The PDF Game

The PDF Game They can't stop the digital strike We developed mobile games inspired by Myanmar Spring Revolution.
(292)

20/06/2026

PDF game အတွက် update လေးပါ…

App အဆင်မပြေတာ တွေ အတွက် ကိုတွတ်ကို ကျွန်တော် အကြောင်းကြားထားပါမယ်…

အခြား YouTube channel များ ကို လည်း ဒီအချိန်မှာ ကလစ် ထားနိုင်ပါတယ်ဗျာ…

ကျေးဇူးပါ…

23/02/2026

v439 မှ သန်တကယ် ကျမယ်ထင်ပါတယ်။ အသစ်တင်ထားပါတယ်။ အန်းဒရိုက် ပဲရပါသေးတယ်။

22/02/2026

Edit: v439 မှ သန်တကယ် ကျမယ်ထင်ပါတယ်။ အသစ်တင်ထားပါတယ်။

သန်ချထားတဲ့ The PDF Game အန်းဒရိုက် ဗားရှင်း v-438 ရပါပြီ။

အမှားတွေ တွေ့ရင် ကွန်မန့် မှာ ပြောထားပေးပါ။

iOS လဲ လုပ်နေပါတယ်။

19/02/2026

Game ထဲကနေ တီကောင် ကိုထုတ်ပြီး update တင်ပေးမှာပါ။

အန်းဒရိုက် က တော့ အရင်ရလောက်ပါတယ်။

iOS ကတော့ update ကို approve ရဖို့ အမြဲ အခက်အခဲ ရှိတတ်တယ်။

Passcode လိုအပ်ချက်ကို လဲ ဖယ်လိုက်တော့ မှာပါ။

Game ထဲ တီကောင် ကိုတစ်ခြား တော်လှန်ရေး ရဲဘော်တွေနဲ့ တစ်တန်းတည်း ထားမိတာ ကာကာတွေ ကို တောင်းပန်ချင်ပါတယ်။

B.N.R.A ကို မထောက်ပံ့ ခဲ့တာမို့ ကလစ်ထားတာ သူတို့ စီ တစ်ကျပ်မှ မရောက်ဖူးလို့ စိတ်သန့်သန့် ထားနိုင်ပါတယ်။

အားလုံးကို လဲ သတိရနေပါတယ်။

ပုံ/
ကိုတွတ်

01/01/2026

ကာကာ တွေအားလုံးပဲ မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ။

စာရေးတင်မယ် တင်မယ် ဆိုပြီး တင်ဖို့ တကယ် ဘာမှ ရေးဖို့ထွက်မလာ ဖြစ်နေတာ တော်တော်ကြာသွားတယ်။

အကြာကြီး ပစ်ထားမိတော့ guilty (ကိုယ့်ဟာကို စိတ်မလုံ) ဖြစ်နေတာလဲပါတာပေါ့။

ကိုတွတ် ကို သတိတရ ပေးပို့ကြတဲ့ email တွေဖတ်ရပါတယ်။ တစ်ယောက်စီ စာတော့ မပြန်ဖြစ်ဘူး။ အားလုံးကို ဒီကနေပဲ ကျေးဇူးတင် ကြောင်းပြောပါရစေ။

ကျမ်းမာရေး ကတော့ အကုန်ကောင်းပြီး ကိုယ်ရဲ့သာမာန် အနေအထား ရောက်သွားပါပြီ။ ပုံမှန်လူလိုတော့ မဟုတ်ဘူးပေါ့။ ပြောရမယ်ဆို ဘယ်ချိန် ထပေါက်မလဲ မသိတဲ့ ချိန်ကိုက်ဗုံး နဲ့နေရသလိုပဲပေါ့။ အဲလိုပြောလို့ စိတ်ပူစရာတော့ မရှိပါဘူး။ လူတိုင်းကလဲ ဒီသဘောတရား အတိုင်း timebomb ကိုယ်စီနဲ့ပဲဟာ။ ကိုယ်က အချို့အရာတွေလောက်ပဲ သူများနဲ့ မတူ ပိုဂရုစိုက်ရတာပဲရှိတာ။

App အခြေအနေ ကတော့ ကောင်းပါတယ်။ အန်းဒရိုက်ကော၊ iOS ကော google ကပေးတဲ့ ငွေဝင်တယ်။ အခြား ad network တွေ အများစုလဲ ငွေရတယ်။ မရတော့ပဲ အဘန်းခံရတာ နှစ်ခု သုံးခု ရှိတယ်။ မိုင်နာ လောက်ပါ။

ရတဲ့ ငွေ ပမာဏကတော့ တော်တော် ကျဆင်းသွားတာပေါ့။ ငွေရနှုန်းက ကောင်းပြီး ပုံမှန်ပေမယ့် လူနည်းတာနဲ့ vpn တွေ အဆင်မပြေတာတွေ၊ admin ကိုတွတ် မတွန်းနိုင်တာတွေ ကြောင့် နည်းနည်း လာနေတာပေါ့။ ကုန်ကျစရိတ် က အရင်အတိုင်း မြင့်တဲ့ အထဲပါတော့ သူဟာနဲ့ သူပြန်ကုန် သလို ဖြစ်နေတာ။ တစ်ချို့ tax နဲ့ ကုန်ကျစရိတ် အဟောင်းတွေကလဲ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးမှ စုပြီး အကုန် ရှင်းပေးလိုက်ရတာလဲ ပါတော့ ဘာမှကို အဖတ် မတင်သလိုဖြစ်ဖြစ်နေတာပေါ့။

Address

11 Mandalay Road
Singapore
308232

Alerts

Be the first to know and let us send you an email when The PDF Game posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The PDF Game:

Shortcuts

Share