Fluency Butterfly International

Fluency Butterfly International Education Project Platform
Learning, teaching, and growth projects by Fluency Butterfly International 🦋

❤️
18/08/2026

❤️

ဒီနှစ်မွေးနေ့ အတွက် ထူးထူးခြားခြား အမှတ်တရတစ်ခုအနေနဲ့ ကျွန်မ ပေးဖြစ်ခဲ့တာက “ပညာရေးအခွင့်အရေး” ပါ။ 🎓❤️

ကျောင်းသား၊ ကျောင်းသူ ၂၉ ဦးအတွက် Programme Fees စုစုပေါင်း ကျပ် ၁၁,၂၃၇,၂၀၀, ကျပ်သိန်း ၁၁၂ ကျော် ကို Scholarship အဖြစ် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် 70% Scholarship စာရင်းမှာလည်း ကျောင်းသား၊ ကျောင်းသူ ၂ ဦးကို ထပ်တိုးရွေးချယ်ပေးခဲ့ပါတယ်။ 🎉

Scholarship ရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးကို Congratulations ပါနော်။

လျှောက်ထားသူတိုင်းကို ပေးချင်ပေမဲ့ ကျွန်မနဲ့ ကျွန်မရဲ့ Team က ပေးပို့ထားတဲ့ Link တစ်ခုချင်းစီကို အကြိမ်ကြိမ်စစ်ဆေးခဲ့တဲ့အခါ တချို့ Link တွေက ဝင်ကြည့်လို့မရတာ၊ အကြောင်းအရာတွေ မမြင်ရတာတွေရှိခဲ့တဲ့အတွက် စစ်ဆေးအတည်ပြုပေးဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

အထူးသဖြင့် IELTS Programme ကို လျှောက်ထားသူ အရေအတွက် များခဲ့တာကြောင့် ရရှိနိုင်တဲ့အခွင့်အရေး ပိုနည်းသွားပြီး ရွေးချယ်မှုလည်း ပိုမိုခက်ခဲခဲ့ပါတယ်။ အားလုံး နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ရှင် ❤️

ပညာကို တန်ဖိုးထားပြီး အမြဲစူးစမ်း၊ လေ့လာ၊ လက်တွေ့အသုံးချလာတဲ့ ကျွန်မအတွက် ဒီအခွင့်အရေးကို ရရှိသူတိုင်းလည်း ပညာကို မိမိဘဝနဲ့ ပတ်ဝန်းကျင်အတွက် ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်စေချင်ပါတယ်။

ပညာတတ်ရုံနဲ့ မလုံလောက်ပါဘူး။ တစ်ဖက်သူအပေါ် ကိုယ်ချင်းစာစိတ်မရှိဘူးဆိုရင် အဲဒီပညာက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ အမှန်ကို မြင်တတ်ဖို့၊ မိမိရဲ့အမှားကို ရိုးသားစွာ ဝန်ခံတောင်းပန်တတ်ဖို့၊ ကိုယ့်လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် တာဝန်ယူစိတ်အပြည့်ရှိဖို့နဲ့ တစ်ဖက်သူကို ကိုယ်ချင်းစာတတ်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။

မိမိဘဝအတွက်သာမက မိဘတွေအတွက်၊ မိမိကိုယုံကြည်ပေးသူတွေအတွက်နဲ့ မိမိတာဝန်ယူရမယ့် တစ်ဦးတစ်ယောက်ချင်းစီအတွက်ပါ အကျိုးပြုနိုင်တဲ့ သူလေးတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်ရှင်...ကိုယ်တိုင်လဲကြိုးစားဆဲပါ.....

ဒါကြောင့်ပဲ ဒီနှစ်အတွက် ကျွန်မပေးနိုင်တဲ့ အဓိပ္ပာယ်အရှိဆုံးအလှူအဖြစ် “ပညာရေး” ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ဒီလိုပေးနိုင်တဲ့ အရွယ်ရောက်တဲ့အထိ ကျွန်မရဲ့ ပညာရေးခရီးလမ်းကို အမြဲယုံကြည်ပြီး ပံ့ပိုးပေးခဲ့တဲ့ ကျွန်မရဲ့မိခင်၊ မေမေက အသက် ၇နှစ်ထဲက အဖေမရှိတော့တဲ့ ကျွန်မအတွက်မိန်းမသား တစ်ယောက်ထဲရဲ့ အင်အားနဲ့ သူ့သမီးကို ယုံကြည်ပြီး ပံ့ပိုးပေးခဲ့တာပါ... ပြီးရင်အတူယုံကြည်ပြီးလက်တွဲခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ Bright Hill Operation Team နဲ့ Teachers များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ❤️

နောင်နှစ်တွေမှာလည်း ဒီလိုပညာရေးအခွင့်အရေးတွေ ပိုမိုဖန်တီးပြီး လူငယ်များစွာကို တစ်စိတ်တစ်ပိုင်းလေးပဲဖြစ်ဖြစ် ထပ်မံပံ့ပိုးပေးခွင့်ရဖို့ ဆန္ဒပြုပါတယ်။ ✨

ပုံလေးက လွန်ခဲ့သော ၇နှစ် 2019 December အသက် ၂၂နှစ် ဘွဲ့ယူတုန်းက ❤️

စာတတ်တိုင်းစာမသင်တတ်ပါဘူးအခုလောလောဆယ် သင်ကြားရေးကိုသင်ယူရင်းတတ်မြောက်ရင်းလေ့ကျင့်ရင်းနဲ့ကိုတော်တော်လွယ်မနေတဲ့ကိစ္စတစ်ခုပ...
16/08/2026

စာတတ်တိုင်း
စာမသင်တတ်ပါဘူး
အခုလောလောဆယ်
သင်ကြားရေးကို
သင်ယူရင်း
တတ်မြောက်ရင်း
လေ့ကျင့်ရင်းနဲ့ကို
တော်တော်လွယ်မနေတဲ့ကိစ္စတစ်ခုပါ
Credit

16/08/2026
FYI
06/08/2026

FYI

မနက်ဖြန်မှာ Butterflies တွေအားလုံးနဲ့ မျှဝေချင်တဲ့ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်။ 🎉ဒီနေ့ကျရောက်တဲ့ Tr. Sandy Isadora ရဲ့ ...
05/08/2026

မနက်ဖြန်မှာ Butterflies တွေအားလုံးနဲ့ မျှဝေချင်တဲ့ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်။ 🎉

ဒီနေ့ကျရောက်တဲ့ Tr. Sandy Isadora ရဲ့ 29th Birthday အမှတ်တရအနေနဲ့ ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းလိုပေမယ့် အခွင့်အရေးတစ်ခု လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စုစုပေါင်း 29 Scholarships ပေးအပ်သွားမှာ ဖြစ်ပါတယ်။

မွေးနေ့အမှတ်တရကို ကိုယ်တိုင်အတွက်သာ ဂုဏ်ပြုတာထက် တစ်စုံတစ်ယောက်ရဲ့ ပညာရေးခရီးလမ်းကို ပြန်လည်စတင်နိုင်စေမယ့် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပေးချင်ခဲ့ပါတယ်။

ဒီ Scholarship Program ထဲမှာ

📘 GED Complete Guided Class
4 Subjects Program

📚 Unlock Your English for GED

🌍 IELTS Preparation Program

တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီ 29 Scholarships ကို ပညာရေးကို ပြန်လည်စတင်ချင်သူတွေ၊ မိမိရဲ့ ရည်မှန်းချက်တွေဆီ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းချင်သူတွေ၊ ကိုယ့်ဘဝအတွက် အပြောင်းအလဲအသစ်တစ်ခု စတင်ချင်သူတွေအတွက် ရည်ရွယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Scholarship အရေအတွက်, လျှောက်ထားနိုင်မယ့်သူများ၊ Scholarship အမျိုးအစားများ၊ Application Process နဲ့ Selection Process အသေးစိတ်အားလုံးကို မနက်ဖြန်ညမှာ Official Announcement အနေနဲ့ Bright Hill International Page မှတစ်ဆင့် မျှဝေပေးသွားပါမယ်ရှင်။

ဒီအခွင့်အရေးကို မလွတ်သွားစေဖို့ Bright Hill International Page ကို Follow လုပ်ထားပြီး Official Channel နဲ့ Group ကိုလည်း Join ထားပေးပါနော်။

Scholarship အခွင့်အရေးကို အမှန်တကယ်လိုအပ်နေတဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ပညာရေးကို ပြန်လည်စတင်ချင်သူတွေရှိရင် ဒီ Post လေးကို မျှဝေပေးထားနိုင်ပါတယ်ရှင်။

မွေးနေ့အမှတ်တရတစ်ခုကနေ အိပ်မက် 29 ခုအတွက် အစပြုရာတစ်ခု ဖြစ်လာနိုင်ဖို့မျှော်လင့်ပါတယ် 🦋

Fluency Butterfly International
Learn. Grow. Transform.

ဒီနေ့ကတော့ အရမ်းကို ပီတိဖြစ်ရတဲ့နေ့တစ်နေ့ပါ။ ❤️Fluency Butterfly International မှာ Facilitator တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ Jo...
27/07/2026

ဒီနေ့ကတော့ အရမ်းကို ပီတိဖြစ်ရတဲ့နေ့တစ်နေ့ပါ။ ❤️

Fluency Butterfly International မှာ Facilitator တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ Jowah ဟာ အခုဆို PU Admission အတွက် 80% Scholarship ရရှိသွားပြီဖြစ်ပါတယ်။ 🎉

တကယ်ကို ဂုဏ်ယူပါတယ် Jowah ရေ။

Jowah နဲ့ပတ်သက်ပြီး ပိုပြီးဝမ်းသာမိတာက 2024 IELTS Class ပြီးတဲ့နောက်မှာ Admission process တွေအတွက် ရံဖန်ရံခါ request လုပ်လာတဲ့ recommendation letters တွေကိုအလုပ်တွေ အရမ်းများနေတဲ့ကာလဖြစ်ပေမယ့် တကယ်ကြိုးစားချင်တဲ့သူ၊ ကိုယ့်အနာဂတ်အတွက် တာဝန်ယူပြီး လုပ်နေတဲ့သူဆိုတော့ တတ်နိုင်သလောက် အချိန်ပေးပြီး Scholarship Application အတွက် ကူညီပေးခဲ့ပါတယ်။

Recommendation Letter ရေးပေးရတဲ့အခါမှာလည်း Fluency Butterfly International မှာ Facilitator အဖြစ် တာဝန်ယူခဲ့ပုံ၊ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပုံ၊ Responsibility ယူတတ်ပုံ၊ ကြိုးစားအားထုတ်ပုံနဲ့ Growth ကို ကိုယ်တိုင် Mentor တစ်ယောက်လိုမျိုး ကိုယ်တိုင် သေချာမြင်တွေ့သိရှိထားတာကြောင့် Jowah ရဲ့ အားသာချက်တွေကို ယုံကြည်စိတ်ချစွာနဲ့ အသေးစိတ်ရေးပေးနိုင်ခဲ့ပါတယ်။

Recommendation Letter က Applicant ကို ဘယ်လောက်သိသလဲ၊ ဘယ်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ထောက်ခံသလဲ၊ သူ့ရဲ့ Character, Commitment, Leadership Potential နဲ့ Academic Readiness ကို ယုံကြည်စိတ်ချရအောင် ဘယ်လောက်တိတိကျကျ ဖော်ပြနိုင်သလဲဆိုတာ အရေးကြီးပါတယ်။

Jowah အကြောင်းကို သေချာသိထားတဲ့ သူ တစ်ယောက်အနေနဲ့ Recommendation Letter ကိုလည်း အလေးအနက်ထားပြီး သေချာရေးပေးခဲ့ပါတယ်။

အခုလို 80% Scholarship ရသွားပြီလို့ ပြန်ပြောလာတဲ့အချိန်မှာတော့ အလုပ်တွေမအားတဲ့ကြားက အချိန်ပေးပြီး ကူညီခဲ့ရတာ တကယ်ကို ပေးရကျိုးနပ်တယ်လို့ ခံစားရပါတယ်။

ကြိုးစားတဲ့သူတွေကို Support ပေးရတာ မပင်ပန်းပါဘူး။ သူတို့ရဲ့ ကြိုးစားမှုက ရလဒ်တစ်ခုအဖြစ် ပြန်ပေါ်လာတဲ့အခါ ကိုယ်ပါ အတူတူ ဝမ်းသာပီတိဖြစ်ရပါတယ်။ Support ပေးခွင့်လဲ ရခဲ့တာ အရမ်းဂုဏ်ယူပါတယ်။

Congratulations once again on receiving an 80% Scholarship. 🎉

ရှေ့ဆက်ရမယ့် ပညာရေးခရီးမှာလည်း ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိပါစေလို့ ဆုတောင်းပါတယ်နော်ညီမလေး❤️

ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့“Hidden Marketing: When Advertising Doesn’t Loo...
12/07/2026

ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့
“Hidden Marketing: When Advertising Doesn’t Look Like Advertising” ပဲ ဖြစ်ပါတယ်။ 🕵️‍♀️✨

Facebook မှာ “ဒီ English school ကောင်းလား?” ဆိုတဲ့ post တစ်ခုတွေ့ဖူးပါသလား။ ခဏအတွင်း comments တွေမှာ “ဟုတ်တယ် ကောင်းတယ်” “ကျွန်မတက်ဖူးတယ်” “Teacher တွေကောင်းတယ်” ဆိုပြီး အများကြီးဝင်ပြောကြတာမျိုး တွေ့ဖူးကြမှာပါ။

ပထမဆုံးကြည့်လိုက်ရင်တော့ ordinary conversation တစ်ခုလိုပဲ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေမှာ အဲ့ဒီလို conversation က သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘဲ carefully planned marketing strategy တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Traditional advertising ဆိုတာတော့ လူတိုင်းသိပါတယ်။ Company တစ်ခုက ad တင်တယ်။ Product သို့မဟုတ် service ကို ရောင်းချင်တယ်။ Audience ကလည်း “ဒါက ad ပဲ” ဆိုတာ ချက်ချင်းသိပါတယ်။ ဒါကြောင့် လူအများစုက ads တွေကို skip လုပ်တတ်ကြပါတယ်။ ဒီလို phenomenon ကို advertising avoidance လို့ခေါ်ပါတယ်။

ဒါကြောင့် တချို့ businesses တွေက ads လို့မမြင်ရအောင် stealth marketing ကိုသုံးလာကြပါတယ်။ Stealth marketing ဆိုတာ promotional message ကို advertisement လိုမမြင်ရအောင် natural conversation, recommendation, review, comment, question ပုံစံနဲ့ ဖော်ပြတဲ့ marketing strategy ဖြစ်ပါတယ်။

ဥပမာ “Buy our course” လို့ တိုက်ရိုက်မပြောဘဲ “ဒီသင်တန်းကောင်းလား?” ဆိုပြီး question တင်တယ်။ နောက် comments တွေမှာ positive recommendations တွေ ဝင်လာတယ်။ အပြင်ကကြည့်တဲ့သူအတွက်တော့ genuine student reviews လိုထင်ရနိုင်ပါတယ်။

ဒီအပတ် discussion မှာ hidden marketing, fake recommendations, online reviews, social proof, trust, ethics, and media literacy အကြောင်းတွေကို English လို စိတ်ဝင်စားစရာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

“Why do people trust online recommendations more than direct ads?”

“What is stealth marketing?”

“What is astroturfing?”

“What is sockpuppeting?”

“How can we tell whether an online review is genuine or fake?”

“Is hidden marketing smart strategy or unethical manipulation?”

ဆိုတဲ့ မေးခွန်းတွေကို ကိုယ့် real-life online experience တွေနဲ့ချိတ်ပြီး English လို structured speaking phrases တွေနဲ့ ဆွေးနွေးလေ့ကျင့်ကြမှာပါ။

📖 Reading Week

ဒီအပတ်က Reading Week ဖြစ်တဲ့အတွက် Discussion မ join ခင် “Hidden Marketing: When Advertising Doesn’t Look Like Advertising” article လေးကို Telegram Channel မှာ ကြိုတင်ဖတ်ထားရမှာ ဖြစ်ပါတယ်။

Article ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး traditional advertising နဲ့ stealth marketing က ဘာကွာလဲ၊ astroturfing ဆိုတာဘာလဲ၊ sockpuppeting က ဘာကြောင့် misleading ဖြစ်နိုင်လဲ၊ social proof က consumer decision-making ကို ဘယ်လိုသက်ရောက်စေလဲ ဆိုတာတွေကို English လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

✨ What’s in it for you?

• Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ reading, vocabulary building, critical thinking, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။

• Real-Life Digital Literacy Discussion: Facebook comments, online reviews, fake accounts, sponsored recommendations, and social proof လို real-life online situations တွေနဲ့ ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။

• Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး confidence ရှိရှိ ပြောဆိုနိုင်မှာပါ။

• Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။

• Thought-Provoking Topic: “Online review တွေကို ယုံလို့ရလား?” “Ads မဟုတ်သလိုလုပ်ထားတဲ့ marketing က ethical ဖြစ်လား?” “Many people recommend something ဆိုတာ တကယ် independent opinion ဖြစ်ရဲ့လား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။

• Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

📅 Schedule & Details

• Date: Today, Sunday
• Time: 7:30 PM to 9:00 PM
• Platform: Zoom Online
• Fees: 100% Free

🚀 How to Join?

ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ Reading Materials တွေကို အောက်ပါ Telegram Group မှာ ကြေညာပေးထားမှာ ဖြစ်ပါတယ်။

👉 Join Telegram Group Here:
https://t.me/bright_hill_international

English speaking fluency တိုးတက်ချင်ရင် vocabulary သိရုံ၊ grammar မှန်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လိုပြောကြည့်တာ၊ evidence နဲ့ support လုပ်တာ၊ agreement and disagreement ကို polite way နဲ့ပြောတတ်တာ၊ real-life topic တွေကို critical thinking နဲ့ဆွေးနွေးတတ်တာက အရေးကြီးပါတယ်။

ဒီနေ့မှာတော့ Reading Week Discussion Session အနေနဲ့ article ကို ကြိုတင်ဖတ်ထားပြီး “Hidden Marketing” topic ကိုအခြေခံကာ online reviews, fake recommendations, social proof, consumer trust, and ethical marketing အကြောင်းတွေကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

Thank you to everyone who joined and actively participated in our Speaking Practice Sessions.In Week 9, participants pra...
29/06/2026

Thank you to everyone who joined and actively participated in our Speaking Practice Sessions.

In Week 9, participants practised interactive speaking, idea development, fluency, and confident communication through an integrated session format.

In Week 10, we explored the topic “Technology, Childhood & Human Connection”, discussing how screens are changing the way we grow, learn, and connect.

Both sessions followed an IELTS-style speaking frame to help participants understand questions clearly, organize ideas, expand answers, and speak with more confidence.

Same time. Join actively. Practise with confidence.

For more updates and session information, join our Telegram:
https://t.me/bright_hill_international

ที่อยู่

Sukhumvit 64
Bangkok
10260

เบอร์โทรศัพท์

+959779087500

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Fluency Butterfly International โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Fluency Butterfly International:

ทางลัด

แชร์