Pa-O People’s Aid

Pa-O People’s Aid စဲ့ꩻမန်းသွဥ်း‌တမွေးတဝ်း ပအိုဝ်ႏစွိုးခွိုꩻစဲစ်စဲစ်

21/09/2026

ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေး ထောက်ခံဆန္ဒပြပွဲ
Sep 20,12PM ဆိုးလ်မြို့တော်ခန်းမရှေ့
-O People's Aid

20/09/2026

မကြည့်လိုက်ရတဲ့လူတွေ
အတွက်
၂၀.၉.၂၀၂၆

20/09/2026
19/09/2026

🙏🙏🙏မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်လိုခြင်းမရှိပါ၊🙏🙏🙏
19.9.2026 တော်သလင်းဆန်း ၈ရက်နေ့
ဆောင်းဖိုး သရက်ပင်ရွာရှိ အသက်၇၂ နှစ်ရှိပြီဖြစ်တဲ
ဖြားဆရာဗွော နေအိမ်သို့ ရွာလူကြီးနှင့် လူငယ်တို့ ဉီးဆောင်မှုနဲ့အတူ ရွာသူ/ရွာသားများက ဖြားဆရာဗွောကို (ရွာအပြင် )ထွက်သွားရေးအတွက် လာရောက် စုရုံးနေကြတဲ့မြင်ကွင်းပါ။
အကြောင်းအရာက . . .အဖေ့မှာ ခရုသင်း/သမင်ဖြူရောဂါရှိနေလို့ပါတဲ့ ဒီရောဂါအတွက်နဲ့ (ရွာမပြင်) ထွက်သွားဖို့ ရွာထဲ့မှာမနေဖို့ ရွာသူ/ရွာသားများနဲ့ မဆက်ဆံဖို့ ထွက်သွားခိုင်နေကြတာပါ အဖေက ဒီရွာမှာမွေး ဒီရွာမှာဘဲကြီးပြင်းခဲတာပါ အဖေက အိမ်ဝိုင်းအပြင်ဘက် မထွက်တာနှစ်အတော်ကြာပါပြီ ရောဂါဖြစ်တာလဲ နှစ်ပောင်း ၃၀ ကျော်ပါပြီ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့လည်းပြသပြီးပါပြီ ကုသုပြီးပါ ဆရာဝန်ကြီးတွေ ဒီရောဂါက မကူးစက်တဲ့အကြောင်း လက်မှတ်လည်းထုတ်ထားပေးပါတယ် ဒါကိုရွာလူကြီးက လုံးဝလက်မခံပါဘူး မင်းတို့အဖေက ဆရာဝန်နဲ့ နေမှာမဟုတ်ဘူး ရွာသူ/သားနဲ့နေရမှာ ဒါရွာရဲ့စည်းကမ်းပဲတဲ့ လက်မခံနိုင်‌ကြောင်း (ရွာအပြင်) ထွက်ကိုထွက်ပေးရမှာဖြစ်ကြောင်း အတင်းအဓမ ဖိအားပေးနေကြတာပါ ဒါတင်မကသေးဘူး ရွာထဲ့ကသောက်သုံးရေတွေ လျပ်စစ်မီးတွေ အကုန်လုံးဖြတ်တောက်သွားကြတယ် video ဖိုင်ထဲ့မှာကြည့်လို့ရပါတယ် ။ ဥပဒေဆိုတာ မရှိတော့ဘူးလား အသက်၇၂နှစ်ရှိပြီဖြစ်တဲ့ အဖေ့မှာ လေဖြတ်ထားတာရှိတဲ့အတွက် (ရွာအပြင်) ထွက်နေခိုင်းကြတာဘယ်လို့မှအဆင်ပြေနိုင်ပါဘူး
ဒီလိုဝေဒနာခံစားနေရတဲ့ သူတွေအတွက် အစိုးရက ဖွင့်လင့်ပေးထားတဲ့ နေရာ.စခန်းရှိရင် လမ်းညွန်ပေးကြပါအကြံညဏ်ပေးကြပါ ၊🙏🙏🙏စာဖတ်ပေးတဲ့အယောက်တိုင်းကို ကျေးဇူးတင်ပါတယ် ၊🙏🙏🙏
#ထူႏကူꩻkhun mg htut
-O People's Aid

 #မွူးရဝ်ꩻနီꩻယိုတွုပ်ꩻသွူကျွန်တော်တို့ရဲ့မြန်မာ့ဂုဏ်ဆောင်ဂျော့ရှူဝါဗန်နဲ့ပန်တိုဂျာ ပွဲ🇲🇲👊🇧🇷20.9.2026
19/09/2026

#မွူးရဝ်ꩻနီꩻယိုတွုပ်ꩻသွူ
ကျွန်တော်တို့ရဲ့မြန်မာ့ဂုဏ်ဆောင်ဂျော့ရှူဝါဗန်နဲ့ပန်တိုဂျာ ပွဲ
🇲🇲👊🇧🇷
20.9.2026

ကျရှုံးမှုဆိုတာ အဆုံးသတ် မဟုတ်ပါဘူး – ပန်းတိုင်ကို ရောက်ဖို့ ခရီးစဉ်မှာ လဲကျဖူးတာ၊ မှားယွင်းဖူးတာတွေဟာ အားနည်းချက် မဟုတ်...
16/09/2026

ကျရှုံးမှုဆိုတာ အဆုံးသတ် မဟုတ်ပါဘူး – ပန်းတိုင်ကို ရောက်ဖို့ ခရီးစဉ်မှာ လဲကျဖူးတာ၊ မှားယွင်းဖူးတာတွေဟာ အားနည်းချက် မဟုတ်ပါဘူး။ သင်ခန်းစာကောင်း တစ်ခုရလိုက်တာပါ။ အရေးကြီးတာက လဲကျသွားတဲ့အခါ အဲဒီနေရာမှာပဲ စိတ်ဓာတ်ကျပြီး ဝပ်တွားမနေဘဲ၊ ဒဏ်ရာကို ခါထုတ်ပြီး ပြန်ထရပ်ဖို့ပါပဲ။
#ရဲဘော်မီကီ
#ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻရုဲင်းဖက်PNLO PNLA

14/09/2026

စစ်သင်္ဘောတစ်စီး ထပ်တိုက်ခိုက်ခံရပြီး ရေနစ်မြုပ်
Sep 14,2026/Kachin News Group

ဗန်းမော်ကနေ ရွှေကူဘက် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီး ထပ်မံတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားတယ်လို့ သိရပါတယ်။

ဒီစစ်သင်္ဘောဟာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင် ဗန်းမော်မြို့၊ ဆူးပုတ်ကုန်းနားစုန်ဆင်းလာချိန် KIA ပူးပေါင်းတပ်က ဒရုန်းနဲ့အဆက်မပြတ်တိုက်ခိုက်ရာ ဇင်းဘုံရွာနား အရောက်မှာ နှစ်မြုပ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေပြောပါတယ်။

မနေ့က ၁၃ ရက်နေ့မှာလည်း ဗန်းမော်က ဆင်းလာတဲ့ စစ်သင်္ဘော ၆ စီးခန့်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စာဝတီးနဲ့ မြလယ်ရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ၄ စီးထက်မနည်း ထက်မနည်းထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့စတင်ပြီး မန္တလေးကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုတွေ ကချင်ပြည်နယ်ထဲကို ဝင်ရောက်လာခဲ့ရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဖြစ်တဲ့ ရွှေကူအထက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပွားခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ ပစ်ခတ်ခံရတဲ့ စစ်သင်္ဘော အားလုံး အစီး ၂၀ ဝန်းကျင်ခန့်ရှိလာပြီလို့ ပြောဆိုပေမယ့် KNG က အသေးစိတ်စုစည်းနေဆဲဖြစ်ပါတယ်။

အာရက္ခတပ်တော်က ချိုးဖျက်ပြလိုက်သည့် စစ်ကောင်စီ၏ သင်္ချာဂဏန်း "၄၉၂၆" စစ်ဆင်ရေး၏ ဧရာမနိဂုံး​စစ်ကောင်စီ၏ ရည်ရွယ်ချက်က ရှင်း...
14/09/2026

အာရက္ခတပ်တော်က ချိုးဖျက်ပြလိုက်သည့် စစ်ကောင်စီ၏ သင်္ချာဂဏန်း "၄၉၂၆" စစ်ဆင်ရေး၏ ဧရာမနိဂုံး
​စစ်ကောင်စီ၏ ရည်ရွယ်ချက်က ရှင်းပါသည်။ အက္ခရာ ဂဏန်း ပရိယာယ်များဖြင့် မံမံတက်ဆင်ထားသည့် "၄၉၂၆" ဆိုသော စစ်ဆင်ရေးအမည်သည် သူတို့၏ စက္ကူပေါ်မှ ဗျူဟာမြောက် စစ်ရေးအောင်ပွဲတစ်ခုဟု ထင်မှတ်ခဲ့ကြပေလိမ့်မည်။

သို့သော်လည်း စစ်ဆင်ရေးစတင်သည့် ပထမဆုံးနေ့မှာပင် ထိုသင်္ချာဂဏန်းအစီအမံနှင့် စစ်ရေးမာန်မာနတို့သည် အာရက္ခဒေသ၏ မြေပြင်ထက်တွင် အစအနမကျန်အောင် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

​စစ်ကောင်စီ၏ စစ်ရေးဗျူဟာမြောက် အစီအစဉ်များ၊ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ရည်ရွယ်ချက်များသည် အာရက္ခတပ်တော် (AA) ၏ သံမဏိသန္နိဋ္ဌာန်နှင့် တိကျပြတ်သားသော ပြန်လည်တုံ့ပြန်မှုရှေ့တွင် စက္ကန့်ပိုင်းအတွင်း လေထဲပျောက်ကွယ်သွားခဲ့ရသည်။

စစ်ဆင်ရေးစသည်နှင့်တစ်ပြိုင်နက် "၄၉၂၆" ၏ စစ်ဦးကို အာရက္ခတပ်တော်က အမဲစက်ထင်အောင် ရိုက်ချိုးပြလိုက်ခြင်းသည် စစ်ကောင်စီအတွက် စစ်ရေးအရရော စိတ်ဓာတ်ရေးရာပါ ပြန်မထူနိုင်တော့သည့် ရိုက်ချက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

​စစ်ကောင်စီသည် ခေတ်မီလက်နက်ကိရိယာများ၊ လေကြောင်းပစ်ကူများနှင့် ဂဏန်းသင်္ချာ အမည်တပ် စစ်ဆင်ရေးများဖြင့် စစ်ပွဲကို စိစစ်ပုံဖော်၍ရနိုင်သည်ဟု အထင်ရောက်နေဆဲဖြစ်သည်။

သို့သော် မြေပြင်စစ်ပွဲ၏ အမှန်တရားကို ဖန်တီးသူမှာ စစ်ဆင်ရေးအမည် မဟုတ်ဘဲ အမျိုးသားလွတ်မြောက်ရေးအတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်၏ စစ်သည်တော်များ၏ မာတိကာဖြစ်သည်။

စစ်ဆင်ရေးစတင်သည့်ရက်၌ပင် စစ်ဦးကျိုးသွားခဲ့ရသည့် ဖြစ်စဉ်က ရက္ခိုင်မြေပြင်တွင် စစ်ကောင်စီ၏ မည်သည့်စစ်ဆင်ရေးမျှ အသက်ဆက်နိုင်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။

​"၄၉၂၆" ဆိုသော သင်္ချာဂဏန်းအမည်သည် စစ်ကောင်စီအတွက် အောင်ပွဲသင်္ကေတ မဟုတ်တော့ပေ စတင်သည့်နေ့မှာပင် ပျက်စီးသွားသည့် စစ်ကောင်စီ၏ စစ်ရေးအရှက်ရမှု သင်္ကေတအဖြစ်သာ သမိုင်းတွင် ကျန်ရစ်တော့မည်ဖြစ်သည်။

အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်သူတို့၏ မြေကို ကာကွယ်ရာတွင် မည်သည့်စစ်ကြောင်း၊ မည်သည့်စစ်ဆင်ရေးအမည်ကိုမဆို ချက်ချင်းလက်ငင်း အမြစ်ဖြတ် ချိုးဖျက်နိုင်စွမ်းရှိကြောင်း အချိန်မဆိုင်းဘဲ ကမ္ဘာသိ သက်သေပြလိုက်ပြီဖြစ်သည်။

11/09/2026

ဖူးပေႏယိုတဖြာꩻ ကဒေါ့ꩻမဲဥ်ႏထာꩻယိုစား
တညတဝ်းအခိန်ႏထွီႏ🐩🐩🐩အဗာႏမုဲင်ꩻဟောင်း
အီႏအူႏသွူဝွေꩻယို သေႏချာႏ ယွုမ်းနေ?
#ပအိုဝ်ႏခမ်းသား

11/09/2026

🤠 ဗျူဟာမှူး အဘရသေ့ 4926 စစ်ဆင်ရေးမှာ ဈာန်နဲ့ကြွသွားပါပြီ 😂 (အပိုင်း-၃)
#ဗျူဟာမှူး ရသေ့ꩻ4.9.2026စဲ့ꩻမန်းစဲ့ꩻဆင်ရေꩻအွိုးရခဲင်ႏခမ်းAAဆွမ်ꩻမွန်လꩻဖျင်လဲဥ်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Pa-O People’s Aid โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์