Open Digital Lab - မြန်မာ

Open Digital Lab - မြန်မာ An independent digital marketing and business lab that experiments with digital tools, publishes open resources and supports small businesses.

delivery လုပ်ငန်းငယ်တွေနဲ့ freelance rider တွေအတွက် အသုံးဝင်တဲ့ Canva Template (၅) ခုTemplate တွေအကုန်လုံးကို Canva free...
10/11/2024

delivery လုပ်ငန်းငယ်တွေနဲ့ freelance rider တွေအတွက် အသုံးဝင်တဲ့ Canva Template (၅) ခု

Template တွေအကုန်လုံးကို Canva free version နဲ့ပဲလုပ်ထားပြီး ဘယ်သူမဆို သုံးနိုင်ပါတယ်။ https://opendigitallab.carrd.co/ မှာ template အကုန်လုံးကိုကြည့်လို့ရပါတယ်။ ပုံကိုနှိပ်ပြီးတော့ Canva မှာ edit လုပ်လို့ရပါတယ်။

Template တွေကို အခကြေးငွေနဲ့ ပြန်လည်ရောင်းချခွင့်မရှိပါဘူး။

YBS ၊ Bike delivery သမားတွေနဲ့ တစ်ပိုင်တစ်နိုင် delivery လုပ်ငန်းတွေအတွက် Open Digital Lab ကနေ အခမဲ့ဒီဇိုင်းဆွဲပေးချင်ပါ...
06/11/2024

YBS ၊ Bike delivery သမားတွေနဲ့ တစ်ပိုင်တစ်နိုင် delivery လုပ်ငန်းတွေအတွက် Open Digital Lab ကနေ အခမဲ့ဒီဇိုင်းဆွဲပေးချင်ပါတယ်။ စုစုပေါင်း လုပ်ငန်း (၁၀) ခုအတွက် ဆွဲပေးပါ့မယ်။ ပုံမှာပါတဲ့ ဒီနမူနာဒီဇိုင်းတွေကိုပဲ အခြေခံပြီးဆွဲပေးမှာဖြစ်ပြီး လိုဂို၊ အရောင်၊ စာသား၊ ဓာတ်ပုံတွေလိုအပ်သလို ပြင်ဆင်ပေးမှာပါ။

လုပ်ငန်းတစ်ခုကို one-page service summary ဒီဇိုင်းတစ်ခုစီ ဆွဲပေးပါ့မယ်။ One-page service summary ဆိုတာက ဒီဇိုင်းတစ်ပုံတည်းမှာ အရေးကြီးတဲ့ အချက်အလက်အကုန်လုံး တစ်ပါတည်းပါတဲ့ ဒီဇိုင်းမျိုးကိုပြောတာပါ။ ပုံထဲကအတိုင်းပါပဲ။ တကယ်လို့ ဒီဇိုင်းမှာ ထည့်ရမယ့်စာသားတွေတအားများတယ်ဆိုရင်တော့ multipage ဒီဇိုင်းဆွဲပေးပါတယ်။ ဒီဇိုင်းတွေက ထူးခြားဆန်းသစ်ဖို့ထက် ရိုးရိုးရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်ဖို့ကို အဓိကထားထားပါတယ်။ (Multipage ဒီဇိုင်းအတွက် အများဆုံး ၂ ယောက်ပဲဆွဲပေးမှာပါ။)

🔸 ဘယ်လိုလုပ်ငန်းတွေလျှောက်ထားနိုင်လဲ

- delivery လုပ်နေတဲ့ လုပ်ငန်း/လူ ဖြစ်ရပါမယ်။
- delivery လုပ်နေတာ (၂) လနဲ့အထက် ကြာပြီဖြစ်ဖို့ လိုပါတယ်။
- မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းဖြစ်ရပါမယ်။ တိုင်း၊ မြို့နယ် ကန့်သတ်ချက်မရှိပါဘူး။
- ဝန်ထမ်းခန့်ထားတဲ့လုပ်ငန်းဆိုရင် ပိုင်ရှင်အပါအဝင် ဝန်ထမ်း (၅) ယောက်ပဲ အများဆုံး ရှိရပါမယ်။
- ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး နာမည်ပျက်မရှိတဲ့ လုပ်ငန်းဖြစ်ဖို့ လိုပါတယ်။
- အရွေးခံရရင် ဒီဇိုင်းမှာထည့်မယ့် အချက်အလက်၊ စာသားနဲ့ ဓာတ်ပုံတွေအစုံအလင်ကို (၃) ရက်အတွင်း ပို့ပေးနိုင်ရပါမယ်။
- လုပ်ပေးတဲ့ ဒီဇိုင်းတွေကို အနည်းဆုံး (၃) လကြာ အသုံးပြုပေးနိုင်ရပါမယ်။
- ကျွန်တော်တို့ရဲ့ စစ်တမ်းကို အနည်းဆုံး (၁) ကြိမ်ဖြေဆိုပေးနိုင်ရပါမယ်။
- Professional Designer ရှိတဲ့လုပ်ငန်းတွေ အပ်နိုင်တဲ့လုပ်ငန်းတွေ မလျှောက်ဖို့မေတ္တာရပ်ခံပါတယ်။

🔸 ဘယ်လိုလျှောက်ထားရမလဲ

လျှောက်ထားဖို့အတွက် Google Form ဖြည့်ပေးရပါမယ်။ screenshot တွေ၊ ဓာတ်ပုံတွေ upload တောင်းတာတွေပါပါတယ်။ ဖောင်အဆင်မပြေတာရှိခဲ့ရင် Open Digital Lab Messenger မှာ မေးခွန်းစာရင်းတောင်းပြီး အဖြေတွေကိုလည်း Messenger မှာပဲပို့ပေးလို့ရပါတယ်။

🟠 delivery လုပ်ငန်းငယ်များအတွက် အခမဲ့ဒီဇိုင်း ဝန်ဆောင်မှု အစီအစဉ်

🔗 လျှောက်ထားရန်ဖောင် - https://forms.gle/jSPVGJamA6NVjFiK6

📅 ဖောင်ပိတ်ရက် - နိုဝင်ဘာ (၁၀) ရက်နေ့

ဖောင်ကို နိုဝင်ဘာ (၁၀) ရက်နေ့ နောက်ဆုံးထားဖြည့်ပေးရပါမယ်။ လျှောက်ထားသူ (၁၀၀) ကျော်သွားရင်လည်း ဖောင်အလိုလိုပိတ်သွားမှာပါ။ ကျွန်တော်တို့ လူအများကြီးမစစ်နိုင်လို့ပါ။ လျှောက်ထားသူတွေထဲကမှ အချက်အလက်ပြည့်စုံပြီး ကျွန်တော်တို့ သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်း (၁၀) ခုကို ပြန်ရွေးသွားမှာပါ။

🔸 ဒီဇိုင်းဘယ်လိုဆွဲပေးသွားမှာလဲ

အရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်တွေကို Open Digital Lab ကနေ ဆက်သွယ်ပြီးတော့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းအသေးစိတ်ကို ထပ်ပို့ပေးမှာပါ။ လုပ်ငန်းဖက်တွေဖက်က အကြောင်းပြန်၊ အတည်ပြုပြီးရင် အရွေးခံရသူစာရင်းကို post တင်ကြေညာပေးပါ့မယ်။ ပြီးရင်တော့ ဒီဇိုင်းအတွက်လိုအပ်တဲ့မေးခွန်းတွေမေးပြီး ဒီဇိုင်းစဆွဲပေးပါ့မယ်။

🔸 အရွေးမခံရရင်

ကျွန်တော်တို့အနေနဲ့ အချိန်အင်အား၊ လူအင်အား အကန့်အသတ်ရှိတာကြောင့် လိုအပ်တဲ့လူတိုင်းအတွက် မလုပ်ပေးနိုင်တာ နားလည်ပေးစေလိုပါတယ်။ ဒါပေမယ့် အစီအစဉ်ပြီးသွားတာနဲ့ နမူနာဒီဇိုင်းတွေကို Free Template တွေအဖြစ် ထပ်တင်ပေးသွားဖို့ရှိပါတယ်။

🔸 ဘာလို့ ဒီ project လုပ်ဖြစ်လဲ

ကိုယ်တိုင်လည်း Delivery Group တွေမှာအပ်ဖူးသူဖြစ်တဲ့အလျောက် delivery လုပ်ငန်းငယ်အများစု သပ်သပ်ရပ်ရပ်ကြော်ငြာဒီဇိုင်း မရှိတာသတိထားမိပါတယ်။ ဒီလုပ်ငန်းတွေမှာ ဒီဇိုင်းသပ်သပ်ရပ်ရပ်ရှိရင် ကာစတမ်တွေပိုယုံကြည်ပြီး လုပ်ငန်းတိုးတက်ဖို့ အထောက်အကူဖြစ်နိုင်မယ်ထင်လို့ လုပ်ဖြစ်တာပါ။

🧡 ဒီ post ကို share ပေးပြီးတော့ပဲဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ အသိမိတ်ဆွေတွေကို mention ခေါ်ပြီးတော့ဖြစ်ဖြစ် ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီးမေးမြန်းချင်တာရှိရင် ODL Page Messenger ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Our logo came together through a process of breaking down basic geometric shapes, based on the initials ODL, into smalle...
06/11/2024

Our logo came together through a process of breaking down basic geometric shapes, based on the initials ODL, into smaller parts and then recombining them. By experimenting with these individual pieces, we created a unique design that represents the spirit of an “open lab.” We’re still refining the logo and other elements as we expand our projects.

We’re a team of digital marketing professionals passionate about exploring digital tools, creating open resources, and s...
06/11/2024

We’re a team of digital marketing professionals passionate about exploring digital tools, creating open resources, and supporting small businesses. Our projects focus on experimenting with digital tools and providing value to small businesses and emerging marketer communities. Inspired by the open-source movement in the tech industry, we aim to publish most of our insights and resources under Creative Commons and ODL-specific open licenses—allowing you to freely distribute, edit, and adapt them within the license terms.

Our goal is simple: to build hands-on skills while supporting the communities we reach, embracing open practices every step of the way. ODL is a work in progress, expanding as we complete more projects. Our projects are largely one-time initiatives where we combine tools to produce valuable digital products and resources. We also offer occasional free or low-cost services to small businesses in need.

🔗 Discover more about us or check out our other channels - dub.sh/opendigitallab

ที่อยู่

Bangkok
11140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Open Digital Lab - မြန်မာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์