Myanmar Club (Singapore)

Call Directions Website Contact the organization

Myanmar Club (Singapore) Myanmar Club (Singapore) was founded in 2002.

Our main objective is to promote the welfare, education and advancement of all Myanmar nationals and former nationals or residents who are now resident or are visitors to Singapore.

14/09/2026

GOLD 2026 Charity Walk (12.9.2026) လမ်းလျှောက်ပွဲမှာ ပါဝင်ကြသူများ အားလုံးကို မြန်မာကလပ်အနေဖြင့် အထူး ကျေးဇူးတင်ပါသည်။


GOLD 2026 Charity Walk (12.9.2026)Blossom Seeds အဖွဲ့က ကျင်းပသည့် သက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ...
13/09/2026

GOLD 2026 Charity Walk (12.9.2026)

Blossom Seeds အဖွဲ့က ကျင်းပသည့် သက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ်ပြုလမ်းလျှောက်ပွဲ တွင် မြန်မာကလပ် (စင်ကာပူ) Myanmar Club (Singapore) ကပါဝင်ခဲ့ပါသည်။ Marina Bay Sands Event Plaza ရှေ့နားက စတင်ကာ မာရီနာဘေးတစ်ဝိုက် လမ်းလျှောက်ကြခြင်း ဖြစ်ပါသည်။ ယခုနှစ် ၂၀၂၆ တွင် ဒုတိယအကြိမ် ပါဝင်ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီး နဲ့ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ကြပါသည်။ မြန်မာကလပ်ကလည်း ထပ်ဆင့်ပြီး မြန်မာအသိုင်းအဝိုင်းကို ဖိတ်ကြားပြီး ယခု GOLD 2026 Charity Walk တွင် ပါဝင်ခဲ့ပါသည်။ ပါဝင်ကြသူများ အားလုံးကို မြန်မာကလပ်အနေဖြင့် အထူး ကျေးဇူးတင်ပါသည်။ နောက်နောင်လာမည့် အစီအစဉ်များတွင်လည်း ပူးပေါင်းပါဝင်ကြပါရန်လည်း ကြိုတင်ဖိတ်ကြားအပ်ပါသည်။

GOLD 2026 Charity Walkသက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ်ပြုလမ်းလျှောက်ပွဲ တွင် ပါဝင်ဖို့ Blossom Se...
17/08/2026

GOLD 2026 Charity Walk

သက်ကြီးရွယ်အိုများ ကျန်းမာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ်ပြုလမ်းလျှောက်ပွဲ တွင် ပါဝင်ဖို့ Blossom Seeds အဖွဲ့က မြန်မာကလပ် (စင်ကာပူ) ကို ယခုနှစ်တွင် ထပ်မံဖိတ်ကြားခဲ့ပါသည်။ ယမန်နှစ် က ဖိတ်ကြားခဲ့ပြီး မြန်မာကလပ်အနေဖြင့် တတ်နိုင်သလောက် လူစုပြီး ပါဝင်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ဖိတ်ကြားခြင်း ဖြစ်ပါသည်။

ယမန်နှစ် အတွေ့အကြုံအရ စင်ကာပူက Charity အဖွဲ့များစွာ ပါဝင်ကြတာကို တွေ့ရှိရပါသည်။ ၂ ကီလိုမီတာခန့် လမ်းလျှောက်ခြင်း သက်သက်မဟုတ်ပဲ သက်ကြီးပုဂ္ဂိုလ်များအားလုံးကို အသိုက်အဝန်း အလွှာစုံက လူမှုပတ်ဝန်းကျင် တစုတည်းအဖြစ် အားပေးရင်း ဘဝ၊ ကျန်းမာရေး၊ လူမှုအသိုင်းအဝိုင်းတို့ကို စွမ်းအားမြှင့် ဂုဏ်ပြုပွဲ တခုလည်းဖြစ်ပါသည်။။

ဂုဏ်သိက္ခာရှိရှိ အသက်အရွယ် အိုမင်းခြင်း၊ အထီးကျန်ဆန်မှု ကင်းဝေးစေခြင်း နှင့် ဘဝရည်ညွှန်းချက် ပြည့်ဝစေခြင်းစသည်တို့ကို ဖော်ဆောင်နိုင်ရန်အတွက် စင်္ကာပူ၏ အမျိုးသားရေးလှုပ်ရှားမှုတွင် ကျွန်ုပ်တို့ပါဝင်ကြပါရန် Blossom Seeds မှ တဆင့် ဖိတ်ကြားထားခြင်း ဖြစ်ပါသည်။

ရက်စွဲ - ၁၂/၀၉/၂၀၂၆ (စနေနေ့)
အချိန် - ညနေ ၄:၃၀ နာရီမှ ၈:၃၀ နာရီ
စုရပ် - Marina Bay Sands Event Plaza

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီး နဲ့ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ကြမှာ ဖြစ်ပါသည်။ အထက်ပါ သက်ကြီးရွယ်အိုများ ကျန်မာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ်ပြုလမ်းလျှောက်ပွဲကို မြန်မာကလပ်နှင့်အတူ ပူးပေါင်းပါဝင်လိုပါက အောက်ပါ Google link တွင် စက်တင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSdrRUtsgdizBXXpWWzLhO0B-6_C8IMfE6G8FAEBcsBMXGd1bQ/viewform

Address

111 North Bridge Road #05-42 Peninsula Plaza
Singapore
179098

Opening Hours

Saturday 13:00 - 19:00
Sunday 13:00 - 19:00

Telephone

+6563343811

Alerts

Be the first to know and let us send you an email when Myanmar Club (Singapore) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Club (Singapore):

Shortcuts

Share