03/10/2026
ကုမုဒြာအသင်းရဲ့ ဆယ်နှစ်ပြည့် ယဉ်ကျေးမှုပွဲတော်ကြီး ကျင်းပဖို့ နှစ်ပတ်ကျော်ကျော်သာ ကျန်တော့တဲ့ အချိန်မှာ၊ ဆယ်နှစ်ပြည့်ပွဲအတွက် ဖန်တီးထားတဲ့ လက်မှတ်ဒီဇိုင်းရဲ့ နောက်ကွယ်က ခံစားမှုအတွေးပုံရိပ်လေးကို အားလုံးနဲ့ မျှဝေချင်ပါတယ်။ ဒီလက်မှတ်ဒီဇိုင်းကို ကုမုဒြာအသင်းသားဟောင်း၊ လက်ရှိ Greenovation Printing & Packaging ရဲ့ Founder ဖြစ်တဲ့ ကိုသီဟက အသင်းရဲ့ စိတ်ကူးစိတ်သန်းများကို လက်တွေ့ဖော်ဆောင်ပြီး ကျက်သရေရှိရှိ ပုံနှိပ်ပေးထားတာ ဖြစ်ပါတယ်။
လက်မှတ်တစ်ခုစီတိုင်းဟာ ကုမုဒြာ Logo ကို မှီငြမ်းထားတဲ့ ပန်းပွင့်တစ်ပွင့်ရဲ့ ပုံသဏ္ဍာန်ဖြစ်ပြီး ရိုးရာယဥ်ကျေးမှုနဲ့ ဂုဏ်ကျက်သရေရှိမှုကို ကိုယ်စားပြုတဲ့ ခရမ်းရောင်နဲ့ ရွှေရောင် အရောင်အတွဲအစပ်ကို အသုံးပြုထားတာဖြစ်ပါတယ် ။ အလယ်ဗဟိုက ရွှေရောင်မင်းသမီးလေးကို ၀န်းရံထားတဲ့ ပန်းနံရံလေးတွေဟာ ကျေးမှုပဒေသာကပွဲနေ့မှာ လှပစွာ တင်ဆက်ပေးမယ့် အနုပညာဖျော်ဖြေမှု တခန်းစီတိုင်းကို ဖော်ညွှန်းထားပါတယ် ။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ ပန်းပွင့်လွှာတွေဟာ ဒီပွဲကြီး ဖြစ်မြောက်ဖို့ အသင်းသူအသင်းသားများ စည်းလုံးညီညွတ်စွာ ကြိုးပမ်းကြပုံကို ကိုယ်စားပြုထားထာပဲ ဖြစ်ပါတယ်။
ကိုသီဟနဲ့ Greenovation အသင်းသူအသင်းသားများကိုလည်း ခုလိုလှပသပ်ရပ်တဲ့ လက်ရာအတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး သေသပ်လှပတဲ့ ပုံနှိပ်ထုပ်ပိုးမှု လက်ရာကောင်းများကို ဆက်လက်ဖန်တီးပြီး ခုထက်ပိုမိုအောင်မြင်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာ ပရိသတ်တိုင်း ဒီပန်းလက်မှတ်လေးတွေကို ကိုယ်စီယူဆောင်ပြီး ကုမုဒြာအသင်း ဆယ်နှစ်တာအနုပညာခရီးရဲ့ ယဉ်ကျေးမှုပွဲတော်ကြီးကို အတူတကွ လာရောက်အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ် ။
With just about two weeks away until Kumudra's 10th Anniversary Cultural Show, we want to share the story behind our anniversary ticket.
Each ticket is a flower shaped in the image of our own Kumudra logo — brought to life by Ko Thiha, a former Kumudra member and now founder of Greenovation Printing & Packaging, who took the committee's vision and turned it into this piece with real craftsmanship.
At its center, a golden dancer is framed by petals in royal purple and gold — colors that speak to tradition and prestige — echoing the same petals that will unfold across the show itself. Each interlocking petal reflects the unity it took to bring this anniversary to life.
To Ko Thiha and the Greenovation team: thank you for this beautiful work. We look forward to many more meaningful creations ahead and many successes of the team.
Come 18 October, we hope every guest carries a piece of this flower with them — one petal, ten years in bloom. 🌸