03/05/2026
စင်္ကာပူမှာ သားသားမီးမီးတို့ကို ကျောင်းထားဖို့ ပြင်ဆင်နေတဲ့ မြန်မာမိဘများနဲ့ International Students များအတွက် P1 ကျောင်းအပ်နှံရေး သတင်းကောင်း
စင်္ကာပူအစိုးရကျောင်းတွေမှာ သားငယ်၊ သမီးငယ်များကို Primary 1 (P1) အပ်နှံလိုတဲ့ မိဘများအတွက် စင်္ကာပူပညာရေးဝန်ကြီးဌာန (MOE) မှ International Students များအတွက် P1 ကျောင်းအပ်နှံရေး (P1 Registration for International Students) အချက်အလက်များကို ထုတ်ပြန်ထားပါတယ်။
📌 ဘယ်ကလေးတွေ လျှောက်ထားခွင့်ရှိသလဲ?
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အတွင်း (အဆိုပါရက်များအပါအဝင်) မွေးဖွားတဲ့ ကလေးငယ်များဟာ လာမယ့် ၂၀၂၆ ခုနှစ် P1 Registration တွင် ပါဝင်လျှောက်ထားနိုင်ပါတယ်။
📌 အထူးသတိပြုရန် အချက်များ -
• ဒီကျောင်းအပ်နှံခွင့်ဟာ စင်္ကာပူနိုင်ငံသား (Singapore Citizens - SC) နဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူ (Permanent Residents - PR) မဟုတ်တဲ့ နိုင်ငံခြားသား ကလေးငယ်များ (International Students) အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
• နိုင်ငံသားနဲ့ PR ကလေးငယ်တွေကို ဦးစားပေး လက်ခံမှာဖြစ်ပြီး နေရာလွတ် အကန့်အသတ်ရှိတဲ့အတွက် ကျောင်းဝင်ခွင့်ရဖို့ ၁၀၀ ရာခိုင်နှုန်း အာမခံချက်တော့ မရှိဘူးလို့ MOE က အသိပေးထားပါတယ်။
ကျောင်းဝင်ခွင့်ရဖို့ မသေချာဘူးဆိုပေမယ့် သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လို့ MOE Website မှာ "Indicate your interest" (စိတ်ဝင်စားကြောင်း အဆင့် ၁ စာရင်းပေးသွင်းခြင်း) ကို အချိန်မီ လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။
အသေးစိတ် အချက်အလက်တွေနဲ့ လျှောက်ထားရမယ့် အဆင့်ဆင့်ကို စင်္ကာပူ MOE ရဲ့ တရားဝင် Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
စင်္ကာပူရောက် ပအိုဝ်းမိသားစုများအားလုံး သားသမီးပညာရေးကိစ္စများ အဆင်ပြေချောမွေ့ကြပါစေ... 🙏
Link ကို comments မှာ ချပြထားပါတယ်။