Kumudra Myanmar Arts and Cultural Association - Singapore

Kumudra Myanmar Arts and Cultural Association - Singapore To promote Myanmar arts and culture with a strong intent to preserve its traditions and to introduce them to the international audience.

မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာများကို ပြည်ပရောက် မြန်မာညီအစ်ကိုမောင်နှမမိသားစုများ စဉ်ဆက်မပြတ် ထိန်းသိမ်းအားပေးနိုင်ကြစေရန် နှင့် ရိုးရာ ယဉ်ကျေးမှု အကအလှဖျော်ဖြေတင်ဆက်မှုများကို တိုင်းတစ်ပါးယဉ်ကျေးမှုများနှင့် တန်းတူရင်ပေါင်တန်း ဖျော်ဖြေတင်ဆက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော စင်ကာပူရောက် မြန်မာလူငယ်လူရွယ် ၀ါသနာရှင်များ ပေါင်းစုဖွဲ့စည်းထားသော အနုပညာအင်အားစုတစ်ခုဖြစ်ပါသည် ။

We are a group of young indivi

duals from Myanmar who are passionate in performing arts with a common goal to reach out to both Myanmar and international communities in Singapore, promoting Myanmar culture.

"A special tribute to the hand that tended the First Petal - Daw Khin Phyone Thit"🌿 "ရိုးရာယဉ်ကျေးမှုရဲ့ အလှတရားတွေနဲ့ စ...
23/07/2026

"A special tribute to the hand that tended the First Petal - Daw Khin Phyone Thit"

🌿 "ရိုးရာယဉ်ကျေးမှုရဲ့ အလှတရားတွေနဲ့ စတင်ခဲ့တဲ့ ၁၀ နှစ်တာ ခရီးရဲ့ပန်းပျိုးရှင်”🌿

ကုမုဒြာဆိုတဲ့ မြန်မာ့ယဥ်​ကျေးမှုအသင်း​လေးရဲ့ ခရီးအစကိုပြန်ပြောင်းပြောရမယ်ဆိုရင် ဘဝတပါးသို့ကူး​ပြောင်းကွယ်လွန်သွား​ပြီဖြစ်တဲ့ ကျွန်​တော်ကျွန်မတို့ ချစ်ခင်​လေးစားရတဲ့ ပန်းပျိုးလက်ပိုင်ရှင် အန်တီ​ဒေါ်ခင်ပြုံးသစ်ကို ချန်ထားလို့မဖြစ်ပါဘူး ..

အန်တီဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွင်တွင်ကျယ်ကျယ် ဖော်ပြနိုင်ခြင်းမရှိတဲ့ ၂၀၁၀ ကျော်ကာလတွေမှာ စင်ကာပူနိုင်ငံအနှံ့ မြန်မာအသိုင်းအဝိုင်းအတွက်ပဲဖြစ်စေ ၊ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော် ဖိတ်ခေါ်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု​အ​နေနဲ့ဖြစ်​စေ ဖျော်​ဖြေတင်ဆက်မှုများကို ကုမုဒြာဆိုတဲ့အမည်နဲ့ ​ဂုဏ်ယူစွာ ရနိုင်သမျှ အနုပညာအားလေးတွေစုစည်းပြီ ကြိုးပမ်း တင်ဆက်ခဲ့ပါတယ် ..

စင်ကာပူမြန်မာအသိုင်းအဝိုင်းမှာ မြန်မာ့အနုပညာယဥ်​ကျေးမှုမျိုး​စေ့ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ လက်ဆင့်ကမ်းအ​မွေ​ပေးခဲ့တဲ့ သုခုမပဲ့ကိုင်ရှင် အန်တီ ထားခဲ့တဲ့ ယဥ်​ကျေးမှုအနုပညာအမွေကို တတ်စွမ်းသမျှ စည်ပင်ပြန့်ပွား​စေလိုတဲ့ရည်ရွယ်ချက် ၊ ပန်းပျိုးရှင် အန်တီ့ကို သတိရခြင်းများစွာဖြင့်စတင်ခဲ့တဲ့ “ကုမုဒြာ” အသင်းဟာ မကြာမှီအချိန်အတွင်းမှာဆယ်စုနှစ်တခုစာ မှတ်တိုင်ကိုဖြတ်သန်းတော့မှာပဲဖြစ်ပါတယ် ။

ဒီဆယ်စုနှစ်တစ်ခုအတွင်းမှာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရုံတင်ဆက်ရုံသာမက ပြည်ပရောက် မြန်မာလူငယ်နဲ့ လူမှုအသိုင်းအဝိုင်းဆီကိုပါ အနုပညာတန်ဖိုး တစ်ခု တတ်အားသရွေ့ လက်ဆင့်ကမ်းနိုင်ခဲ့တာဟာ အသင်းအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ ။

ဆယ်နှစ်ပြည့်အမှတ်တရအထိမ်းအမှတ်အနေနဲ့ ကုမုဒြာရဲ့ ခရီးလမ်းတလျှောက်ကို
ပြန်လည်အမှတ်တရ ခံစားရင်း ဘယ်လို အစီအစဉ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားပျော်စရာ အတိဖြစ်အောင် ကုမုဒြာက တင်ဆက်မလဲဆိုတာကိုတော့ Admins တို့နဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် …

မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ… ကုမုဒြာက ၁၀ နှစ်ပြည့်ပြီဆိုတော့ မုန့်မကျွေးကြဘူးလား လာလာမေးနေကြလို့လေ။ အဲ့တော့ အက်မင်များ ...
20/07/2026

မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ…
ကုမုဒြာက ၁၀ နှစ်ပြည့်ပြီဆိုတော့ မုန့်မကျွေးကြဘူးလား လာလာမေးနေကြလို့လေ။ အဲ့တော့ အက်မင်များ ခေါင်းကိုက်ရပြီပေါ့လေ။ ဘာများကျွေးရပါ့…။

ကုမုဒြာရဲ့ ၁၀ နှစ်ပြည့်ပန်းတိုင်မှာ ချစ်သောအားပေးကြသူများကို ကျေးဇူးဆပ်တဲ့အနေနဲ့ We are cooking something ပါနော်။

မကြာမီ လာမည်မျှော် … 😊

Every blossom begins as a hidden bud.

Ours has been quietly growing…

Patiently.
Beautifully.

Just a little longer,
and you’ll understand why we’ve been smiling. 😊

မင်္ဂလာပါ….👋🏼ကုမုဒြာနဲ့ အမှတ်တရရှိတဲ့သူတွေ… အသံလေးပေးပါဦး! 👋💦 သင်္ကြန်လား? 🎭 Chingay လား? 🌸 Community Club ပွဲတွေလား?ကုမ...
17/07/2026

မင်္ဂလာပါ….👋🏼
ကုမုဒြာနဲ့ အမှတ်တရရှိတဲ့သူတွေ… အသံလေးပေးပါဦး! 👋

💦 သင်္ကြန်လား? 🎭 Chingay လား? 🌸 Community Club ပွဲတွေလား?

ကုမုဒြာနဲ့ ပတ်သက်ပြီး ဘယ်အမှတ်တရကို အခုထိ မမေ့နိုင်သေးလဲ?

Comment မှာ အမှတ်တရလေးတွေ၊ ဓာတ်ပုံဟောင်းလေးတွေ လာမျှဝေပေးပါဦး။ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အတွက် အားလုံးရဲ့ ဇာတ်လမ်းတွေကို အတူတူ ပြန်အသက်သွင်းကြရအောင်။

"တစ်ခါတလေ… အိမ်နဲ့ဝေးတဲ့နေရာမှာ ကိုယ့်နိုင်ငံရဲ့ အနုပညာကို မြင်လိုက်ရရင် မျက်ရည်ဝဲမိတတ်တယ်…"၁၀ နှစ်…စကားလုံးလေး နှစ်လုံး...
17/07/2026

"တစ်ခါတလေ… အိမ်နဲ့ဝေးတဲ့နေရာမှာ ကိုယ့်နိုင်ငံရဲ့ အနုပညာကို မြင်လိုက်ရရင် မျက်ရည်ဝဲမိတတ်တယ်…"

၁၀ နှစ်…
စကားလုံးလေး နှစ်လုံးပဲ ဖြစ်ပေမယ့် အဲ့ဒီအချိန်အတွင်းမှာ ရယ်မောခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေ၊ အခက်အခဲတွေကို အတူဖြတ်ကျော်ခဲ့ရတာတွေ၊ မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ပါတယ်။
Singapore ဆိုတဲ့ မြေတစ်နေရာကနေ…�မြန်မာ့ရိုးရာယဉ်ကျေးမှု နဲ့ အနုသုခုမတွေကို ဆက်လက်အသက်ဝင်နေစေဖို့ ကြိုးစားခဲ့တဲ့ ခရီးလမ်းဟာ မလွယ်ကူခဲ့ပေမယ့် အဓိပ္ပာယ်အပြည့်ရှိခဲ့ပါတယ်။
ဒီနေ့ ကုမုဒြာကို ကုမုဒြာဖြစ်စေခဲ့တာဟာ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ စေတနာ၊ အချိန်နဲ့ မေတ္တာတွေကြောင့်ပါ။
အတူလက်တွဲခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။�အားပေးခဲ့ကြသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီခရီးက မပြီးသေးပါဘူး…
၁၀ နှစ်ပြည့် အထိမ်းအမှတ်အတွက် လှပတဲ့ အမှတ်တရတွေ၊ စိတ်လှုပ်ရှားစရာတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Kumudra ကို Follow လုပ်ပြီး အတူတူ လျှောက်လှမ်းပေးပါဦးနော်။

Ten Years of Kumudra

There are moments when the distance from home weighs heavily upon our hearts. In those moments, our arts, our traditions, and our culture become the light that leads us home.

On this island, far from the land of our birth, we found a home away from home.

Like a seed carried across the sea, Kumudra took root through love, dedication, and the unwavering spirit of our community. Today, it blossoms as a living celebration of Myanmar’s arts and culture.

To everyone who has journeyed with us, thank you. Your kindness and support have made every bloom possible.

This is not the end of our story. It is the beginning of a new season.🪷
Stay tuned. The story is about to bloom 😊

16/07/2026

Looking back on our journey, Kumudra has been more than a performing arts group—it has been a journey of discovering, preserving, and celebrating the beauty of Myanmar's cultural heritage.

As we prepare to commemorate a meaningful milestone, we invite everyone to reflect on the significance of our own identity. CULTURE is not simply something we inherit; it is something we continue to learn, cherish, and pass on to future generations.

Wherever we may be in the world, our identity remains deeply rooted within us. Kumudra takes pride in fostering understanding and strengthening cultural connections with overseas communities to ensure that the rich legacy of Myanmar continues to flourish beyond borders.

Join us as we prepare to unveil a cultural showcase that celebrates who we are—a tribute to our past, a celebration of our present, and an inspiration for generations to come.

🌸 Let our roots grow deeper.
🌸 Let our culture bloom brighter.
🌸 Let our identity shine together.

Stay tuned. The story is about to bloom 🙂

နိုင်ငံရပ်ခြားမှာ နေထိုင်ကြပေမယ့် မိမိတို့ရဲ့ မြန်မာ့ရိုးရာ အနုသုခုမ အလှတရားကို ကမ္ဘာက သိမြင်စေနိုင်စေဖို့နဲ့ မျိုးဆက်သစ်များ မိမိတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ကုမုဒြာ ယဉ်ကျေးမှု အဖွဲ့ကြီးဟာ Singapore နိုင်ငံကနေ နှစ်ပေါင်းများစွာစဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

ယနေ့အထိ ကုမုဒြာမှ တင်ဆက်ခဲ့သမျှဟာ ဖျော်ဖြေပွဲတစ်ခုသာ မဟုတ်ဘဲ အနာဂတ်အတွက် အမွေအနှစ်ကို ဆက်လက်ရှင်သန်စေလိုသော စိတ်ဆန္ဒတို့ကို ပေါင်းစည်းထားသော ခရီးရှည်တခုကို “ကုမြာဒြာ ယဉ်ကျေးမှုအဖွဲ့ကြီး”မှ ဂုဏ်ယူစွာတင်ဆက်နေမှာဖြစ်ကြောင်း….ထပ်လောင်းပြောပြလိုက်ပါရစေ။

နှစ်သစ်ကူး​ပြောင်း​တော့မယ့် မြန်မာတို့ရဲ့သင်္ကြန်ချိန်ခါကာလ​လေးလည်းနီးလာပြီဖြစ်တဲ့အတွက် မနှစ်ကရိုက်ကူးထားတဲ့ သီချင်း​လေး...
10/03/2026

နှစ်သစ်ကူး​ပြောင်း​တော့မယ့် မြန်မာတို့ရဲ့သင်္ကြန်ချိန်ခါကာလ​လေးလည်းနီးလာပြီဖြစ်တဲ့အတွက် မနှစ်ကရိုက်ကူးထားတဲ့ သီချင်း​လေးကိုတင်ဆက်လိုက်ရပါတယ်...
​တေးဆို - စန္ဒယားငြိမ်းတိုး
တေး​ရေး - ဇင်​ယော်​
သရုပ်​ဖော်နှင့်အက - ကုမုဒြာ
Mix and Master - Studio 259

တေးဆို - ငြိမ်းတိုးတေးရေး - ဇင်ယော်ဂီတမှူး - စန္ဒရားဝင်းလှိုင် (မုံရွာ)တေးသရုပ်ဖေါ် အက - ကုမုဒြာ မြန်မာ့အနုပညာ ယ...

05/01/2026

Happy 2026 from Team Kumudra!

It was a memorable New Year's Eve at the Boon Lay One Community Fiesta Countdown celebration!

မတူညီတဲ့ အပြင်အဆင်​နောက်တစ်မျိုးနဲ့ ကုမုဒြာရဲ့ မှုန်​ရွှေရည်​လေးပါ..

Address

Singapore
680677

Telephone

+6590025276

Website

Alerts

Be the first to know and let us send you an email when Kumudra Myanmar Arts and Cultural Association - Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kumudra Myanmar Arts and Cultural Association - Singapore:

Shortcuts

Share