမား ၂ သိန်းခန့် သက်တမ်းတိုးပေးရန်နှင့် ဘတ်သစ်ဖွင့်ပေးရန် စီစဉ်နေ
အလုပ်သမား ၂ သိန်းအတွက် သက်တမ်းတိုးမည်။ ။
ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော ရွှေ့ပြောင်းအလုပ်သမား ၂ ဦးရေ နှစ်သိန်းခန့်အတွက် ဝေါ့ပါမစ် (Work Permit) သက်တမ်းတိုးပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း လတ်တလောတွင် စာရွက်စာတမ်းဆိုင်ရာ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းနေရဆဲ ဖြစ်သည်။
ဘတ်အသစ် (လူသစ်) ဖွင့်လှစ်မည့်အချိန်။ ။
လူသစ်များအတွက် ဘတ်ဖွင့်ပေးရန် ပြင်ဆင်နေပြီး ဇူလိုင်လကုန် သို့မဟုတ် ဩဂုတ်လအစပိုင်းတွင် ဖွင့်လှစ်ပေးနိုင်ရန် မျှော်လင့်ထားသည်။
တွဲဖက်လုပ်ဆောင်မည့်အချက်များ။ ။
ဤလုပ်ငန်းစဉ်များ စတင်နိုင်ရန် e-WorkPermit စနစ်မြှင့်တင်ခြင်းနှင့် CI စင်တာများ အရှိန်မြှင့်ခြင်းတို့ကိုပါ တစ်ပါတည်း တွဲဖက်ဆောင်ရွက်သွားမည် ဖြစ်သည်။
⚠️ သတိပြုရန်။ ။
ဤအချက်များသည် အလုပ်သမားဝန်ကြီး၏ ကွင်းဆင်းခရီးစဉ်အတွင်း ပြောကြားချက်သာ ဖြစ်ပြီး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက် မဟုတ်သေးသဖြင့် အွန်လိုင်းစာမျက်နှာတွင် တရားဝင် ကြေညာချက်ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရန် လိုအပ်ပါသည်။
#ထိုင်းသတင်း #မြန်မာအလုပ်သမားများ #ဘတ်သစ်စာရင်း