Cyber Burma to pursue careers in the field of cybersecurity.

🔥We’re a non-profit providing mentorship programs for our young generations and building great future leaders in cyber industry.

🔥It's always our pleasure and excited to be part of ur journey! Cyber Burma is a non-profit group with a clear mission to empower and provide guidance to the talented youths and senior IT professionals have been deprived of opportunities. These circumstances have aris

en due to the unfortunate events surrounding the military coup d'état in Myanmar in 2021. Our ultimate goal is to furnish these talents with the necessary tools and resources to realize their aspirations in the field of cybersecurity while also imparting them with a global perspective and proficiency. Last but not least, Cyber Burma is dedicated to enhancing Myanmar's cyber capabilities by preparing the next generation for rewarding careers, protecting the digital landscape, and driving national progress.

📣 Breaking - AYA Bank - Cyber Breach ဖြစ်စဥ်ရဲ့ အဓိကဇာတ်ကောင် Lapsus$ အဖွဲ့သည် သူတို့လုပ်ဆောင်နေသည့် Operation အားလုံးကိ...
26/07/2026

📣 Breaking - AYA Bank - Cyber Breach ဖြစ်စဥ်ရဲ့ အဓိကဇာတ်ကောင် Lapsus$ အဖွဲ့သည် သူတို့လုပ်ဆောင်နေသည့် Operation အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းခန့် (July 22 or 23) က ကြေညာသွားပါသည်။

ထို့တွက်ကြောင့် AYA Bank အတွက် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် မရှုပ်ထွေးတော့ဘူး (သို့မဟုတ်) ပိုသက်သာသွားသည်ဟု ဆိုနိုင်ပါသည်။ ဒီလောက်နဲ့ပဲ​ ပြီးသွားလောက်ပြီလို့ မျှော်လင့်ပါသည်။

Operation ကို ရပ်ဆိုင်းလိုက်ရသည့် အဓိကအကြောင်းအရင်းမှာ မျှော်မှန်းထားသည့် ဝင်ငွေ မီလီယံဒေါ်လာ ပမာဏ ပြည့်မီသွားပြီလို့ ပြောဆိုထားပြီး၊​ ထို့အပြင် ရရှိထားသည့် ဒေတာများကို တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများထံ ရောင်းချလိုက်ပြီဟုလည်း ဆိုထားသည်။ ထိုဒေတာများသည် Mercor အဖွဲ့အစည်းရဲ့ ဒေတာများဟု ဆိုသော်လည်း ၊​ အဲဒီအဖွဲ့ တစခုတည်းရဲ့ ဒေတာတွေလားဆိုတာတော့ သူတို့ကလွဲပြီး မသိနိုင်ပါ။​​

ရရှိထားသည့် ဒေတာများကို ပြင်ပသို့ ပေါက်ကြားအောင် ထပ်မံ ထုတ်ပြန်တော့မည် မဟုတ်ကြောင်းတော့ ပြောထားတာလဲ တွေ့ ရပါသည်။​

ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားပုံအတိုင်းပဲ .... ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေဟာ ဘယ်လိုပဲ အနားယူပြီလို့ ပြောဆိုနေပါစေ... ကျွန်တော်တို့ အတွေ့အကြုံအရတော့ နာမည်အသစ်တွေ ၊​ ပုံစံတွေအတွက်နဲ့ ပြန်ထွက်လာပြီး ထောင်နှုတ်ခမ်းဝကို ပြန်လျှောက်ကြစမြဲပါပဲ။

မှတ်ချက်။ အခု ထုတ်ပြန်ချက်ကို Lapsus$ ရဲ့ Website တွင် ထုတ်ပြန်ထားသော်လည်း အဲဒီWebsite သည် Lapsus$ အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိသေးရဲ့လား ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပါ။ 😅

ကျွန်တော်တို့အနေဖြင့် ယခင်က ပြောကြားထားသည့်အတိုင်း မကြာမီး မျိုးဆက်သစ်လူငယ်များရဲ့ အကူအညီဖြင့် Breach Report ကို Industry အကျိုးရှိစေဖို့အတွက် အဆင်သင့်ဖြစ်ရင် ထုတ်ပြန်ပါမည်။

📣 - Attackers target technology vulnerabilities but not county. If you’re vulnerable, bad guys come attack and compromis...
16/07/2026

📣 - Attackers target technology vulnerabilities but not county. If you’re vulnerable, bad guys come attack and compromise your tech stack!

📣OP-Irrawaddy အတွက် ပါဝင်ခွင့်ရရှိသူများ စာရင်းကို လာမည့်အပတ်အတွင်း အကြောင်းကြားပေးသွားပါမည်။ အမည်စာရင်း ပေးသွင်းသူ အရေအ...
05/07/2026

📣OP-Irrawaddy အတွက် ပါဝင်ခွင့်ရရှိသူများ စာရင်းကို လာမည့်အပတ်အတွင်း အကြောင်းကြားပေးသွားပါမည်။ အမည်စာရင်း ပေးသွင်းသူ အရေအတွက်မှာ မျှော်မှန်းထားသည်ထက် များပြားလွန်းသည့်အတွက် မျှတမှုရှိစေရန်နှင့် အချိုးအစား ညီမျှစေရန် အသေအချာ စိစစ်ပြီး အကောင်းဆုံး ရွေးချယ်နေသောကြောင့် လိုအပ်သည်ထက် အချိန်ကြာသွားခြင်းဖြစ်ပါသည်။​

ရွေးချယ်ခြင်း မခံရပါကလည်း မိမိအရည်အချင်းကြောင့် မဟုတ်ပါကြောင်း အားလုံးကို သိစေချင်ပါသည်။ ကျွန်မတို့အနေဖြင့် လျှောက်လွှာ (Form) ထဲတွင် ဖြေဆိုထားသည့် အရေးအသားများကို သေချာစွာ ဖတ်ရှုစိစစ်သည့်အပြင် အရည်အချင်း၊ ကျား/မ (Gender) နှင့် ကျောင်းသား/ Fresh Graduate/ Professional စသည့် အလွှာစုံ အချိုးအစား ညီမျှစေရန် အဓိကထား ရွေးချယ်ရခြင်းကြောင့် ဖြစ်ပါသည်။

ဇူလိုင်လ ၁၂ ရက်၊ ည ၁၂ နာရီ နောက်ဆုံးထာပြီး အရွေးခံရသူများထံသို့ အီးမေးလ်ဖြင့် ဆက်သွယ်ပေးသွားပါမည်။ အကယ်၍ ထိုအချိန်အထိ အီးမေးလ်တစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိပါက ယခုအကြိမ်တွင် ရွေးချယ်ခြင်း မခံရဟု မှတ်ယူနိုင်ပါသည်။

စိတ်ပါဝင်စားလျှောက်ကျသည့်အတွက် အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

🚨 Calling cybersecurity volunteers for research paper against recent AYA Bank BreachThis is public interest research ini...
25/06/2026

🚨 Calling cybersecurity volunteers for research paper against recent AYA Bank Breach

This is public interest research initiative to document the breach: who did it, how they operate, and what it means for Myanmar's financial sector. Our goal is to produce open research paper using publicly available intelligence, so the community, policymakers, and financial institutions can learn from this.

📌 What we're looking for:
• Threat intelligence researchers
• OSINT analysts
• Cybersecurity professionals or students

📌 Ground rules:
• OSINT only - no accessing stolen data
• Public interest, non-commercial output

This is volunteer work. No pay! 🙏🙏🙏

Pls PM us if you’d to join the team but pls note that we will only contact you after one week. Thanks.

🛡️ ဆိုက်ဘာလောကထဲကို ဝင်ရောက်ဖို့အတွက် Hacker ဖြစ်ဖို့ လို/မလို ?ဆိုက်ဘာလုံခြုံရေး (Cybersecurity) နယ်ပယ်ထဲကို ခြေလှမ်းစခ...
23/05/2026

🛡️ ဆိုက်ဘာလောကထဲကို ဝင်ရောက်ဖို့အတွက် Hacker ဖြစ်ဖို့ လို/မလို ?

ဆိုက်ဘာလုံခြုံရေး (Cybersecurity) နယ်ပယ်ထဲကို ခြေလှမ်းစချင်ပေမယ့် အလုပ်အကိုင်ဈေးကွက် အခြေအနေနဲ့ ဘယ်ကနေ စရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ လူငယ်တွေအတွက် ကျွန်တော့်/ကျွန်မတို့ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို အခြေခံပြီး အကြံပြုချက်အချို့ မျှဝေပေးချင်ပါတယ်။

ဆိုက်ဘာလုံခြုံရေးလောကအကြောင်း ပြောမယ်ဆိုရင် သူ့မှာ နယ်ပယ်ခွဲတွေ အများကြီးရှိတယ်ဆိုတာကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။ တစ်နည်းပြောရရင် ဆိုက်ဘာလုံခြုံရေး လောကထဲမှာ မတူကွဲပြားတဲ့ အလုပ်အကိုင်နဲ့ ရာထူးတွေ အများကြီး ရှိနေတာပါ။

ဒီအထဲကမှ အမေးအများဆုံး မေးခွန်းတစ်ခုကတော့ "SOC Analyst အလုပ်ဟာ ဆိုက်ဘာလုံခြုံရေးရဲ့ ပထမဆုံး အလုပ်အကိုင်ကောင်းတစ်ခု ဖြစ်နိုင်မလား" ဆိုတာပါပဲ။

အဖွဲ့အစည်းတစ်ခု (Organization / Company) မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဘေးအန္တရာယ် ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ အမြဲမပြတ် စောင့်ကြည့်ဖို့အတွက် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းလည်ပတ်မှုစင်တာ (Security Operations Center - SOC) ကို တည်ဆောက်ကြရပါတယ်။

အဲဒီလို တည်ဆောက်တဲ့အခါ အဆင့်အမျိုးမျိုး နဲ့ ရာထူးအဆင့်ဆင့်မှာ လုပ်ကိုင်မယ့် ဝန်ထမ်းတွေ လိုအပ်ပါတယ်။

အဲဒီ SOC ထဲမှာမှ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အလုပ်ကတော့ SOC Analyst ပါပဲ။ သူတောင်မှပဲ SOC Analyst Level 1၊ Level 2၊ Level 3 ဆိုပြီး Tier တွေ ထပ်ခွဲပါသေးတယ်။

အတွေ့အကြုံအရ SOC Analyst အလုပ်ဟာ "အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ပထမဆုံး ဆိုက်ဘာလုံခြုံရေးအလုပ်" လို့တောင် ပြောချင်ပါတယ်။
ကျွန်မတို့ ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကနေ ဖြတ်သန်းခဲ့ဖူးသလို၊ နှစ်ပေါင်းများစွာအတွင်းမှာလည်း SOC Analyst တွေကို အများကြီး ခန့်အပ်ခဲ့ပြီး စီမံခန့်ခွဲခဲ့ဖူးလို့ ဒီစကားကို ရဲရဲဝံ့ဝံ့ ရပ်တည်ပြောရဲတာပါ။

ဆိုက်ဘာနယ်ပယ်ထဲ စဝင်ကာစမှာ မိမိရဲ့ ဝါသနာက ဘယ်အရာလဲဆိုတာ အသေအချာ မသိသေးတဲ့သူတွေ ရှိတတ်ပါတယ်။ (ဥပမာ- Pe*******on Testing ဘက် ဇောက်ချသွားမလား၊ Vulnerability Assessments လုပ်မလား၊ ဒါမှမဟုတ် Incident Response ပဲ လုပ်မလား မသေချာသေးတဲ့သူတွေ) အတွက် SOC ထဲမှာ လုပ်ရတာဟာ အဲဒီကဏ္ဍအသီးသီးကို လုံလောက်တဲ့ ထိတွေ့ခွင့်နဲ့ လေ့လာခွင့် (Exposure) တွေ ပေးစွမ်းနိုင်ပါတယ်။

SOC ထဲမှာ အလုပ်လုပ်ရင်းနဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုစောင့်ကြည့်ရမလဲ၊ တိုက်ခိုက်လာရင် ဘယ်လိုတုံ့ပြန်မလဲ (Incident Response)၊ ပြီးတော့ တကယ့်တိုက်ခိုက်မှုအစစ် (True Attack) နဲ့ မှားယွင်းသတင်းပို့မှု (False Attack) တွေကို ဘယ်လို ခွဲခြားဆန်းစစ်မလဲဆိုတာတွေကို လက်တွေ့ မြင်ရ၊ လုပ်ရပါလိမ့်မယ်။

အဖွဲ့အစည်းတစ်ခုလုံးမှာ ရှိတဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုး (Process) တွေ၊ ရှုပ်ထွေးလှတဲ့ စနစ်တွေ (Systems)၊ Applications တွေနဲ့ Network Design တွေကိုပါ အသေးစိတ် လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဆိုက်ဘာနယ်ပယ်မှာ Strategy (မဟာဗျူဟာ) တို့၊ Governance (စီမံခန့်ခွဲမှု) တို့လို ကဏ္ဍတွေလည်း ရှိပါသေးတယ်။ အချို့ကလည်း အစကတည်းက အဲဒီဘက်ကို တိုက်ရိုက် ဝင်လာကြတာမျိုး ရှိပါတယ်။

သို့ပေမယ့် နည်းပညာပိုင်းဆိုင်ရာ အောက်ခြေသေမကျေခဲ့ရင် (မခိုင်မာခဲ့ရင်)၊ နောက်ပိုင်း အရေးကြုံလို့ "မိုးထဲရေထဲ" ကျလာတဲ့အခါ အဲဒီလူဟာ တကယ်တတ်တာလား၊ ဟန်ပြပဲလား (ငါးလား၊ ဖားလား) ဆိုတာ တန်းပြီး သိသာသွားတတ်ပါတယ်။ အခြေခံခိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။

တိုတိုနဲ့ လိုရင်းပြောရရင် ဆိုက်ဘာလုံခြုံရေးလောကဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ အကယ်၍ နည်းပညာနောက်ခံ (Tech Background) သိပ်မရှိသေးလို့ဖြစ်စေ၊ လမ်းကြောင်းမပြတ်သားသေးလို့ဖြစ်စေ တွေဝေနေရင် SOC Analyst အလုပ်ဟာ အကောင်းဆုံး - Entry Job ပဲ ဖြစ်ပါတယ်။

(ဒီလိုပြောလို့ SOC Analyst ကိုပဲ ရွေးဖို့ ပြောတာမဟုတ်ဘူးဆိုတာလဲ​ သိစေချင်ပါသေးတယ်။​)

ဒီနေရာမှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် လက်တွေ့ ရုန်းကန်လုပ်ကိုင်ပြီးတဲ့အခါ ဘယ်လမ်းကြောင်းကို အထူးပြု (Specialize) လိုက်ရမလဲဆိုတာ လမ်းစပွင့်သွားပါလိမ့်မယ်။

ဆိုက်ဘာလောကထဲကို ဝင်ရောက်ဖို့အတွက် Hacker ဖြစ်နေစရာမလိုပါဘူး။

အကြီးကြီးတွေ တွေးပြီး ကြောက်မနေပါနဲ့။ SOC Analyst လိုမျိုး အခြေခံကျပြီး အတွေ့အကြုံ စုံစုံလင်လင် ရနိုင်တဲ့ အလုပ်အကိုင်နေရာတွေကနေ ရဲရဲဝံ့ဝံ့ အနာဂတ်ကို စကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ။



10/05/2026

အေး အဲဒါ ငါတို့ ဒီဇိုင်းပဲ 🤣🤣🤣

👉 လက်တို့ပြီးတော့ ပြောရဦးမယ်။ကိုယ့်လူတွေ ရေလိုက်လွဲမှာဆိုးလို့ ပြောတာပါ။ ကျွန်တော် ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ အခုအတိုင်...
21/04/2026

👉 လက်တို့ပြီးတော့ ပြောရဦးမယ်။

ကိုယ့်လူတွေ ရေလိုက်လွဲမှာဆိုးလို့ ပြောတာပါ။

ကျွန်တော် ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ အခုအတိုင်းအတာ တစ်ခုထိ ဖြတ်သန်းဖူးပါပြီ။​

အဲဒီကာလ တလျောက်လုံးမှာ ဘုတ်အဖွဲ့တွေကို အကြံပေးတယ်၊ CIO / CTO / CISO တော်တော်များနဲ့ အလုပ်တွဲလုပ်ဖူးတယ်။​

ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကိုင်တွယ်ခဲ့သလို ကိုယ်တိုင်လည်း CISO အဖြစ် ဦးဆောင်ခဲ့ဖူးပါတယ် ...

အဲဒီကာတစ်လျောက်လုံးမှာ ... မနှစ်မြို့တာလေး တစ်ခုတော့ ရှိတယ်။​

- Technical အရမ်းဆန်လွန်းတယ်
- Business Language နဲ့ နည်းလည်အောင် ပြောပေးပါလား

စတဲ့ စတဲ့ ကိတ်စ တွေပေါ့ဗျာ ....

CISO တစ်ယောက်ဟာ ဘုတ်အဖွဲ့တွေ ၊​ လူကြီးတွေနားလည်အောင် ပြောဆိုဆက်သွယ်ဖို့ လိုအပ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

ဒါပေမဲ့ .... ဆိုက်ဘာလုံခြုံရေး ပြဿနာတွေဟာ အခြေခံအားဖြင့် နည်းပညာရပ်ဆိုင်ရာတွေ ဖြစ်တယ်။

နည်းပညာဆိုင်ရာ အခြေခံမရှိရင် ဘယ်လို သူတို့ကို နားလည်အောင် ပြောမလဲ။​

အရာအားလုံးကို ရိုးရှင်းအောင် လိုက်ညှိနေရင် အမှန်တရားတွေ ပျောက်ဆုံးသွားတတ်ပါတယ်။

တကယ့် Risk ရဲ့ Impact ကို လျှော့ပေါ့ပြောသလို ဖြစ်သွားပြီး ဘုတ်အဖွဲ့ဟာ အရှိတရားကို မသိတော့ဘဲ အဆင်ပြေအောင် ပြုပြင်ထားတဲ့ စကားတွေကိုပဲ ကြားရပါတော့တယ်။

ဒါဟာ CISO တစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ဘူး ...

တခါတလေကျရင် ဘုတ်အဖွဲ့ နားလည်လွယ်တဲ့ ဘာသာစကား (ဒါမှမဟုတ်) ဘာသာပြန်ရမယ့် ဝန်ထုပ်ဝန်ပိုးကို CISO အပေါ်မှာပဲ ပုံမချသင့်ဘူး။

ဘုတ်အဖွဲ့ဝင်တွေနဲ့ အမှုဆောင်အရာရှိတွေ အပါအဝ်င် ဆိုက်ဘာနဲ့ ပတ်က်တိ့ Risk ကို အဓိပ္ပာယ်ရှိရှိ နားလည်ဖို့ တာဝန်ရှိပါတယ်။

တကယ့် ဆိုက်ဘာ တိုက်ခိုက်ခံရတဲ့ အချိန်မျိုးမှာ Slide တွေက အရေးမကြီးတော့ပါဘူး။

နည်းပညာပိုင်းဆိုင်ရာ နက်နက်နဲနဲ သိနားလည်မှုကမှ တကယ့်အဆုံးအဖြတ် ဖြစ်လာတာပါ။

CISO တစ်ယောက်ရဲ့ တာဝန်ဟာ ဘာသာပြန်ပေးဖို့သက်သက် မဟုတ်ပါဘူး။

Business (အဖွဲ့အစည်း) ကို ကာကွယ်ဖို့ပဲ။​

တစ်ခါတလေမှာ ရိုးရှင်းအောင် ပြောလို့မရတဲ့ နည်းပညာဆိုင်ရာ အမှန်တရားတွေကို တည့်တည့်ပြောဖို့ လိုတယ်။

နားထောင်လို့ကောင်းအောင်ပဲ လိုက်ပြောနေတဲ့ CISO ဟာ အဖွဲ့အစည်းကို ကာကွယ်နေတာမဟုတ်ဘဲ နားထောင်ကောင်းတဲ့ ပုံပြင်ပြောနေတာပဲ ဖြစ်နေလိမ့်မယ်။

ပုံပြင်ပြောရုံနဲ့တော့ Cyber Risk တွေကို မတားဆီးနိုင်ဘူး။

CISO နဲ့ ဘုတ်အဖွဲ့ဝင်တွေဟန်ချက်ညီနေမှ ရတာပါ။

နည်းပညာပိုင်း ကျွမ်းကျင်ပိုင်နိုင်မှု အမြဲရှိနေဖို့ လိုပါတယ်။

ဘုတ်အဖွဲ့တွေလဲ မသိရင် လေ့လာဖို့ လိုပါတယ်။​

Simplify your language တို့ ၊ Business Language နဲ့ ပြောပါလို့ မလိုအပ်ရင် အမြဲတမ်း မလုပ်ဖို့လိုတယ် ...

နိုင်ငံတကာမှာ ဘုတ်အဖွဲ့ဝင်တွေ ဆိုက်ဘာလုံခြုံရေး အသိမရှိတာဟာ ဥပဒေကြောင်းအရပါ ပြသာနာရှိပါတယ်​ ...

Breaking - NIST ရဲ့ ထုတ်ပြန်ချက်အရ NVD (National Vulnerability Database) မှာ တင်လာသမျှ CVE အရေအတွက်ဟာ မကြုံစဖူး သိသိသာသာ...
19/04/2026

Breaking - NIST ရဲ့ ထုတ်ပြန်ချက်အရ NVD (National Vulnerability Database) မှာ တင်လာသမျှ CVE အရေအတွက်ဟာ မကြုံစဖူး သိသိသာသာ မြင့်တက်လာတဲ့အတွက် ဦးစားပေး မဟုတ်တဲ့ (Non-priority) Vulnerability တွေကို Serverity Rating ပေးတာ ခေတ္တရပ်နားထားမယ်လို့ သိရပါတယ်။

CVE အရေအတွက်ဟာ ၂၀၀% ကျော်အထိ မြင့်တက်လာတာကြောင့် Backlog တွေ တောင်ပုံရာပုံ ဖြစ်နေတယ်လို့လဲ​ ဆိုထားပါသေးတယ်။​

AI ကြောင့် Vulnerability တွေ ရှာရတာ အရင်ထက်ကစာရင် လွယ်လာတာလဲ​ပါလိမ့်မယ်။​

ဒါတောင် Claude ရဲ့ Mythos တရားဝင် ထွက်လာရင် ဒီထက် အဆ ၁၀၀ ဆိုးသွားမယ်ထင်တယ်။​



အသာလုပ်ပါ ၊ မဟုတ်သေးပါဘူး 😅
09/04/2026

အသာလုပ်ပါ ၊ မဟုတ်သေးပါဘူး 😅

🛡️ OWASP မှ LLM (Large Language Model)၊ Generative AI နှင့် Agentic AI တို့၏ Lifecycle တစ်ခုလုံးဖြစ်သော Develop, Build န...
05/04/2026

🛡️ OWASP မှ LLM (Large Language Model)၊ Generative AI နှင့် Agentic AI တို့၏ Lifecycle တစ်ခုလုံးဖြစ်သော Develop, Build နှင့် Govern အဆင့်များတွင် ရှိသင့်သည့် Security လိုအပ်ချက်များကိုလေ့လာဆန်းစစ်ကာ ၊​ လက်ရှိဈေးကွက်အတွင်းရှိ Commercial Tools များနှင့် Open Source Solution များကို Lifecycle အဆင့်အလိုက် အမျိုးအစားခွဲခြား ပြသထားပါသည်။

DevOps နှင့် SecOps ပညာရှင်များအတွက် များပြားလှသော AI Security Solutions များအကြား မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရန် အထောက်အကူပြုမည့် Document တစ်ခုပဲ ဖြစ်ပါတယ်။​

Comment တွင်ပေးထားသော Link မှတစ်ဆင့် Original File ကို Download ရယူ လေ့လာနိုင်ပါသည်။



ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cyber Burmaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์