ThyLogos Brain Testing API

ThyLogos Brain Testing API This Page is for implementing Facebook Graph API with ThyLogos Brain Project

မင်္ဂလာပါ .. ဤ ပို့စ်သည်လည်း Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Gra...
05/01/2023

မင်္ဂလာပါ .. ဤ ပို့စ်သည်လည်း Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Graph API Explorer ကို အသုံးပြု၍ access token ဖြင့် စမ်းသပ်တင်ကြည့်သော ပို့စ်ပဲဖြစ်ပါသည်။

ဤတကြိမ်တွင်တော့ post caption နှင့်အတူ image နှင့်တကွတွဲ၍ တင်ကြည့်ပါသည်။​
Image ကတော့ ThyLogos ရဲ့ official page တွင် ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့သော ဆောင်းပါးတခုဖြစ်သည့် "အနှစ်သာရရှိသော Christmas" ရဲ့ feature image ပဲ​ဖြစ်ပါသည်။
မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/1224154914425458/posts/pfbid0YK6DxHcKcgxsTrfTb7Hq87GQ7etMCEK8hXvqJnp4ddC4WHgq5y8474ZTQtsGBZMl/

ThyLogos Brain Project နှင့် integrate လုပ်ရန် ရည်ရွယ်ထားပါသည်။ Integrate လုပ်ပြီးပါက လူအစား robot မှ အလိုအလျောက် ကူညီပို့စ်တင်ပေးမှာဖြစ်ပါသည်။

မင်္ဂလာပါ .. ဤ ပို့စ်သည်လည်း Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Gra...
05/01/2023

မင်္ဂလာပါ .. ဤ ပို့စ်သည်လည်း Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Graph API Explorer ကို အသုံးပြု၍ access token ဖြင့် စမ်းသပ်တင်ကြည့်သော ပို့စ်ပဲဖြစ်ပါသည်။

ဤတကြိမ်တွင်တော့ post caption နှင့်အတူ link နှင့်တကွတွဲ၍ တင်ကြည့်ပါသည်။​
Link ကတော့ ThyLogos ရဲ့ official page တွင် ယနေ့ထွက်ရှိခဲ့သော ဆောင်းပါးတခုဖြစ်သည့် "အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)" ပဲ​ဖြစ်ပါသည်။ လင့်ခ်ကို နှိပ်လျှင် official page ၏ မူရင်းဆောင်းပါးဆီကို ရောက်သွားမည်ဖြစ်ပါသည်။

ThyLogos Brain Project နှင့် integrate လုပ်ရန် ရည်ရွယ်ထားပါသည်။ Integrate လုပ်ပြီးပါက လူအစား robot မှ အလိုအလျောက် ကူညီပို့စ်တင်ပေးမှာဖြစ်ပါသည်။

အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)
~~~~~~~~~~~~~~~~~~~~~~~~~~~

✅ FYI: ဤဆောင်းပါးကို λόγος website တွင်လည်း အရောင်အသွေးစုံစုံလင်လင်ဖြင့် ဖတ်ရှုဆင်ခြင်နိုင်ပြီဖြစ်ပါကြောင်း 👇🙏🏼
https://www.thylogos.org/2023/01/05/privilege-and-responsibility-of-adam-and-eve-2/

ဤဆောင်းပါးသည် အပိုင်း (၂) ပိုင်းပါဝင်သော ဆောင်းပါးတွဲဖြစ်ပါသည်။ ပထမပိုင်း အား မဖတ်ရှုရသေးပါက ဦးစွာဖတ်ရှုပါရန် အသိပေးတိုက်တွန်းလိုပါသည်။
ပထမပိုင်းဖတ်ရန်။ ။ https://www.facebook.com/1224154914425458/posts/2277351589105780/

ကြီးမြတ်သောအခွင့်ထူးသည် ကြီးမြတ်သောတာဝန်ကို တောင်းဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးထားသည့်အခွင့်ထူးများကို သင့်လျော်စွာအသုံးပြုခြင်းအတွက် ကျွန်ုပ်တို့အားလုံးကို တာဝန်ရှိစေမည်ဖြစ်သည်။ အုပ်ထိန်းရသော(ဘဏ္ဍာစိုး)အမှုဆိုတာဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ (ကျွန်ုပ်တို့ဟာဘုရားရဲ့သားသမီးများဖြစ်ရခြင်းရဲ့ အကျိုးသက်ရောက်မှုကိုစာတန်က ဖျက်ဆီးချင်နေတာပါ)။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်တို့ထံမှ သစ္စာစောင့်သိခြင်းကိုလိုလားပါသည်။ “သစ္စာနှင့်ပညာ”ပြည့်ဝသောဘဏ္ဍာစိုးများအဖြစ် ဘုရားသခင်၏အမှုတော်မှာလုပ်ဆောင်သောသူများကဲ့သို့ သခင်သည်မြင်မည်အကြောင်း ကြိုးပမ်းသင့်သည်။

“အ​ကြင်​သူသည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။”
‭‭ရှင်လုကာခရစ်ဝင် ၁၂း၄၈(ခ)

သင်ခန်းစာ

၁။ လူ၏အခွင့်ထူးခံရာထူး

က – ဘုရားသခင်၏သဏ္ဠာန်တော် (၁း၂၆-၂၇)

ဘုရားသခင်၏အထွတ်အထိပ်ဖန်ဆင်းခြင်းသတ္တဝါတွေဖြစ်တာနှင့်အညီ၊ အာဒံနှင့်ဧဝဟာ သူမတူတဲ့အခွင့်ထူးတွေကိုခံစားခဲ့ရပါတယ်။ ပထမဦးစွာ သူတို့သည် ဘုရားသခင်၏သဏ္ဠာန်တော်နှင့်အညီဖန်ဆင်းခြင်းခံရပါတယ်။ “ငါတို့ကဲ့သို့”၊ “ငါတို့၏ပုံသဏ္ဠာန်နှင့်အညီ” ဆိုတဲ့စကားစုတွေဟာ ဟေဗြဲဘာသာစကားရဲ့ “အလားတူခြင်း” ဥပမာပဲဖြစ်ပါတော့တယ်။ “ကဲ့သို့” နှင့် “သဏ္ဠာန်တော်” ဝေါဟာရနှစ်ခုဟာ သေချာသလောက်ခြားနားမှု မရှိသောကြောင့်၊ ထိုစကားလုံးနှစ်ခုလုံးက လူသည်ဘုရားသခင်နှင့်ဆင်တူသည်ကိုဖော်ပြနေပါတယ်။ လူသား၏ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်ခံစားမှုနှင့် ဆန္ဒသဘောထား စသည့်ဝိသေသလက္ခဏာများသည် ဘုရား၏ဖြစ်ခြင်းနောက်တွင် ပုံဖော်ထားသောကြောင့် လူသားသည် ဝိညာဉ်ရေးခံယူချက်နှင့် ကိုးကွယ်မှုတို့ကို စွမ်းဆောင်နိုင်သော ဘုရားသခင်၏ တစ်ခုတည်းသော သတ္တဝါဖြစ်သည်။

ခ – ဘုရားသခင်၏လက်တော်အားဖြင့် (၂း၇)

အာဒံနှင့်ဧဝ ဖန်ဆင်းခံခဲ့ရခြင်းဟာ ဘုရား၏လုပ်ဆောင်ချက်ပင်ဖြစ်ပါတယ်။ အိုးထိန်းကဲ့သို့(ယေရမိ ၁၈း၂-၁၆) ဘုရားကမြေကြီးမှ မြေမှုန့်အားဖြင့် ပုံသွင်းဖန်ဆင်းခဲ့ခြင်းပါ။ ဒီအချက်က ဘာကိုဖော်ပြနေသလဲဆိုရင် ဘုရားသခင်သည်လူသားမျိုးနွယ်ကိုအထူးအလေးထားစဉ်းစားပေးတယ်ကိုဆိုတာပါပဲ။ ဘုရားသခင်ဟာ သူရဲ့ဂုဏ်ယူဖွယ်သတ္တဝါ၏ ရင်းနှီးတွင်းကျသောအသေးစိတ်အချက်အလက်များကိုပင် ဂရုစိုက်ပေသည်။ ဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်ခြင်းကိုလက်ခံသင့်သည်။ ရုပ်ရည်ရူပကာ၊ အရပ်အမောင်း၊ အားနည်းချို့ယွင်းချက်နှင့် အရည်အချင်းများကိုပင်လျှင်ပေါ့။

(ဘုရားသခင်၏သဏ္ဠာန်တော်အားဖြင့်ဖန်ဆင်းခြင်းခံရသောကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်းဟာ ထူးခြားကြပါတယ်။ လူငယ်အတော်များများ ကိုယ့်ရဲ့ဖြစ်ခြင်းကိုလက်ခံဖို့ခက်ခဲတဲ့ပြဿနာတွေရှိကြသလို၊ သက်တူရွယ်တူတွေရဲ့ ခန္ဒာပိုင်း၊ စိတ်ပိုင်းချွတ်ယွင်းချက်တွေကို လှောင်ပြောင်တတ်သူတွေလဲရှိပါသေးတယ်။ လူငယ်များ ကိုယ့်ရဲ့ဖြစ်ခြင်းကိုလက်ခံသလို၊ သူတပါး၏ဖြစ်ခြင်းကိုလည်း လက်ခံသင့်ပါတယ်။)

ဂ – ဘုရားအားကိုယ်စားပြုသူအဖြစ် (၁း၂၆)

အာဒံနှင့်ဧဝဟာ ခေါင်းဆောင်မှုအခွင့်ထူးကိုခံခဲ့ရပါတယ်။ မြေကြီးပေါ်မှာရှိသမျှသောသတ္တဝါတွေအပေါ်မှာအုပ်စိုးလျက် ဘုရားသခင်ကိုအထူးကိုယ်စားပြုသူများအဖြစ် အစေခံခဲ့ကြပါတယ်။ “အုပ်စိုးစေ”(have dominion) ဆိုတဲ့ဟေဗြဲစကားလုံးဟာဆိုရင် တန်ခိုးဩဇာပါ ပါတယ်။ နိုင်ငံတခုက သူရဲ့ရန်သူတို့ကိုအနိုင်ယူအုပ်စိုးတဲ့အခါ၌ပင်လျှင်အသုံးပြုကြပါတယ်(ဟေရှာ ၁၄း၂၊၆)။ ခေါင်းဆောင်မှုအခွင့်ထူးနှင့်အတူကြီးမြတ်တဲ့တာဝန်ဝတ္တရားပါရှိသောကြောင့် တိရစ္ဆာန်များကိုအကြမ်းဖက်နှိပ်စက်ဖို့မဟုတ်ဘဲ ပညာရှိစွာဖြင့်အုပ်စိုးရန်သာဖြစ်သည်။ သို့သော် ဤကဲ့သို့အုပ်စိုးမှုသည် လူသားတို့၏သာလွန်ထူးခြားမှုကိုအထင်အရှား ပြဌာန်းလျက်ရှိနေပါသည်(ဆာလံ ၈း၆-၈)။ လူသားတွေဟာ တိရစ္ဆာန်နှင့်အပင်လောကကို ဘုရားရဲ့ကိုယ်စားပြုသူအနေနှင့်အစေခံကာ အုပ်စိုးလျက်ရှိနေဆဲပါပဲ။

ဃ – ဘုရားသခင်၏ပရဒိသုဘုံမှာ (၂း၈)

ဘုရားသခင်ဟာ အာဒံနှင့်ဧဝအတွက် ကောင်းမွန်တဲ့လှပတဲ့ဥယျာဉ်တခုပြင်ဆင်ပေးခဲ့ပါတယ်။ သို့သော်လည်း ရေလွှမ်းမိုးမှုကြီးကြောင့် ကမ္ဘာကြီးရဲ့မြေမျက်နှာသွင်ပြင်ဟာအကြီးအကျယ် ပြောင်းလဲသွားချိန်ကတည်းက ထိုဥယျာဉ်ရဲ့တည်နေရာကို တွက်ချက်ဖို့ဆိုတာ မရေရာလှပါဘူး။

င – ဘုရားသခင်၏ထောက်ပံ့မှုနှင့်အတူ (၁း၂၉)

ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အတွက် ကြွယ်ဝသောစားစရာထောက်ပံ့မှုကို ရရှိစေခဲ့ပါသည်။ သူတို့နေ့စဉ်စားခဲ့ကြသည်မှာ သစ်သီးနှင့်အစေ့အဆံများဖြစ်သည်။ အခန်းကြီး ၉း၃ ရောက်လာမှသာ လူသားတို့ရဲ့အစားအသောက်တွင် “အသား”ပါဝင်လာကာ ကျယ်ပြန့်လာသည်။ ဒီအရာနှင့်ပက်သက်ပြီး ဘုရားသခင်သည်မည်သည့်အကြောင်းပြချက်မှမပေးခဲ့သော်လည်း တိရိစ္ဆာန်အသားများကို စားသုံးခြင်းသည် ဘုရားသခင်အား တစ်နည်းမဟုတ်တစ်နည်း မနှစ်သက်စေဟု ကျွန်ုပ်တို့ကောက်ချက် မချသင့်ပေ။ ဥပမာအနေနှင့်ပြရလျှင် ဘုရားသခင်ဟာ နောဧနှင့်ပဋိညာဉ်ဖွဲ့တဲ့အခါမှာ အသားကိုစားလို့ရတယ်ဆိုတာထောက်ခံခွင့်ပြုပေးခဲ့တယ်ဆိုတာမြင်တွေ့ရပါတယ်။ ထို့ပြင် သခင်ခရစ်တော်ပင်လျှင် ငါးအသားကိုစားခဲ့ပါသေးတယ် (လုကာ ၂၄း၄၂-၄၃)၊ တမန်တော်ကြီးရှင်ပေါလုကတောင်မှ အချို့သောမှားယွင်းသောဘာသာတရားများ၏ အမှတ်အသားတစ်ခုမှာ အစားအစာအချို့ကို စားသုံးခြင်းမှတားမြစ်ခြင်းဖြစ်သည်ဟု ဖော်ပြကြေညာခဲ့သည် (၁တိ ၄း၃-၄)။

အာဒံနှင့်ဧဝတို့နှစ်ဦးအပေါ် ဘုရားသခင်သည် လူသားအဖော်အဖက်ဖြစ်ခြင်းအထောက်အမကိုလည်း ပြင်ဆင်ပေးခဲ့ပါတယ် (၂း၁၈-၂၆)။ အာဒံသည်ရှေးဦးစွာဖန်ဆင်းခံရသောလူဖြစ်သောကြောင့် အချိန်တခုတွင်း၌တော့ တဦးတည်းရှိနေခဲ့ပါလိမ့်မည်။ “ယောင်္ကျားသည်တစ်ယောက်တည်းမနေကောင်း”ဟု ထာဝရဘုရားပြောခဲ့သည်ပင်(၂း၁၈)။ လူသားမျိုးနွယ်တိုးပွါးလာစေဖို့ရန်အလို့ငှါ အာဒံအတွက်အထောက်မကိုပြင်ဆင်ပေးလျက် ထိမ်းမြားခြင်းကိုအစဦးစီရင်ပေးခဲ့သည်။ ခရစ်တော်ပင်လျှင် ဤနှုတ်ကပတ်တော်ကို အစွဲပြုလျက် အိမ်ထောင်ပြုခြင်းသည်အမြဲတမ်းတည်ဟုသွန်သင်ခဲ့သည် (မဿဲ ၁၉း၅-၆)။

(ယခုဖတ်ရှုနေတဲ့လူငယ်တွေအနေနဲ့ ရည်းစားထားခြင်းနှင့်အိမ်ထောင်ပြုခြင်းတို့ကို သေချာပေါက်စိတ်ပါဝင်စားသူများဖြစ်ပါလိမ့်မယ်။ ဆန့်ကျင်ဖက်လိင်နှင့်အဖော်အဖက်ဖြစ်ရခြင်းဟာ ဘုရားသခင်ခွဲခန့်တော်မူသော အခွင့်ထူးဖြစ်ပါတယ်။ အခြားသောအခွင့်ထူးတွေလို ဤအရာ၌လည်း ကိုယ့်အပိုင်းကိုတာဝန်ယူတတ်ဖို့ တောင်းဆိုနေပါတယ်။ နှစ်ဦးလုံးဟာ သန့်ရှင်းနေဖို့လိုပါတယ်။ ၁သက် ၄း၁-၇ ကိုကြည့်ပါ။)

စ – ဘုရားသခင်နှင့်အတူတူ (၃း၈)

ဘုရားသခင်သည် အာဒံနှင့် ဧဝအား သူနှင့်ရင်းနှီးစွာ ဆက်ဆံခွင့်ပေးခဲ့သည်။ ထင်ရှားသိသာစွာပင် ဘုရားသခင်သည် ဥယျာဉ်ထဲသို့ “နေဧသောအချိန်”တိုင်းကြွလာတတ်ပေသည််။ ဤမျှလောက် ရင်းနှီးကျွမ်းဝင်သောမိဿဟာယသည် ဧကန် ထူးခြားသောအခွင့်ထူးပင်ဖြစ်ပေသောကြောင့် အာဒံနှင့်ဧဝတို့အနေဖြင့် အခြားအရာများရဲ့အထက်၌ထားလျက်တန်ဖိုးထားသင့်ပေသည်။

(ယခုဖတ်ရှုနေတဲ့လူငယ်တွေကို ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်ခြင်းဟာ လိုအပ်တယ်ဆိုတာကိုပြောပြချင်ပါတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်မိဿဟာရဖွဲ့ချင်သော ဘုရားဖြစ်ပါတယ်၊ ကျွန်ုပ်တို့ကသာ သူမပါဘဲ မိုက်မဲစွာအသက်ရှင်ချင်ကြသည်သာ။ ထိုရင်းနှီးကျွမ်းဝင်မှုအား မည်သို့နည်းလမ်းများဖြင့်တိုးတက်စေမည်ကိုဖော်ပြကူညီပေးလိုပါသည်။ နှုတ်ကပတ်တော်လေ့လာခြင်း၊ ဆင်ခြင်နှလုံးသွင်းခြင်းနှင့် ဆုတောင်းခြင်း တို့ဟာ မရှိမဖြစ်တဲ့ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်ခြင်း၌ လိုအပ်သည့်အရာများဖြစ်သော်လည်း ရှုပ်ထွေးဗျာများသောလောကကြီးတွင်ရှိနေသောလူငယ်တချို့အတွက်တော့ ထိုနည်းလမ်းများဟာ တခါတရံခက်ခဲနေတတ်ပါတယ်။ တွေ့ကြုံခံစားမှုတွေထဲမှာ ဘုရားကိုသိကျွမ်းရခြင်းဟာ အကြီးမြတ်ဆုံးအခွင့်ထူးပင်ဖြစ်ပါသည်။ ဒါကြောင့် အာဒံနှင့်ဧဝတို့ရဲ့အခွင့်ထူးခံရခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ်၌ရှိသော သမ္မာတရားကိုမြင်တွေ့နိုင်ပေသည်။ ဘုရားဟာ လူသားတွေကိုအလေးထားသလို၊ သူ့ရဲ့လူတွေကို တင်းတိမ်ရောင့်ရဲလျက်ပျော်ရွှင်စေချင်တဲ့ဘုရားပါ။ ကျွန်ုပ်တို့ရဲ့ဘဝအသက်တာကို အမြဲမပျော်ရွှင်၊ စိတ်မချမ်းမြေ့ဖြစ်အောင် ကြိုးပမ်းနေတဲ့ဘုရားမဟုတ်ပါဘူး။ လူငယ်အတော်များများဟာ တစ်ယောက်တည်းအထီးကျန်မှုကိုခံစားနေရကြပါတယ်။ ထိုသူတို့ကို ဘုရားရှင်သည်ချစ်တော်မူသည်ကို သဘောပေါက်နားလည်ဖို့လိုပါသည်။)

၂။ လူ၏ဝတ္တရားရှိသောနေရာ

ကြီးမြတ်တဲ့အခွင့်ထူးနှင့်အတူကြီးမြတ်တဲ့တာဝန်ဝတ္တရားပါလာပါတယ်။ ဘုရားသခင်ဟာ အာဒံနှင့်ဧဝကို ကြီမားကြွယ်ဝစွာကောင်းကြီးပေးခဲ့ပြီး၊ သူတို့ထံမှတောင်းဆိုသည်မှာတော့ “နာခံခြင်း”ပဲဖြစ်ပါတယ်။ ကောင်းမကောင်းသိကျွမ်းရာအပင်မှအသီးကို မစားဖို့သူတို့ကိုပညတ်ထားခဲ့ပါတယ် (၂း၁၆-၁၇)။ ဤပညတ်မိန့်မှာချက်ကို မနာခံခြင်းသည် ခန္ဓာနှင့်ဝိညာဉ်သေခြင်းကိုဖြစ်စေမည့်ရလဒ်သာရှိသည်။ ထိုသေခြင်းနှစ်ခုအနက် ဒုတိယသေခြင်းကအင်မတန်မှအရေးကြီးပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသေခြင်းသည် လူ၏ဝိညာဉ်ကိုဘုရားထံမှကွဲကွာစေခြင်းဖြစ်ပြီး၊ ဘုရားနှင့်မိဿဟာယဖွဲ့စေခြင်းငှါမဖြစ်စေနိုင်တော့ဘဲ၊ ငရဲမီးအိုင်သို့ထာဝရစီရင်ခြင်းကိုသာရောက်စေသောကြောင့်ဖြစ်သည် (ဗျာ ၂၀:၁၂-၁၅)။

ဒီကနေ့မှာလည်း လူငယ်များစွာကိုဘုရားသခင်ဟာ များပြားလှတဲ့အခွင့်ထူးတွေကိုရရှိစေနေပါတယ်။ အတုန့်အပြန်အနေနဲ့ ဘုရားသခင်သည် နာခံခြင်းကိုတောင်းဆိုပါတယ်။ ထပ်လောင်းပြောရရင် ယခုဖတ်နေတဲ့လူငယ်များစွာဟာ ခရစ်ယာန်အိမ်ထောင်မှာကြီးပြင်းလာတဲ့အခွင့်ထူးခံရသူတွေဖြစ်ပါလိမ့်မယ်။ ထိုနေရာမှ သင်ယူရရှိရတဲ့လေ့ကျင့်ပျိုးထောင်မှုများကြောင့် ကိုယ့်မိဘကိုရိုသေဖို့တာဝန်ဝတ္တရားရှိသည်ကို ပြင်းပြင်းပြပြ သတိပြုမိသင့်ပါသည် (ထွက် ၂၀ : ၁၂၊ တရားဟော ၅း၁၆၊ ဧဖက် ၆း၁-၂)။ ထိုဝတ္တရားရှိသည်အတိုင်း အသက်ရှင်ဖို့ပျက်ကွက်ခြင်းက ဧဖက် ၆း၃မှာရှိတဲ့ဘုရားရဲ့ကတိတော်နှင့် ဆန့်ကျင့်ဖက်ရလဒ်၊ စီရင်ခြင်းမျိုးဘဲရှိသည်ကိုနားလည်ရပါတယ်။ ဘုရားသခင်အခွင့်နှင့်အပ်နှင်းထားတဲ့ မည်သည့်အခွင့်အာဏာမှန်သမျှကိုပုန်ကန်ခြင်းက ဘုရားသခင်ကိုပုန်ကန်ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။ ဤအကြောင်းကြောင့် ပုန်ကန်တတ်သောသားသမီးတိုင်းကို စီရင်ဆုံးမခြင်းသည် ဘုရားသခင်၏တာဝန်ပင်ဖြစ်ပေသည်။

၃။ လူသားအား သိမ်မွေ့စွာစုံစမ်းနှောင့်ယှက်သောသူ

စာတန်ဟာ ဘုရားရဲ့သားသမီးတွေ သူတို့တာဝန်ဝတ္တရားရှိသည်အတိုင်း အသက်ရှင်ဖို့ရာ မလိုချင်သောသူဖြစ်ပါတယ်။ အမြဲတမ်း မနာခံတတ်ဖို့ရာ ကျွန်ုပ်တို့ကိုသွေးဆောင်နေသူပါ။ နှုတ်ကပတ်တော်ကနေဖော်ပြတဲ့ စာတန်အသုံးပြုသွေးဆောင်ခဲ့သော ပရိယာယ်များက ကျွန်ုပ်တို့ကိုသွေးဆောင်ရာတွင်လည်းအသုံးပြုနေသည်ကိုလည်း ထိုးထွင်းသိရပါတယ်။

က – သူ့ရဲ့အခွင့်အရေးကိုအသုံးချခြင်း

စာတန်ဟာ ရနိုင်သမျှအခွင့်အရေးအားလုံးကို ကိုင်ဆွဲပြီးယုံကြည်သူတွေကို စုံစမ်းသွေးဆောင်တတ်ပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာ စာတန်ရဲ့အဓိကအခွင့်အရေးက အာဒံနှင့်ဧဝအပေါ်မှာ ဘုရားကပညတ်ထား၊ မြစ်တားထားသည့်အရာကို တိုက်ခိုက်ဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။ သူ့ရဲ့စဉ်းလဲတဲ့လှည့်ဖျားမှုအားဖြင့် ဧဝကိုသူသွေးဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့အားနည်းချက်ကို သူမသိတာထက် စာတန်ကပိုသိနေပါတယ်။ စာတန်ရဲ့အကွက်တွေဟာ ရက်စက်ကြမ်းကြုတ်ပါတယ်။ သူဟာ အင်မတန်မှအန္တရာယ်များပြီး သိက္ခာမဲ့သောသူဖြစ်ပါတယ်။

(စာဖတ်နေသူလူငယ်များသတိပြုရမည်မှာ စာတန်ဟာကျွန်ုပ်တို့ရဲ့အားနည်းချက်ကနေ သူ့အတွက်အခွင့်အရေးကိုရှာတတ်သည်ကိုပါ။ ကိုယ့်အားနည်းချက်ကိုကောင်းစွာသိလျက် စာတန်ထိုးနှက်ဖို့ကြိုးပမ်းလာချိန်မှာ အဆင်သင့်ပြင်ထားရှိဖို့အရေးကြီးပါတယ်။)

ခ – ဘုရား၏နှုတ်ကပတ်တော်ကိုစိန်ခေါ်မှောက်လှန်ခြင်း (၃း၁၊ ၄)

စာတန်ပထမဦးစွာလုပ်ဆောင်တဲ့ အရာကတော့ ဘုရား၏ဖွင့်ပြသွန်သင်ခြင်းကို မေးခွန်းထုတ်ခြင်းပါပဲ “ဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလော”။ ပြီးတာနဲ့ ထိုအသီးကိုစားခြင်းနဲ့ပက်သက်ပြီး ဘုရားသခင်ကတိထားခဲ့တဲ့စီရင်ခြင်းကိုပင်လျှင် ပြောင်းပြန်လှန်ပစ်လိုက်ပါသေးတယ်။ ဤအသီးကိုစားရင် မသေဘူး၊ ထိုအပြစ်အတွက်အဖိုးအခကိုလည်း မကြုံရဘူးလို့ ဧဝကိုသေချာပေါက်ပြောခဲ့ပါသေးတယ်။

ဂ – အပြစ်၏သဘောသဘာဝကို လှည့်စားခြင်း (၃း၄-၅)

ဘုရားသခင်ပြောခဲ့သည့်အရာပေါ်မှာ စာတန်၏လှည့်ဖျားခြင်းက အပြစ်၏အကျိုးဆက်ကိုဖုံးကွယ်ခဲ့ရုံတင်မကဘဲ၊ အပြစ်ရဲ့မှားယွင်းတဲ့အလွဲအကျိုးကျေးဇူးတွေကိုလည်း ကတိဖြစ်စေခဲ့ပါတယ်။ စာတန်က ဧဝကိုဘယ်လို ဒီလိုလုပ်လိုက်ခြင်းက သူ့ကို(ဧဝ) အကျိုးရှိစေမှာဆိုပြီး၊ “ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့” ဆိုပြီးမြင်ယောင်စေပြီး နားယောင်စေခဲ့ပါတယ်။ စာတန်ဟာ တခါတရံမှာ အနုပညာတင်ဆက်ခြင်းလောကရဲ့ကြယ်ပွင့်တွေ၊ အားကစားလောကရဲ့အထင်ကရတွေ၊ ထင်ရှားကျော်ကြားတဲ့ တွေ အားဖြင့်သူ့ရဲ့ ထုတ်ကုန်တွေကိုကြော်ငြာတတ်ပါတယ်။ စာဖတ်နေသူလူငယ်တွေ အနေဖြင့်လည်း စာရိတ္တပျက်ပြားခြင်း၊ လှည့်စားခြင်းတွေက အောင်မြင်မှုနဲ့အခွင့်အလမ်းတွေကို ယူဆောင်လာပေးတယ်ဆိုပြီး အမှတ်မှားကာ မယူဆစေချင်ပါ။

ဃ – ဘုရားသခင်၏စေ့ဆော်မှုကိုမယုံသင်္ကာဖြစ်စေခြင်း

စာတန်က ဘုရားသခင်သည် ဧဝအပေါ် တရားမျှတမှုမရှိသော ကန့်သတ်ချုပ်ချယ်မှုမျိုးထားရှိသည်ဟု စောင်းပါးရိပ်ခြည်ပြောခြင်းဖြင့် ဘုရားသခင်၏တရားမျှတမှုကို သံသယဝင်စေခဲ့သည်။ ဧကန်ပင် စာတန်က ဧဝဟာ ဥယျာဉ်ရှိအသီးအနှံအားလုံးကို စားနိုင်သင့်သည်ဟု စောဒကတက်ခဲ့သည်။

(လူငယ်အတော်များများဟာ ဒီလိုမျိုးစုံစမ်းနှောက်ယှက်ခြင်းတွေမှာ အားနည်းကြပါတယ်။ တခါတရံသူတို့ရဲ့အသက်တာကို ကြိုက်သလိုအသက်ရှင်တတ်တဲ့ သက်တူရွယ်တူများနှင့်နှိုင်းယှဉ်ပြီး သမ္မာကျမ်းစာထဲရှိ မိန့်မှာကန့်သတ်ချက်များက သူတို့ရဲ့သာယာမှုကိုလုယူတယ်လို့ကောက်ချက်ချ မှတ်ယူတတ်ကြပါတယ်။ ထိုသို့သော ခံစားချက်များက စာတန်ဆီကနေတိုက်ရိုက်လာခြင်းဖြစ်ပြီး ယုံကြည်သူတွေကိုဖျက်ဆီးဖို့ရာပုံဖော်ဖန်တီးထားခြင်းဖြစ်ပါတယ်။ “ပျောက်သောသား” ပုံဥပမာဟာဆိုရင်ဖြင့် ကန့်သန့်ချုပ်ခြင်းများကို ဆန့်ကျင်ပုန်ကန်ခြင်းမျိုးဟာ ပျက်စီးခြင်း၌ပဲအဆုံးသတ်တယ်ဆိုတဲ့ ပြီးပြည့်စုံသောပုံဥပမာကို​ပေးနေပါတယ် (လုကာ ၁၅)။)

၄။ လူသား၏ ကြေကွဲဖွယ် မနာခံမှု

ဧဝသည် စုံစမ်းနှောင့်ယှက်ခြင်းကို အပြစ်၌အပြည့်အဝဖြစ်ထွန်းစေခြင်းငှါ ခွင့်ပြုခဲ့သည်။ စာတန်၏ထောင်ချောက်မှပြေးထွက်ခဲ့ရမည့်အစား(သု ၄း၁၅) သူ့ရဲ့စကားတွေ၌သာ ဆင်ခြင်အားထုတ်ခဲ့သည်။ သူမ၏အပြစ်ထဲသို့ကျရောက်ခဲ့ခြင်းအကြောင်းက ၁ယော ၂း၁၆ကိုထင်ဟပ်စေပါတယ်။ သူမအတွက် “ထိုအပင်ဟာစားဖွယ်ကောင်းတယ်”

(သွေးသားတပ်မက်ခြင်း – ခန္ဓာ၏တောင့်တမှုအားလွဲမှားသောနည်းလမ်းဖြင့် ကျေနပ်လိုသောဆန္ဒ)၊ “အဆင်းလည်လှတယ်”

(မျက်စိ၏တပ်မက်ခြင်း – ဘုရားမပေးထားသောအရာအား ပိုင်ဆိုင်လိုသောဆန္ဒ) နှင့် “ပညာကိုတိုးပွါးစေသောငှါနှစ်သက်ဖွယ်ဖြစ်တယ်”

(မာနထောင်လွှားသောအသက်တာ – သူတပါး၏အချီးအမွမ်းကိုခံရ၍ရရှိလာမည့်အတွေ့အကြုံအားခံစားလိုသောဆန္ဒ) လို့မြင်ခဲ့တယ်။ ထို့နောက် ကိုယ်တိုင်စားပြီး လူယောင်္ကျားကိုလည်း စားစေခဲ့ပါတယ်။

(စာဖတ်သူလူငယ်များအနေဖြင့် “တပ်မက်ခြင်းကိလေသာ”မှရှောင်သင့်ပါသည်(၁တိ ၂း၂၂)။ စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကစားနေသ၍တော့ ပျက်စီးခြင်းကိုပဲကြုံရမည်ပင်။ စုံစမ်းနှောင့်ယှက်ခြင်းတိုင်းဟာ ၁ယော ၂း၁၆မှာရှိတဲ့သုံးချက်နှင့် အံဝင်ဂွင်ကျနေပါတယ်။ ယာကုပ် ၁း၁၄-၁၅ ကိုလည်းဖတ်ပါ။)

၅။ လူသား၏ထိုက်တန်သောစီရင်ခြင်း

အာဒံနှင့်ဧဝတို့ကျူးလွန်လိုက်သောအပြစ်ဟာ ချက်ခြင်းဆိုသလို အပြစ်ရှိခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ကိုယူဆောင်လာပါတယ်(၃း၈)။ သူတို့ထိုက်တန်သည့်၊ မြော်မှန်းထားရသည့်စီရင်ခြင်းကို သူတို့နှစ်ဦးခံယူရပါတယ်(၃း၁၄-၁၉၊ ၂၂-၂၄)။ ဧဝကတော့ သားဖွားခြင်းအရာမှာဝေဒနာအလွန်များပြီး၊ အပြစ်သို့ကျရှုံးသွားတဲ့ခင်ပွန်း၏အလိုသို့လိုက်၍အုပ်စိုးခြင်းကိုခံစေရပါတော့တယ်။ လူသားနှစ်ဦးရဲ့ကျွမ်းဝင်ခြင်းအရာက ကောင်းကြီးမဖြစ်တော့ဘဲ၊ ရုန်းကန်ခြင်းတွေဖြစ်လာရပါတယ်။ အာဒံအသက်တာကတော့ သူ၏အပြစ်ကြောင့်ကျိန်ခြင်းကိုခံရတဲ့မြေမှာ ပင်ပန်းစွာရုန်းကန်ရပါတယ်။ ဒီရုန်းကန်ရခြင်းက သေဆုံးတဲ့အခါမှပဲ အဆုံးသတ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလုံး ဥယျာဉ်ထဲကနေနှင်ထုတ်ခြင်းခံရပြီး(၃း၂၃-၂၄) ကိုယ်ခန္ဓာကိုထာဝရအသက်ပေးဆောင်မည့် အသက်ပင်၏အသီးကို မစားစေတော့ပါဘူး။
တိုတိုပြောရရင်တော့ အာဒံနှင့်ဧဝတို့ဟာ ဘုရားရဲ့တားမြစ်ချက်၊ ပညတ်ချက်တွေကိုငြင်းပယ်ရင်း ဘုရားရဲ့ကောင်းကြီးတွေကိုခံစားခြင်ခဲ့ကြပါတယ်။ သေချာတဲ့ရလဒ်ကတော့ ဘုရား၏အပြစ်ပေးခြင်းပါပဲ။ စဖတ်သူလူငယ်များအနေဖြင့် ဘုရားသခင်ရဲ့ဒဏ်ခတ်ခြင်းကိုအလေးအနက်ထားသင့်ပါတယ်။ အားဒံနှင့်ဧဝ သူတို့ရဲ့အပြစ်ကြောင့် အခွင့်ထူးတွေရယ်၊ မခန့်မှန်းနိုင်လောက်တဲ့အခက်အခဲတွေကို ပြင်းထန်စွာကြုံရ၊ ဆုံးရှုံးခဲ့ရသောကြောင့်၊ ကိုယ်စိုက်သည်အတိုင်းရိတ်ရမည်ကိုတော့ သတိချပ်စေခြင်ပါသည်။ အသက်တာ၏ အရေးကြီးဆုံး၊ အခြေခံအကျဆုံး စည်းမျဉ်းတွေမှာ ခြွင်းချက်များမရှိပါ။

၆။ လူသား၏မထိုက်တန်သောမျှော်လင့်ခြင်း

လူသားရဲ့ပျက်စီးခြင်းအလယ်မှာ ဘုရားသခင်သည် ကြွယ်ဝသောကျေးဇူးတော်နှင့်မထိုက်တန်သောမျှော်လင့်ခြင်းကိုထောက်ပံ့ပေးခဲ့ပါသည်။ ကမ္ဘာဦးကျမ်း ၃း၁၅ဟာ “protoevangelium”(ဧဝံဂေလိတရား၏ပထမဆုံးဖော်ပြချက်) လို့သိထားကြပြီး၊ လူသားနှင့်မြွေတို့ရဲ့မုန်းတီးမှုဆိုတာထက်ကိုပိုပါတယ်။ ဒါဟာ ဘုရားသခင်နှင့် စာတန်ကြား ဤလောကကာလသမိုင်းတလျှောက်တိုက်ပွဲဖြစ်ပါတယ်။ မိန်းမရဲ့အမျိုးအနွယ် သခင်ယေရှုခရစ်တော်(ဂလာတိ ၃း၁၆, ၁၉၊ ၄း၄) သည်စာတန်(မြွေ)ထံမှနာကျင်ခြင်းကိုခံစားရလိမ့်မည်ဟူ၍ဖြစ်သည်။ သို့သော်လည်း စာတန်၏အောင်ပွဲမှာ ခဏတာမျှသာ။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် သင်္ချိုန်း မှထမြောက်လျက်၊ စာတန်၏ခေါင်းကိုနင်းခြေကာ လူသားတို့အတွက်မျှော်လင့်ခြင်းကိုယူဆောင်ပေးခဲ့သည်။

(စာဖတ်သူလူငယ်များကို ကယ်တင်ခြင်းအကြောင်းပြောပြချင်ပါသည်။ ဝိညာဉ်ရေးရာဆေးကြောသန့်စင်ဖို့အတွက် ခရစ်တော်ထံလာခဲ့ပြီလား။ သခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်သိပါသလား။ ဘုရားသခင်က “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။” လို့ ဟေရှာယ ၁း၁၈ မှာပြောပါတယ်။ ဧဝံဂေလိသတင်းစကားကရှင်းလင်းပါတယ် ““ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-” တမန်တော် ၁၆း၃၁။)

ကမ္ဘာဦး ၃း၂၁ မှာကိုယ်တိုင်ပူဇော်ရတဲ့ယဇ်မဟုတ်တဲ့ ယဇ်ပူဇော်ခြင်းမျိုးကိုတွေ့ရသည်။ သားရေဝတ်လုံကိုရခြင်းအရာမှာ ဘုရားသခင်သည် အပြစ်မဲ့သောတိရစ္ဆာန်ကိုသတ်ခဲ့ပါသည်။ အသွေးဖြင့်အပြစ်ဖြေခြင်း၏ အရေးကြီးပုံကို အာဒံနှင့် ဧဝအား ဘုရားသခင် ရှင်းပြခဲ့ခြင်း ဖြစ်နိုင်သည်။ ဤသမ္မာတရားသည် မောရှေ၏ယဇ်ပူဇော်ခြင်းစနစ်တွင် ပိုမိုပြည့်ဝသောဖွံ့ဖြိုးတိုးတက်မှုကို တွေ့ရှိသည်။ ဓမ္မဟောင်းကျမ်းရှိယဇ်ပူဇော်ခြင်းများက ခရစ်တော်၏ကားတိုင်ထက်၌ပြုမည့်အမှုများကို ကြိုတင်ညွှန်ပြနေသည် (ဟေဗြဲ ၉း၂၁-၂၈)။

#λόγος

⚠️ Gentle Reminder: ယခုဆောင်းပါးသည် မူရင်းစာရေးသူ နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက “Share” button နှိပ်၍သော်လည်းကောင်း၊ မူရင်း website link ကို ဖော်ပြပေးခြင်းဖြင့်သော်လည်းကောင်း ထပ်ဆင့်ဖြန့်ဝေကာ ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။ 👇
https://www.thylogos.org/license-and-terms-of-use/

05/01/2023

မင်္ဂလာပါ .. ဤ ပို့စ်သည် Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Graph API Explorer ကို အသုံးပြု၍ access token ဖြင့် ဒုတိယအကြိမ် ထပ်မံ စမ်းသပ်တင်ကြည့်သော ရှေ့ပြေးပို့စ်ဖြစ်ပါသည်။ ThyLogos Brain Project နှင့် integrate လုပ်ရန် ရည်ရွယ်ထားပါသည်

05/01/2023

မင်္ဂလာပါ .. ဤ ပို့စ်သည် Facebook Mobile App ဒါမှမဟုတ် Browser ကို အသုံးပြု၍ တင်ထားသော ပို့စ်မဟုတ်ပါ။ Facebook ၏ Graph API Explorer ကို အသုံးပြု၍ access token ဖြင့် စမ်းသပ်တင်ကြည့်သော ရှေ့ပြေးပို့စ်ဖြစ်ပါသည်။ ThyLogos Brain Project နှင့် integrate လုပ်ရန် ရည်ရွယ်ထားပါသည်

ဤ ThyLogos Brain Testing API ဖေ့စ်ဘွတ်ခ် စာမျက်နှာသည် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော ThyLogos Face နှင့် ThyLogos Br...
05/01/2023

ဤ ThyLogos Brain Testing API ဖေ့စ်ဘွတ်ခ် စာမျက်နှာသည် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော ThyLogos Face နှင့် ThyLogos Brain Project များအတွက် စမ်းသပ်ပို့စ်များ တင်ဖို့ရန် စမ်းသပ်ဖွင့်လှစ်ထားခြင်းသာဖြစ်ပါသည်။ ဤ ပေ့ချ်သည် ThyLogos ၏ official page လုံးဝ (လုံးဝ) မဟုတ်ပါ။ ThyLogos ၏ official page မှာ Logos λόγος သာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သော နှစ်ခြင်းခရစ်ယာန်များဖြစ်ကြပါသည်။

ဤ စာမျက်နှာတွင် ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။

ဤ Page တွင် ThyLogos Brain နှင့် Facebook ၏ Graph API တို့ကို ပေါင်းစပ် integrate လုပ်ပြီး လူမဲ့ အလိုအလျောက်ပို့စ်တင်သော feature တခုကို စမ်းသပ်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ စမ်းသပ်ချက်အောင်မြင်ပါက Instagram တွင်ပါ အလိုအလျောက်ပို့စ်တင်နိုင်ရန် ဤ page နှင့် instagram ကိုလည်း integrate လုပ်ကာ ဆက်လက်စမ်းသပ်ဆောင်ရွက်ကြပါမည်။ ဤ ပရောဂျက်အားဖြင့် နောင်အနာဂတ်တွင် ThyLogos Brain (ကွန်ပျူတာပရိုဂရမ်အစီအစဉ်) နှင့်အတူ ThyLogos admins (လူ) များမှ အတူတကွပေါင်းစပ်၍ ဘုရားသခင်၏ အမှုတော်မြတ်များကို နည်းပညာမြင့်မြင့်ဖြင့် မည်မျှအတိုင်းအတာထိ လက်တွေ့လုပ်ဆောင်နိုင်ကြမလဲဆိုသည်ကို လေ့လာစမ်းစစ်အဖြေရှာရန် ဖြစ်ပါသည်။

ThyLogos Face (လောဂေါ့စ်၏ မျက်နှာ) ဆိုသည်မှာ ThyLogos website အသစ်အတွက် Frontend project တခုဖြစ်ပါသည်။
ThyLogos Brain (လောဂေါ့စ်၏ ဦးနှောက်) ဆိုသည်မှာ ThyLogos Face ကိုမောင်းနှင်ပေးမည့် server (ဆာဗာ) Backend project တခုဖြစ်ပါသည်။ ဤ ဆာဗာသည် ThyLogos Face ကို မောင်းနှင်ပေးဦးမည်သာမက နောက်ကွယ်တွင်လည်း လူမပါဝင်ဘဲ အလိုအလျောက် အီးမေးလ်ပို့ခြင်း၊ admin/လူ များကိုယ်စား အလိုအလျောက် ပို့စ်တင်ပေးခြင်း၊ သို့မဟုတ် schedule လုပ်၍ အလိုအလျောက် ပို့စ်တင်ပေးခြင်း၊ ပို့စ်တင်ပြီးပါက သို့မဟုတ် ပို့စ်ကို တခုခု ပြင်ဆင်ပါက admin/လူများကို အလိုအလျောက် အီးမေးလ်ပို့ကာ အသိပေးခြင်း စသည့်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကာ အကောင်အထည်ဖော်နေသော project တခုဖြစ်ပါသည်။

စိတ်ပါဝင်စားသူတိုင်း ဤ page ကို like and follow လုပ်ထားနိုင်ပါသည်။ အကြံဉာဏ်ပြုလိုသည်များကိုလည်း ပြုနိုင်ပါသည်။ contribute လုပ်လိုသော software developers များကိုလည်း ခရစ်တော်၏နာမတော်မြတ်၌ လေးစားစွာဖိတ်ခေါ်ပါသည်။

လေးစားစွာဖြင့်

ThyLogos Tech

Address

Singapore

Alerts

Be the first to know and let us send you an email when ThyLogos Brain Testing API posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ThyLogos Brain Testing API:

Share