20/05/2026
" တော်လှန်ရေးက Remote လုပ်လို့ မရဖူးလား "
ခုအောက်က Setup လေးက တူတူ Research လုပ်ဖြစ်နေတဲ့ ရဲဘော်ရဲ့ pi 5 RAM 16 Gb ဒရုန်းက ကင်မရာ မြင်ကွင်းပါ။
တကယ်ကရှိသမျှ ဒရုန်းအကုန် အင်တာနက်ချိတ်ထားရင် အင်တာနယ်ကနေ လှမ်းဝင်ပြီး Config ပြင်တာတွေ လိုအပ်တဲ့ Module တွေ Script deploy တာတွေ လုပ်လို့ရပါတယ်။
ပြောချင်တာ တဖက်က Drone setup မှာ ပစ္စည်းစုံ Module စုံရှိတယ်ဆိုရင် ကိုယ်လိုချင်တဲ့ Module နဲ့ Flight mission ကို AI အကူအညီနဲ့လည်း Develop / Deploy ရော လုပ်လို့ရနေပါပြီ။
( နည်းပညာ sense နည်းနည်း ရှိဖို့တော့ လိုတာပေါ့)
ခေတ်က တကယ် စောက်ပေါခေတ်မဟုတ်တော့ပါဖူး။ အမေရိကန်အစိုးရကိုယ်တိုင် Anthropic Claude ရဲ့ Frontier Model တွေကို စစ်ရေး ၊ စီးပွားရေး၊ အစ သုတေသန၊ စိုက်ပျိုးရေး မွေးမြူရေး sector စုံအထိကို ထည့်လာကြပါပြီ။ Cyber Security ဘက်မှာလည်း အသုံးပိုချလို့ ရပါတယ်။
ဟုတ်ပါတယ် ကျနော်တို့ တလရမှာ လူတွေ ဆုံးရှုံးနေရတယ်။ Resource တွေဆုံးရှုံးနေရတာ အသိသာကြီးပါ။
ကျနော်တို့ အတွက် AI ကို အင်အားအဖြစ် အသုံးချနိုင်ရင် Weaponization ဘက်မှာ အင်အားတော်တော် ဖြစ်လာမှာပါ။
ခုချိန် စစ်ရေးအတွက်ရော Software Development IOT / ML အဲ့လို အရာတွေအတွက် အကောင်းဆုံး ကတော့ Anthropic Claude ရဲ့ Opus 4.6 ပါပဲ။
တလရထဲက ရဲဘော် နဲ့ စစ်ဘက် ဆိုင်ရာ အချို့လည်း အသုံးချနေကြမယ်လို့ မျှော်လင့်မိပါတယ်။
(တော်လှန်ရေး အင်အားစုအတွက် ပို Awareness ရစေချင်တဲ့ သဘောနဲ့ မျှဝေလိုက်ခြင်းဖြစ်ပါသည်။)