28/08/2026
ကံမကောင်းစွာပဲ မြန်မာနိုင်ငံမှာ တရားမဝင်စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေဟာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ မတရားစစ်အာဏာသိမ်းမှု စတင်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့် အထိ မြင့်တက်လာခဲ့ပါတယ်။
တိုင်းပြည်ရဲ့ လူဦးရေ(၃)ပုံ (၁)ပုံကလည်း အလွန်အမင်းဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရပါတယ်။
ကလေးသူငယ် (၁) သန်းကျော်ဟာလည်း ၎င်းတို့အတွက် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များနဲ့ ကင်းကွာနေရပါတယ်။
၆.၃ သန်းကျော်သော ကျောင်းနေအရွယ် ကလေးသူငယ်တွေနဲ့ လူငယ်လူရွယ်တွေဟာလည်း ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ခြင်း မရှိကြပါ။
၄၀ ရာခိုင်နှုန်းကျော်တဲ့ အိမ်ထောင်စုတွေဟာလည်း သောက်သုံးရေသန့် မရရှိကြပါ။
လူငယ်လူရွယ် (၅) သိန်းခန့်ဟာလည်း စစ်အုပ်စုရဲ့ အဓမ္မတပ်သားစုဆောင်းမှုနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းကနေ ထွက်ပြေးစွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။
ပြည်သူ (၈,၁၀၀) ကျော်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး၊ ၃.၇ သန်းကျော်မှာ ပြည်တွင်း နေရပ် စွန့်ခွာနေရပါတယ်။
အဆိုပါ ညွှန်းကိန်းတွေက စစ်အုပ်စုဟာ အမည်နာမ သို့မဟုတ် ဖွဲ့စည်းပုံတို့ကို ဘယ်လိုပဲ ဟန်ပြပြောင်းလဲ၊ ပြင်ဆင်၊ ခေါ်ဝေါ်၊ သုံးစွဲနေစေကာမူ ၎င်းတို့ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ တိုးတက်မှု ကျဆင်းခြင်းတို့ရဲ့ အဓိက တရားခံဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အရှား ပြသနေပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်သော အဆင့်မြင့်နိုင်ငံရေးဆိုင်ရာဖိုရမ် (၂၀၂၆ ခုနှစ်) ၏ ဝန်ကြီးများအဆင့်ဆွေးနွေးမှုအထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း မှ ကောက်နုတ်ချက်
OUR AMBASSADOR. OUR VOICE.
KEEP KYAW MOE TUN AT THE UN.