မိဘမဲ့ ကလေးများ သို့ အလှူ

မိဘမဲ့ ကလေးများ သို့ အလှူ Donation For Myanmar Orphanage

ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ကတော့ မေတ္တာငတ်နေတဲ့ ကလေးလေးတွေကို သူတို့ကိုချစ်တဲ့လူတွေရှိတယ် အကူအညီပေးချင်တဲ့လူတွေရှိတယ် ဆိုတာ သိစေချင်တာပါ။ လစဉ်တိုင်းမှာ လှူဒါန်းကြတဲ့ စေတနာရှင်တွေရဲ့ တတ်နိုင်သလောက် အလှူငွေလေးတွေစုပြီး မိဘမဲ့ကလေးလေးတွေကို လှူမှာဖြစ်ပါတယ်။ အတင်းအကြပ် လှူရမယ်လို့ တိုက်တွန်းချင်တာမျိုး မဟုတ်ပါဘူး။ အနာဂါတ်ရဲ့ပွင့်လန်းလာမယ့် ပန်းပွင့်လေးတွေဖြစ်တဲ့ ကလေးတွေအပေါ်မှာ လှူချင်စိတ်ရှိသူတွေ အတူတူပါဝ

င်ပြီး ပီတိယူကြရအောင်ပါ။ လစဉ်အလှူငွေထည့်နိုင်သည်ဖြစ်စေ ပုံမှန်မထည့်သည်ဖြစ်စေအလှူရှင်တိုင်းကို ဒီဂရုပ်လေးက နွေးထွေးစွာ ကြိုဆိုပါတယ်။ ဂရုပ်က မင်ဘာများအားလုံး ကိုယ်တတ်နိုင်သလောက်လေး ပါဝင်ကူညီကြဖို့ နှိုးဆော်လိုက်ပါတယ်။

စင်ကာပူကအလှူရှင်များရဲ့ အလှူငွေအတွက် POSB Saving Account 060-81315-9 ကို ငွေလွှဲပို့ပေးလို့ရပါတယ်။ လှူပြီးသွားရင်တော့ ဖုန်းနံပါတ် +065 9734 2474 မမြတ်သဲစုကို အလှူရှင်အမည်နဲ့ amount လေးကို မတ်ဆေ့လေး ပို့ပေးစေချင်ပါတယ်။

လစဉ် လမကုန်ခင် သုံးလေးရက်အလိုမှာရန်ကုန်ကိုပိုက်ဆံလွှဲပါမယ်။ မြန်မာမှာရှိတဲ့အလှူရှင်များကတော့မချိုဝေလွင် ၀၉ ၈၆၀၀၆၆၄ ကိုဆက်သွယ်ပြီး လှူလို့ရပါတယ်.
ရန်ကုန်မှာတော့ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးဖို့ကို မချိုဝေလွင်က တာဝန်ယူပေးထားပါတယ်။ အလှူရှင်တွေနဲ့ သူငယ်ချင်းအားလုံးကို ကလေးတွေကိုယ်စား ကျနော်တို့ အဖွဲ့ဝင်တွေက ကျေးဇူးအများကြီးတင်ပါတယ်။

Address

Singapore

Alerts

Be the first to know and let us send you an email when မိဘမဲ့ ကလေးများ သို့ အလှူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share