23/09/2025
မမပရောဂျက်နဲ့ပတ်သတ်လို့ မဟုတ်မမှန် သတင်းမှားများနဲ့ ပုံရိပ်ဖျက် ရေးသားဖော်ပြချက်များမှာ မှန်ကန်မှူမရှိတဲ့အတွက် အများပြည်သူ စိတ်ရှင်းရှင်းလင်းလင်းနဲ့ ပြဿနာရဲ့လားရာ၊ အဖြစ်မှန်နဲ့ ဝေးကွာမသွားစေဖို့ ဖြေရှင်းပါမယ်။
မမပရောဂျက်ကို (၅) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပါတယ်။
ရရှိသမျှ ဘဏ္ဍာငွေကြေးတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ်အကောင့်အသီးသီးသို့ ပါဝင်ကြသူ Fundraiser အားလုဲး တိုက်ရိုက်လွှဲပြောင်းပေးရပြီး စာရင်းနဲ့ ငွေအသုံးကို ကာကွယ်ရေးဝန်ကြီးဌာနက အပြည့်ဝတာဝန်ယူရတဲ့ ပရောဂျက်ဖြစ်ပါတယ်။
ငွေလက်ခံတာ၊ စီမံခန့်ခွဲတာ၊ မြေပြင်မှာ လက်နက်ကြီးတပ်ဆင်တာ၊ တပ်ရပ်တပ်ဖွဲ့ ချိတ်ဆက်ဆောင်ရွက်တာ
အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနကသာ အလုံးစုံတာဝန်ုယူထားတာဖြစ်ပါတယ်။
ကျွန်မတို့က ပရောဂက်ကိုသာ အောင်မြင်အောင် စီစဉ်ဆောင်ရတာဖြစ်ပါတယ်။
ဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်
ထုတ်ပြန်ကြေညာပြီးသား စာကို အများပြည်သူသိရှိစေဖို့ ပြန်လည် မျှဝေပါရစေ။
📌 ဒါကမူရင်းပို့စ်ပါ - https://www.facebook.com/share/17K9B5kEYF/?mibextid=wwXIfr
မမပရောဂျက်ထုံးစံအတိုင်း ပြီးစီးတဲ့ပရောဂျက်စာရင်းကို MOD က ရှင်းပေးပြီးမှ ပရောဂျက်အသစ် ထပ်လုပ်ရတာဖြစ်ပါတယ်။ နောက်ဆုံးလုပ်ထားတံ့ မမပရောဂျက် နေပြည်တော်ကို MOD အနေနဲ့ ခုထိစာရင်းမရှင်းသေးတာမို့ ပရောဂျက်အသစ် ထပ်မံမပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။
တဆက်တည်း မနေ့ကတင်ခဲ့တဲ့စာမှာ WLMF အဖွဲ့က ပ်ဝင်ခဲ့/ ပြုလုပ်ခဲ့လို့ ရေးထားပါတယ်။ ပါဝင်ခဲ့ဆိုတာ Fundraiser အနေနဲ့ ပါဝင်တာကို ဆိုလိုခြင်းဖြစ်ပြီး ပြုလုပ်ခဲ့တာက ကျွန်မတို့ ကိုယ်တိုင်လုပ်ဆောင်တဲ့ ပရောဂျက်ကို ရည်ညွှန်းခြင်းပါ။
ယခုချိန်ထိ ပရောဂျက်တိုင်းရဲ့ ငွေသည် မြေပြင်ကို အပြည့်ဝရောက်ခဲ့ပြီးဖြစ်သလို စာရင်းတွေလည်း အကုန်ပိတိပြီး ရှိပြီးဖြစ်ပါတယ်။ External Audit နဲ့ စာရင်းအကုန်စစ်ဆေးဖို့ကို ကျွန်မတို့ မုလကတည်းက ရည်မှန်းချက်ဖြစ်ပြီး မဖြစ်ဖြစ်အောင်လည်း အကောင်ထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။
မနေ့ကစာမှာ ပါဝင်တဲ့ ပုဂ္ဂီုလ် (၁၃) ဦးဆိုတာ တော်လှန်ရေးပရောဂျက်တွေမှာ ပါဝင်ကူညီခဲ့သူများဖြစ်ပြီး စာရင်းစစ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ တိုးတိုးကြိတ်စစ်မှာမဟုတ်ဘဲ အဆိုပါ ပါဝင်ပေးခဲ့ကြသူများ Observer အနေနဲ့ ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း အသိပေးလိုခြင်းဖြစ်ပါတယ်။
တောင်းပန်ချက်။ ။ အထက်ပါကိစ္စရပ်နံ့ပတ်သတ်လို့ နာမည်စာရင်းပါရှိသူများအနေဖြင့် တဖက်သတ် ထိုးချ ပြောဆို ရေးသားမှူများကြောင့် စိတ်အနှောင့်ယှက်ဖြစ်ခဲ့ကြရသည်ရှိသော် ကျွန်မတို့ရည်ရွယ်သည့် အဓိပ္ပါယ်မှာ ပွင့်လင်းမြင်သာမှူရှိအောင် စီစဉ်ဆောင်ရွက်၍ စာရင်းစစ်လုပ်ငန်းများ အကောင်ထည်ဖော်မည်ကိုသာ ရည်ရွယ်တာဖြစ်ကြောင်းနဲ့ အဆင်မပြေမှူများအတွက် အနူးညွတ်တောင်းပန်အပ်ပါတယ်ရှင်။
#မမများနဲ့ပွဲကမယ် 💃🏻💃🏻