New Creation Center, Myitkyina

Directions

New Creation Center, Myitkyina Welcome to New Creation Center Official Page ❤️

🏠 အိမ်တစ်အိမ် ခိုင်မာဖို့ အုတ်တစ်ချပ်တည်းနဲ့ မလုံလောက်ပါဘူး။ကလေးတစ်ယောက်ရဲ့ဘဝလည်း ဒီလိုပါပဲ…ဒီနေ့ သင်ပေးတဲ့အရာလေးတွေကမနက...
20/09/2026

🏠 အိမ်တစ်အိမ် ခိုင်မာဖို့ အုတ်တစ်ချပ်တည်းနဲ့ မလုံလောက်ပါဘူး။

ကလေးတစ်ယောက်ရဲ့ဘဝလည်း ဒီလိုပါပဲ…
ဒီနေ့ သင်ပေးတဲ့အရာလေးတွေက
မနက်ဖြန် သူ့ဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပါတယ်။ 🌱

📖 Sunday School ဆိုတာ
ကလေးတွေကို တနင်္ဂနွေနေ့တစ်နေ့ လာထိုင်စေဖို့မဟုတ်ဘဲ
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာ
သူတို့ရဲ့ဘဝကို တည်ဆောက်ပေးဖို့ပါ။

❤️ မိဘတို့…
ကလေးရဲ့အနာဂတ်အတွက် ပညာရေးကို စဉ်းစားသလို
သူ့ဝိညာဉ်ရေးအတွက်လည်း မမေ့ကြပါနဲ့။

လာမည့်အပတ်မှာလည်း SS ဆီသို့
ကလေးနဲ့အတူ လာကြရအောင်။ 🙏

📅 Date : 20.Sep. 2026 (Sunday)
⏰ Time : 9:00 PM
📍 အ.လ.က (၂) ကျောင်းအနောက်၊ သီတာအေး၊ စီတာပူ၊ မြစ်ကြီးနား။

🌷 ပညာရှိသောနှုတ် — အဖိုးထိုက်သောရတနာ — သုတ္တံ ၂၀:၁၅🗣️ စကားသည် မျိုးစေ့ဖြစ်သည်။⏰ အခွင့်အခါကို နားလည်ပြီး ပြောပါ။🌱 ယနေ့ပြေ...
20/09/2026

🌷 ပညာရှိသောနှုတ် — အဖိုးထိုက်သောရတနာ — သုတ္တံ ၂၀:၁၅

🗣️ စကားသည် မျိုးစေ့ဖြစ်သည်။
⏰ အခွင့်အခါကို နားလည်ပြီး ပြောပါ။
🌱 ယနေ့ပြောသောစကားသည် မနက်ဖြန်တွင် အကျိုးဆက်အဖြစ် ရိတ်သိမ်းရမည်။

💎 ထို့ကြောင့် အလှထက် ပညာရှိသောနှုတ်၊
အသံထက် အသက်ပေးနိုင်သောစကား ရှိသော အမျိုးသမီးများ ဖြစ်ကြပါစေ။

📅 20.Sep. 2026 (Sunday)
⏰ 1 PM
📍 New Creation Center, Myitkyina

🌿 အနာဂတ်ကိုမျှော်လင့်ပြီး အသက်ရှင်သောသူ📖 ယောဟန် ၈:၁၁❤️“ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကို မ...
20/09/2026

🌿 အနာဂတ်ကိုမျှော်လင့်ပြီး အသက်ရှင်သောသူ
📖 ယောဟန် ၈:၁၁❤️
“ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကို မပြုနှင့်။”

✝️ အတိတ်ဆိုတဲ့အရာက မင်းရဲ့ဘဝ အဆုံးသက်မဟုတ်ဘူး။ ယေရှုခရစ်‌တော်ရဲ့ အသွေးတော်တန်ခိုးက အတိတ်ကိုဖျက်တောက်ပေးနိုင်တယ်။ ယေရှုခရစ်တော်က အနာဂတ်ကိုပိုစိတ်ဝင်စားပါတယ်။ ဒါကြောင့် ယေရှုနဲ့အတူမျှော်လင့်ခြင်းရောင်ခြည်အပြည့်နဲ့အနာဂတ်ကို ရှေ့ဆက်ပါ။
✝️💪❤️.

📅 20.Sep. 2026 (Sunday)
⏰ 10:30 AM
📍 New Creation Center, Myitkyina

📚✨ Sunday School မွမ်းမံသင်တန်း ✨📚ကလေးများကို သင်ကြားပေးနေသော ဆရာ/မများအတွက် ပိုမိုထိရောက်ပြီး ခေတ်မီသော သင်ကြားနည်းများ...
20/09/2026

📚✨ Sunday School မွမ်းမံသင်တန်း ✨📚

ကလေးများကို သင်ကြားပေးနေသော ဆရာ/မများအတွက် ပိုမိုထိရောက်ပြီး ခေတ်မီသော သင်ကြားနည်းများကို လေ့လာနိုင်မည့် Sunday School Refresher Training ကို ပထမအကြိမ် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ❤️

သင်တန်းတွင် 😍

🌱 Understanding Child Development
🧠 Child Psychology
🎯 Age-Appropriate Teaching
📖 Effective Storytelling
📝 Lesson Preparation
🎨 Creative & Practical Teaching Strategies
💛 Qualities of an Effective Sunday School Teacher

စသည့် အရေးကြီးသောအကြောင်းအရာများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

“ကလေးများကို ချစ်ရုံသာမက၊ ထိရောက်စွာ သင်ကြားပေးနိုင်သော ဆရာ/မများ ဖြစ်ကြပါစို့။” 🌷

🙏 ကလေးသာသနာတွင် အမှုတော်ဆောင်နေကြသော ဆရာ/မများအားလုံး ပါဝင်တက်ရောက်ကြရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

📌 ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
ဆက်သွယ်ရန်ဖုန်းနံပတ် - 09799006059/09792935591
စတင်မည့်ရက် - 29-28-1 September
Time - 9 am to 3 pm


❤️ “ဘုရားသခင်သည် မေတ္တာဖြစ်တော်မူ၏” — ၁ ယောဟန် ၄:၁၆👉 ဒါဝိဒ်ဟာ တုံ့ပြန်နိုင်တဲ့အာဏာ အပြည့်အဝရှိခဲ့ပေမယ့်၊ ရှိမိရဲ့စော်ကား...
19/09/2026

❤️ “ဘုရားသခင်သည် မေတ္တာဖြစ်တော်မူ၏” — ၁ ယောဟန် ၄:၁၆

👉 ဒါဝိဒ်ဟာ တုံ့ပြန်နိုင်တဲ့အာဏာ အပြည့်အဝရှိခဲ့ပေမယ့်၊ ရှိမိရဲ့စော်ကားမှုကို လက်စားချေခြင်းနဲ့ မတုံ့ပြန်ခဲ့ဘူး။

❤️ တုံ့ပြန်နိုင်တဲ့အာဏာ အပြည့်ရှိပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တာဟာ ဝိညာဉ်ရေးရင့်ကျက်ခြင်းရဲ့ အမှတ်အသားတစ်ခု ဖြစ်တယ်။

🌿 လူငယ်တို့—

ကိုယ့်ကို နာကျင်စေတဲ့သူကြောင့်
ကိုယ့်ရဲ့ ခရစ်တော်ပုံစံ မပျက်စေနဲ့။

🎓 လောကလို အနိုင်ယူဖို့မဟုတ်ဘဲ
ခရစ်တော်လို မေတ္တာနဲ့ အနိုင်ယူကြစို့။ ❤️

📅 Date : 19.Sep. 2026 (Saturday)
⏰ Time : 4:00 PM
📍 အ.လ.က (၂) ကျောင်းအနောက်၊ သီတာအေး၊ စီတာပူ၊ မြစ်ကြီးနား။

🙏SUNDAY WORSHIP SERVICE🙏ဒီအပတ်မှာတော့ ချစ်ခင်လေးစားရတဲ့ ဆရာကြီး Rev.Dr Hosea fish ကနေမှ နှုတ်ကပတ်တော် တိုက်ကျွေးသွားမှာဖ...
18/09/2026

🙏SUNDAY WORSHIP SERVICE🙏
ဒီအပတ်မှာတော့ ချစ်ခင်လေးစားရတဲ့ ဆရာကြီး Rev.Dr Hosea fish ကနေမှ နှုတ်ကပတ်တော် တိုက်ကျွေးသွားမှာဖစ်လို့ လာရောက်ပါဝင်ကြဖို့ရန် အယောက်စီတိုင်းကို ဖိ​တ်ခေါ်အပ်ပါတယ် 🙏
Date : 20 Sep 2026 (SUNDAY)
Time : 10:30AM
Place : အလက (၂) ကျောင်းအနောက်၊ သီတာအေး၊ စီတာပူ၊ မြစ်ကြီးနားမြို့။


🙏 YOUTH WORSHIP SERVICE 🙏       ချစ်ရတဲ့ လူငယ်များအားလုံးကိုလာမယ့် Saturday Youth Service မှာ ချစ်ခြင်းမေတ္တာနဲ့ ဖိတ်ခေါ...
18/09/2026

🙏 YOUTH WORSHIP SERVICE 🙏

ချစ်ရတဲ့ လူငယ်များအားလုံးကို
လာမယ့် Saturday Youth Service မှာ ချစ်ခြင်းမေတ္တာနဲ့ ဖိတ်ခေါ်ပါတယ် 🤍

Date : 19 Sep 2026 (SATURDAY )
Time : 4:00PM
📍အ.လ.က(၂)ကျောင်းအနောက်၊ သီတာအေး၊စီတာပူ၊ မြစ်ကြီးနား

#
Myikyina #

ဒီအပတ် သောကြာနေ့မှာ အစာရှောင်ခြင်း..ဆုတောင်းခြင်း.. ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. 🙏🙏🙏Place - အလက (...
16/09/2026

ဒီအပတ် သောကြာနေ့မှာ အစာရှောင်ခြင်း..ဆုတောင်းခြင်း.. ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. 🙏🙏🙏
Place - အလက (၂) ကျောင်းအနောက်၊ သီတာအေး၊ စီတာပူ၊ မြစ်ကြီးနားမြို့။

🌿 Friday Night Zoom Worship Service 🌿သောကြာနေ့ည 7 pm တိုင်း အတူတကွစုဝေးပြီး🙏 ဆုတောင်းခြင်း📖 နှုတ်ကပတ်တော်နားထောင်ခြင်း🎶 ...
16/09/2026

🌿 Friday Night Zoom Worship Service 🌿

သောကြာနေ့ည 7 pm တိုင်း အတူတကွစုဝေးပြီး
🙏 ဆုတောင်းခြင်း
📖 နှုတ်ကပတ်တော်နားထောင်ခြင်း
🎶 ချီးမွမ်းကိုးကွယ်ခြင်းများဖြင့်
ဘုရားသခင်ကို အတူတကွ ကိုးကွယ်ကြပါစို့။ ❤️

✨ “ဘုရားသခင်၏အထံတော်၌ အတူတကွစုဝေးကြဖို့ ယုံကြည်သူညီအကိုမောင်နှမ အယောက်စီတိုင်းကို ဖိတ်ခေါ်အပ်ပါတယ်” 🙏

Date - 18 Sep 2026 ( Friday )
Time - 7 pm

🏠အိမ်တစ်အိမ်အတွက် ခိုင်ခံ့မှုက အုတ်မြစ်ဖြစ်သကဲ့သို့၊ လူ့ဘဝအတွက်လည်း ခိုင်ခံ့သောအုတ်မြစ် လိုအပ်ပါတယ်။☑️လူ့ဘဝကို အဓိပ္ပါယ်...
13/09/2026

🏠အိမ်တစ်အိမ်အတွက် ခိုင်ခံ့မှုက အုတ်မြစ်ဖြစ်သကဲ့သို့၊ လူ့ဘဝအတွက်လည်း ခိုင်ခံ့သောအုတ်မြစ် လိုအပ်ပါတယ်။

☑️လူ့ဘဝကို အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်ဖို့ နှုတ်ကပတ်တော်၌ အသက်ရှင်တတ်ဖို့ အရေးကြီးပါတယ်။
✝️နှုတ်ကပတ်တော်ဟာ အသက်တာလမ်းခရီးအတွက် လမ်းပြပေးမယ့် မီးအိမ်တစ်ခုပဲ ဖြစ်ပါတယ်။ဒါကြောင့် သားသမီးများရဲ့ ငယ်ဘဝကတည်းက မှန်ကန်တဲ့အုတ်မြစ်ကို ချထားပေးကြပါစို့။

🎓ပညာရေးက သူတို့ရဲ့အနာဂတ်အတွက် အရေးကြီးသလို၊
✝️ နှုတ်ကပတ်တော်ကလည်း သူတို့ရဲ့ဘဝအတွက် အရေးကြီးပါတယ်။
ယနေ့ သွန်သင်ပေးတဲ့ နှုတ်ကပတ်တော်ဟာ မနက်ဖြန် သူတို့ရဲ့ဘဝကို လမ်းပြပေးနိုင်ပါတယ်။
☘️သားသမီးများရဲ့ဘဝကို ကောင်းမွန်စွာ တည်ဆောက်ပေးခြင်းဟာ မိဘများရဲ့ အဖိုးတန်တာဝန်တစ်ခု ဖြစ်ပါတယ်။

🙋ငယ်စဉ်ကတည်းက နှုတ်ကပတ်တော်ပေါ်မှာ တည်ဆောက်ထားတဲ့ဘဝဟာ ခိုင်ခံ့တဲ့ဘဝ ဖြစ်လာပါလိမ့်မယ်။ 🙏

📅 14.Sep. 2026 (Sunday)
⏰ 9AM
📍 New Creation Center, Myitkyina

Address

Singapore
389834

Website

Alerts

Be the first to know and let us send you an email when New Creation Center, Myitkyina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share