07/06/2026
မကွေးမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးတို့ကို တော်လှန်တပ်က လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ
ဇွန် ၆ /၂ဝ၂၆
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကံပြားရွာနဲ့ နတ်မောက်မြို့ကြား လမ်းပိုင်းတနေရာမှာ တော်လှန်ရေးရဲဘော်တွေက ရှောင်တခင် စစ်ဆေးနေချိန် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးတို့ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Aung San's Land Natmauk က ဇွန်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့သည့် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့မှာ ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ - ၂၁၅ က DSA - 51 ဆင်း ဗိုလ်မှူး အောင်ဖြိုးဝေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ခမရ ၅၉၉ က ဗိုလ်ကြီး ပြည့်စုံအောင်နဲ့ တပ်ကြပ်ကြီးစာရေး ကိုမျိူးဦးတို့ဖြစ်ကြပါတယ်။
ဇွန်လ ၁ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ လောက်က တော်လှန်ရေးရဲဘော်တွေဟာ လမ်းပိုင်းကို ရှောင်တခင် စစ်ဆေးနေစဉ် သူတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာပါ။
ခရက်ဒစ် နိရဉ္စရာ