Call Directions Website Contact the organization

HSM What I want is the federals democracy for our Myanmar people

10/10/2026
08/10/2026

Malaysia has consistently demonstrated a principled engagement within ASEAN regarding Burma/Myanmar, repeatedly affirming its commitment to humanitarian values, democracy, and human rights. Receptive diplomatic hosting of Min Aung Hlaing at the head-of-state level stands in direct contradiction to these established principles.
Accordingly, the Steering Council for the Emergence of a Federal Democratic Union - SCEF respectfully and earnestly calls upon the Government of Malaysia to refrain from further confirming, or granting state-level legitimacy to Min Aung Hlaing and his junta.

Excerpt from the Statement of Objection to Min Aung Hlaing’s Visit to Malaysia

08/10/2026

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံ၏ ဆက်ဆံရေးတွင် အခြေခံမူများနှင့် အညီ ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုတန်ဖိုးများ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများအပေါ် မိမိတို့၏ ကတိကဝတ်များကို အကြိမ်ကြိမ် အတည်ပြုဖော်ပြခဲ့သည်။ ထို့ကြောင့် မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဆင့်ဖြင့် ကြိုဆိုလက်ခံ၍ သံတမန်ရေးအရ အလေးထား ဆက်ဆံခြင်းသည် ယင်းအခြေခံမူများနှင့် တိုက်ရိုက်ဆန့်ကျင်နေပါသည်။ သို့ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မလေးရှားနိုင်ငံအစိုးရအား မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုအပေါ် နိုင်ငံတော်အဆင့် တရားဝင်မှု ထပ်မံအတည်ပြုပေးခြင်း သို့မဟုတ် ပေးအပ်ခြင်းမှ ရှောင်ရှားပေးရန် လေးစားစွာ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

မင်းအောင်လှိုင်၏ မလေးရှားနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း သဘောထားကြေညာချက်မှ ကောက်နုတ်ချက်

08/10/2026
08/10/2026

မင်းအောင်လှိုင်ကို ကြိုဆိုသည့် မလေးရှားဝန်ကြီးချုပ်အန်ဝါကြောင့် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ထိခိုက်နိုင်ပြီး အာဆီယံ သေဆုံးသွားပြီဟု မလေးရှားလွှတ်တော်အမတ်ဟောင်း Charles Santiago ဝေဖန်

ရန်ကုန်၊ အောက်တိုဘာ ၇

မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိတ်ခေါ်မှုအပေါ် မလေးရှားလွှတ်တော်အမတ်ဟောင်း Charles Santiago က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အဆိုပါလုပ်ရပ်သည် အာဆီယံ၏ မြန်မာ့အရေး ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်သည့် ဘုံသဘောတူညီချက် ၅ ချက်ကို ထိခိုက်စေနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

မလေးရှားလွှတ်တော်အမတ်ဟောင်း Charles Santiago က လူမှုကွန်ရက်မှတစ်ဆင့် မလေးရှား ဝန်ကြီးချုပ်ဟောင်း အန်ဝါအီဘရာဟင်ကို ပြင်းထန်စွာဝေဖန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အန်ဝါက မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများအတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောဆိုခဲ့မှုကို ပြန်လည်ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင် အမှုရင်ဆိုင်နေရသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အန်ဝါက ကြိုဆိုနေကြောင်း ၊ ထို့အပြင် ဧပြီလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအပြီး မင်းအောင်လှိုင်ကို မြန်မာပြည်သူများနှင့် အာဆီယံအနေဖြင့် သမ္မတအဖြစ် အသိအမှတ်မပြုကြောင်း Charles Santiago က ဝေဖန်သည်။

မလေးရှားက မင်းအောင်လှိုင်ကို ကြိုဆိုခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယခင်ရပ် တည်ချက်နှင့် ကွဲထွက်သွားနေပြီး မြန်မာ့အရေးအတွက် အာဆီယံ၏အာဆီယံဘုံသဘောတူညီချက်များ ကို အဆုံးသတ်သွားစေနိုင်ကြောင်း၊ အာဆီယံ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းက သတိပေးသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ၂၀၂၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် ကို ချက်ချင်းအကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ဖူးသည်။

ထိုအချိန်က အန်ဝါက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အလွန်အမင်း ထိတ်လန့်မိကြောင်းနှင့် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများသည် လက်ခံနိုင်စရာမရှိဘဲ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း မျှဝေထားသည့် တန်ဖိုးများနှင့် အခြေခံမူများကို ဆန့်ကျင်နေကြောင်း ပြောခဲ့သည်။

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အုပ်စုအပေါ် ဖိအားများ ဆက်လက်ပေးထားရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး ကြိုးပမ်းမှုများကို မလျှော့ရန်လည်း အန်ဝါက တိုက်တွန်းခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အနေဖြင့် မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် ဖိအားပေးတောင်းဆိုသင့်ကြောင်း Human Rights Watch (HRW) ကလည်း တောင်းဆိုထားသည်။

ထို့အပြင် မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများနှင့် အခြားမြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေခြင်းကို ရပ်တန့်သင့်ကြောင်း HRW က တောင်းဆိုသည်။

HRW အာရှရေးရာ ဒါရိုက်တာ Elaine Pearson က မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများကို အတင်းအကျပ် ပြန်ပို့ရေးအတွက် မင်းအောင်လှိုင်နှင့် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပွားစေနိုင်ကြောင်း ဝေဖန်ထားသည်။

အန်ဝါကတော့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုသည် ကာလရှည်ကြာနေသည့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း ပြောထားပြီး မလေးရှားအနေဖြင့် နေရပ်စွန့်ခွာလာသူများကို အကန့်အသတ်မရှိ လက်ခံထားနိုင်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

စက်တင်ဘာ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည့် Podcast အစီအစဉ်တစ်ခုတွင် အန်ဝါက မလေးရှားသည် အာဆီယံနှင့်အတူ မြန်မာနိုင်ငံ၏ အစိုးရသစ်ကို အသိအမှတ်ပြုရန် အဆင်သင့်မဖြစ်သေးသော်လည်း ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်မည့် အာဏာပိုင်အဖွဲ့တစ်ခု လိုအပ်ကြောင်း ပြောခဲ့သည်။

အန်ဝါက အောက်တိုဘာ ၆ ရက် မလေးရှားလွှတ်တော်တွင်လည်း ဒုက္ခသည်များ၏ လူမှုဘဝနှင့် လူ့အခွင့်အရေးများကို ကာကွယ်ပေးရင်း ရေရှည်ဖြေရှင်းချက် ရရှိရေးအတွက် သံတမန်ရေးလမ်းကြောင်းများကို အသုံးပြုသွားမည်ဟု ပြောကြားထားသည်။

မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက်တွင် မလေးရှားနိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိစ္စသည် အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်သည်။

သို့သော် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် အစည်းအဝေးစီမံခန့်ခွဲရေးဌာနက နိုင်ငံတကာခေါင်း ဆောင်များ၏ စာရင်းတွင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသေးပေ။

ကုလသမဂ္ဂက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုသာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး အဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်သည်။

07/10/2026
06/10/2026

NUGPay လည်ပတ်နေသည့် ဒေသများအတွက် အောက်တိုဘာ ၆ ရက် DMMK Currency Exchange Rate ကို ကြေညာအပ်ပါသည်။

ဤငွေလဲနှုန်းသည် အသစ်ထပ်မံထုတ်ပြန်ခြင်း မတိုင်ခင်အထိ အတည် ဖြစ်ပါသည်။

**** NUGPay မှ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ စျေးကွက်ချဲ့ထွင်ခြင်း မပြုလုပ်သေးသော်လည်း အဆိုပါနိုင်ငံသုံးငွေကြေးများဖြင့် DMMK ငွေလဲလှယ်မှုများ အဆင်ပြေစေရန် အိန္ဒိယ ရူပီးနှင့် တရုတ် ယွမ် ငွေကြေးများအတွက် ငွေလဲစျေးနှုန်းများကိုလည်း Benchmark Rate အဖြစ် ကြေညာလျက်ရှိပါသည်။ ***

DMMK Currency Exchange Rate ပြောင်းလဲမှုများကို NUGPay Page မှ ထုတ်ပြန်ကြေညာသွားပါမည်။

NUGPay အေးဂျင့်များနှင့် ချိတ်ဆက်ရန်
https://www.facebook.com/media/set/?set=a.222937577149342&type=3

05/10/2026

ဒီနှစ် သီတင်းကျွတ် ညချမ်းလေးကို ပိုပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့ အကြည်ဓာတ်လေးတွေ ရှိလား... ✨

ဂီတသံစဉ်လေးတွေ နားဆင်ရင်း စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ ဖေးမကူညီပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခု Spring Development Bank နဲ့ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ တို့ဆီကနေ ရောက်လာတော့မယ်နော်။

ဘယ်လို အနုပညာရှင်တွေက ဖျော်ဖြေပေးသွားမလဲ...
ဘယ်လို ရင်ခုန်စရာ အစီအစဉ်တွေ ပါဝင်မလဲ...

လာမယ့် အောက်တိုဘာ (၇) ရက်နေ့မှာ အစီအစဉ်အပြည့်အစုံ ကြေညာပေးသွားမှာမို့... အခုကတည်းက ပြက္ခဒိန်ပေါ်မှာ Date လေး မှတ်ထားလိုက်တော့နော်။ 😍❤️

Address

Woodlands Circle
Singapore

Alerts

Be the first to know and let us send you an email when HSM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to HSM:

Shortcuts

Share