မယ်တော်ဆေးခန်း

မယ်တော်ဆေးခန်း Health as Human Right

ကျန်ရစ်/ပျောက်ဆုံးပစ္စည်း တွေ့ရှိကြောင်း အကြောင်းကြားခြင်း…မယ်တော်ဆေးခန်းတွင် ဖော်ပြပါ - ကျန်းမာရေးအာမခံကတ် (ပကန်ဆန်ခွန်...
16/09/2026

ကျန်ရစ်/ပျောက်ဆုံးပစ္စည်း တွေ့ရှိကြောင်း အကြောင်းကြားခြင်း
…

မယ်တော်ဆေးခန်းတွင် ဖော်ပြပါ - ကျန်းမာရေးအာမခံကတ် (ပကန်ဆန်ခွန်း) တကဒ်ကို တွေ့ရှိ(ကောက်ရ)၍ လာရောက် အပ်နှံထားပါတယ်။

👉 တွေ့ရှိနေရာကတော့ - မယ်တော်ဆေးခန်းဝန်းအတွင်း

👉 လာရောက်ယူဆောင်ရန်ဌာန - မယ်တော်ဆေးခန်း၊ လူမှုဆက်ဆံရေးဌာန (PR Department) (သို့မဟုတ်) လုံခြုံရေးဌာန (ဂိတ်ဝ)

ထိုင်းဖုန်းနံပါတ် - 084-491-5854 ကို ဆက်သွယ်ပြီး မှန်ကန်ကြောင်း အထောက်အထားတခုခု ပြသ၍ လာရောက် ယူဆောင်နိုင်ပါတယ်။

…
အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

🩸 B, AB, O  သွေး အမျိုးအစားများ အရေးပေါ် လိုအပ်နေပါတယ်။............................................................စက်တင...
07/09/2026

🩸 B, AB, O သွေး အမျိုးအစားများ အရေးပေါ် လိုအပ်နေပါတယ်။
............................................................
စက်တင်ဘာ ၇ ရက်နေ့။ ၂၀၂၆။............................................................

မယ်တော်ဆေးခန်းမှာ လက်ရှိ လူနာများအတွက် အရေးပေါ်အသုံးပြုရန် အောက်ပါသွေးအမျိုးအစား လိုအပ်နေပါတယ်။

🩸 သွေးအမျိုးအစား - B, AB, O

🕰️ သွေးလှူဒါန်းနိုင်ချိန် - နံနက် (၈နာရီခွဲ) မှ နေ့လယ် (၃နာရီ)

🩸သွေးအလှူရှင်များအနေနဲ့ မယ်တော်ဆေးခန်းရဲ့ သွေးလှူဌာန (VCT)
ထိုင်းဖုန်းနံပါတ် - 0929617781 ကို တိုက်ရိုက်ဆက်သွယ်လာရောက် သွေးလှူဒါန်းနိုင်ပါတယ်။

🩸အခြားရက်များမှာ လာရောက်သွေးလှူဒါန်းလိုပါက သွေးလှူဌာန (VCT)နဲ့ တိုက်ရိုက်ဆက်သွယ်ချိတ်ဆက်ပြီး လာရောက်လှူဒါန်းနိုင်ပါတယ်။

🩸အဖွဲ့လိုက် (၁၀)ဦးနဲ့အထက် အဖွဲ့လိုက် သွေးလှူဒါန်းလိုပါက အဖွဲ့လိုက်သွေးလှူဒါန်းမှုအစီအစဥ်ကို ၁ပတ်လျင် (၁)ရက်၊ တစ်လလျှင် (၄ကြိမ်) ကားအကြိုအပို့၊ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
(သွေးလှူဌာနဖုန်းကို ကြိုတင်ချိတ်ဆက် အကြောင်းကြားပေးပါရန်)
..
⚠️ မှတ်ချက်။
✅ အသက် (၁၈)နှစ်နှင့်အထက်သာ သွေးလှူဒါန်းနိုင်ပါတယ်။
✅ ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၀၀ (၄၅ကီလို) ပြည့်မီရပါမယ်။
..
အားလုံးကျန်းမာပါစေ။
မယ်တော်ဆေးခန်း

မယ်တော်ဆေးခန်း၊ ရေရှည်ရပ်တည်ရေးအတွက် ကူညီထောက်ပံ့နိုင်ရန် -  “မယ်တော်ဆေးခန်း - ရန်ပုံငွေစင်တာ”မှာ အလှူငွေလှူဒါန်းပြီး အေ...
02/09/2026

မယ်တော်ဆေးခန်း၊ ရေရှည်ရပ်တည်ရေးအတွက် ကူညီထောက်ပံ့နိုင်ရန် - “မယ်တော်ဆေးခန်း - ရန်ပုံငွေစင်တာ”မှာ အလှူငွေလှူဒါန်းပြီး အောက်ဖော်ပြပါ လက်ဆောင်များကို ရယူပါ။
..

"လက်ဆောင်လည်းယူ - လက်တွဲကူ" အစီအစဥ်

🍀အလှူငွေ ၃၀ ဘတ် > မယ်တော်ဆေးခန်း စျေးဝယ်အိတ် (၁ အိတ်)
🍀အလှူငွေ ၁၅၀ ဘတ် > မယ်တော်ဆေးခန်း ပိုက်ဆံအိတ် (၁ အိတ်)
🍀အလှူငွေ ၂၈၀ ဘတ် > မယ်တော်ဆေးခန်း လွယ်အိတ် (၁ အိတ်)
🍀အလှူငွေ ၂၈၀ ဘတ် > မယ်တော်ဆေးခန်း တီရှပ် (၁ ထည်)
🍀အလှူငွေ ၃၀ဝ ဘတ် > မယ်တော်ဆေးခန်း UVထီး (၁ လက်)
🍀အလှူငွေ ၃၅၀ ဘတ် > မယ်တော်ဆေးခန်း ပိုလိုရှပ် (၁ ထည်)
🍀 အလှူငွေ ၃၅ဝ ဘတ် > မယ်တော်ဆေးခန်း ရေဗူး (ရေပူ/ရေအေး) (၁ ဗူး)
🍀အလှူငွေ ၈၀၀ ဘတ် > မယ်တော်ဆေးခန်း History Book (၁အုပ်)
..

ဖော်ပြပါ အလှူငွေနှင့် ရန်ပုံငွေလက်ဆောင်ပစ္စည်းများရဲ့ ၁၀၀% ဟာ မယ်တော်ဆေးခန်းမှာ ကျန်းမာရေးအရ လာရောက်ကုသမှုခံယူလျက်ရှိ နယ်စပ်ဒေသရောက်ရှိ ပြည်သူများနဲ့ ထိခိုက်ဒဏ်ရာရလူနာများရဲ့အထွေထွေကျန်းမာရေးအသုံးစရိတ်အဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

…

👉🏻 လှူဒါန်းလိုပါက - မယ်တော်ဆေးခန်းရဲ့ ၀င်ပေါက်ဝမှာရှိတဲ့ “ရန်ပုံငွေစင်တာ”မှာ လာရောက်လှူဒါန်းနိုင်ပါတယ်။

👉🏻 မယ်တော်ဆေးခန်း မက်ဆင်ဂျာမှတဆင့်လည်း ဆက်သွယ် လှူဒါန်း/မှာယူနိုင်ပါတယ်။

📞ဖုန်းဖြင့် ဆက်သွယ် လှူဒါန်းလိုပါက (ထိုင်းဖုန်းနံပါတ်) - 09 8685 7284 ကို ဆက်သွယ်၍ မှာယူနိုင်ပါတယ်။

📦 Delivery ဖြင့် လက်ဆောင်ပစ္စည်း ပေးပို့ခြင်းကို (ထိုင်းနိုင်ငံအတွင်း) EMS (Thailand) ပစ္စည်းပို့ဆောင်ရေးမှ တဆင့်ပေးပို့ရမှာဖြစ်တာမို့ သတ်မှတ် ပို့ခ ထပ်ဆောင်းပေးရပါမယ်ရှင်။

📍ချင်းမိုင်မှာ ဖွင့်လှစ်ထားတဲ့ Ochityar (ချင်းမိုင်) မှာလည်း မယ်တော်ဆေးခန်းအတွက် လှူဒါန်းရင်း လက်ဆောင်များ ရယူနိုင်ပါတယ်။

***အလှူငွေကောက်ခံပေးမယ့်သူမရှိတာမို့ COD ဖြင့် မှာယူလို့ မရနိုင်ပါ**
(တပတ်ကို တကြိမ် (သောကြာနေ့)မှာ Delivery 🚚 အပ်ပေးပါမယ်နော်)

…

အားလုံးကျန်းမာကြပါစေ
မယ်တော်ဆေးခန်း

🩸 B, AB, O  သွေး အမျိုးအစားများ အရေးပေါ် လိုအပ်နေပါတယ်။............................................................သြဂုတ...
31/08/2026

🩸 B, AB, O သွေး အမျိုးအစားများ အရေးပေါ် လိုအပ်နေပါတယ်။............................................................
သြဂုတ်လ ၃၁ ရက်နေ့။ ၂၀၂၆။............................................................

မယ်တော်ဆေးခန်းမှာ လက်ရှိ လူနာများအတွက် အရေးပေါ်အသုံးပြုရန် အောက်ပါသွေးအမျိုးအစား လိုအပ်နေပါတယ်။

🩸 သွေးအမျိုးအစား - B, AB, O

🕰️ သွေးလှူဒါန်းနိုင်ချိန် - နံနက် (၈နာရီခွဲ) မှ နေ့လယ် (၃နာရီ)

🩸သွေးအလှူရှင်များအနေနဲ့ မယ်တော်ဆေးခန်းရဲ့ သွေးလှူဌာန (VCT)
ထိုင်းဖုန်းနံပါတ် - 0929617781 ကို တိုက်ရိုက်ဆက်သွယ်လာရောက် သွေးလှူဒါန်းနိုင်ပါတယ်။

🩸အခြားရက်များမှာ လာရောက်သွေးလှူဒါန်းလိုပါက သွေးလှူဌာန (VCT)နဲ့ တိုက်ရိုက်ဆက်သွယ်ချိတ်ဆက်ပြီး လာရောက်လှူဒါန်းနိုင်ပါတယ်။

🩸အဖွဲ့လိုက် (၁၀)ဦးနဲ့အထက် အဖွဲ့လိုက် သွေးလှူဒါန်းလိုပါက အဖွဲ့လိုက်သွေးလှူဒါန်းမှုအစီအစဥ်ကို ၁ပတ်လျင် (၁)ရက်၊ တစ်လလျှင် (၄ကြိမ်) ကားအကြိုအပို့၊ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
(သွေးလှူဌာနဖုန်းကို ကြိုတင်ချိတ်ဆက် အကြောင်းကြားပေးပါရန်)..

⚠️ မှတ်ချက်။
✅ အသက် (၁၈)နှစ်နှင့်အထက်သာ သွေးလှူဒါန်းနိုင်ပါတယ်။
✅ ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၀၀ (၄၅ကီလို) ပြည့်မီရပါမယ်။..

အားလုံးကျန်းမာပါစေ။
မယ်တော်ဆေးခန်း

“အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို မယ်တော်ဆေးခန်း က ပထမဆုံးအကြိမ် ပြည်ပအဖွဲ့အစည်းတစ်ခုအနေနဲ့  ဆွတ်ခူး...
23/08/2026

“အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို မယ်တော်ဆေးခန်း က ပထမဆုံးအကြိမ် ပြည်ပအဖွဲ့အစည်းတစ်ခုအနေနဲ့ ဆွတ်ခူးရရှိခြင်း”

…………………

အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ဆိုတာ နိုင်ငံတကာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပါဝင်ကူညီခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြင့်ပေးတဲ့ ငြိမ်းချမ်းရေးဆုဖြစ်ပြီး ၂နှစ်မှာ (၁)ကြိမ်သာ ဆုတစ်ဆုပဲ​ ပေးအပ်ပါတယ်။

အိုကီနာဝါ ငြိမ်းချမ်းရေးဆုဟာ ယခင်က ဂျပန်အခြေစိုက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များကိုသာ အဓိက ရွေးချယ်ဆုပေးအပ်လေ့ရှိပြီး ယခုနှစ် (၁၃)ကြိမ်မြောက် ဆုပေးပွဲမှာတော့ ပြည်ပအခြေစိုက် အဖွဲ့အစည်းတစ်ခုအနေနဲ့ “မယ်တော်ဆေးခန်း”က ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်ဒေသရောက်ရှိ မိဘပြည်သူများ၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးကြောင့်ရွေ့ပြောင်းလာရသူများ၊ ရွှေ့ပြောင်းကျောင်းများမှာ တက်ရောက်ပညာသင်ကြားနေသော ကလေးများ၊ အမျိုးသမီးများကျန်းမာရေး၊ ကျန်းမာရေးသင်တန်းများနှင့် ကာကွယ်စောင့်ရှောက်ရေး စတဲ့ လုပ်ငန်းစဥ်များကို စဥ်ဆက်မပြတ် လုပ်ဆောင်ပေးနေတဲ့ နယ်စပ်ကျန်းမာရေးဆေးပေးခန်းတစ်ခုဖြစ်ပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်းမှာ မယ်တော်ဆေးခန်းဟာ လုပ်ဆောင်လျက်ရှိတဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ အခြားလိုအပ်သော ကျန်းမာရေးဌာနများကို တိုးချဲ့ ဆောင်ရွက်ခြင်းများနဲ့အတူ နေ့စဥ်ကုသမှုပိုင်းဆိုင်ရာများကို ကျန်းမာရေးဌာနများအားလုံးက မယိမ်းမယိုင် ဆက်လက်ထိန်းသိမ်း၊ ကြိုးစားဆောင်ရွက်နေပါတယ်။

အိုကီနာဝါ ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ နာဟာမြို့ (Naha City) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

…

အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

“မယ်တော်ဆေးခန်းရဲ့ အပ်စိုက်ကုသရေးဌာန အကြောင်းသိကောင်းစရာ”မယ်တော်ဆေးခန်းရဲ့ “အပ်စိုက်ကုသရေးဌာန”ကို ၂၀၀၉ခုနှစ်မှာ ဂျာမန်ဆရ...
21/08/2026

“မယ်တော်ဆေးခန်းရဲ့ အပ်စိုက်ကုသရေးဌာန အကြောင်းသိကောင်းစရာ”

မယ်တော်ဆေးခန်းရဲ့ “အပ်စိုက်ကုသရေးဌာန”ကို ၂၀၀၉ခုနှစ်မှာ ဂျာမန်ဆရာဝန်ကြီး ဒေါက်တာ ယူလီ (Uli) က စတင်တည်ထောင်၊ ကုသ၊ ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က စပြီး တောင်ကိုရီးယားနိုင်ငံက ဒေါက်တာ ပါ့ခ် (Park) က စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ယခုအချိန်အထိ တာဝန်ထမ်းဆောင်ရင်း အခမဲ့ကုသပေးလျက်ရှိပါတယ်။

အပ်စိုက်ကုသခြင်းဟာ ခန္ဓာကိုယ်ရဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အပ်သေးသေးလေးတွေ ထိုးပြီး ကုသတာမျိုးဖြစ်ပါတယ်။ အနောက်နိုင်ငံများအထိပါ လူသိများပြီး နိုင်ငံပေါင်း၁၀၀ကျော်မှာလည်း အပ်စိုက်ကုသခြင်းကုထုံးကို အသုံးပြုလျက်ရှိပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ.. အပ်စိုက်ကုသမှုဟာ အောက်ပါကျန်းမာရေးအခြေအနေများကို သက်သာစေဖို့ အများကြီးအထောက်အကူပြုပါတယ်။

✅ ခါးကိုက်/ခါးနာ
✅ ဒူးကိုက်/ဒူးနာ
✅ လည်ပင်းနာခြင်း
✅ အရိုးအဆစ်ရောင်ရမ်းခြင်း
✅ ခြေ/လက်ထုံကျင်ခြင်း
✅ ခေါင်းတခြမ်းကိုက်ခြင်းများကို သက်သာစေပါတယ်။

ဒါ့အပြင် ခြေ/လက်/ဦးခေါင်း ထိခိုက်ဒဏ်ရာရသူများရဲ့ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကို အများကြီးအထောက်ကူပြုပါသေးတယ်။
🍀

နောက်ထပ်ကုသခြင်းတမျိုးကတော့ မော့ဆာဘတ်ရှင်း (moxibustion) လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ သတ်မှတ်ထားတဲ့နေရာတွေအနီးမှာ ဆေးဖက်ဝင်အပင်များ/အမှုန့်များကို အပူပေးပြီးကုသတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 🍀

ဒီကုထုံးကိုတော့ မူးယစ်ဆေးနဲ့အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများဖြစ်တဲ့ ခြေ/လက်များ တုန်ခြင်း၊ ခန္ဓာကိုယ်တွင်းဖြစ်စဥ်များနဲ့ အိပ်မရခြင်း စတာတွေကို ပြန်လည်သက်သာစေဖို့အတွက် နည်းလမ်းတခုအနေနဲ့ကုသပေးပါတယ်။

…

အခုလ (သြဂုတ်လ) ၁၀ရက်နေ့မှာတော့ အပ်စိုက်ကုသခြင်းနေ့ (Acupuncture Day) ကို မယ်တော်ဆေးခန်းရဲ့ ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ Pusan National University က ဒေါက်တာ Yuna Oh က မူယစ်နဲ့အရက်စွဲလမ်းမှုကို ကူညီပေးနိုင်မယ့် လက်တွေ့အသုံးချနည်းလမ်းများကို မျှဝေပေးခဲ့ပါတယ်။ Korea Institute of Oriental Medicine က ဒေါက်တာ Myeongsoo Lee ကလည်း အွန်လိုင်းကနေ ပါဝင်ခဲ့ပြီး WHO အနေနဲ့ တိုင်းရင်းဆေးပညာကို ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေနဲ့ ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့အကြောင်းတွေကို မျှဝေပေးခဲ့ပါတယ်။

…

အထက်မှာ ရေးသားထားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပက်သက်ပြီး မိဘပြည်သူများအနေနဲ့ ပြသ/ကုသလိုပါက -

၁။ အရင်ဆုံး မယ်တော်ဆေးခန်းရဲ့ အထွေထွေကျန်းမာရေးဌာနမှာ မိမိရဲ့ ကျန်းမာရေးအခြေအနေကို ပြသစစ်ဆေးပါ။

၂။ အဲဒီနောက်.. အပ်စိုက်ကုသဌာနမှာ ကုသ/ပြသလို့ ရ/မရ ကို ဆရာ/ဆရာမများနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လာရောက်ပါ။

…

အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

သြဂုတ်လ (၄)ရက်နေ့က "ကမ္ဘာ့မိခင်နို့ရည်တိုက်ကျွေးရေး ရက်သတ္တပတ်” အထိမ်းအမှတ်အဖြစ် မိခင်နို့ရည်တိုက်ကျွေးခြင်းဆိုင်ရာ အသိပ...
13/08/2026

သြဂုတ်လ (၄)ရက်နေ့က "ကမ္ဘာ့မိခင်နို့ရည်တိုက်ကျွေးရေး ရက်သတ္တပတ်” အထိမ်းအမှတ်အဖြစ် မိခင်နို့ရည်တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မယ်တော်ဆေးခန်းရဲ့ သွေးလှူဌာနအရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ မိခင်နို့ရည်ရဲ့ အကျိုးကျေးဇူးများ၊ ကလေးငယ်များအတွက် သင့်လျော်တဲ့ အာဟာရကျွေးမွေးမှုနဲ့ အာဟာရမလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်များအကြောင်းကို ဆရာ/ဆရာမများက အသိပေးဟောပြောခဲ့ကြပြီး မွေးခွန်းနဲ့ အမေးအဖြေအစီအစဥ်များကိုလည်း ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါတယ်။

…

မမဗိုက်များနဲ့ ကလေးမိခင်အသစ်စက်စက်များအနေနဲ့ ကလေးမွေးပြီးတဲ့နောက် မိခင်နို့ရည်တိုက်ကျွေးခြင်းက ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ရောဂါကာကွယ်ပေးနိုင်တဲ့ အရေးကြီးတဲ့ အကာအကွယ်များကို ပေးစွမ်းနိုင်တာပါ။

အခြေအနေအကြောင်းကြောင်းကြောင့် မိခင်နို့ရည်တိုက်ကျွေးဖို့ မလွယ်ကူတော့တဲ့အခါ ကလေးနို့မှုန့်တွေက အစားထိုးရွေးချယ်စရာဖြစ်လာပေမယ့်လည်း မိခင်နို့ရည်မှာ ပါ၀င်တဲ့ သဘာဝအလျှောက်ရောဂါခုခံကာကွယ်နိုင်စွမ်းကိုတော့ နို့မှုန့်များကနေ မရရှိနိုင်ပါဘူးနော်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကလေးမွေးပြီး ပထမ တစ်နာရီအတွင်း မိခင်နို့ရည်ကို စတင်တိုက်ကျွေးနိုင်ပြီး ကလေး ၆လ ကျော်အထိ တိုက်ကျွေးဖို့၊ ၆လကျော်ပြီးမှသာ အခြား သင့်တော်တဲ့ အစားအစာများ၊ ဖြည့်စွက်စာများနဲ့အတူ မိခင်နို့ရည်ပါ ကလေးအသက် (၂)နှစ်အထိ ဆက်လက်တိုက်ကျွေးဖို့ အကြံပြုထားပါတယ်နော်။

မယ်တော်ဆေးခန်းအနေနဲ့လည်း မမဗိုက်များနဲ့ ကလေးမိခင်အသစ်စက်စက်များကို မိခင်နို့ရည်တိုက်ကျွေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်…

မမဗိုက်တို့ရဲ့
ဆရာမ ချောချော

…
အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

မနက်ဖြန် ဗုဒ္ဓဟူးနေ့ (၁၂ရက်နေ့) ဆေးခန်းပိတ်ပါတယ်။ဆေးခန်းရက်ချိန်းရှိသူများအနေနဲ့ ကြာသပတေးနေ့မှာ ပြန်လည် လာရောက်ပြသနိုင်ပ...
11/08/2026

မနက်ဖြန် ဗုဒ္ဓဟူးနေ့ (၁၂ရက်နေ့) ဆေးခန်းပိတ်ပါတယ်။

ဆေးခန်းရက်ချိန်းရှိသူများအနေနဲ့ ကြာသပတေးနေ့မှာ ပြန်လည် လာရောက်ပြသနိုင်ပါတယ်။
..

အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

"မယ်တော်ဆေးခန်း ပိတ်ရက် ကြေညာခြင်း"..

အခုလာမယ့် သြဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ဟာ ထိုင်းနိုင်ငံရဲ့ မိခင်များနေ့ (Her Majesty the Queen Mother’s Birthday) ဖြစ်တဲ့အတွက် မယ်တော်ဆေးခန်း (၁)ရက် ပိတ်ပါတယ်။

ဒါကြောင့်မို့ ဆေးခန်းရက်ချိန်းရှိသူများအနေနဲ့ ၁ရက်ကြိုတင်၍ လာနိုင်သလို ဆေးခန်း ဖွင့်ရက်မှ ပြန်လာပြသနိုင်ပါတယ်။
..

⛔ ၁၂.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့) ~ ဆေးခန်းပိတ်။

🟢 ပိတ်ရက်များမှာ အရေးပေါ်အခြေအနေအရ ဆေးခန်းပြသလိုပါက အရေးပေါ်ကုသရေးဌာန (ECU)မှာ လာရောက်ပြသနိုင်ပါတယ်။

🟢 ကျန်းမာရေးဆိုင်ရာ စုံစမ်းမေးမြန်းလိုပါက မယ်တော်ဆေးခန်း Facebook မက်ဆင်ဂျာသို့ စာရေးသား မေးမြန်းထားနိုင်ပါတယ်။
..
အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

မယ်တော်ဆေးခန်း ရဲ့ ကျန်းမာရေး၀န်ဆောင်မှုများနှင့် အချက်အလက်များကို အောက်ပါ Link များကို နှိပ်၍ ဖတ်ရှုနိုင်ပါတယ်။...✅ မယ်...
11/08/2026

မယ်တော်ဆေးခန်း ရဲ့ ကျန်းမာရေး၀န်ဆောင်မှုများနှင့် အချက်အလက်များကို အောက်ပါ Link များကို နှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
...

✅ မယ်တော်ဆေးခန်း ပိတ်လား၊ ဖွင့်လား သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1YfihxJ7wm/

✅ မယ်တော်ဆေးခန်း လိပ်စာနှင့် Google မြေပုံ သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1JVymsRc4c/

✅ မယ်တော်ဆေးခန်းကတ် ဘယ်လိုပြုလုပ်ရမလဲ​သိချင်ရင် ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/16ji6EvPd3/

🤰🏼ကိုယ်ဝန်ဆောင်သည်များ ပထမဆုံးအကြိမ် ပြသ (ဗိုက်အပ်)လိုပါက ဒီ Link ကို နှိပ်ပါ။
https://www.facebook.com/share/p/16ZiGFZUMH/

👦 ကလေးကာကွယ်ဆေးနှင့်ပက်သက်ပြီး နေ့ရက်များ သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1CQBm12hmS/

👁️ မျက်စိကျန်းမာရေးနဲ့ပက်သက်ပြီး သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/15xJa5v8Bb/

🦷 သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပက်သက်ပြီး သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1ZQUCFRK3G/

🧘 စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်းများအတွက် သိရှိလိုပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1CmVkKy9sG/

🩸 သွေးလှူဒါန်းရန် ဆက်သွယ်လိုပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/19c3jQvQRt/

📞 ဌာနဆိုင်ရာအလိုက် ဖုန်းနံပါတ်များကို သိရှိလိုပါက ဒီ Link ကို နှိပ်ပါ။ 👉🏻 https://www.facebook.com/share/p/1LBeGKGfjr/
.....

⚠️ အခြားသိလိုသည်များရှိပါက မယ်တော်ဆေးခန်း ရဲ့ ချက်ဘောက်စ် (Chat/Messenger)ကတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။
မေးမြန်းမှုများကို Volunteer Team မှ ဖြေကြားပေးတာဖြစ်တဲ့အတွက် အွန်လိုင်းမှ ဆေးကုသခြင်းများ မပြုလုပ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။
..
အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

မယ်တော်ဆေးခန်း ရဲ့ ကျန်းမာရေး၀န်ဆောင်မှုများနှင့် အချက်အလက်များကို အောက်ပါ Link များကို နှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
...

✅ မယ်တော်ဆေးခန်း ပိတ်လား၊ ဖွင့်လား သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1YfihxJ7wm/

✅ မယ်တော်ဆေးခန်း လိပ်စာနှင့် Google မြေပုံ သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1JVymsRc4c/

✅ မယ်တော်ဆေးခန်းကတ် ဘယ်လိုပြုလုပ်ရမလဲ​သိချင်ရင် ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/16ji6EvPd3/

🤰🏼ကိုယ်ဝန်ဆောင်သည်များ ပထမဆုံးအကြိမ် ပြသ (ဗိုက်အပ်)လိုပါက ဒီ Link ကို နှိပ်ပါ။
https://www.facebook.com/share/p/16ZiGFZUMH/

👦 ကလေးကာကွယ်ဆေးနှင့်ပက်သက်ပြီး နေ့ရက်များ သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1CQBm12hmS/

👁️ မျက်စိကျန်းမာရေးနဲ့ပက်သက်ပြီး သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/15xJa5v8Bb/

🦷 သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပက်သက်ပြီး သိချင်ပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1ZQUCFRK3G/

🧘 စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်းများအတွက် သိရှိလိုပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/1CmVkKy9sG/

🩸 သွေးလှူဒါန်းရန် ဆက်သွယ်လိုပါက ဒီ Link ကို နှိပ်ပါ 👉🏻 https://www.facebook.com/share/p/19c3jQvQRt/

📞 ဌာနဆိုင်ရာအလိုက် ဖုန်းနံပါတ်များကို သိရှိလိုပါက ဒီ Link ကို နှိပ်ပါ။ 👉🏻 https://www.facebook.com/share/p/1LBeGKGfjr/
.....

⚠️ အခြားသိလိုသည်များရှိပါက မယ်တော်ဆေးခန်း ရဲ့ ချက်ဘောက်စ် (Chat/Messenger)ကတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။

မေးမြန်းမှုများကို Volunteer Team မှ ဖြေကြားပေးတာဖြစ်တဲ့အတွက် အွန်လိုင်းမှ ဆေးကုသခြင်းများ မပြုလုပ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။
..

အားလုံးကျန်းမာကြပါစေ။
မယ်တော်ဆေးခန်း

မယ်တော်ဆေးခန်းရဲ့ “ရန်ပုံငွေစင်တာ”မှာ အောက်ဖော်ပြပါ လက်ဆောင်ပစ္စည်းများကို ဝယ်ယူအားပေးခြင်းဖြင့် မယ်တော်ဆေးခန်း၊ ရေရှည်ရ...
08/08/2026

မယ်တော်ဆေးခန်းရဲ့ “ရန်ပုံငွေစင်တာ”မှာ အောက်ဖော်ပြပါ လက်ဆောင်ပစ္စည်းများကို ဝယ်ယူအားပေးခြင်းဖြင့် မယ်တော်ဆေးခန်း၊ ရေရှည်ရပ်တည်ရေးအတွက် ကူညီထောက်ပံ့နိုင်ပါပြီ..။

🍀မယ်တော်ဆေးခန်း UVထီး - ၃၀ဝ ဘတ်
🍀မယ်တော်ဆေးခန်း ရေဗူး (ရေပူ/ရေအေး) - ၃၅ဝ ဘတ်
🍀မယ်တော်ဆေးခန်း ပိုလိုရှပ် - ၃၅၀ ဘတ်
🍀မယ်တော်ဆေးခန်း တီရှပ် - ၂၈၀ ဘတ်
🍀မယ်တော်ဆေးခန်း လွယ်အိတ် - ၂၈၀ ဘတ်
🍀မယ်တော်ဆေးခန်း ပိုက်ဆံအိတ် - ၁၅၀ ဘတ်

ဖော်ပြပါ ရန်ပုံငွေလက်ဆောင်ပစ္စည်းများ ရောင်းရငွေ ၁၀၀% ဟာ မယ်တော်ဆေးခန်းမှာ ကျန်းမာရေးအရ လာရောက်ကုသမှုခံယူလျက်ရှိ နယ်စပ်ဒေသရောက်ရှိ ပြည်သူများနဲ့ ထိခိုက်ဒဏ်ရာရလူနာများရဲ့အထွေထွေကျန်းမာရေးအသုံးစရိတ်အဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

…

👉🏻 ဝယ်ယူလိုပါက မယ်တော်ဆေးခန်းရဲ့ ၀င်ပေါက်ဝမှာရှိတဲ့ “ရန်ပုံငွေစင်တာ”မှာ လာရောက်ဝယ်ယူနိုင်ပါတယ်။

👉🏻 မယ်တော်ဆေးခန်း မက်ဆင်ဂျာမှတဆင့်လည်း ဆက်သွယ် မှာယူနိုင်ပါတယ်။

📞ဖုန်းဆက်မှာယူလိုပါက (ထိုင်းဖုန်းနံပါတ်) - 09 8685 7284 ကို ဆက်သွယ်၍ မှာယူနိုင်ပါတယ်။

📦 Delivery ဖြင့် မှာယူလိုပါက (ထိုင်းနိုင်ငံအတွင်း) EMS (Thailand) ပစ္စည်းပို့ဆောင်ရေးမှ တဆင့်ပေးပို့ရမှာဖြစ်တာမို့ သတ်မှတ် ပို့ခ ထပ်ဆောင်းပေးရပါမယ်ရှင်။

***အလှူငွေကောက်ခံပေးမယ့်သူမရှိတာမို့ COD ဖြင့် ဝယ်ယူလို့ မရနိုင်ပါ**
(တပတ်ကို တကြိမ် (သောကြာနေ့)မှာ Delivery 🚚 အပ်ပေးပါမယ်နော်)

…
အားလုံးကျန်းမာကြပါစေ
မယ်တော်ဆေးခန်း

ที่อยู่

702/1 Moo1 Tha Sai Luad
Ban Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ မယ်တော်ဆေးခန်း โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง မယ်တော်ဆေးခန်း:

ทางลัด

แชร์

หมวดหมู่