YELL BAW - ရဲဘော်

YELL BAW - ရဲဘော် ရဲဘော်မှ ရဲဘော်များသို့ ထောက်ပံ့ကူညီ။
(291)

23/09/2026

ကမ်ပိန်းပို့စ်လေးပျံ့နှံ့သွားအောင် React, Comment, Share လေးတွေနဲ့ ပါဝင်ပေးကြရအောင်လားခင်ဗျာ‼️

ရဲဘော်တွေတော့ မရှိ ရှိတဲ့ ဆိုင်ကယ်စုတ်လေးနဲ့ ရိက္ခာအထုပ်အပိုးတွေကို သယ်ယူရွှေ့ပြောင်းနေတာပဲဖြစ်ပါတယ်။ကားမရှိ‌သေးတော့လည်း ခရီးမတွင်ကျယ်ဘဲ ကြန့်ကြာမှုတွေနဲ့ရင်ဆိုင်ရတာပေါ့ခင်ဗျာ။

စိတ်ရော၊လူရောပင်ပန်းရတဲ့အခြေနေပါပဲ။ဒီခြေနေမှာအရေးပေါ် ကားတစီးသာရှိထားရင် သယ်ယူပို့ဆောင်ရေးအတွက်သာမက ရဲဘော်တွေရဲ့စိတ်ဓာတ်ခွန်အားကိုပါ မြှင့်တင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း မဖြစ်မနေလိုအပ်နေတဲ့ ကားတစီးရရှိသွားအောင် ဝိုင်းဝန်းကူညီပေးကြရအောင်ခင်ဗျာ။တော်လှန်ပြည်သူတဦးတယောက်ချင်းစီရဲ့ လက်တကမ်း အားတွေနဲ့သာဆို ပြည့်သွားမှာမို့ ပါဝင်လက်ကမ်းပေးကြပါအုံးခင်ဗျာ။

ပြည်တွင်း၊ပြည်ပ paymentမျိုးစုံနဲ့ မြန်မာငွေ(၁၀,၀၀၀)ကျပ်မှစ၍ ပါဝင်ပေးနိုင်ပါတယ်ခင်ဗျ။

ပွမ်❗ ပွမ်❗ မြည်တဲ့ကားကလေး🛻
🎯တားဂတ်-သိန်း(၁,၀၀၀)
🔸ရရှိသည့်ပမာဏ-၁၈%
🔸ကျန်နေသည့်ပမာဏ-၈၂%

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကားကမ်ပိန်း
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း

ကမ်ပိန်း updateလေး လာတင်ပြတာ ရဲဘော်တို့ရေ🫡လက်ရှိထိသိန်း(၁၇၀)/၁၇%ရရှိထားပြီး ကားတစီးလက်ဝယ်ရရှိဖို့ ၈၃%ကျန်နေပါသေးတယ်ဗျို့...
21/09/2026

ကမ်ပိန်း updateလေး လာတင်ပြတာ ရဲဘော်တို့ရေ🫡

လက်ရှိထိသိန်း(၁၇၀)/၁၇%ရရှိထားပြီး ကားတစီးလက်ဝယ်ရရှိဖို့ ၈၃%ကျန်နေပါသေးတယ်ဗျို့။ကမ်ပိန်းမပြီးဆုံးခင် တားဂတ်လေးပြည့်သွားချင်တာမို့ ပြည်တွင်းသာမက ပြည်ပမှပါဝင်ပေးမယ့်အားတွေလည်း လိုအပ်နေပါတယ်ခင်ဗျာ။

ကားတစီးဘာကြောင့်လိုအပ်နေသလဲဆိုတာကို စာအရှည်ကြီးတွေရေးမပြတော့ပါဘူး။ပုံကိုသာ ကြည့်ပါ။တတ်အားသ၍ပါဝင်ပေးပါ။မျှဝေပေးပါ။တဦးတယောက်ချင်းစီရဲ့ လက်တကမ်းအားတွေကို ကျနော်တို့တန်ဖိုးထား လေးစားလျက်ပါ။

ပွမ်❗ပွမ်❗ မြည်တဲ့ကားကလေး🛻
🎯တားဂတ်-သိန်း(၁,၀၀၀)
🔸ရရှိသည့်ပမာဏ-၁၇%
🔸လိုအပ်သည့်ပမာဏ-၈၃%

၁၀,၀၀၀ကျပ်မှစ တတ်အားသ၍ ပါ‌ဝင်အားဖြည့်ပေးနိုင်ပါသည်။Reactပေး, Commentမန့်, Shareပေးခြင်းဖြင့်လည်း ဝိုင်းကူ တွန်းပေးနိုင်ပါသည်ခင်ဗျာ။❤️✊

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း
#ကားကမ်ပိန်း

20/09/2026

"ပွမ် ပွမ် မြည်တဲ့ကားကလေး"

ဒီနေ့အတွက် RCSအား၊ငွေအား၊ အဆင်ပြေရာအားတို့နဲ့ ပါဝင်ပေးလို့ရမယ့် ကမ်ပိန်းပို့စ်လေးပါ။မန့်ပေး၊shareပေးကြပါအုံးနော်❤️

ကမ်ပိန်းတားဂတ်သိန်း(၁,၀၀၀)ပါခင်ဗျာ။YB အနေနဲ့သိန်းတစ်ထောင်လုံးမရှာနိုင်ပါဘူး။ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်းအနေနဲ့လည်း သိန်းတစ်ထောင်လုံးမရှာနိုင်ပါဘူးခင်ဗျာ။

ဆီဖြစ်စေမယ့် နှမ်းစေ့တိုင်းကသာပါဝင်မယ်ဆိုရင်တော့ သိန်းတစ်ထောင်ဆိုတာ တရက်နဲ့တောင်ပြည့်မယ်ဆိုပြည့်လို့ရပါတယ်။ဒါကြောင့် တတ်စွမ်းသမျှအားအင်တွေနဲ့ နှမ်းစေ့လေးတွေအဖြစ် ပါဝင်ပေးကြပါအုံးခင်ဗျာ။✊

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း
#ကားကမ်ပိန်း

"ပွမ် ပွမ် မြည်တဲ့ကားကလေး"🛻အရေးပေါ်ကားတစီးသာရှိထားရင် ရှေ့တန်းအတွက် ခဲယမ်း၊ရိက္ခာ၊‌ဆေးဝါးတွေကို အချိန်မီပို့ဆောင်နိုင်မှ...
19/09/2026

"ပွမ် ပွမ် မြည်တဲ့ကားကလေး"🛻

အရေးပေါ်ကားတစီးသာရှိထားရင် ရှေ့တန်းအတွက် ခဲယမ်း၊ရိက္ခာ၊‌ဆေးဝါးတွေကို အချိန်မီပို့ဆောင်နိုင်မှာဖြစ်လို့ မြေပြင်တိုက်ပွဲတွေလည်း အောင်မြင်‌စွာဆင်နွှဲနိုင်မှာ။

ဆေးကုသမှုလိုအပ်တဲ့ရဲဘော်တွေအတွက် အသက်ကယ်ယာဉ်တစီးလည်း ဖြစ်စေတာမို့ တချက်ခု၊တ်နှစ်ချက်ပြ၊တ် အရေးပါအရာရောက်သောပါပဲခင်ဗျာ။

ဒါကြောင့် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း မှာ မဖြစ်မနေလိုအပ်နေတဲ့ ကားတစီး၊တနည်းအားဖြင့် အသက်ကယ်ယာဉ်တစီးရဖို့ ပါဝင်ပေးကြပါစို့ဗျာ။

update အနေနဲ့ (15%) ရရှိထားပြီး (85%)လိုပါသေးတယ်။
မြန်မာငွေ၁၀,၀၀၀ကျပ်မှစ တတ်အားသ၍ပါဝင်ပေးနိုင်မှာဖြစ်ပြီး ငွေအားမပါဝင်ဖြစ်သေးရင်လည်း Reactပေး Comment မန့်ပြီး ပို့စ်လေးကို Shareသွားနိုင်ပါတယ်ခင်ဗျာ။ အားလုံးရဲ့ စုပေါင်းအားတွေပဲလိုအပ်ပါတယ် 💪❤️

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကားကမ်ပိန်း
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း

ဟယ်လို ပုံလေးမြင်ရရင် အဆင်ပြေရာ ၊မန့်ချင်တာ တခုခုမန့်ပေး၊shareပေးကြပါဦးနော်❤️ပုံကတော့ မိုးတွင်းကာလ ရဲဘော်တွေရင်ဆိုင်ကြုံ...
17/09/2026

ဟယ်လို ပုံလေးမြင်ရရင် အဆင်ပြေရာ ၊မန့်ချင်တာ တခုခုမန့်ပေး၊shareပေးကြပါဦးနော်❤️

ပုံကတော့ မိုးတွင်းကာလ ရဲဘော်တွေရင်ဆိုင်ကြုံတွေ့ရတဲ့လမ်းပန်းဆက်သွယ်ရေးအခြေနေပါ။ဒီလမ်းဒီခရီးနဲ့ ရဲဘော်တွေမှာ ကားမရှိနေတာနဲ့ ဒုက္ခတော့ အများသားပေါ့။ဒါကြောင့် ကားလေးတစီးရအောင် အားလုံးရဲ့စု‌ပေါင်းအားတွေနဲ့သာဆိုဖြစ်နိုင်တာမို့ ကူပေးချင်ပါတယ်။

မိတ်ဆွေတို့ကRCSလေးကူလိုက်တယ်ဆိုရင် ‌ပို့စ်လေးReachရောက်သွားပြီး ငွေအားကူနိုင်မယ့်သူတွေဆီလည်းပို့စ်ရောက်သွားမှာပါ။

ဒါဆိုရင်တယောက်တလက်ဝိုင်းဝန်းဖေးမမှုနဲ့ ကားတစီးရရှိဖို့အထောက်အကူဖြစ်စေမှာပါခင်ဗျာ။အတူတူကြိုးစားပေးကြရအောင်ဗျာ✊❤️

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း
#ကားကမ်ပိန်း

အချိန်မီဆေးကုသမှုမရရှိလိုက်တဲ့အတွက်ကြောင့် ရဲဘော်ရဲဘက်ကို ဆုံးရှုံးလိုက်ရတဲ့ အခိုက်အတန့်တွေတောင် ရှိခဲ့ဖူးကြပါတယ်💔ရဲဘော်...
16/09/2026

အချိန်မီဆေးကုသမှုမရရှိလိုက်တဲ့အတွက်ကြောင့် ရဲဘော်ရဲဘက်ကို ဆုံးရှုံးလိုက်ရတဲ့ အခိုက်အတန့်တွေတောင် ရှိခဲ့ဖူးကြပါတယ်💔

ရဲဘော်တွေအတွက် နာကျင်စရာ၊မမေ့နိုင်စရာအဖြစ်အပျက် တွေပါ။ဒါကြောင့် ကားတစီးဟာ ဘယ်လောက်ထိအရေး‌ပါနေသလဲဆိုတာ သိကြမှာပါခင်ဗျာ။

ကားတစီးရရှိဖို့ မြန်မာငွေ ၁၀,၀၀၀ကျပ်သာ လိုအပ်ပါတယ်။၁၀,၀၀၀အထက်ပါဝင်ပေးရင်လည်း လိုအပ်ချက်တွေမြန်မြန်ပြည့်နိုင်မှာမို့ အဆင်ပြေသလိုပါဝင်ပေးသွားပါခင်ဗျ။ငွေအားမပါဝင်ဖြစ်သေးလည်း RCSအားတို့နဲ့ အားဖြည့်နိုင်ကြောင်းပါခင်ဗျာ။❤️✊

Photo -တော်လှန်ကောမစ်

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကားကမ်ပိန်း
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း

15/09/2026

ရှေ့တန်းအတွက် အရေးပေါ် ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးတွေ အချိန်မီ ပို့ဆောင်နိုင်ဖို့နဲ့ ဒဏ်ရာရ ရဲဘော်တွေကို အချိန်မီ ဆေးကုသပေးနိုင်ဖို့ "ပွမ်ပွမ် မြည်တဲ့ကားကလေး" ကမ်ပိန်ကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ ပါဝင်အားဖြည့်‌ ထောက်ပံ့ချင်သူတွေအနေနဲ့ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း ( https://www.facebook.com/share/1DTp1twMkP ) ကို တိုက်ရိုက်ဆက်သွယ်ထောက်ပံ့နိုင်ပါတယ်။

•"ပွမ် ပွမ် မြည်တဲ့ကားကလေး " Live အစီအစဉ် •မနက်ဖြန်ည (၇)နာရီနော် ကိုယ့်လူတို့ရေ...ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း...
14/09/2026

•"ပွမ် ပွမ် မြည်တဲ့ကားကလေး " Live အစီအစဉ် •

မနက်ဖြန်ည (၇)နာရီနော် ကိုယ့်လူတို့ရေ...

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း မှ ရဲဘော်များနှင့် ရဲဘော်ကိုသရဲကြီးတို့ ဆွေးနွေးတင်ဆက်သွားမယ့် အကြောင်းအရာတွေကို Liveမှာ လာရောက်ကြည့်ရှူပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်းပေ့ခ်ျ/ Yell Baw /ဖော်ပြပါမီဒီယာများမှတဆင့်လည်း Liveကို တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းအတွက်လည်း ဆက်လက်၍အားဖြည့်ပေးကြရအောင်နော်။ရော်ဘဲတို့ဆီမှာ ပါဝင်အားဖြည့်ပေးသူ (၈၆)ဦးရှိထားပါပြီ။နောက်ထပ်ပါဝင်‌ပေးမယ့်အားအင်တွေ လိုအပ်နေပါသေးတယ်ခင်ဗျာ။ဆက်ရွေ့ ၊ဆက်တွန်း ကြမယ်ဗျာ❤✊

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကားကမ်ပိန်း
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း

ကိုယ့်လူတို့ရေ ဒီနေ့အတွက်RCSလေးကူပေးသွားပါအုံး။ကမ်ပိန်းက ရှေ့၂ရက်က လုံးဝအိပ်နေပြီး ဒီနေ့မှာတော့ နှစ်သောင်း ဝင်ထားပါတယ်ခင...
13/09/2026

ကိုယ့်လူတို့ရေ ဒီနေ့အတွက်RCSလေးကူပေးသွားပါအုံး။

ကမ်ပိန်းက ရှေ့၂ရက်က လုံးဝအိပ်နေပြီး ဒီနေ့မှာတော့ နှစ်သောင်း ဝင်ထားပါတယ်ခင်ဗျာ။၁၀,၀၀၀မှစ ကူနိုင်ပါတယ်။

ပမာဏအများကြီးမဟုတ်‌ပေမယ့်လည်း ၁၀,၀၀၀/၂၀,၀၀၀တွေ စုပေါင်းလိုက်ရင် လိုအပ်တဲ့ပမာဏတခု ဖြစ်လာမှာ အသေချာပါပဲ။ပါဝင်မှုသာ အဓိကပါ💪ပါဝင်ပေးကြမယ်လေနော်။

ကမ်ပိန်းငွေ စာရင်းအသေးစိတ်ကိုလည်း ကွန်မန့်မှာကြည့်နိုင်ပါတယ်။❤️✊

#ပွမ်ပွမ်မြည်တဲ့ကားကလေး
#ကားကမ်ပိန်း
#ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ရင်း

မြိုလိုက်စို့လိုက်တာဆိုတာလည်း ဝေသာလီ ဘီလူးမကြီးအလား
12/09/2026

မြိုလိုက်စို့လိုက်တာဆိုတာလည်း

ဝေသာလီ ဘီလူးမကြီးအလား

ที่อยู่

Bangkok

เบอร์โทรศัพท์

+9619110199

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ YELL BAW - ရဲဘော် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง YELL BAW - ရဲဘော်:

ทางลัด

แชร์