23/06/2026
ကျွန်မတို့အားလုံးဟာ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့ “Ideal Self” ဆိုတဲ့ မျက်နှာဖုံးတွေကို နေ့တိုင်း အတင်းအကြပ် စွပ်ထားကြရပါတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ "Real Self" (အရှိတရား) နဲ့ ကွာဟချက်ကြီးမားလာတဲ့အခါ အတွင်းစိတ်ထဲမှာ မွန်းကျပ်မှု၊ စိုးရိမ်သောက (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) တွေပဲ ကျန်ရစ်ခဲ့ကြတယ်။
ဒီစိတ်အကျဉ်းထောင်ကနေလွတ်မြောက်စေတဲ့အချိန်က
စိတ်ပညာအရ ကိုယ့်ရဲ့ အဆိုးဆုံးအမှားကို တစ်ဖက်လူက လုံးဝသိသွားပြီးတဲ့နောက်မှာမှ ကိုယ့်ကို အပြစ်မစီရင်ဘဲ အရှိကိုအရှိအတိုင်း ဆက်ပြီး ချစ်ပေး၊ လက်ခံပေးနေတာကို ကြုံလိုက်ရတဲ့ "အဲဒီစက္ကန့်ပိုင်း" မှာ လူဟာ လွတ်မြောက်သွားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကားတိုင်ပေါ်မှာ ယေရှုခရစ်တော် သက်သေပြခဲ့တာ အဲဒီမေတ္တာမျိုးပါပဲ။
ဒါပေမဲ့ သတိပြုဖို့က ထိုအရှင်က ကျွန်တော်တို့ကို အရှိအတိုင်း လက်ခံချစ်ပေးတယ်ဆိုတာ "အပြစ်တွေကို ဆက်လုပ်နေဖို့ လိုင်စင်ပေးလိုက်တာ မဟုတ်ပါဘူး။"
စစ်မှန်တဲ့ လက်ခံမှု (Accepting) ဆိုတာ အပြုအမူဆိုးတွေကို အလိုလိုက်တာ (Approving) မဟုတ်ဘဲ၊ အမှောင်ထဲကနေ အလင်းထဲကို ထွက်လာပြီး ပိုပြီး ဖြောင့်မတ်သန့်ရှင်းတဲ့ ဘဝသစ်ကို လျှောက်လှမ်းနိုင်ဖို့ လမ်းပြပေးတဲ့ မေတ္တာမျိုး ဖြစ်ပါတယ်။
"Fully Known, Deeply Loved"
(မင်းအကြောင်းကို အကုန်ငါသိတယ်၊ ဒါပေမဲ့... မင်းကို ငါအပြည့်အဝ ချစ်တယ်)