ဆန္ဒရဲ့ အလင်းရောင်

ဆန္ဒရဲ့ အလင်းရောင် Most of our donations will go to the Karenni region. They lack basic needs. We humbly ask for pray.

ဒို့ပြန်လာပြီ ဧရာဝတီဆက်သွယ်လှူဒါန်းနိုင်သော နိုင်ငံအလိုက် Fundraiser များhttps://www.facebook.com/share/p/1DsvNKCRVm/
19/05/2025

ဒို့ပြန်လာပြီ ဧရာဝတီ
ဆက်သွယ်လှူဒါန်းနိုင်သော နိုင်ငံအလိုက် Fundraiser များ
https://www.facebook.com/share/p/1DsvNKCRVm/

📣📣📣၂ ရက်သာလိုတော့သည့် ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ လေလံပွဲယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,500 ဖြစ်ပါတယ်။ထိုလ...
22/11/2024

📣📣📣၂ ရက်သာလိုတော့သည့် ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ လေလံပွဲ

ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,500 ဖြစ်ပါတယ်။

ထိုလေလံဈေး ပေးထားသူမှာ United States of America (U.S.A) မှ ဖြစ်ပါတယ်။

D Day Channel ၏ Massage Box တွင် လာရောက်၍ လေလံဈေးပေးနိုင်ပါတယ်။

“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏”


“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏” ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,000 (23,100,0...
21/11/2024

“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏”

ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,000 (23,100,000 MMK) ဖြစ်ပါတယ်။

ထိုလေလံဈေး ပေးထားသူမှာ United States of America (U.S.A) မှ Mr. Htun Kyaw Soe ဖြစ်ပါတယ်။

D Day Channel ၏ Massage Box တွင် လာရောက်၍ လေလံဈေးပေးနိုင်ပါတယ်။


“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏” ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,000 (23,100,0...
21/11/2024

“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏”

ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ USD 5,000 (23,100,000 MMK) ဖြစ်ပါတယ်။

ထိုလေလံဈေး ပေးထားသူမှာ United States of America (U.S.A) မှ Mr. Htun Kyaw Soe ဖြစ်ပါတယ်။

D Day Channel ၏ Massage Box တွင် လာရောက်၍ လေလံဈေးပေးနိုင်ပါတယ်။

ခွန်အားနှင့် လွတ်လပ်ခြင်း၏ သင်္ကေတ

မျှော်လင့်ချက်နှင့် ခွန်အားကို ကိုယ်စားပြုသည့် ဤအနုပညာလက်ရာသည်၊ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် သန်းပေါင်းများစွာသော ပြည်သူများ တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ဖော်ပြနေသည့် အသံဖြစ်သည်။ မိခင် ဒေါ်အောင်ဆန်းစုကြည်သည် သံတိုင်များနောက်တွင် ရှိနေသော်လည်း တန်းတူညီမျှမှုနှင့် ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်နေသည်။


“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏” ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ ကျပ် သိန်း ၁၀၀ ကျပ်...
20/11/2024

“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏”

ကျွန်းသစ်နက် ရုပ်ထု “မာတာ” ၏ ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ ကျပ် သိန်း ၁၀၀ ကျပ် (USD 2,300) ဖြစ်ပါတယ်။

ထိုလေလံဈေး ပေးထားသူမှာ United States of America (U.S.A) မှဖြစ်ပါတယ်။

D Day Channel ၏ Massage Box တွင် လာရောက်၍ လေလံဈေးပေးနိုင်ပါတယ်။

“မာတာ” ကျွန်းသစ်နက် ရုပ်ထု လေလံယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ ၅၅ သိန်းကျပ် ဖြစ်ပါတယ်။ထိုလေလံဈေး ပေးထားသူမှာ Austr...
19/11/2024

“မာတာ” ကျွန်းသစ်နက် ရုပ်ထု လေလံ

ယနေ့ ရရှိထားသော အမြင့်ဆုံး လေလံဈေးမှာ ၅၅ သိန်းကျပ် ဖြစ်ပါတယ်။

ထိုလေလံဈေး ပေးထားသူမှာ Australia မှဖြစ်ပါတယ်။

“မွေး ဖွား ခြင်း သည် ကမ္ဘာ တည် ၏”

လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ယုံကြည်လို့ ပေးဆပ်ခဲ့ကြတဲ့ ထိခိုက်ခံစားခဲ့သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ “မာတာ” ကျွန်းသစ်နက် ရုပ်ထု ကို လေလံပွဲ D Day Channel တွင်ပြုလုပ်နေပါသည်။

အကြမ်းဖက်စစ်အုပ်စုက လူထုခေါင်းဆောင်ကို မတရား အဓမ္မ ဖမ်းဆီးအကျဉ်းချထားပေမယ့်လည်း လူထုခေါင်းဆောင်ရဲ့ စိတ်ဓာတ်က သံမဏိကဲ့သို့မာကြောလျှက် ပြိုလဲမှုကင်းစွာ ရှိနေတယ်။

ဒီလိုလှပစွာထွင်းထုထားတဲ့ မိခင် ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူရုပ်တု “ မာတာ ” ကျွန်းနက်ရုပ်ထုက ကျွန်းနက်တို့ရဲ့ အမတေသဘော ကြံကြံခံနိုင်စွမ်းနှဲ့ မိခင်တို့ရဲ့ မပြိုလဲသော သစ္စာတို့ရဲ့ခံနိုင်ရည်ပေါင်းစပ်မှု သင်္ကေတဖြစ်ပါတယ်။

မိခင်ရဲ့မျက်နှာကို ကျွန်းနက် (အမတေအဖြစ် ကျန်ခဲ့သော ကျွန်းပင်) ပေါ်မှာ PDF ရဲဘော်တဦးမှ ကိုယ်တိုင် ထုဆစ်ပုံဖော်ထားပြီး တော်လှန်ရေးနဲ့ ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေသူများရဲ့ ခွန်အားနဲ့ စိတ်ဓါတ်ကို သက်သေထူကာ တွင်းထုထားသော ကျွန်းသစ်နက် ရုပ်ထု ဖြစ်ပါတယ်။

ဒီထွင်းထုမှုက အနုပညာသက်သက်မျှမက၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ သင်္ကေတတစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ယုံကြည်လို့ ပေးဆပ်ခဲ့ကြတဲ့ ထိခိုက်ခံစားခဲ့သူများကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အမေစု ပုံတူ “မာတာ “ ကျွန်းသစ်နက် ရုပ်တုကို လေလံတင်ရောင်းချနေခြင်းဖြစ်ပါတယ်။

ကျွန်းသစ်နက် ရုပ်ထု “ မာတာ ” ၏ လေလံပွဲ“ မွေးဖွားခြင်းသည် ကမ္ဘာတည်၏ “ လှပသော ကမ္ဘာတခုတည်ဆောက်ရေးအတွက် မာတာ ကျွန်းသသစ်နက် ...
12/11/2024

ကျွန်းသစ်နက် ရုပ်ထု “ မာတာ ” ၏ လေလံပွဲ

“ မွေးဖွားခြင်းသည် ကမ္ဘာတည်၏ “ လှပသော ကမ္ဘာတခုတည်ဆောက်ရေးအတွက် မာတာ ကျွန်းသသစ်နက် ရုပ်ထု ရဲ့ လေလံပွဲ အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါသည် ။

ဤကဲ့သို့ လှပစွာထွင်းထုထားသော မိခင် ‌ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူရုပ်တု “ မာတာ ” ကျွန်းနက်ရုပ်ထုသည် ကျွန်းနက်တို့၏ အမတေသဘော ကြံကြံခံနိုင်စွမ်းနှင့် မိခင်တို့၏ မပျိုလဲသော သစ္စာတို့၏ခံနိုင်ရည်ပေါင်းစပ်မှု သင်္ကေတဖြစ်ပါသည်။

မိခင်၏မျက်နှာကို ကျွန်းနက် (အမတေအဖြစ် ကျန်ခဲ့သော ကျွန်းပင်) ပေါ်၌ PDF ရဲဘော်တဦးမှ ကိုယ်တိုင် ထုဆစ်ပုံဖော်ထားပြီး တော်လှန်ရေးနှင့် ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေသူများ၏ ခွန်အားနှင့် စိတ်ဓါတ်ကို သက်သေထူကာ တွင်းထုထားသော ကျွန်းသစ်နက် ရုပ်ထု ဖြစ်ပါသည်။

ယနေ့ထိတိုင် အကျဉ်းချခံထားရသော်လည်း မိခင်၏ စိတ်ဓါတ်သည် သံမဏိကဲ့သို့မာကြောလျှက် ပြိုလဲမှုကင်းစွာ ရှိနေသည်။ ဤထွင်းထုမှုသည် အနုပညာသက်သက်မျှမက၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် သင်္ကေတတစ်ခု ဖြစ်ပြီး
လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ယုံကြည်၍ပေးဆပ်ခဲ့ကြသည့် ထိခိုက်ခံစားခဲ့သူများအား ထောက်ပံ့ကူညီနိုင်ရန် အတွက် ယခု အမေစု ပုံတူ “မာတာ “ ကျွန်းသစ်နက် ရုပ်တု အား လေလံတင်ရောင်းချသွားမည် ဖြစ်ပါသည်။

လေလံတင်ဖို့ရောင်းချပေးမယ့် ကြောင်းအရာများကို Day Channel page မှ အသေးစိတ်ထပ်မံကြေငြာပါမည်။

အခုတစ်ခါ ကျွန်တော်တို့ရဲ့ (၇) ကြိမ်မြောက် ကမ်ပိန်းအမည်ကတော့  🇬🇭 မတ္တရာမြေမှ အောင်ပွဲဆီသို့ 🇬🇭 ဖြစ်ပါတယ်။ မန္တလေးတိုင်း ပ...
11/08/2024

အခုတစ်ခါ ကျွန်တော်တို့ရဲ့ (၇) ကြိမ်မြောက် ကမ်ပိန်းအမည်ကတော့
🇬🇭 မတ္တရာမြေမှ အောင်ပွဲဆီသို့ 🇬🇭 ဖြစ်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ အဖွဲ့ (၃) ဖွဲ့အတွက် ပြည်သူ့နွေဦး အဖွဲ့ နှင့် နွေဦးစာချုပ်-ဂျပန်အဖွဲ့တို့မှ PO အနေနှင့် ဆောင်ရွက်ပေးပြီး ရသမျှ Fund အားလုံး အဖွဲတွေဆီကို တိုက်ရိုက်
စီးဆင်းသွားမှာပါ။

အဖွဲ့ ၃ ဖွဲ့ တွေကတော့
*********************
၁)ပြင်ဦးလွင်ခရိုင် အမှတ်(၁) တပ်ရင်း
၂)ပြင်ဦးလွင်ခရိုင် ပကဖ၊
၃)မတ္တရာမြို့နယ် ပကဖ တို့ဖြစ်ပါတယ်…

ပထမဦးဆုံးအနေနဲ့ မတ္တရာမြေမှ အောင်ပွဲဆီသို့ ကမ်ပိန်းလေးရဲ့ ရည်ရွယ်ချက်ကို မပြောခင် ပြင်ဦးလွင်ခရိုင် အမှတ်(၁) တပ်ရင်း ၊ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ အဖွဲ့ (၃) ဟာ ပူးပေါင်းစစ်ဆင်ရေးတွေကို တော်လှန်ရေးအစမှ ယခုအချိန်ထိ ‌ဆက်တိုက်ဖော်ဆောင်နေပြီး သပိတ်ကျင်းမြို့နယ် ငတက်အိုင်ကျေးရွာ စခန်းသိမ်းတိုက်ပွဲ ၊ ယခုအခါ ရှမ်းမန်းစစ်ဆင်ရေးတိုက်ပွဲ နှင့် ချောင်းကြီးကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင် အမှတ်(၁)တပ်ရင်းအနေနဲ့ မတ္တရာမြို့နယ် အတွင်းမှာ တပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်လျက်ရှိသလို သပိတ်ကျင်းမြို့နယ် အတွင်းမှာတပ်ပေါင်းစုအနေနဲ့ ပြင်ဦးလွင်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်း(၂)ဆိုပြီး ဒုတပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး စစ်ရေးဖော်ဆောင် စစ်မျက်နှာဖွင့်လျက်ရှိပါတယ်။

ပြင်ဦးလွင်ခရိုင် အမှတ်(၁)တပ်ရင်းနှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်နေတဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် မိုင်းနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် ဘဏ္ဍာငွေလည်း လိုအပ်ပါတယ်။ လက်ရှိမှာလည်း ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ္တရာမြို့ခြေကပ်ပြီး ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်နေပြီး မတ္တရာမြို့သိမ်းနိင်ရန် ကြိုးစားနေပါတယ်။

ကျွန်တော်တို့ မတ္တရာမြေမှ အောင်ပွဲဆီသို့ ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကိုပြောမယ်ဆိုရင် မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်တဲ့အတွက် အရံကျည်နှင့် ခဲယမ်းလိုအပ်ချက်က အရမ်းကို များပြားလှပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ပြင်ဦးလွင်ခရိုင် အမှတ်(၁)တပ်ရင်းနှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ကိုင်နေတဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် မိုင်းနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် ဘဏ္ဍာငွေလည်း လိုအပ်ပါတယ်။ လက်ရှိမှာလည်း ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ္တရာမြို့ခြေကပ်ပြီး ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်နေပြီး မတ္တရာမြို့သိမ်းနိင်ရန် ကြိုးစားနေပါတယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် စစ်ရေးအရှိန်တဆင့်ထက်တဆင့်မြင့်တင်ပြီး ပြင်ဦးလွင်ခရိုင်နှင့် မန္တလေးမြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲဖို့ရာ အရံကျည်နှင့်ခဲယမ်းများ လုံလုံလောက်လောက်ဝယ်ယူနိုင်ပါမှ မြို့သိမ်းတိုက်ပွဲတွေမှာ ထိုးစစ်ဆင်နိုင်မှာဖြစ်တဲ့အတွက် 🇬🇭မတ္တရာမြေ မှ အောင်ပွဲဆီသို့ 🇬🇭ကမ်ပိန်း ကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။

_________________________________ၐၐၐၐၐ_______________________________

♦️ ကမ်ပိန်း မှာ ဘယ်လိုပါဝင်အားဖြည့်ကြမလဲ…

ကမ်ပိန်း ကာလ
**************
ဩဂုတ်လ (၁၁) ရက် မှ စက်တင်ဘာလ (၁၀) ရက်ထိ

ကမ်ပိန်း ပမာဏ
***************
သိန်း (၁၅၀၀)

ကမ်ပိန်း ရည်ရွယ်ချက်
*********************
ပြင်ဦးလွင် ၊ မတ္တရာမြို့ ချောင်းကြီး စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ ဆက်လက် ဖော်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် သိမ်းဆည်းထားတဲ့ လက်နက်တွေ ရှိပေမယ့် ဒရုန်း၊ ကျည်နှင့် RPG အဖူးများ စစ်ဆင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်..

ဘယ်လိုပါဝင်ကြမလဲ
*********************
FR တွေရဲ့ အကူအညီအားဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် Currency တို့ဖြင့် အမည် ၊ email ၊ မိမိတို့ထည့်၀င်နိုင်သည့် ပမာဏ ဖြင့် ပါ၀င်နိုင်ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

♦️ကျွန်တော်တို့ရဲ့ တော်လှန်ရေးကာလ ၃ နှစ်ကျော်ကြာမြင့်လာသည်နှင့်အမျှ အများစုဟာ သွေးအေးလာကြတယ်လို့ ဆိုနိုင်တဲ့အနေအထားကို ရောက်ရှိလာတယ်ဆိုတာ သတိထားမိကြပါလိမ့်မယ်။ တော်လှန်ရေးအတွက် အချို့ဟာစိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ အနေအထားထိ ကြပ်တည်းလာကြသလို အချို့ဟာလည်းကိုယ်သွားနိုင်ပါရဲ့ တော်လှန်ရေးအပေါ် အာရုံမထားကြပဲ ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့ ထုံးကိုနှလုံးမူပြီး ဖြတ်သန်းနေကြပါတယ်။ ဒီလိုအနေအထားတွေမှာ အနည်းစုသော လူများကတော့ တတ်အားသရွေ့ပါဝင်နေကြဆဲဖြစ်ပါတယ်။ ယခုကျွန်တော်တို့ရဲ့ ကမ်ပိန်းမှာလည်း ထို့အတူပါပဲ။ အဆင်မပြေသည့်ကြားကနေ နိုင်သလောက် ပါဝင်လှူဒါန်းနေကြသလို ငွေကြေးပိုမိုတတ်နိုင်သူ အချို့ဆိုရင်လည်း တစ်သိန်း၊ နှစ်သိန်းဖိုးအထိ ပါဝင်လှူဒါန်းနေကြပါသေးတယ်။ ဒီလူတွေဟာ တော်လှန်ရေးအပေါ် သစ္စာစောင့်သိကြသူတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးကာလ ယခုထက်တိုင်ရောက်ရှိလာနိုင်တာဟာ ယခုလိုသစ္စာစောင့်သိသူတွေကြောင့်ပါ။ ထိုသူတွေကြောင့် မြေပြင်မှာလှုပ်ရှားသူတွေ စိတ်အားတက်ကြွရသလို အရေးတော်ပုံအောင်ရမယ်ဆိုတဲ့ သန္ဒိဌာန်ဟာလည်း ခိုင်မာနေရတာဖြစ်ပါတယ်။ အခက်အခဲအကြပ်အတည်းပေါင်းစုံကြားမှ ပါဝင်လှူဒါန်းနေကြသူတစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော်တို့ဘက်မှ အထူးလေးစားသလို ကျေးဇူးလည်းတင်ရပါတယ်၊ စိတ်ခွန်အားလည်းဖြစ်ရပါတယ်။ တော်လှန်ရေးမှာ နေရာပေါင်းစုံဘက်ပေါင်းစုံမှ အဓိကပါဝင်နေကြသူတွေဟာ အခြေခံလူတန်းစား၊ လူလတ်တန်းစားနဲ့ ပြည်ပရောက်လူထုတွေပဲ ဖြစ်ပါတယ်။ ငွေရှင်ကြေးရှင်နဲ့ စီးပွားရေးသမားအများစုကတော့ ကိုယ်နဲ့မဆိုင်သလိုနေကြတုန်းပါပဲ။ တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ ကျွန်တော်တို့ဟာ ငွေရှင်ကြေးရှင်တို့ရဲ့ကူညီပံ့ပိုးမှုကို တစ်စတစ်စပိုမိုလိုအပ်လာတာကိုငြင်းမရပါဘူး။ ဒါကြောင့်မို့ ပါဝင်လှူဒါန်းပေးကြဖို့ လေးလေးစားစားနဲ့ဖိတ်ခေါ်ပါရစေခင်ဗျာ။ တိုင်းပြည်ငြိမ်းချမ်းသွားလို့ အကျိုးအမြတ်အများဆုံးရမယ့်သူတွေဟာ အခြေခံလူတန်းစားလည်းမဟုတ်သလို လူလတ်တန်းစားတွေလည်းမဟုတ်ပါဘူး။ ထို့အတူ ပြည်ပရောက်မြန်မာတွေလည်းမဟုတ်ကြပါဘူး။ စီး‌ပွားရေးသမား ငွေရှင်ကြေးရှင်များသာ အဓိကအကျိုးခံစားရသူများဖြစ်ကြမှာပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်ကိုမမွေးကြပဲ အသက်၊ သွေး၊ ချွေးပေးဆပ်နေကြသူတို့အတွက် မိမိတို့ရဲ့အားသာချက်ဖြစ်တဲ့ ချမ်းသာမှုကိုအသုံးချပေးကြပါ။ မိမိတို့ပိုင်ဆိုင်မှုရဲ့ အနည်းငယ်ကို တော်လှန်ရေးအတွက်ထည့်‌ဝင်ပေးကြပါ။ စစ်ခွေးတွေသိမှာစိုးလို့ အန္တရာယ်ပေးမှာစိုးလို့ဆိုတဲ့ဆင်ခြေကိုပဲ ထပ်တလဲလဲအသုံးချမနေပဲနဲ့ ယခုလိုအရေးအကြီးဆုံးအချိန်ကာလမှာ ထောက်ပို့အနေနဲ့ ဝင်ရောက်အားဖြည့်ပေးကြပါ။ တော်လှန်ရေးအတွက်ငွေကြေးထောက်ပံ့ရတာဟာအန္တရာယ်ရှိတာမှန်ပါတယ် မြေပြင်ကလူတွေနဲ့ရှင်ရင်ရော ဘယ်သူကအန္တရာယ်ပိုများပါသလဲ စဉ်းစားပေးပါ ကိုယ်ချင်းစာပေးပါ။ ထောက်ပို့လုပ်တဲ့နေရာမှာ နှုတ်လုံဖို့သာလိုတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ရဲဘော်တွေကအလှူခံတဲ့အခါ လှူဒါန်းသူ‌ကျေးဇူးရှင်တွေရဲ့လုံခြုံရေးကို ကျွန်တော်တို့ဘက်ကဘယ်တော့မှ ကျိုးပေါက်စေမှာမဟုတ်ပါဘူး။ မိမိရဲ့နှုတ်ကသာ မိမိရဲ့လုံခြုံရေးကိုကျိုးပေါက်စေတာဖြစ်ပါတယ်။ ယခုအချိန်ကာလမှာ အခြားအခြားသော public ထုတ်ပြလို့ရတဲ့အလှူတွေ၊ သာဓုအခေါ်ခံရမယ့်အလှူတွေထက် လိုအပ်နေတာက တိတ်တိတ်ပုန်းအလှူ(ခွေးသ-တ်ပစ္စည်းဝယ်ယူနိုင်ရေးအတွက်ပံ့ပိုးမှု)ဖြစ်ပါတယ်။ “ဘုရားခေတ်မှာ ရဟန္တာဖြစ်တဲ့အထိလိမ္မာမယ်၊ အမှောင်ခေတ်မှာတော့အာဏာရှင်ကိုတော်လှန်မယ်”ဆိုတဲ့စကားအတိုင်းပါပဲ။ ယခုအချိန်ကာလဟာ ဘုရားခေတ်မဟုတ်ပါဘူး အမှောင်ခေတ်ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေထက် လူ့ငရဲကရုန်းထွက်နိုင်ရေးကသာ အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီအချိန်ကာလမှာတော့ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အောင့်အီးပြီးအမှောင်ခေတ်ကိုလက်တွဲတိုက်ထုတ်ပေးကြပါ။ အမှောင်ခေတ်လွန်တဲ့အခါမှသာ မိမိကြိုက်ရာလမ်းကို ရွေးချယ်လျှောက်လှမ်းကြပါလို့တောင်းဆိုရင်း.....
ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်ဝရေးအ‌တွက် အားစိုက်ပေးကြရအောင်လားခင်ဗျာ။

တော်လှန်ရေးက အသက်သွေးနဲ့ရင်းပြီး ရှေ့ဆက်နေရတာကို မမေ့ပါနဲ့ တော်လှန်ရေးအောင်မှ မတရား ဖမ်းဆီး ခံထားရသူတွေ အားလုံးကို ပြန်ရမှာပါ..'။

"ပြည်သူသည်သာအရာရာပါ"

မြန်မြန်နိုင်ဖို့ များများကူပေးကြပါ…

များများကူမှ အိမ်ပြန်ဖို့နီးလာကြမှာပါ…

တို့ပြည်သူတွေဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်တာကြောင့် ဒီတိုင်းပြည်ကြီးဟာ တို့ပြည်သူတွေနဲ့ပဲ ထိုက်တန်တာပါ….

#ငါတို့နိုင်တဲ့ပွဲ
#မတ္တရာမြေမှ အောင်ပွဲဆီသို့

#နွေဦး စာချုပ်-ဂျပန်
#ပြင်ဦးလွင်ခရိုင်တပ်ရင်း-၁
#ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်
#မတ္တရာပြည်သူ့ကာကွယ်ရေးတပ်

ကျွန်တော်တို့ ထိုင်းနိူင်ငံတောင်ပိုင်း ထောက်ပို့အဖွဲ့များစုပေါင်း၍  1️⃣ပထမဆုံးအကြိမ်ပြုလုပ်သောပေါက်ရင်ယူ မပေါက်ကူ ကံစမ်း...
14/06/2024

ကျွန်တော်တို့ ထိုင်းနိူင်ငံတောင်ပိုင်း ထောက်ပို့အဖွဲ့များစုပေါင်း၍ 1️⃣ပထမဆုံးအကြိမ်ပြုလုပ်သော
ပေါက်ရင်ယူ မပေါက်ကူ ကံစမ်းမဲရန်ပုံငွေပွဲ
အစီအစဥ်လေးဖြစ်ပါတယ်
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
ဘယ်တွေကိုထောက်ပံ့မှာလဲဆိုတော့
➖➖➖➖➖➖➖➖➖➖➖➖
ရန်ပုံငွေပွဲမှ ရရှိသော အပိုငွေများကို
1️⃣25%ကို စစ်ဘေးရှောင် မိသားစုများအတွက် ထောက်ပို့လှူဒါန်းပေးသွားပါမည်။
2️⃣25%ကိုPDFရဲဘော်များအားမြေပြင်တိုက်ရိုက် ထောက်ပို့ပေးသွားပါမည်။
3️⃣50%ကို NUG/MODကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု့အတိုင်း ထောက်ပို့ပေးသွားပါမည်။
💸💸💸💸💸💸💸💸💸💸💸💸💸💸💸💸
တော်လှန်ပြည်သူများကို မေတ္တာတုန့်ပြန်သောအနေဖြင့် မဲဖောက်ပေးမည့် ပစ္စည်းများကတော့
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
1️⃣HONDA WAVE 125 Iကြီးအသစ် (1)စီး
2️⃣HONDA WAVE 110 အသစ် (1)စီး
3️⃣ရွှေငါးမူးသား (1)ဆွဲကြိုး
4️⃣COMPUTER LAPTOP (1)လုံး
5️⃣OPPO PHONE (1)လုံး
6️⃣BATTERY CYCLE (1)စီး
7️⃣ရေခဲသေတ္တာ (1)လုံး
8️⃣ပန်ကာများ
9️⃣ထမင်းပေါင်းအိုးများ
🔟ဟင်းချက်အိုးဒယ်နီများ နှင့်အခြားသောဆုမဲပေါင်းများစွာကို မဲဖောက်ပေးသွားပါမယ်ခင်ဗျား
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢ကံစမ်းမဲဖွင့်ရက်ကတော့ ....1.7.2024နေ့ပါ
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
မဲလက်မှတ် တစ်ဆောင်မှ 1️⃣0️⃣0️⃣ဘတ်ထဲမို့
သင်ကိုယ်တိုင်ပါဝင်ခြင်းဖြင့် ပြည်သူများအတွက်
ဖေးမလို့ကူညီလိုက်ကြရအောင်နော်💓💓💓
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အောက်ဖော်ပြပါ Page နှင့် အကောက်များ တွင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
1. ထိုင်းတောင်ပိုင်းတော်လှန်ရေးတပ်ပေါင်းစု
https://web.facebook.com/strf21
2. ထိုင်းနိုင်ငံတောင်ပိုင်းရောက်မြန်မာတိုင်းရင်းသားများ
https://web.facebook.com/MEST2021
3. မေတ္တာရောင်ခြည်ပရဟိတအသင်း
https://web.facebook.com/mycgroup2019/
4. ရွှေရောင်အနာဂတ် ပန်းပျိုးလက်
https://web.facebook.com/profile.php?id=100068732195786
5. ထိုင်းတောင်ပိုင်းဂီတလူငယ်များအဖွဲ့
https://web.facebook.com/profile.php?id=100090374017028
6. မျိုးဆက်သစ်
https://web.facebook.com/user.489084
7. ထိုင်းနိူင်ငံရောက်မျိုးချစ်မြန်မာထောက်ပို့အဖွဲ့
https://web.facebook.com/km.komyo.77
8. ရဲမင်း အောင်
https://web.facebook.com/profile.php?id=100085632524514




အမေ ဒေါ်အောင်ဆန်းဆုကြည်၏ အသက် (၇၉) နှစ်ပြည့် မွေးနေ့အမှတ်တရ ရန်ပုံငွေ လေလံပွဲလေးအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ယခုလေလံပွဲတွ...
09/06/2024

အမေ ဒေါ်အောင်ဆန်းဆုကြည်၏ အသက် (၇၉) နှစ်ပြည့် မွေးနေ့အမှတ်တရ ရန်ပုံငွေ လေလံပွဲလေးအား ပြုလုပ်သွားမည်ဖြစ်ပါသည်။

ယခုလေလံပွဲတွင် အမေစုပန်းချီပုံပါ အိပ်လေး ၂ လုံးအား လေလံပစ္စည်းအဖြစ် သတ်မှတ်ထားမှာဖြစ်ပါသည်။

ထိုလက်ဆွဲအိပ်လေးများကို ပန်းချီဆရာမ နုယာဉ်မှ “ဆန္ဒရဲ့အလင်းရောင်” Campaign အတွက် ၅ လုံးသာ လှုဒါန်းထားခဲ့ခြင်းဖြစ်ပါသည်။

ထို Campaign မှ ကျန်ရှိခဲ့သည် ၎င်း အိပ် ၂ လုံးအား အမေ ဒေါ်အောင်ဆန်းဆုကြည် မွေးနေ့အမှတ်တရရန်ပုံငွေအတွက် လေလံတင်သွားမှာဖြစ်ပြီး ရရှိလာသောရန်ပုံငွေများအား တော်လှန်ရေးရဲဘော်များအတွက် အဟာရဒါနကုသိုလ် ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤ “ဆန္ဒရဲ့အလင်းရောင်” လေလံပွဲ၌ ပါဝင်လိုသော အမေ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသည့် တော်လှန်မိဘပြည်သူများအနေဖြင့် D-Day Channel page ၌ ယခုအချိန်မှစ၍ ၁၇ ရက် ဇွန်လ ၂၀၂၄ ည ၇ နာရီ (မြန်မာစံတော်ချိန်) အထိ လာရောက် လေလံဈေးပေးနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

"""""""အဝေးက သားရဟန်းကို မျှော်တဲ့အမေက မစောင့်ဘဲ သွားနှင့်ခဲ့ပြီ""""""လူသားအားလုံးသည် မွေးမိခင်များ၏ ကျေးဇူးတရားများကြော...
28/03/2024

"""""""အဝေးက သားရဟန်းကို မျှော်တဲ့အမေက မစောင့်ဘဲ သွားနှင့်ခဲ့ပြီ""""""

လူသားအားလုံးသည် မွေးမိခင်များ၏ ကျေးဇူးတရားများကြောင့်သာ ရခဲလှသော လူ့ဘဝကို ရရှိခဲ့ခြင်း ဖြစ်သည်။

အချို့သော သူများသည် အကြောင်းအမျိုးမျိုးကြောင့် လူသားအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရဘဲ တားဆီးခြင်း ခံခဲ့ကြရသည်။ ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း အတိတ်ဘဝက ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့အပေါ်တွင်သာ မူတည်နေမည် ဖြစ်သည်။

ဆိုရလျှင် ဤကမ္ဘာကြီးတွင် မိဘကျေးဇူးနှင့်ကင်းသူ ရှိမည် မဟုတ်ချေ။ အထူးသဖြင့် မွေးမိခင်များ၏ ကျေးဇူးသည် အနန္တပင်ဖြစ်သည်။ မိဘများ၏ ကျေးဇူးတရားကို စာတစ်စောင်၊ ပေတစ်ဖွဲ့ရေးသားနေရုံမျှဖြင့် ပြည့်စုံနိုင်မည် မဟုတ်ပေ။

လူတိုင်းတွင် ကျေးဇူးရှင်မိခင်များ ရှိကြပါသည်။ မိဘများသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်သည့် အပြင် လက်ဦးဆရာများလည်း ဖြစ်ကြသည်။ အထူးသဖြင့် မိခင်များသည် ရင်သွေးငယ်များနှင့်ထိတွေ့မှု အများဆုံး ရှိကြသည်။

“အမေများ၏အလှပဆုံးအချိန်သည် သား/သမီးများကို နို့ချိုတိုက်ကျွေးပြီး တစိမ့်စိမ့်ကြည့်နေချိန်ပင် ဖြစ်သည်။

” ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးနေသော မိခင်၏မေတ္တာသည် မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။

မိခင်များ၏မေတ္တာကြီးမားမှုကြောင့် အနီရောင်သွေးစစ်စစ်မှသည် အာဟာရပြည့်ဝသော အဖြူရောင် နို့ရည်ကြည်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ များစွာအံ့ဩဖွယ် ကောင်းလှပေသည်။

မိခင်တစ်ဦးသည် ရင်သွေးငယ်တစ်ဦးအား ကာလရည်ကြည် စတင်သန္ဓေတည်ပြီဆိုကတည်းက မမြင်ရသေးသည့် ထိုကလေးအပေါ် မေတ္တာစိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိသည်။

ရင်သွေးငယ်ကို ထိခိုက်မည်စိုးသဖြင့် ပူ၊ ငန်၊ စပ်၊ ခါးများကို ရှောင်ရသည့်အပြင် အထိုင်၊ အထ၊ အသွား၊ အလာကိုလည်း ဆင်ခြင်ရပါသည်။

“ယောကျာ်း ဖောင်စီး၊ မိန်းမမီးနေ”ဆိုသလို မိခင်တစ်ဦးသည် သေမင်းနှင့်စစ်ခင်းပြီးမှသာ သားသမီး တစ်ဦးကို မွေးဖွားရခြင်းဖြစ်သည်။ မွေးဖွားလာသည့် ထိုကလေးငယ်ကိုလည်း လူလားမြောက်အောင် ကျွေးမွေး ပြုစုစောင့်ရှောက်ရသည်။ ထို့ကြောင့် မိခင်များ၏ကျေးဇူးသည် ဆပ်၍ မကုန်နိုင်ပေ။

ဆိုရလျှင် အချို့သောသူများသည် ငယ်စဉ်က မိခင်နို့ချိုရည် စို့ခွင့် မရရှိခဲ့သဖြင့် အသက်ကြီးလာသည့်အခါ ကြမ်းတမ်းခက်ထန်လေ့ ရှိကြသည်။

မိခင်များ၏ မေတ္တာသည် နူးညံ့သိမ်မွေ့လွန်းလှသည်။ သားသမီးများကို အော်ဟစ်ကြိမ်းမောင်း ရိုက်နှက်လေ့မရှိကြချေ။

ပျော့ပျောင်းချိုသာစွာ ပြောဆိုပြီး ဆုံးမလေ့ရှိကြသည်။ မိသားစုတစ်စုတွင် အနစ်နာခံရဆုံးသောသူသည် မိခင်များသာဖြစ်သည်။ မိခင်များသည် သားသမီးများ၏ ဝေယျာဝစ္စအပြင် ခင်ပွန်းဖြစ်သူ၏ လိုအပ်ချက်ကိုလည်း မပျက်ကွက်အောင် ဖြည့်ဆည်းပေးရသည်။

အစားအသောက်နှင့် အဝတ်အစားများကိုလည်း ခင်ပွန်းနှင့်သားသမီးများကို ဦးစားပေးရလေ့ရှိသည်။ နေ့စဉ် နောက်ကျမှ အိပ်ရာဝင်ပြီး နံနက်စောစောအိပ်ရာ ထရလေ့ရှိသည်။ မိသားစုတစ်စုသည် မိခင်တစ်ဦး၏ အိမ်ထောင်မှု စီမံကွပ်ကဲမှု နိုင်နင်းမှသာလျှင် အစစအရာရာ အဆင်ပြေချောမွေ့နေမည် ဖြစ်သည်။

“ အမေကို ချစ်တဲ့သားဖို့ အမေနောက်ဆုံးခရီးကို အဝေးက သိခွင့်ရတာ ဝမ်းနည်းဆုံးပါပဲ” ဒီဘဝမှာ အမေသား ဖြစ်ခွင့်ရတာ ကံကောင်းခဲ့ပါတယ်။ ၁၇နှစ်ခွဲကာလတွေ မှာ အမေနဲ့ စကားတွေ အများကြီး မပြောခဲ့ရပါဘူး။

ဒီသား ပြန်အလာကိုတောင် မစောင့်တော့တဲ့ အမေ။ သူပြောနေတဲ့ စကားလေးက “ ငါ့သား ဘယ်တော့ ပြန်လာမလည်းတဲ့ အကြိမ်ကြိမ် “ “ အမေရေ အမေနားမှာ သားတွေ သမီးတွေ အများကြီးရှိတာပဲ သူတို့ကို ပိုချစ်ပါလို့” ပြောတဲ့ အခါတိုင် ဘယ်တူပါ့မလည်းတဲ့။

“ အဝေးက သားကို မျှော်ရင်း အခုတော့ ထာဝရ လူ့လောကကြီးက ထွက်ခွာသွားခဲ့ပါပြီ “

အမေ မရှိတဲ့အခါ လွမ်းပါတယ်လို အရှက်မရှိ ပြောပါရစေ ရှိတဲ့အချိန်က စကားတွေ အများကြီး မပြောမိခဲ့တာ စိတ်မကောင်းဖြစ်ရပါတယ်။

အိမ်မက်ထဲများ အမေများ ရောက်လာမလားလို မျှော်လင့်နေမိပါတယ်။

သားသမီး ၁၀ ဦး မွေးခဲ့ပြီး ကိုယ်ခြေထောက်အပေါ် ကိုယ်စီ လျှောက်လမ်းကြတဲ့အခါလည်း အမေက သူချစ်တဲ့တဲအိမ်လေးမှာ ပျော်ရှာတယ်။

သူ့ဘဝမှာ ခက်ခဲ့သမျှကို ဘယ်သူ့ကိုမှာ သူ ရင်မဖွင့်ခဲ့ပါဘူး။ ဘာလို့လဲ မေးရင် တပည့်တော်အတွက် ပြည့်စုံပါတယ်။

ကိုယ်တော့်အဖေကိုပဲ လိုအပ်တာလေးတွေ လုပ်ပေးလိုက်ပါပြောတဲ့ အမေ …
အခုတော့ သူမချစ်တဲ့ သားသမီး၊မြေး၊မြစ်တွေကို ဦးစားပေးခဲ့တဲ့ အာဂအမျိုးသမီး၊ ချစ်လို့ မဝသေးတဲ့ သားအတွက်တော့ မြင့်မြတ်သော နှလုံးသား ပိုင်ရှင် အမေပါပဲ။

လူတိုင်း အမေ့ကျေးဇူး ဆပ်ခွင့် မရပေ။
ကုသိုလ်ကံထူးသူများသာလျှင် မွေးအမေ ကျေးဇူးဆပ်နိုင်သည်။
စာရေးသူသည် ကံကောင်းပါသည်။ မိဘနှစ်ပါးလုံး အသက်ရှည်ကြသဖြင့် တတ်နိုင်သမျှ ကျေးဇူး ဆပ်ခွင့်ရသည်။ စင်စစ်အားဖြင့် အမေများသည် သားသမီးများထံမှ မည်သည့်အရာကိုမျှ မျှော်လင့်ခြင်း မရှိပေ။ သားသမီးများက သိတတ်လျှင် ပီတိဖြစ်နေတတ်သည်။

မွေးမေမေ၏မေတ္တာစွမ်းအားများက ဘဝတစ်လျှောက်လုံးတွင် အခက်အခဲများစွာကို ကျော်လွန်နိုင်သည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။ မွေးမေမေ၏ မေတ္တာစွမ်းအားများသည် လွန်စွာကြီးမားသောကြောင့် ထိုစွမ်းအားများဖြင့် ရပ်တည်စေချင်ပါသည်။

ဆိုရလျှင် လူတိုင်းတွင် ကျေးဇူးရှင်မွေးမေမေများ ရှိကြပါသည်။

ထိုမိခင်များသည် သားသမီးများအပေါ် မေတ္တာစိမ့်စမ်းမပြတ် စီးဆင်းနေလျက်ပင် ရှိကြသည်။
မိဘ၏စုန်ရေမေတ္တာသည် တသွင်သွင်စီးဆင်းလျက်ရှိသော်လည်း သားသမီးများ၏ ဆန်ရေမေတ္တာမှာမူ တွေ့ရမြင်ရကြုံရခဲပေသည်။

လူ့ဘဝတွင် အရာများစွာကို အစားထိုးရှာဖွေနိုင်သော်လည်း ကျေးဇူးကြီးမားလှသော မိခင်များ၏ ကရုဏာမေတ္တာကိုမူ မည်သည့်အရာနှင့်မျှ နှိုင်းစာ၍ မရနိုင်ချေ။ ထို့အပြင် မွေးမေမေတ္တာအေးရိပ်သည် လွန်စွာပင် နွေးထွေးအေးချမ်းလှပေသည်။ အထူးသဖြင့် သားသမီးများသည် မိဘများ သက်ရှိထင်ရှားရှိနေစဉ် တတ်နိုင်သမျှ အလုပ်အကျွေးပြုသွားသင့်ပါသည်။

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးသည် ကျေးဇူးရှင်မွေးမေမေ၏ မေတ္တာစွမ်းအားများဖြင့်သာ ရပ်တည် သွားမည်ဆိုလျှင် ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်မည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။ ။

#အမေ
======
အမေ....
ဒီလက်လေးနဲ့ ထွေးပွေ့လို့
နို့ချိုတွေ တိုက်ကျွေးခဲ့တာ ။

အမေ....
ဒီလက်လေးနဲ့ ထွေးစွာချော့သိပ့်လို့
ပုခက်တွေ လွှဲပေးခဲ့တာ ။

အမေ....
ဒီလက်လေးနဲ့ ယပ်ခပ်လို့
ခြင်ယင် မနားရလေအောင်
ပြုစုစောင့်ရှောက်ခဲ့တာ ။

အမေ....
ဒီလက်လေးနဲ့ လဲရာမှ
ဆွဲထူလို့ အားမာန်အသစ်ဖြင့်
လျှောက်လှမ်းနိုင်အောင်
ခွန်အားတွေ ပေးစွမ်းခဲ့တာ ။

အမေ.....
ဒီလက်လေးနဲ့ ညီညာဖြောင့်ဖြူးတဲ့
လမ်းမှန်ပေါ်ကို လျှောက်လှမ်းတတ်အောင်
ဆုံးမပေးခဲ့တာ ။
အမေ.....

ထမင်းတွေ အကြိမ်ကြိမ် ချက်ကျွေးခဲ့
အဝတ်အစားတွေ အကြိမ်ကြိမ်
လျှော်ဖွတ်ပေးခဲ့ ပင်ပန်းပါတယ်
ဆိုပြီး တစ်ချက်လေးမှ မငြီးငြူခဲ့
အတိကျေးဇူးတရားတွေက များလှပါဘိ
အမေရယ် ။
CRD #မိုးမခ ( ဧရာ အနောက် )

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

၀၃,၂၈.၂၀၂၄

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဆန္ဒရဲ့ အလင်းရောင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์