HAPPY Online TV Channel+

HAPPY Online TV Channel+ HAPPY နဲ့အတူ ပျော်ရွှင်သောလူမှု့ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်လိုက်ပါ။

24/01/2026

🔸 ဒီနှစ်အတွက် "နေတိုးနဲမြင့်မြတ်" ကောင်းတယ်ဆိုတာ သံသယဝင်စရာကို မရှိဘူး...






#၂၀၂၅အကယ်ဒမီ
#ညီနန္ဒ

24/01/2026

🔸 အတ္တမပါတဲ့ ဦးဆင်မရဲ့သရုပ်ဆောင်ချက်တွေကြောင့် ဆန်ကာတင်လေးကွက်ထဲပါလာမှာသေချာတယ်






#၂၀၂၅အကယ်ဒမီ
#အေးမြတ်သူ

23/01/2026

🔸 စည်ပင်ဝန်ထမ်းတွေကိုကိုယ်စားပြုတဲ့ မြေစာနဲ့ ကိုမြင့်မြတ်ကို အကယ်ဒမီရစေချင်တယ်






#၂၀၂၅အကယ်ဒမီ
#အေးမြတ်သူ

23/01/2026

🔸 ကိုမြင့်မြတ်ကို ကျောင်းဆရာကာရိုက်တာထက် စည်ပင်ဝန်ထမ်းကာရိုက်တာနဲ့ အကယ်ဒမီ ရစေချင်တယ်

မြေဇာကို ကိုမြင့်မြတ်နဲ့ရိုက်ရမယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ဘာမှမတွေးဘဲ လက်ခံလိုက်တာ။ ကိုမြင့်မြတ်နဲ့က အရင်က ဇာတ်ကားတွေမှာပဲဆုံတာ အခုနောက်ပိုင်း မဆုံတာကြာပြီ။ ကိုယ်ကတော့ ပန်းမြိုင်လယ်မှဥယျာဉ်မှူးထက် မြေဇာနဲ့ ပိုပြီး အကယ်ဒမီရစေချင်တယ်။

အကယ်ဒမီအေးမြတ်သူရဲ့ (၂၀၂၅)အကယ်ဒမီရင်ခုန်သံ Episode (2)




#အကယ်ဒမီအေးမြတ်သူ



22/01/2026

🔸 (၂၀၂၅)အကယ်ဒမီက ရွေးချယ်ရခက်လောက်တဲ့အထိ ပွဲကြပ်တယ်




#အကယ်ဒမီအေးမြတ်သူ



21/01/2026

🔸 မိဘတွေကို အကယ်ဒမီပေးပွဲထဲ ခေါ်မသွားချင်တဲ့ အေးမြတ်သူရဲ့ခံစားချက်

ယင်းမာ ကာရိုက်တာက အကယ်ဒမီ ရမှာလား မရဘူးလားဆိုတာကို ကိုယ်တိုင်တောင် သေချာမသိတဲ့အချိန်မှာ ကိုယ့် မိဘတွေကို အကယ်ဒမီပေးပွဲကို ခေါ်မသွားချင်ဘူး။ ရခဲ့ရင် ပျော်ရမယ် မရခဲ့ရင် ကိုယ်ပဲခံစားမယ် ကိုယ့်မိဘတွေကို မခံစားစေချင်ဘူး။မိဘတွေကိုခေါ်သွားပြီးမှ မရခဲ့ဘူးဆိုရင် သူတို့ ဝမ်းနည်းရမှာကို မလိုချင်ခဲ့ဘူး။ဒါပေမယ့် အကယ်ဒမီရသွားတဲ့အချိန်မှာ ပွဲကနေ ဘယ်ကိုမှ မဝင်ပဲ အိမ်ကိုတန်းပြန်ပြီး မိဘတွေကို အကယ်ဒမီရုပ်ထုကြီးပေးပြီး ထိုင်ကန်တော့ခဲ့တာ………………

အကယ်ဒမီအေးမြတ်သူလို့ ဖြစ်လာစေခဲ့တဲ့ ယင်းမာ ကာရိုက်တာလေးအကြောင်း အမှတ်တရကို HAPPY ACADEMY TALK SHOW အစီအစဉ်ရဲ့ Episode (1) အဖြစ် တင်ဆက်ပြသပေးလိုက်ပါတယ်။ လာမယ့် Episode (2) မှာလည်း ဒီနှစ်အတွက် ဆန်ကာတင်ပါဝင်ထားတဲ့ဇာတ်ကားတွေအပေါ် ရင်ခုန်သံတွေအကြောင်းပြောထားဖြစ်လို့ ဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ………

HAPPY ACADEMY TALK SHOW အစီအစဉ်အား Grand Cherry Oo နှင့် Golden Valley မှ Exclusively Sponsored အဖြစ်ပါဝင်ကူညီပေးထားပါသည်။




#အကယ်ဒမီအေးမြတ်သူ

(1)

21/01/2026

🔸 ဘွဲ့မရခဲ့တဲ့ ကိုယ့်အတွက် အကယ်ဒမီရုပ်ထုက ဘွဲ့တံဆိပ်ဖြစ်ခဲ့တယ်

အကယ်ဒမီအေးမြတ်သူရဲ့ (၂၀၂၅)အကယ်ဒမီရင်ခုန်သံ Episode (1) ကို Happy Online TV Channel + မှာ ည (၈) နာရီတိတိတွင် စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီ။





#အေးမြတ်သူ


#အကယ်ဒမီရင်ခုန်သံ

20/01/2026

🔸 အောင်ဇမ္ဗူကြောင့် ပရိသတ်တွေ သိလာပါတယ်ဆိုတဲ့ ကွမ်းသီးနဲ့ရွှေမိုး

အစ်ကို့ကြောင့် ကျွန်တော်တို့ကို လူသိလာတာပါ၊ အစ်ကိုသာ ကျွန်တော်တို့ကို လက်တွဲမခေါ်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲ ဟာသတွေ လုပ်တတ်ပါစေ လူသိမှာ မဟုတ်ပါဘူး၊ အစ်ကို က နေရာလေးတစ်ခုပေးလို့သာ ကျွန်တော်တို့ကို လူသိလာတာပါ။

ဇာတ်မင်းသား ၊ သရုပ်ဆောင် - အောင်ဇမ္ဗူ
လူရွှင်တော် - ကွမ်းသီး ၊ ရွှေမိုး




#အောင်ဇမ္ဗူ #ကွမ်းသီး #ရွှေမိုး

20/01/2026

🔸 ထွန်းအိန္ဒြာဗိုလ်ရဲ့ နှုတ်ခမ်းထော်ပြီး ပြောတဲ့ ပုံစံအိုက်တင်လေး လုပ်ခဲ့တယ်

ကိုယ့်စိတ်ကြိုက် ကာရိုက်တာတစ်ခု သရုပ်ဆောင်ပြဆိုလို့ အန်တီ ထွန်းအိန္ဒြာဗိုလ်ရဲ့ နှုတ်ခမ်းထော်ပြီး စကားပြောတဲ့ ကာရိုက်တာပုံစံကို ကိုယ်ပိုင်ပုံစံလေးနဲ့ပေါင်းပြီး လုပ်ပြခဲ့တယ်။ နှုတ်ခမ်း‌ထော်ပြီး သရုပ်ဆောင်တဲ့ အိုက်တင်နဲ့ပတ်သက်ပြီး ဒိုင်တွေကို ရယ်မောစေနိုင်မယ်လို့ ထင်ပါတယ်။

ရွှေကြိုပြိုင်ပွဲဝင် - မေသက်ခင်




#မေသက်ခင်

20/01/2026

🔸 ရွှေကြိုမဖြစ်ခဲ့ရင် ကိုယ့်ကို Vote ပေးခဲ့တဲ့လူတွေကို အရမ်းအားနာမိမယ်

Voting စနစ်နဲ့ သွားတာကလည်း ကောင်းပါတယ်၊ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ၆၀ % Voting က ၄၀% လို့ ကြားမိတယ်၊ ကျွန်တော့်ရဲ့ Voting အမှတ်က နည်းမယ်လို့ မထင်ဘူး၊ ဘာလို့ဆို မိဘတွေ၊ ဆွေမျိုးတွေ သူငယ်ချင်းတွေက ဝိုင်းပြီး ပေးထားကြတော့၊ ရွှေကြိုမဖြစ်ဘဲ ပြုတ်သွားခဲ့ရင် ကိုယ့်ကို Vote ပေးခဲ့တဲ့ လူတွေကို အားနာမိမှာပါ။

ရွှေကြိုပြိုင်ပွဲဝင် - ကြယ်စင်လင်းထူး




#ကြယ်စင်လင်းထူး

19/01/2026

🔸 အကယ်ဒမီအတွက် ရေပန်းစားနေတဲ့အနုပညာရှင်တချို့ရဲ့ အကယ်ဒမီရင်ခုန်သံတွေကို တင်ဆက်ပေးသွားမယ့် Happy Academy Talk Show……

🔸 (2025) တစ်နှစ်ပတ်လုံး ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း (၇၂)ကားထဲမှ နောက်ဆုံး ဆန်ကာတင်အဆင့်ကိုရောက်ရှိလာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား(၂၂)ကားရှိပါတယ်။ အဆိုပါ (၂၂)ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တချို့နဲ့ တွေ့ဆုံပြီး Happy Academy Talk Show အစီအစဉ်ကို Happy Online Tv Channel + ပရိသတ်များအတွက် ရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Happy Academy Talk Show အစီအစဉ်မှာ အကယ်ဒမီအတွက်ရေပန်းစားနေတဲ့ ဘယ်အနုပညာရှင်တွေက သူတို့ရဲ့ အကယ်ဒမီရင်ခုန်သံတွေကို ဖြေကြားပေးထားလည်းဆိုတာကို အစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ MC အောင်ပြည့်ဖြိုး ၊ ဇင်မိုးနဲ့ ကောင်းလင်းတို့က မကြာခင် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ရင်ခုန်စိတ်ဝင်စားဖို့ကောင်းတဲ့ Happy Academy Talk Show အစီအစဉ်ကို Happy Online Tv Channel + page ၊ YouTube နဲ့ TikTok တွေမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့နဲ့နော်………..







#အကယ်ဒမီရင်ခုန်သံ

19/01/2026

🔸 ယွန်းမြတ်သူရော ကျွန်မ‌ရောက လင်ချစ်ခင်တွေပါလို့ ပြောတဲ့ "ကေကေမိုး"

ယွန်းမြတ်သူနဲ့ ကျွန်မနဲ့က ကိုယ့်ဖန်တွေကိုပဲ ယူဖြစ်ခဲ့တာ၊ ယွန်းမြတ်သူ က ကျွန်မထက် အိမ်ထောင်သက်မှာ ပိုပြီး စီနီယာကျတယ်၊ ညီမလေးက လင်ချစ်ခင်၊ ကျွန်မရောပဲ ညီအစ်မတွေဆိုတော့ စိတ်တူကိုယ်တူပဲ။

အဆိုတော် ၊ သရုပ်ဆောင် - ကေကေမိုး




#ကေကေမိုး

ที่อยู่

78/6 Muban Si Phet Soi 30, Nong Khang Phlu, Nong Khaem, Bangkok 10160
Bangkok
10160

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ HAPPY Online TV Channel+ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์