07/10/2026
တော်လှန်ရေးမှာ မှန်မှန်လျှောက်ရင်း လမ်းလွဲမရောက်ဖို့ အမြဲ သတိထားပါတယ်။ ကျမတို့အဖွဲ့အနေနဲ့
ရိက္ခာထုပ် ဖြန့်ဖြူးတဲ့အခါ
တစ်နယ်တည်း တစ်ရင်းတည်း ကိုပဲ ကွက်မပေးဘူး
နီးရာ ခင်ရာ ရင်းကိုလည်း ဦးစားမပေးဘူး
လူလည်း မမွေးဘူး
မြေပြင်မှာ တကယ်အလုပ်လုပ်တဲ့တပ်ရင်း
တကယ် လိုအပ်တဲ့တပ်ရင်း
COC အောက်က တပ်ရင်းတွေကိုပဲ
သိန်းတစ်ရာစီ ထောက်ပံ့ပေးနိုင်ဖို့ လစဉ်ကြိုးစားပေးနေတာပါ။
အောက်တိုဘာလ ရိက္ခာထုပ်ကမ်ပိန်းမှ ထောက်ပို့သွားမယ့်တပ်ရင်းတွေကတော့
(၁) အမှတ် ၉၇၀၆ အထူးလှုပ်ရှားတပ်ရင်း နဲ့
(၂) ဒီမောဆိုး PDF တို့ဖြစ်ပါတယ်။
အပန်းမကြီးရင် ပါဝင်ပေးပါဦး ဒိုဒိုတို့ရေ…
ရိက္ခာထုပ်မှသည် အောင်ပွဲဆီသို့
#ရိက္ခာထုပ်