Myanmar Muslim Club Singapore

Myanmar Muslim Club Singapore Myanmar Muslim Club (Singapore) Myanmar Muslim Club (Singapore)
Address: 10 Bukit Batok Crescent # 04-07, Singapore 658079

MMCS ဝါကျွတ်အီးဒ် ညစာစားပွဲ ဖိတ်ကြားစာချစ်ခင်လေးစားရပါသော စင်ကာပူရောက် မြန်မာ မွတ်စလင် ညီအကို မောင်နှမအပေါင်းတို့ ခင်ဗျာ...
24/03/2026

MMCS ဝါကျွတ်အီးဒ် ညစာစားပွဲ ဖိတ်ကြားစာ

ချစ်ခင်လေးစားရပါသော စင်ကာပူရောက် မြန်မာ မွတ်စလင် ညီအကို မောင်နှမအပေါင်းတို့ ခင်ဗျာ

Myanmar Muslim Club (Singapore) – MMCS မှ ဦးစီးကျင်းပမည့် စင်ကာပူရောက် မြန်မာမွတ်စလင်များ၏ စုပေါင်း ဝါကျွတ်အီးဒ် အထိမ်းအမှတ် ညစာစားပွဲ အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

နေ့ရက် – 19 April 2026 (Sunday)
အချိန် – ညနေ 6:30 နာရီမှ စတင်ပါမည်
နေရာ – Istana 3, #03-36/37 Kinex Mall, 11 Tanjong Katong Road, Singapore 437157

စင်ကာပူရောက် မြန်မာ မွတ်စလင် ညီနောင်မောင်နှမများအားလုံး ဤ ဝါကျွတ်အီးဒ် ညစာစားပွဲ အစီအစဉ်သို့ အတူတကွ တက်ရောက်နိုင်ရန်အတွက် ဤသတင်းစကားကို မိမိတတ်အားသမျှ လက်လှမ်းမီသည့်သူများထံသို့ ပြန်လည်မျှဝေ ဖြန့်ချိပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

လက်မှတ်စျေးနှုန်း

လူကြီး – $35
ကလေး (၆ နှစ်မှ ၁၂ နှစ်) – $25
ကလေး (၆ နှစ်အောက်) – လက်မှတ်မလိုပါ

လက်မှတ်များကို Myanmar Muslim Club Singapore page Message Box မှ တဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
Myanmar Muslim Club (Singapore)

🌙 EID AL-FITR CONGREGATIONAL PRAYER 🌙Eid Mubarak to all our brothers and sisters!စင်ကာပူရောက် မြန်မာမွတ်စလင် ညီအစ်ကို မေ...
19/03/2026

🌙 EID AL-FITR CONGREGATIONAL PRAYER 🌙

Eid Mubarak to all our brothers and sisters!

စင်ကာပူရောက် မြန်မာမွတ်စလင် ညီအစ်ကို မောင်နှမ မိသားစုဝင်များအား
ဝါကျွတ် အီးဒ် (Eid-ul-Fitr) စုပေါင်း ဆွလာသ် ဝတ်ပြုရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

📅 Date: Saturday, 21 March 2026
🕘 Time: 9:30 AM (Please arrive earlier)

📍 Venue: Masjid Ba’alwie
No. 2 Lewis Road, Singapore 258590
🚇 Near Stevens MRT (DT10)

👨‍👩‍👧‍👦 Registration Not Required
မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ
အားလုံးလာရောက်ပါဝင်နိုင်ပါသည်။

🍽 After Eid Prayer
MMCS မှ စမိုင်၊ ကောက်ညှင်းပေါင်း၊ ဆနွင်းမကင်း၊ လက်ဖက်ရည်၊ တို့ဖြင့် ဧည့်ခံကျွေးမွေးပါမည်။

📢 Please share this invitation with others who may not yet know.

🤲 Eid al-Fitr အချိန်အခါတွင် ကမ္ဘာတဝန်းရှိ လူသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Myanmar Muslim Club Singapore (MMCS)

Assalamualaikum Wr Wbလမြတ်ရမသာန် ၂၀၂၆ အတွက် မြန်မာ မွတ်စလင် ကလပ် စင်ကာပူ (MMCS) မှ ဦးဆောင်ပြီး ရမသာန် စုပေါင်း အိဖ်သာ အစ...
14/03/2026

Assalamualaikum Wr Wb

လမြတ်ရမသာန် ၂၀၂၆ အတွက် မြန်မာ မွတ်စလင် ကလပ် စင်ကာပူ (MMCS) မှ ဦးဆောင်ပြီး ရမသာန် စုပေါင်း အိဖ်သာ အစီအစဉ် ရှိပါသည်၊ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် & အချိန် - မတ်လ ၁၅ ရက် ၂၀၂၆ (Sunday)၊ ညနေ ၆ နာရီ

နေရာ - 32 Onan Road, Singapore 424484 (Darul Arqam, MCAS - car park)

မေတ္တာဖြင့်
Myanmar Muslim Club (Singapore)

18/02/2026
17/02/2026

မုဖ်သီ ဒေါက်တာ နာဇီရူဒင် မိုဟာ့ဒ် နာဆာရ်က စင်ကာပူတွင် ၁၄၄၇ ဟစ်ဂျရီ ရမ်ဇာန်လ၏ ပထမဆုံးဥပုသ်နေ့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ ကြာသပတေးနေ့တွင် ကျရောက်မည်ဟု ကြေညာခဲ့သည်။

🕌 ထို့ကြောင့် တာရာဝီဟ်ဝတ်ပြုခြင်း၏ ပထမညသည် မနက်ဖြန် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ခိုင်မြဲသောဝတ်ပြုမှု၊ ကျေးဇူးတင်မှု၊ ကျေးဇူးပြုမှုနှင့် အပြန်အလှန်ပေးဆပ်မှုများမှတစ်ဆင့် စိတ်ရင်းမှန်ဖြင့် ဥပုသ်စောင့်ထိန်းနိုင်ရန် ခွန်အားပေးသနားတော်မူပါစေ။

ယခုနှစ် MUIS Imsakiah ပြက္ခဒိန်ကို go.gov.sg/ramadan2026 တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည် 🗓️
_______

17/02/2026


Assalamualaikum Wr Wbစင်ကာပူ၊ မြန်မာ နိုင်ငံ နှင့် ကမ္ဘာတဝန်း လုံးမှ ညီအကို မောင်နှမ အားလုံး အတွက်  ရမသာန် မူဘာရက် ပါလို...
16/02/2026

Assalamualaikum Wr Wb

စင်ကာပူ၊ မြန်မာ နိုင်ငံ နှင့် ကမ္ဘာတဝန်း လုံးမှ ညီအကို မောင်နှမ အားလုံး အတွက်
ရမသာန် မူဘာရက် ပါလို့ မြန်မာ မွတ်စလင် ကလပ် စင်ကာပူ (MMCS) မှ နှုတ်ခွန်းဆက် အမတ္တာပို့သလိုက်ပါသည် 🤲🏽🤲🏽🤲🏽

မေတ္တာဖြင့်
Myanmar Muslim Club (Singapore)

14/02/2026

Myanmar Muslim Club (Singapore) Umrah Trip - Ramadan 2026





13/02/2026

စင်္ကာပူ MUIS (Majlis Ugama Islam Singapura) မှထုတ်ပြန်ထားသော ရမသာန်လ အချိန်ဇယား ကိုစင်္ကာပူရှိ မြန်မာ မွတ်စလင် ညီအစ်ကို...
04/02/2026

စင်္ကာပူ MUIS (Majlis Ugama Islam Singapura) မှ
ထုတ်ပြန်ထားသော ရမသာန်လ အချိန်ဇယား ကို
စင်္ကာပူရှိ မြန်မာ မွတ်စလင် ညီအစ်ကိုမောင်နှမများအတွက်
Myanmar Muslim Club (Singapore) မှ မျှဝေပေးလိုက်ပါသည်။

အလ္လာဟ်အရှင်မြတ်မှ
ညီအစ်ကိုမောင်နှမအားလုံး၏
ရမသာန်ကို အီမာန်ပြည့်ဝ၍
အီဘဒတ်လက်ခံတော်မူသော ရမသာန် ဖြစ်စေတော်မူပါစေ 🤲
အာမင်

📌 Reference: MUIS Singapore

#ရမသာန်

Address

10 Bukit Batok Crescent #04/07
Singapore
658079

Website

Alerts

Be the first to know and let us send you an email when Myanmar Muslim Club Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Muslim Club Singapore:

Share