22/08/2025
မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ
အသနားမခံပါနဲ့
ရုန်းထွက်နိုင်အောင်ပဲကြိုးစားပါ
မင်းခံစားနေရချိန်မှာ ဘယ်သူ့ရှေ့မှာမှ
မျက်ရည်ခံမထိုးပါနဲ့
လူတွေမင်းကို ကြိတ်လှောင်ကြလိမ့်မယ်
မင်းကျရှုံးနေချိန်မှာ ဘယ်သူကိုမှ
ဒူးထောက်မပြပါနဲ့
မင်းကို သူတို့တွေနင်းချေကြလိမ့်မယ်
မင်းအောင်မြင်နေချိန်မှာ
ဘယ်သူ့ကိုမှ
အပေါ်စီးက မဆက်ဆံပါနဲ့
သူတို့မင်းကို အထင်သေးသွားလိမ့်မယ်
မင်းတက်လှမ်းနေတဲ့ လှေခါးထစ်တွေကို
တစ်ချို့က ထိန်းပေးကြလိမ့်မယ်
တစ်ချို့က ဆွဲချကြလိမ့်မယ်
တစ်ချို့တွေက တွန်းကန်ကြလိမ့်မယ်
ဘယ်သူတွေဘယ်လိုပဲ လုပ်လုပ်
တည့်မက်စွာ
သတ္တိရှိရှိတက်နိုင်ဖို့က မင်းတာဝန်
မင်းကြိုးစားနေချိန်မှာ
တစ်ချို့က
အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်လိမ့်မယ်
တစ်ချို့က
လှောင်ချင်သလို ခပ်ထေထေ ဆက်ဆံလိမ့်မယ်
တစ်ချို့က မင်းကို
မဖြစ်နိုင်တဲ့စကားတွေပြောလိမ့်မယ်
အဲ့ဒါတွေက
မင်းစိတ်ဓာတ်ကျရမှာတွေမဟုတ်ဘူး
မခံချင်စိတ်နဲ့ မင်းကြိုးစားရမှာ
မင်းအားမွေးထား
သူတို့ကိုလည်းကျေးဇူးတင်လိုက်
အရေးကြီးဆုံးက
မင်းကြိုးစားနေချိန်မှာ ဘယ်သူ့ကိုမှ အဆိုးမြင်ဝါဒနဲ့
မကြည့်နဲ့
ဘယ်သူ့ကိုမှ အပြစ်မမြင်နဲ့
သူတို့အားလုံးက မင်းရဲ့ကျေးဇူးရှင်တွေပဲ
သူတို့ဆီက
မင်းအတွက် သင်္ခန်းစာတွေ ရလိမ့်မယ်
မင်းလူတွေရဲ့စရိုက်တွေကိုသိလာတဲ့အခါ
မင်းပိုပြီး တက်လှမ်းရတာ အားရှိလာလိမ့်မယ်
သူတို့မဖြစ်နိုင်တာတွေ
မင်းလုပ်နိုင်ခဲ့တဲ့တစ်နေ့ မင်းသူတို့ထက်မှာ
မိန့်မိန့်ကြီး
ပြုံးလို့ရတဲ့နေ့ပဲ
တစ်ဖြည်းဖြည်း မင်းဟာ
အချွေရံတွေ ပေါလာလိမ့်မယ်
ဒါပေမယ့်
မင်းဇွဲရှိမှရမယ်,ထု,ခံနိုင်မှရမယ်
အချိန်ကို အကျိုးရှိစွာ အသုံးချတတ်မှရမယ်။
🙏🙏