31/05/2025
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အထက်ငှက်ပျောချောင်းအုပ်စု၊ ဖေသာပြင်ကျေးရွာမှ အဖ ဦးလှမောင်သာ ၏ သမီး “မလှတင်ဦး” (လေးတူချင်း အမျိုးသမီးတစ်ဦး) သည် မလေးရှားနိုင်ငံ၌ အဖမ်းခံရပြီးနောက် ထောင်တွင် ဆုံးပါးခဲ့ပါသည်။
၎င်း၏ ခန္ဓာကိုယ်အား ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် Alor Setar ရှိ Hospital Sultanah Bahiyah (HSB) မှ ထုတ်ပေးခဲ့ပြီး၊ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် MBSJ Crematorium, Puchong ၌ မီးသင်္ဂြိုဟ်မည် ဖြစ်ပါသည်။
နာရေးကို မိသားစုဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပူးပေါင်းကူညီပေးကြပါသည်။ အထူးသဖြင့်-----
ACR အဖမ်းဆီးတာဝန်ခံ(အနားယူပြီးသူ)
ဆရာ Ai Lwin ဦးဆောင်းပြီး
🔸 Laitu Chin Community ဥက္ကဌ – ဦးဘိုစံ
🔸 Laitu Chin Unity Organization ဒုဥက္ကဌ
🔸 ဆလိုင်းဒေါင်း
တို့၏ ပါဝင်အားဖြည့်မှုကူညီပေးမှုတွက်လည်း ကျေးဇူးတင်ရှိပါသည်။
🙏 Laitu Chin Unity Organization (LCUO) အနေဖြင့်လည်း ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်။ ထို့အပြင် နောက်နောင်တွင်လည်း နေရာအသီးသီးသို့ရောက်နေကြတဲ့ လေးတူချင်းလူမျိုးများ သာရေး၊နာရေးနှင့် ကျန်းမာရေး စသည့် လူမှုရေး အခက်ခဲပြဿနာများ ရှိလာပါက ငွေကြေးအင်အားဖြင့်သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ဝိုင်းဝိုင်း ကူညီဖြေရှင်းပေးနိုင်စေရန်အတွက် လေးတူချင်း ညီအစ်ကိုမောင်နှမများအားလုံးကို ရောက်ရှိနေတဲ့နေရာကနေ LCUO အဖွဲ့အစည်းတွင် အတူတကွပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါသည်။
🍁 ဘဝတစ်ပါးသို့ ကူးပြောင်းသွားသူ “မလှတင်ဦး” ကောင်းရာဘုံဘဝ ရောက်စေပါစေ။ 🙏🙏🙏
Laitu Chin Unity Organization (LCUO)