မိုးလေဝသ - အောင်လံ (NGO) ကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ စတင်ဖွဲ့စည်းတည်ထောင်ချိန်၌ ဒါရိုက်တာအဖွဲ့ဝင် (၁၇) ဦး ရှိသည်။ ၎င်းဒါရိုက်တာအဖွဲ့ဝင် (၁၇) ဦးမွာ -
၀၁။ ဦးဟိဏ်း (စင်ကာပူ)
၀၂။ ဦးလင်းထက်အောင် (စင်ကာပူ)
၀၃။ ဦးတိုးမြင့် (မေကြး)
၀၄။ ဦးမြင့်အောင် (မင်းလှ)
၀၅။ ဒေါ်ခင်မာဆွေ (တောင်တွင်းကြီး)
၀၆။ ဦးလှမြင့် (နတ်မောက်)
၀၇။ ဦးလှကြိုင် (ပခုက္ကူ)
၀၈။ ဒေါ်အိသက်ထား (မင်းဘ
ူး)
၀၉။ ဦးလင်းအောင်ထက် (ထိုင်း)
၁၀။ ဦးချစ်ဆွေ (ဆော)
၁၁။ ဦးကျော်ထွန်း (စေတုတ္တရာ)
၁၂။ ဒေါ်ကြည်ကြည်အေး (စလင်း)
၁၃။ ဒေါ်ခင်မာချို (ချောက်)
၁၄။ ဦးဂ်စ္တူး (ကံမ)
၁၅။ ဦးလှရွှေ (သရက်)
၁၆။ ဦးဉာဏ်မြင့် (ဆင်ပေါင်ဝဲ)
၁၇။ ဦးမင်းခန့်ငြား (အောင်လံ) (ဦးဖြိုးမင်းသိန်းသည် ကျန်းမာရေးအရ အနားယူသည်)
အေထြေထြ အတွင်းရေးမှူးချုပ်မှာ ဒေါ်အိန္ဒြာဝတ်မှုံဦး ဖြစ်သည်။ စီမံခန့်ခွဲရေးနှင့် ညွှန်ကြားရေးမှူးချုပ်၏ အစ်မလည်း ဖြစ်သည်။
စတင်ဖွဲ့စည်းပြီးသည့် နောက်တနေ့မှ စတင်၍ အောင်လံမြို့နှင့် အနီးတဝိုက်၏ မိုးလေဝသ အခြေအနေနှင့် ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ရာတွင် နံနက်ပိုင်း ၊ နေ့လယ်ပိုင်း ၊ ညနပျေိုငျး နှင့် ညပိုင်းဟူ၍ အပိုင်း (၄) ပိုင်းခွဲကာ ထုတ်ပြန်ခဲ့ပါသည်။ မေလ ၂၇ ရက်နေ့မှစတင်၍ မကွေးတိုင်းဒေကြီး တစ်တိုင်းလုံးအတွက် မိုးလေဝသ အခြေအနေနှင့် ကြိုတင်ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီတိုးမြှင့် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ရာတွင် အပိုင်း (၄) ပိုင်း မခွဲခြားတော့ဘဲ ထုတ်ပြန်ချက်တခုတည်းမှာပင် တစ်နေ့လုံးစာအတွက် ထည့်သွင်းဖော်ပြ ထုတ်ပြန်ခဲ့ပါသည်။ သြဂုတ်လ
၃၁ ရက်နေ့မှ စတင်၍ မြန်မာတစ်နိုင်ငံလုံး၏ မိုးလေဝသ အခြေအနေ၊ အချက်အလက်နှင့် ခန့်မှန်းချက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
မိုးလေဝသ - အောင်လံ (NGO) ကို အဓိကဌာနကြီး (၅) ခုဖြင့် ၂၀၂၁ ခုနှစ်၊ မတ္လ (၂၁) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ ထိုဌာနကြီး (၅) ခုမွာ
- ဗဟိုဌာနချုပ်
- မိုးလေဝသနှင့်ဇလဗေဒဌာန
- မြန်မာနိုင်ငံကိုယ်စားပြုဌာန
- ဘဏ္႑ာရေးနှင့်စီမံကိန်းဌာန
- သတင်းထုတ်ပြန်ရေးဌာန တို့ ဖြစ်ကြသည်။
ဗဟိုဌာနချုပ်နှင့် မိုးလေသဝသနှင့်ဇလဒေဌာနသည် စင်ကာပူနိုင်ငံ၌ တည်ရှိသည်။ မြန်မာနိုင်ငံကိုယ်စားပြုဌာနသည် မြန်မာနိုင်ငံ၌ တည်ရှိသည်။ မြန်မာနိုင်ငံကိုယ်စားပြုဌာန၏ လက်အောက်တွင် ရန္ကုန္ဌာနခြဲ၊ မန္တလေးဌာနခွဲနှင့် နေပြည်တော်ဌာနခွဲများ ရှိသည်။ ဘဏ္႑ာရေးနှင့်စီမံကိန်းဌာနသည် မိုးလေဝသနှင့်သက်ဆိုင်သော အသုံးအဆောင်ပစ္စည်းများအပါအဝင် ဝန်ထမ်းလစာအတွက် စီမံစေ၍ စီမံကိန်းများကိုလည်း ဆောင်ရွက်ရသည်။ သတင်းထုတ်ပြန်ရေးဌာနသည် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အချက်အလက်များ၊ အခြားအကြောင်းအရာများ သတင်းထုတ်ပြန်ပေးခြင်းကို ဆောင်ရွက်ရသည်။
မိုးလေဝသ - အောင်လံ (NGO) ၏ အဆင့်မြင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အထူးပုဂ္ဂိုလ်မှာ ဦးဝေဖြိုးထက်နိုင် (အောင်လံ) ဖြစ်သည်။
မိုးလေဝသ - အောင်လံ (NGO) ၏ ပဓာဏ တာဝန္ခံမာ ဦးဟိဏ်း ဖြစ်ပါသည်။ စီမံခန့်ခွဲရေးနှင့် ညွန်ကြားရေးမှူးချုပ်မှာ ဦးလင်းထက်အောင် ဖြစ်ပါသည်။
မိုးလေဝသ-အောင်လံ (NGO) မွ ပြည်သူလူထုအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်အောင် ကြိုးစားဆောင်ရွက်လျှက် ရှိပါသည်။