We fight for freedom

We fight for freedom We lost our country

25/08/2024

🤣🤣🤣👇👇

24/08/2024

နိုင်ငံတစ်ဝန်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားတိုင်း ရပ်/ကျေး ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် ပါဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်းသည် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သင်တန်းများလည်း တက်ရောက်ရမည်ဟု စစ်ကောင်စီက အမိန့် ညွှန်ကြားတစ်ရပ်ထုတ်ပြန်လာကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ တွင် စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန် ဖွဲ့စည်းလိုက်သော ပြည်သူ့ လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့က ထိုသို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ "ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့" ၏ လက်အောက်တွင် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများအနေဖြင့် ပြည်သူ့စစ်သင်တန်းတက်ရောက်ပြီး ရပ်ကွက်နှင့်ကျေးရွာလုံခြုံရေးတပ်ဖွဲ့များတွင် ပါဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

" တစ်နိုင်ငံလုံး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်းက ကိုယ့်ရပ်ကိုယ့်ကျေးရွာမှာပဲ စစ်သင်တန်းတက်ရမယ်။ နောက်ပြီး ရပ်ကွက်နဲ့ကျေးရွာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွေမှာ ပါဝင်ရမယ်။ အသက် ၃၅ နှစ်အောက် လူငယ်တွေက လစဉ် ခေါ်နေတာဖြစ်တဲ့ စစ်မှုထမ်း သင်တန်းတွေမှာ တက်ရောက်ရမှာဖြစ်ပြီး အဲဒီ စစ်မှုထမ်းသင်တန်းနဲ့ အကျုံးမဝင်တဲ့ သက်ကြီးပိုင်း အမျိုးသားတွေအားလုံးက ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့မှာ ပါဝင်ရမယ်လို့ ညွှန်ကြားချက်ထုတ်ထားလာတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့များကို စတင်ဖွဲ့စည်းနေပြီး ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း ပြင်ခရိုင်ကျေးရွာတွင်လည်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းအမျိုးသားများအားလုံးကို ပြင်ခရိုင်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွင် ထည့်သွင်းထားကြောင်း ဒေသပြည်သူများက ဆိုကြသည်။

စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်းများ လုပ်ဆောင်မည့်အပြင် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ရိက္ခာနှင့်ထောက်ပို့ များ လုပ်ဆောင်ခြင်း၊ စစ်ဆင်ရေး နည်းဗျူဟာများ လေ့ကျင့်ခြင်း များဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယင်းအဖွဲ့က နယ်မြေလုံခြုံရေး၊ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများသို့ ထောက်ပို့၊ ဆက်သွယ်ရေး၊ ဒဏ်ရာရလူနာများ ကယ်ဆယ်ထုတ်ရေး၊ ပြုန်းတီးအင်အားများနေရာတွင် အစားထိုးခန့်အပ်ခြင်း၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းပေးခြင်း၊ နည်းပညာမြင့်စစ်လက်နက်များ ကိုင်တွယ်အသုံးပြုခြင်းနှှု့် အတတ်ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်အညီ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်များနှင့်ညှိနှိုင်း၍ နယ်မြေများကို ပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစားသတ်မှတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရနှင့် ကျဆုံးစစ်သည်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အသက် ၇၀ နီးပါးရှိ အငြိမ်းစား စစ်အရာရှိ ဗိုလ်မှူးတစ်ဦးကို စစ်တပ်တွင် ရာထူးပေး၍ ပြန်ခေါ်ယူ တာဝန်ထမ်းခိုင်းထားစဉ်။
Crd ခေတ်သစ် မီဒီယာ

07/08/2024

Crd # Spring Development Bank

တော်လှန်မှာလား thay ပေးမလား တခုတော့ရွေး
03/08/2024

တော်လှန်မှာလား thay ပေးမလား တခုတော့ရွေး

27/07/2024
ယောကျာ်းလေးတစ်ယောက်က မင်းကိုချစ်တယ်လို့ ပြောလာရင် စိတ်ရှည်ရှည်နဲ့စောင့်နေပါ။မင်းကို လက်ထပ်ချင်တယ်ပြောရင်သူလက်စွပ် ဝယ်ပြီ...
25/07/2024

ယောကျာ်းလေးတစ်ယောက်က မင်းကို
ချစ်တယ်လို့ ပြောလာရင် စိတ်ရှည်ရှည်နဲ့
စောင့်နေပါ။မင်းကို လက်ထပ်ချင်တယ်ပြောရင်
သူလက်စွပ် ဝယ်ပြီး လက်ထပ်ခွင့်တောင်းတဲ့
အချိန်ထိ စောင့်ပါ။အဲချိန်မှ သူချစ်တာ
ယုံကြည်လက်ခံပါ၊"Yes"လို့ပြန်ဖြေပြီး
အစွမ်းကုန်ပျော်ပါ။

မင်းကို သတိရတယ်လို့ပြောရင် မင်းရှေ့
မှောက် ရောက်လာတဲ့အချိန်ထိ စောင့်ပါ။
အချစ်နဲ့ ခရီးအတူတူသွားမယ်ပြောရင်
လက်မှတ်ဝယ်ပြီးတဲ့အချိန်ထိ စောင့်ပါ။
(အကုန်အကျစရိတ်ကို ယောကျာ်းလေးပဲ
ကုန်ကျရမယ် မဆိုလိုပါ နှစ်ယောက်သား
ညှိရမဲ့ကိစ္စပါ။)

မင်းလေးနဲ့ ဟိုးအသက်ကြီးပြီး ဆံဖြူသွား
ကျိုးတဲ့အထိ နေသွားချင်တယ်ပြောလာရင်
ပိုင်ဆိုင်မှုမှာ၊အိမ်ဂရမ်မှာ သင့်နာမည်ကော
ထည့်ထားလားဆိုတာ တစ်ချက်ကြည့်ကြည့်
ပါ။

မင်းကို တကယ်ချစ်တယ်လို့ပြောလာရင်
လူအများကြားထဲ ရောက်ရင် သင့်လက်ကို
ရဲရဲဝံ့ဝံ့တွဲရဲ့လား၊သူငယ်ချင်းတွေနဲ့ကော
ဒါငါ့ကောင်မလေးပါလို့
မိတ်ဆက်ပေးလား၊
မိဘတွေနဲ့ကော မိတ်ဆက်ပေးရဲ့လား
အစပေါ့ ချစ်တာကို နားနဲ့နားမထောင်ဘဲ
မျက်လုံးနဲ့ သေချာကြည့်စေချင်ပါတယ်။
"ချစ်တယ်"ဆိုတဲ့ စကားကို လူတိုင်း
ပါးစပ်ကနေ ပြောထွက်နိုင်တာပဲလေ။
အချစ်မှာ ချစ်နေရုံနဲ့ မပြီးပါ actionလို့
ခေါ်တဲ့လက်တွေ့လုပ်ဆောင်ခြင်းလည်း အင်မတန် လိုအပ်ပါတယ်...။

#နူးနူးအောင်

24/07/2024

လာပါငါတို့အတူတူရုန်းမယ်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when We fight for freedom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share