Rotary Club of Shwe Bangkok

Rotary Club of Shwe Bangkok The First Myanmar Rotary Club in Bangkok, Thailand with 33 Chartered Members.

🏠 Literacy Begins at Homeကလေးတစ်ယောက် စာဖတ်တတ်လာဖို့အတွက် အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်ကြီးတစ်ခု ရှိဖို့မလိုပါဘူး။အောက်...
22/09/2026

🏠 Literacy Begins at Home

ကလေးတစ်ယောက် စာဖတ်တတ်လာဖို့အတွက် အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်ကြီးတစ်ခု ရှိဖို့မလိုပါဘူး။

အောက်ပါရိုးရှင်းတဲ့အရာလေးတွေကနေ စတင်နိုင်ပါတယ်။

📖 ကလေးမြင်လွယ်တဲ့နေရာမှာ စာအုပ်အနည်းငယ်ထားပါ။
🗣️ နေ့စဉ်ကြုံတွေ့ရတဲ့အရာတွေကို အမည်ခေါ်ပြီး စကားပြောပါ။
🛒 စျေးဝယ်တဲ့အခါ ပစ္စည်းအမည်နဲ့ ဈေးနှုန်းတွေကို အတူဖတ်ပါ။
✍️ ကလေးကို ကိုယ့်နာမည်နဲ့ ရိုးရှင်းတဲ့စကားလုံးတွေ ရေးခိုင်းပါ။
🌙 အိပ်ရာမဝင်ခင် ပုံပြင်တိုတစ်ပုဒ် ပြောပြပါ။

ကလေးကို သင်ပေးရမယ်ဆိုတဲ့ ဖိအားနဲ့မဟုတ်ဘဲ အတူတကွလေ့လာမယ်ဆိုတဲ့ ခံစားချက်နဲ့ စတင်ပေးပါ။

နေ့စဉ် ၁၀ မိနစ်ကပင် အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့အပြောင်းအလဲကို ဖန်တီးပေးနိုင်ပါတယ်။

Rotary မှာ Club Visit Meeting by the District Governor (DG) ကို ပုံမှန်အားဖြင့် District Governor’s Official Visit လို့ခ...
22/09/2026

Rotary မှာ Club Visit Meeting by the District Governor (DG) ကို ပုံမှန်အားဖြင့် District Governor’s Official Visit လို့ခေါ်ပါတယ်။ ဒါဟာ District Governor က မိမိတာဝန်ယူထားတဲ့နှစ်အတွင်း Rotary Club တစ်ခုချင်းစီကို သွားရောက်တွေ့ဆုံတဲ့ တရားဝင် Club Visit ဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က အခမ်းအနားတက်ရောက်ရုံ မဟုတ်ဘဲ၊ Club ရဲ့ လက်ရှိအခြေအနေ၊ အောင်မြင်မှု၊ အခက်အခဲ၊ လိုအပ်ချက်တွေကို နားလည်ဖို့၊ Club ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များကို တွေ့ဆုံအားပေးဖို့၊ Club နဲ့ District ကြား ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေဖို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် DG Official Visit မှာ ဒီအပိုင်းတွေ ပါဝင်တတ်ပါတယ်။

Club President နှင့် Board Members တွေ့ဆုံခြင်း
✅Club ရဲ့ နှစ်ပတ်လည်ရည်မှန်းချက်
✅Membership အခြေအနေ
✅Service Projects
✅Rotary Foundation
✅Public Image
✅Youth Programs
✅Club Administration
✅District က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ

Regular Club Meeting with Members
✅DG ကို ကြိုဆိုခြင်း
✅Club President Report
✅Club ရဲ့ Projects / Achievements တင်ပြခြင်း
✅DG Address / Speech
✅Recognition / Awards ရှိရင် ပေးအပ်ခြင်း
✅Q&A သို့မဟုတ် Discussion

Club Development Review
✅DG အနေနဲ့ Club က
Member Engagement ကောင်းမကောင်း
Project တွေ တိုးတက်နေမနေ
Leadership Development ဘယ်လိုလုပ်နေသလဲ
Club Health ကောင်းမကောင်း
ဆိုတာတွေကို သိချင်ပါတယ်။

Club နှင့် District ဆက်သွယ်မှုကို ခိုင်မာစေခြင်း
✅DG က District နှင့် Rotary International ရဲ့ Priority တွေကို ရှင်းပြနိုင်ပါတယ်။ Club ကလည်း ကိုယ့်ရဲ့ အခက်အခဲ၊ အကြံပြုချက်၊ Project Idea တွေကို တိုက်ရိုက်တင်ပြနိုင်ပါတယ်။

အလွယ်ပြောရရင်—

DG Official Club Visit ဆိုတာ District Governor နဲ့ Club Leadership တို့တွေ့ဆုံပြီး Club ရဲ့ တိုးတက်မှု၊ အခက်အခဲ၊ အခွင့်အလမ်းတွေကို ပြန်လည်သုံးသပ်ကာ Club ကို ပိုမိုအားကောင်းလာအောင် District နဲ့ ပူးပေါင်းညှိနှိုင်းတဲ့ နှစ်စဉ်အရေးကြီးတဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ပထမဆုံးဆရာက မိဘနဲ့အုပ်ထိန်းသူတွေပါ။ဒီနေ့ RCSB ရဲ့ Parents’ Practical Learning Session မှာ ကလေးများရဲ့စာဖ...
20/09/2026

ကလေးတစ်ယောက်ရဲ့ ပထမဆုံးဆရာက မိဘနဲ့အုပ်ထိန်းသူတွေပါ။

ဒီနေ့ RCSB ရဲ့ Parents’ Practical Learning Session မှာ ကလေးများရဲ့စာဖတ်ခြင်းအလေ့အထကို အိမ်မှာ ဘယ်လိုအားပေးနိုင်မလဲဆိုတာကို မိဘနဲ့အုပ်ထိန်းသူများနဲ့အတူ လေ့လာဆွေးနွေးခဲ့ကြပါတယ်။

စာဖတ်ခြင်းအတွက် စျေးကြီးတဲ့ပစ္စည်းတွေ မလိုအပ်ပါဘူး။

နေ့စဉ်အသုံးပြုနေတဲ့ ဆိုင်းဘုတ်၊ စျေးဝယ်စာရင်း၊ ထုတ်ကုန်အညွှန်းနဲ့ ပုံပြင်တိုလေးတွေကို အသုံးပြုပြီးလည်း ကလေးတွေရဲ့ vocabulary၊ comprehension နဲ့ confidence ကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။

မိဘတွေကို ပညာပေးခြင်းဟာ လူကြီးတစ်ယောက်ကို ကူညီခြင်းသာမက သူတို့က ပြန်လည်ပံ့ပိုးပေးမယ့် ကလေးတွေရဲ့အနာဂတ်ကိုပါ ကူညီပေးခြင်းဖြစ်ပါတယ်။

ပါဝင်ပေးခဲ့ကြတဲ့ မိဘများ၊ facilitators၊ members နဲ့ volunteers များအားလုံးကို ကျေးဇူးတင်ပါတယ်။

🤝 Meet. Connect. Serve.Rotary ဆိုတာ ဘာလဲ?Rotary members တွေက ဘာကြောင့် အချိန်ပေးပြီး community service တွေ လုပ်နေကြတာလဲ?...
17/09/2026

🤝 Meet. Connect. Serve.

Rotary ဆိုတာ ဘာလဲ?
Rotary members တွေက ဘာကြောင့် အချိန်ပေးပြီး community service တွေ လုပ်နေကြတာလဲ?
ကိုယ်တိုင်လည်း ဘယ်လိုပါဝင်နိုင်မလဲ?

ဒီမေးခွန်းတွေကို သိလိုသူများအတွက် Rotary Club of Shwe Bangkok ရဲ့ Rotary Connect Night ကို ဖိတ်ခေါ်ပါတယ်။

ဒီအစီအစဉ်မှာ

💛 RCSB ရဲ့ community projects များကို လေ့လာနိုင်မယ်
💛 Members တွေနဲ့ ရင်းနှီးစွာတွေ့ဆုံနိုင်မယ်
💛 Professional နဲ့ community network အသစ်တွေ တည်ဆောက်နိုင်မယ်
💛 Volunteer သို့မဟုတ် member အဖြစ် ပါဝင်နိုင်မယ့်နည်းလမ်းတွေ သိရှိနိုင်မယ်

Rotary အကြောင်း မသိသေးလည်း လာရောက်လို့ရပါတယ်။ Member ဖြစ်ဖို့ဆုံးဖြတ်ထားဖို့လည်း မလိုပါဘူး။ မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံပြီး meaningful service အကြောင်း လေ့လာလိုစိတ်ရှိရုံနဲ့ လုံလောက်ပါတယ်။

အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းရန် Page Messenger မှ ဆက်သွယ်နိုင်ပါတယ်။

16/09/2026

🌟 RYLA Program 2026 အတွက် Rotary Club of Shwe Bangkok (RCSB) မှ လူငယ် (၃) ဦးအား ရွေးချယ်ပို့ဆောင် ပေးမည် 🌟

လူငယ်တွေရဲ့ Leadership Skills, Communication Skills နဲ့ Teamwork Skills တွေ တိုးတက်လာစေပြီး အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်ဖို့ ရည်ရွယ်ထားတဲ့..
Rotary Youth Leadership Awards Program (RYLA) 2026 ကို Rotary District 3350 မှ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 💙💛

📅 23 – 25 October 2026
📍 The Pine Resort, Sam Khok, Pathum Thani
👥 အသက် 14 – 18 နှစ် လူငယ်များ ပါဝင်နိုင်ပါတယ်။

ဒီနှစ်မှာတော့ Rotary Club of Shwe Bangkok (RCSB) အနေနဲ့ RYLA Program မှာ လူငယ်တွေအတွက် ဒုတိယအကြိမ်မြောက် Sponsorship ပေးအပ်သွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားပြီး ပါဝင်လိုတဲ့ လူငယ် (၃) ဦး ကို ရွေးချယ်ပေးသွားမှာ ဖြစ်တဲ့ အတွက် အမြန်ဆုံးစရင်းပေးဖို့ လိုအပ်ပါတယ်။ ✨

🏆 ဘယ်လိုရွေးချယ်မလဲ?

RCSB မှ Sponsorship ပေးမည့် လူငယ် (၃) ဦးကို —

📝 Application Form
💻 Online Interview / Selection Session

တို့မှတစ်ဆင့် Selection Committee မှ စိစစ်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

RYLA မှာ ပါဝင်ပြီး
✨ Leadership ကို လက်တွေ့လေ့လာချင်သူ
✨ မိတ်ဆွေအသစ်တွေ တွေ့ဆုံပြီး Teamwork လုပ်ချင်သူ
✨ Communication & Problem-solving Skills တိုးတက်ချင်သူ
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်ချင်သူ
✨ အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

📌 Application Deadline – 22 September 2026

စိတ်ဝင်စားပြီး RYLA 2026 မှာ ပါဝင်လိုသူများအနေနဲ့ အောက်ပါ Google Form မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 👇

🔗 Application Form:
English Version: https://forms.gle/XvjwdftZsdTQJbND8
Myanmar Version: https://forms.gle/43rvpGdP1RzFq15y8
Thai Version: https://forms.gle/Mk8MHBztrKGgGRmNA

လူငယ်တွေရဲ့ အနာဂတ် Leadership Journey ကို RCSB နဲ့အတူ စတင်လိုက်ကြရအောင်! 🚀

ဘန်ကောက်မှာကျောင်းတက်နေတဲ့သားသမီးများရှိရင်
15/09/2026

ဘန်ကောက်မှာကျောင်းတက်နေတဲ့သားသမီးများရှိရင်

🌟 RYLA Program 2026 အတွက် Rotary Club of Shwe Bangkok (RCSB) မှ လူငယ် (၃) ဦးအား ရွေးချယ်ပို့ဆောင် ပေးမည် 🌟

လူငယ်တွေရဲ့ Leadership Skills, Communication Skills နဲ့ Teamwork Skills တွေ တိုးတက်လာစေပြီး အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်ဖို့ ရည်ရွယ်ထားတဲ့..
Rotary Youth Leadership Awards Program (RYLA) 2026 ကို Rotary District 3350 မှ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 💙💛

📅 23 – 25 October 2026
📍 The Pine Resort, Sam Khok, Pathum Thani
👥 အသက် 14 – 18 နှစ် လူငယ်များ ပါဝင်နိုင်ပါတယ်။

ဒီနှစ်မှာတော့ Rotary Club of Shwe Bangkok (RCSB) အနေနဲ့ RYLA Program မှာ လူငယ်တွေအတွက် ဒုတိယအကြိမ်မြောက် Sponsorship ပေးအပ်သွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားပြီး ပါဝင်လိုတဲ့ လူငယ် (၃) ဦး ကို ရွေးချယ်ပေးသွားမှာ ဖြစ်တဲ့ အတွက် အမြန်ဆုံးစရင်းပေးဖို့ လိုအပ်ပါတယ်။ ✨

🏆 ဘယ်လိုရွေးချယ်မလဲ?

RCSB မှ Sponsorship ပေးမည့် လူငယ် (၃) ဦးကို —

📝 Application Form
💻 Online Interview / Selection Session

တို့မှတစ်ဆင့် Selection Committee မှ စိစစ်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

RYLA မှာ ပါဝင်ပြီး
✨ Leadership ကို လက်တွေ့လေ့လာချင်သူ
✨ မိတ်ဆွေအသစ်တွေ တွေ့ဆုံပြီး Teamwork လုပ်ချင်သူ
✨ Communication & Problem-solving Skills တိုးတက်ချင်သူ
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်ချင်သူ
✨ အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

📌 Application Deadline – 22 September 2026

စိတ်ဝင်စားပြီး RYLA 2026 မှာ ပါဝင်လိုသူများအနေနဲ့ အောက်ပါ Google Form မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 👇

🔗 Application Form:
English Version: https://forms.gle/XvjwdftZsdTQJbND8
Myanmar Version: https://forms.gle/43rvpGdP1RzFq15y8
Thai Version: https://forms.gle/Mk8MHBztrKGgGRmNA

လူငယ်တွေရဲ့ အနာဂတ် Leadership Journey ကို RCSB နဲ့အတူ စတင်လိုက်ကြရအောင်! 🚀

ကလေးတွေအတွက် နေ့စဉ်စာဖတ်ခြင်းအလေ့အထ တည်ဆောက်ပေးနိုင်မယ့် နည်းလမ်း (၅) ခု1️⃣ တစ်နေ့ကို ၁၀ မိနစ်ခန့် အတူစာဖတ်ပါ။အချိန်အမျာ...
15/09/2026

ကလေးတွေအတွက် နေ့စဉ်စာဖတ်ခြင်းအလေ့အထ တည်ဆောက်ပေးနိုင်မယ့် နည်းလမ်း (၅) ခု

1️⃣ တစ်နေ့ကို ၁၀ မိနစ်ခန့် အတူစာဖတ်ပါ။
အချိန်အများကြီးထက် ပုံမှန်လုပ်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

2️⃣ ကလေးကိုယ်တိုင် စာအုပ်ရွေးချယ်ခွင့်ပေးပါ။
သူစိတ်ဝင်စားတဲ့အကြောင်းအရာကနေ စတင်ပါ။

3️⃣ ပုံများအကြောင်း စကားပြောပါ။
စာအားလုံးမဖတ်နိုင်သေးရင်လည်း ပုံတွေကြည့်ပြီး ပုံပြင်ပြောနိုင်ပါတယ်။

4️⃣ အမှားလုပ်တာကို အပြစ်မတင်ပါနဲ့။
မှားဖတ်မိတာဟာ သင်ယူမှုရဲ့အစိတ်အပိုင်းတစ်ခုပါ။

5️⃣ စာဖတ်ပြီးတိုင်း မေးခွန်းမေးပါ။
“ဘယ်အပိုင်းကို အကြိုက်ဆုံးလဲ”၊ “နောက်ဘာဖြစ်မယ်ထင်လဲ” ဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်းတွေက ကလေးရဲ့အတွေးအခေါ်ကို ဖွံ့ဖြိုးစေပါတယ်။

ဒီ post ကို မိဘများနဲ့ အုပ်ထိန်းသူများအတွက် Save လုပ်ထားပြီး လိုအပ်သူများထံ Share ပေးနိုင်ပါတယ်။

📚 B.M.V Training Center ရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး Rotary Club of Shwe Bangkok...
14/09/2026

📚 B.M.V Training Center ရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး Rotary Club of Shwe Bangkok (RCSB) မှ AG CP Kaung Nyein Soe က သွားရောက်ကာသင်တန်းသားများနှင့် စာပေစကားဝိုင်းလေး ပြုလုပ်ပြီး အတွေ့အကြုံများ မျှဝေဆွေးနွေးပေးခဲ့ပါတယ်။

လူတိုင်းအတွက် အခွင့်အလမ်းတွေ မတူညီကြပေမယ့် သင်ယူလိုစိတ်နဲ့ ကြိုးစားအားထုတ်မှုကတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အရေးကြီးတဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။ 🌟

B.M.V Training Center မှ သင်တန်းဆင်းသွားကြတဲ့ သင်တန်းသား၊ သင်တန်းသူများအားလုံးလည်း မိမိတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💙💛






📖 စာအုပ်တွေ အသက်ဝင်လာခဲ့တဲ့နေ့ဒီနေ့ Rotary Club of Shwe Bangkok ရဲ့ September Children’s Literacy Session ကို ကလေးငယ်မျာ...
13/09/2026

📖 စာအုပ်တွေ အသက်ဝင်လာခဲ့တဲ့နေ့

ဒီနေ့ Rotary Club of Shwe Bangkok ရဲ့ September Children’s Literacy Session ကို ကလေးငယ်များ၊ မိဘများ၊ members နဲ့ volunteers များနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

ကလေးတွေဟာ ပုံပြင်နားထောင်ခြင်း၊ အတူတကွစာဖတ်ခြင်း၊ မေးခွန်းဖြေခြင်းနဲ့ creative activities များမှာ ပျော်ရွှင်စွာ ပါဝင်ခဲ့ကြပါတယ်။

ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်က ကလေးတွေကို စာအုပ်ပေးဖို့သက်သက် မဟုတ်ပါဘူး။ စာဖတ်ခြင်းဟာ ပျော်စရာကောင်းတယ်၊ မေးခွန်းမေးလို့ရတယ်၊ ကိုယ့်စိတ်ကူးတွေကို လွတ်လပ်စွာဖော်ပြလို့ရတယ်ဆိုတာ ခံစားမိစေဖို့ ဖြစ်ပါတယ်။

ယနေ့အစီအစဉ်ကို ဖြစ်မြောက်အောင် ပါဝင်ပေးခဲ့ကြတဲ့ members၊ volunteers၊ parents နဲ့ supporters များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီနေ့စတင်ခဲ့တဲ့ စာဖတ်ခြင်းအလေ့အထလေးတွေ ရေရှည်ဆက်လက်ရှင်သန်နိုင်ဖို့ RCSB က ဆက်လက်ပံ့ပိုးသွားမှာဖြစ်ပါတယ်။

ที่อยู่

Rm 1101, 11th Floor, Sivatel Hotel Bangkok
Bangkok
10400

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Rotary Club of Shwe Bangkok โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์