06/10/2025
🙏 သီတင်းကျွတ် “ဝတ္ထုငွေနှင့်ဆွမ်းပွဲ” အလှူရှင်များအားလုံးကို သာဓုခေါ်ပါသည် 🙏
—————————————————————————
ကျွန်တော်/မ တို့ AIT Myanmar မိသားစု၏ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ သီတင်းကျွတ် ဝတ္ထုငွေနှင့် ဆွမ်းပွဲ အလှူတော်အတွက် လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံးကို AIT Myanmar မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။
✨မီးထွန်းပွဲတော်... အဘိဓမ္မာအခါတော်နေ့ အမှတ်တရ ✨
သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ထူးခြားတဲ့နေ့တစ်နေ့ပါ။
* အဘိဓမ္မာအခါတော်နေ့ ဖြစ်ပြီး၊
* ဂေါတမဘုရားရှင် တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ဆင်းသက်တော်မူစဉ်၊ နတ်ဗြဟ္မာလူအပေါင်းက မီးထွန်းညှိပြီး ကြိုဆိုပူဇော်ခဲ့တဲ့ ဓလေ့ကို အစပြုတာ ဖြစ်ပါတယ်။
* ဒါ့အပြင် ဝါတွင်း ၃ လတာ ပြီးဆုံးပြီး ရဟန်းသံဃာတော်တွေ ဝါကျွတ်တဲ့အချိန်မို့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေကို ကန်တော့ရတဲ့ မွန်မြတ်တဲ့ကာလလည်း ဖြစ်ပါတယ်။
💰 ဝတ္ထုငွေနှင့် ဆွမ်းအာဟာရ လှူဒါန်းခဲ့သူများစာရင်း 🍲
ပွဲတော်ကို အကြောင်းပြုပြီး ကုသိုလ်ကောင်းမှု ပြုခဲ့ကြတဲ့ အလှူရှင်များရဲ့ အမည်စာရင်းနှင့် လှူဒါန်းမှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ရှင်/ခင်ဗျာ။
(၁) Ko Soe Htet Naing | ဘတ် ၃၀၀ + ကြက်သားလုံးဟင်းချို
(၂) Ma Thinn Lwin Lwin Htoo | ဘတ် ၂၀၀
(၃) Ma Hnin Ei Ei Kyaw | ဘတ် ၃၀၀
(၄) Ma Aye Nyein Nyein Thar | ဘတ် ၃၀၀
(၅) Ma Thiri Tun Zaw | ဘတ် ၅၀၀
(၆) Aunty Daw Kyi Kyi Tun | ဘတ် ၅၀၀
(၇) Ma Aye Yeik Htin | မုန့်ဟင်းခါး
(၈) Ma Phyo Thiri Lwin and Ma Zin Mar |ပုစွန်ဟင်း၊ အစိမ်းကြော်၊ သရက်ချဉ်သုပ်၊ ချဉ်ပေါင်ဟင်းချို
(၉) Ma Chaw Calya Theint | ရှမ်းဟင်းထုတ်
(၁၀) Dr.Sein Minn | သစ်သီးစုံ အချိုပွဲ
(၁၁) Ma Yu Wah Wah Linn | ကြက်သားဟင်း
(၁၂) Ma Khant Myintzu Aung | ပဲကြာဆံသုတ်
(၁၃) Ko Aung Pyae Phyo Paing | ရေသန့် ကဒ်၊ ကော်ဖီထုတ် နှင့် ဝတ္ထုငွေ
(၁၄) Ko Myat Hein Kyaw | ဝတ္ထုငွေ
(၁၅) Asian Food AIT | ဆွမ်းထမင်း
(၁၆) Ko Htoo Min Htet | ၅၀၀ (ဘတ်)
(၁၇) Ko Heint Thant Aung | ၄၀၀ (ဘတ်)
(၁၈) Ma Ya Ya | ကြက်သား + အားလူးသုတ် + ဆွမ်း + စပျစ်သီး
(၁၉) မကျော့ကေပိုင် | ဝက်သားခရမ်းသီး
အလှူရှင်များအားလုံးရဲ့ ကောင်းမှုကုသိုလ် အစုစုတို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။
ဤအလှူဒါနများမှ ရရှိသော ကုသိုလ်အဖို့ဘာဂကို သတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေပါသည်။
🙏သာဓု... သာဓု... သာဓု။🙏
#သီတင်းကျွတ် #မီးထွန်းပွဲတော် #အဘိဓမ္မာအခါတော်နေ့ #အလှူရှင်များအားလုံးသာဓုခေါ်ပါသည် #အလှူရှင်မှတ်တမ်း