14/10/2025
◼️မှတ်တမ်းဓာတ်ပုံကဏ္ဍ
ဒီဓာတ်ပုံတွေကတော့ တပ်စိပ်တစ်စိပ်မှာ မနက်ခင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်အချို့ကို မှတ်တမ်းဓာတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။
စစ်တပ်ထဲရောက်လာရင် အရင်ဆုံးသင်ယူရတာက “ကင်း၊ ကျင်း၊ ထမင်း” ဆိုတာပါ။ ရှေ့တန်းဖြစ်စေ၊ နောက်တန်းဖြစ်စေ “ကင်း၊ ကျင်း၊ ထမင်း” ဆိုတဲ့ ဆောင်ပုဒ်အတိုင်းစီမံကွပ်ကဲရပါတယ်။ ပြည်သူကချစ်လို့ မေတ္တာရှိလို့ လာပို့ပေးတာ၊ လာကျွေးတာက တပိုင်း၊ ကိုယ့်တပ်စိပ်ထမင်းစားရဖို့ ကိုယ်တိုင်စီစဥ်ကြရတာဖြစ်ပါတယ်။ အဖွဲ့အစည်းထဲရောက်ရင် အောက်ခြေသိမ်းအလုပ် အကုန်လုပ်ရပါတယ်။ အိမ်မှာ ဘယ်လိုပဲနေခဲ့ရ၊ နေခဲ့ရ၊ တော်လှန်ရေးထဲဝင်လာပြီဆို အရင်ဆုံး ပင်ပန်းဆင်းရဲကိုခံနိုင်ရမယ်၊ ရဲဘော်တစ်ဦးချင်းစီအနေနဲ့ ဒီလိုနိစ္စဓူဝကိစ္စတွေကို စုစည်းညီညွတ်စွာ စီမံနိုင်မှသာ ပြည်သူကို ညီညီညွတ်ညွတ်နဲ့ကာကွယ်ပေးနိုင်တဲ့ စစ်သားကောင်းတွေဖြစ်လာကြမှာဖြစ်ပါတယ်။
ကျွန်တော်တို့ CRA ရဲ့ လက်နက် ခဲယမ်းအင်အားတွေဖြည့်တင်းနိုင်ဖို့အတွက် “လက်တွဲညီညီချောက်မြို့ဆီ” ကမ်ပိန်းလေးမှာ ပါဝင်ကူညီပေးကြပါအုံးခင်ဗျာ။
အခုပဲ မက်ဆင်ဂျာကို အပြေးလေးလာလိုက်ပါ ✊
ကမ်ပိန်းအကြောင်းအသေးစိတ် - https://www.facebook.com/share/p/17Z3pJr9MD/
Target - မြန်မာငွေ သိန်း ၅,၀၀၀
လက်မှတ်တစ်စောင် - မြန်မာငွေ ၅၀,၀၀၀ ကျပ်
#လက်တွဲညီညီချောက်မြို့ဆီ
#သိန်း၅၀၀၀ကမ်ပိန်း
#ချောက်မြို့နယ်