Myanmar- CRPH Support Group, Norway

Ring Veibeskrivelse Nettsted Kontakt organisasjonen

Myanmar- CRPH Support Group, Norway We are an umbrella organization with 18 groups in Norway, founded in 2021 to support Myanmar. Together, we work for a better future for Myanmar.

We provide humanitarian aid, disaster relief, and support for those affected by the coup and crises. Org nr: 927954117

01/10/2026

NRK ၏ စုံစမ်းဖော်ထုတ်ချက်များ ထွက်ပေါ်လာပြီးနောက် နော်ဝေပါလီမန်၏ စိစစ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကော်မတီက Telenor Myanmar ၏ မြန်မာနိုင်ငံမှ ထွက်ခွာမှုနှင့် ပတ်သက်၍ နော်ဝေအစိုးရအနေဖြင့် မည်သည့်အချက်များကို မည်သည့်အချိန်ကတည်းက ကြိုတင်သိရှိထားခဲ့သည်ကို စတင်မေးမြန်းစုံစမ်းခဲ့သည်။

ကော်မတီက ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများထံ စာဖြင့်ပြန်လည်ဖြေကြားပေးရန် တောင်းဆိုခဲ့သည့်အပြင် နော်ဝေအစိုးရနှင့် Telenor အကြား အပြန်အလှန်ဆက်သွယ်ပြောဆိုခဲ့သည့် မှတ်တမ်းများနှင့် အထောက်အထားများကိုလည်း တောင်းခံခဲ့သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


#ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ

#မဇ္ဈိမသတင်းဌာန

"ဒီဇယ် အကြပ်အတည်းကြား ကြိုးတန်းလမ်းလျှောက်နေရတဲ့ နော်ဝေအစိုးရ"Nordic Myanmar Mediaလွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နော်ဝေက ...
01/10/2026

"ဒီဇယ် အကြပ်အတည်းကြား ကြိုးတန်းလမ်းလျှောက်နေရတဲ့ နော်ဝေအစိုးရ"
Nordic Myanmar Media

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နော်ဝေက ကားသမားတွေ ဆွီဒင်ဘက်ကို ဆီသွားဖြည့်တာ သိသိသာသာ များလာပါတယ်။ Nordby နယ်စပ်ဘက်က ဆီဆိုင်တွေမှာ နော်ဝေကားအစီး ၆၀ လောက်အထိ တန်းစီခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အရင်က အသား၊ အချိုပွဲနဲ့ အရက်ဝယ်ဖို့ ဆွီဒင်သွားကြတဲ့ နော်ဝေသားတွေအတွက် အခုတော့ ဆီဖြည့်ဖို့ကလည်း နယ်စပ်ဖြတ်ရတဲ့ အကြောင်းရင်းတခု ဖြစ်လာပါပြီ။ (carup.se)

Trøndelag နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဆွီဒင်နိုင်ငံ Storlien မှာလည်း နော်ဝေဘက်က ဆီလာဖြည့်သူတွေ များလွန်းတာကြောင့် ဆီဆိုင်မှာ ဆီကုန်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေ ရှိပါတယ်။ ဒါဟာ ဆွီဒင်တနိုင်ငံလုံး ဒီဇယ်ပြတ်လပ်တာမျိုးထက် နယ်စပ်ဆီဆိုင်တချို့မှာ ဝယ်လိုအား ရုတ်တရက်များလာတဲ့ အခြေအနေပါ။ (sortert.no)

ဒီလိုဖြစ်လာရတဲ့ အဓိကအကြောင်းရင်းတခုက နော်ဝေရဲ့ ယာယီ လောင်စာဆီ အခွန်လျှော့ချမှု ကာလက စက်တင်ဘာ ၁ ရက်မှာ ကုန်ဆုံးသွားလို့ပါ။ လမ်းအသုံးပြုမှုအခွန်ဖြစ်တဲ့ veibruksavgift ကို ယာယီအားဖြင့် လုံးဝ မကောက်ခံဘဲ ထားခဲ့ရာကနေ ပြန်ပြီး ကောက်ခံလာတာကလည်း တခြား အကြောင်းရင်း တခု ဖြစ်ပါတယ်။ (skatteetaten.no)

နော်ဝေဘက်မှာ ဒီဇယ်တလီတာ ခရိုနာ ၃၀ ကျော်တဲ့ ဆီဆိုင်တွေ ရှိလာချိန် ဆွီဒင်ဘက်မှာ ဈေးပိုသက်သာနေတော့ တတိုင်ကီဖြည့်ရင် ခရိုနာ ရာဂဏန်း သက်သာနိုင်ပါတယ်။ နယ်စပ်နဲ့ မဝေးတဲ့သူတွေ အတွက်တော့ သွားလာစရိတ်ကို နုတ်ပြီးတာတောင် တွက်ခြေကိုက်နေတာပါ။ (carup.se)

ဒါပေမယ့် ဆွီဒင်မှာလည်း ယာယီအခွန်လျှော့ချမှု တစိတ်တပိုင်းက စက်တင်ဘာကုန်မှာ ရပ်ဆိုင်းသွားပါလိမ့်မယ်။ အောက်တိုဘာ ၁ ရက်ကစပြီး ဆီဈေး ပြန်တက်လာနိုင်ခြေ ရှိပေမဲ့ ဆီဆိုင်တွေမှာ ရောင်းဈေး ဘယ်လောက်အထိ တက်မလဲဆိုတာက အခွန်တခုတည်းအပြင် ဈေးကွက်အခြေအနေပေါ်လည်း မူတည်နေပါတယ်။ (regeringen.se, riksdagen.se)

နော်ဝေမှာတော့ လောင်စာဆီအခွန် ပြန်လျှော့ပေးရေးကို အတိုက်အခံ Frp ပါတီခေါင်းဆောင် Sylvi Listhaug က ဆက်တိုက် ဖိအားပေးနေပါတယ်။ ယာယီအခွန်လျှော့ချမှု ကုန်ဆုံးပြီးနောက် ပြန်လည်ကျင့်သုံးဖို့ တောင်းဆိုနေပေမဲ့ အစိုးရရဲ့ စက်တင်ဘာ ၂၂ ရက် သတင်းဖော်ပြချက်အရလောင်စာဆီဈေးနှုန်း မြင့်တဲ့ဒဏ်ကို ခံသာအောင် ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်အသစ်ကို အစိုးရက လက်မခံသေးပါဘူး။ (finansavisen.no)

အခွန်လျှော့ပေးရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေကြားမှာလည်း အမြင်ကွဲနေပါတယ်။ Innlandet ခရိုင်ကောင်စီဥက္ကဋ္ဌ Thomas Breen (Ap) က လောင်စာဆီအခွန်လျှော့ဖို့ ဘီလီယံနဲ့ချီ သုံးစွဲတာကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ယာယီအခွန်လျှော့ချမှုတွေကြောင့် နိုင်ငံတော်အခွန်ဝင်ငွေ ခရိုနာ ၅.၅ ဘီလီယံခန့် လျော့နည်းခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ (vg.no)

တဖက်မှာလည်း မြို့တော်ဝန် ၈၀ နီးပါးက လောင်စာဆီဈေး မြင့်တက်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ပူးပေါင်းတောင်းဆိုလာကြပါတယ်။ ဒီဇယ်ဈေးကိစ္စဟာ ကားသမားတွေရဲ့ မကျေနပ်မှုအဆင့်ကို ကျော်ပြီး ဒေသန္တရနိုင်ငံရေးအဆင့်အထိ ရောက်လာတာပါ။ (vg.no)

ဒီအခြေအနေကြားမှာ “Dieselbrølet” အဖွဲ့က အောက်တိုဘာ ၂ ရက်၊ သောကြာနေ့မှာ နော်ဝေပါလီမန် Stortinget ရှေ့ ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဦးဆောင်သူ Jan-Erik Rafoss ဟာ ကုန်တင်ကားလုပ်ငန်းရှင် တဦးဖြစ်ပြီး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလကတည်းက ဖိအားပေး ခံနေရကြောင်း၊ ယူကရိန်းစစ်ပွဲနဲ့ ဘဏ်အတိုးနှုန်းတက်မှုတွေကြောင့် အမြတ်အစွန်း ကျဆင်းလာကြောင်း ပြောထားပါတယ်။ (dagsavisen.no)

ဒီဇယ်ဈေး တက်တာဟာ ဒီဇယ်ကားမောင်းသူတွေရဲ့ ပြဿနာပဲလား ဆိုတော့ မဟုတ်ပါဘူး။ ကုန်တင်ကားတွေရဲ့ ဆီဖိုးတက်ရင် သယ်ယူပို့ဆောင်ရေးစရိတ် တက်မယ်။ အဲဒီ စရိတ်တွေကို ကုန်ပစ္စည်းဈေးထဲ ထည့်တွက်လာတဲ့အခါ စားသုံးသူတွေလည်း ဝန်ထုပ်ဝန်ပိုး တစိတ်တပိုင်းကို ခံရနိုင်ပါတယ်။ ဒီဇယ်ကား မရှိတဲ့သူတောင် ဈေးဝယ်တဲ့အခါ ဒီဇယ်ဈေးတက်မှုရဲ့ အကျိုးဆက်ကို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် အခွန်လျှော့ပေးလိုက်ရင်လည်း ပြဿနာအားလုံး ပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေ လျော့သွားတဲ့အခါ ပြည်သူ့ဝန်ဆောင်မှုတွေ အတွက် ဘယ်ကနေ ငွေပြန်ဖြည့်မလဲဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ အခွန်လျှော့ချမှုက ပြည်သူတွေကို ဘယ်လောက်သက်သာစေမလဲ၊ ဘယ်လောက်ကြာကြာ ထိရောက်မလဲဆိုတာလည်း တွက်ချက်ရပါဦးမယ်။

တဖက်မှာ နိုင်ငံတော်ဘဏ္ဍာငွေ၊ တဖက်မှာ ပြည်သူတွေရဲ့ နေ့စဉ်အသုံးစရိတ်။ အခွန်လျှော့ပေးလိုက်လို့ လျော့သွားမယ့် ဝင်ငွေတွေနဲ့ မလျှော့ပေးဘဲ တင်းခံထားလို့ ပြည်သူတွေ ထပ်ဆောင်းခံရမယ့် ကုန်ကျစရိတ်တွေကြားမှာ လက်ရှိနော်ဝေအစိုးရကတော့ ကြိုးတန်းလမ်းလျှောက်နေရဆဲပါ။

01/10/2026

The EU condemns the airstrike by Myanmar’s Armed Forces on Kyauktaw market on Monday, resulting in the death and injuries of a significant number of civilians. International Humanitarian Law is universal and must be respected. We express our solidarity with victims and families, and continue to st...

ယမန်နေ့ကပဲ စစ်အုပ်စုဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ်ကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကိ...
30/09/2026

ယမန်နေ့ကပဲ စစ်အုပ်စုဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ်ကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာကြောင့် အမျိုးသမီးများနဲ့ ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား (၄၉) ဦး သေဆုံးခဲ့ပြီး လူအမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိတဲ့ စစ်အုပ်စုကို အရပ်သား သို့မဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မယ်လို့ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်ပါဘူး။

ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ် အစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်

30/09/2026
"Haaland ကို Wales ပွဲမှာ အနားပေးမလား"Nordic Myanmar Mediaနော်ဝေလက်ရွေးစင်အသင်းရဲ့ ကြာသပတေးနေ့ Wales အဝေးကွင်းပွဲမှာ Erl...
30/09/2026

"Haaland ကို Wales ပွဲမှာ အနားပေးမလား"
Nordic Myanmar Media

နော်ဝေလက်ရွေးစင်အသင်းရဲ့ ကြာသပတေးနေ့ Wales အဝေးကွင်းပွဲမှာ Erling Haaland ကို ပွဲအစကတည်းက မသုံးဘဲ အရန်ခုံမှာ ထားသင့်တယ်လို့ NRK ဘောလုံးကျွမ်းကျင်သူ Kristoffer Løkberg က အကြံပြုလိုက်ပါတယ်။

နော်ဝေဟာ Nations League မှာ Denmark ကို ၃–၂ နဲ့ နိုင်ခဲ့ပြီး Portugal ကိုတော့ ၁–၂ နဲ့ ရှုံးထားပါတယ်။ Haaland က နှစ်ပွဲလုံး ကစားထားသလို Portugal ပွဲမှာလည်း ပြင်းထန်တဲ့ ကိုယ်ခန္ဓာချင်း အားပြိုင်မှုတွေ ကြုံခဲ့ရတာကြောင့် Løkberg က Wales ပွဲမှာ Jørgen Strand Larsen ကို ပွဲထုတ်ပြီး Haaland ကို အနားပေးစေချင်တာပါ။ လိုအပ်ရင် နောက်ဆုံး မိနစ် ၃၀ လောက်မှာ Haaland ကို ထည့်သုံးနိုင်ပြီး၊ မလိုအပ်ခဲ့ရင် Portugal အဝေးကွင်းပွဲအတွက် အပြည့်အဝ အနားပေးထားနိုင်မယ်လို့ သူက မြင်ပါတယ်။

ဒါပေမယ့် Martin Ødegaard နဲ့ Julian Ryerson တို့မှာ နာကျင်မှု ရှိနေတာကြောင့် ဆုံးဖြတ်ချက်ကျဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် Ødegaard မပါနိုင်ရင် အသင်းရဲ့ နောက်ထပ် အဓိက ကြယ်ပွင့်ဖြစ်တဲ့ Haaland ကိုပါ အနားပေးဖို့ ပိုခက်နိုင်တယ်လို့ Løkberg က ထောက်ပြပါတယ်။

Patrick Berg ကလည်း Haaland ရဲ့ ကိုယ်ထည်နဲ့ ကစားပုံကြောင့် ပွဲတပွဲမှာ ခန္ဓာကိုယ်ပေါ်ကျတဲ့ဝန် ပိုများနိုင်တယ်လို့ လက်ခံပေမဲ့ Wales ကို လျှော့တွက်ပြီး အဓိကကစားသမားတွေကို အနားပေးတာမျိုး မလုပ်သင့်ဘူးလို့ သတိပေးပါတယ်။ Brede Hangeland ကတော့ Haaland ဟာ ပွဲကြပ်ကာလတွေနဲ့ အကျွမ်းတဝင်ရှိပြီး recovery ကောင်းသူဖြစ်တာကြောင့် Wales ပွဲရောက်ရင် အားအပြည့်နဲ့ ပြန်လာနိုင်တယ်လို့ ဆိုပါတယ်။

နည်းပြ Ståle Solbakken ကလည်း Wales ပွဲအတွက် လူစာရင်းကို အကြီးအကျယ်ပြောင်းဖို့ မစဉ်းစားထားပါဘူး။ Portugal ကို ရှုံးခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကို ကျေနပ်နေပြီး၊ ခံစစ်ပိတ်ကစားမယ့်အစား ဂိုးသွင်းဖို့ ရည်ရွယ်တဲ့ ရဲရင့်တဲ့ ကစားပုံကို ဆက်ထိန်းသွားမယ်လို့ ပြောထားပါတယ်။

အခု Solbakken ဆုံးဖြတ်ရမှာကတော့ Haaland ကို Wales ပွဲမှာ အစကတည်းက သုံးမလား၊ လိုအပ်မှ အရန်ခုံကနေ ထည့်မလား၊ ဒါမှမဟုတ် Portugal ပွဲအတွက် အားအပြည့်နဲ့ သိမ်းထားမလား ဆိုတာပါ။

30/09/2026

အမှု၏ ရှေ့ဆက်ဖြစ်စဉ်တွင် အဓိကစောင့်ကြည့်ရမည့်အချက်များမှာ Telenor က မြန်မာအာဏာပိုင်များထံ ဖောက်သည်အချက်အလက် မည်မျှပေးအပ်ခဲ့သည်၊ အဆိုပါအချက်အလက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မည်မျှအထိ ဆက်စပ်မှုရှိသည်၊ ကြားဖြတ်စောင့်ကြည့်ရေးပစ္စည်းများကို လုပ်ငန်းရောင်းချစဉ် မည်သို့လွှဲပြောင်းခဲ့သည်နှင့် နော်ဝေ၏ Sanctions Act နှင့် ကိုက်ညီမှု ရှိ၊ မရှိတို့ ဖြစ်လာမည်ဖြစ်သည်။

♦ အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကြားဖြတ်စောင့်ကြည့်ရေး
#သုံးစွဲသူအချက်အလက်
#လူ့အခွင့်အရေး
#စစ်အာဏာသိမ်းမှု

စေတနာကောင်းရုံနဲ့ မလုံလောက်ပါဘကြီးတုတ် ရေးသည်။နော်ဝေမှာ ဘာသာရေးအသင်းအဖွဲ့တွေ အတွက် နိုင်ငံတော်က ပေးတဲ့ ထောက်ပံ့ငွေစနစ်ဟာ...
30/09/2026

စေတနာကောင်းရုံနဲ့ မလုံလောက်ပါ
ဘကြီးတုတ် ရေးသည်။

နော်ဝေမှာ ဘာသာရေးအသင်းအဖွဲ့တွေ အတွက် နိုင်ငံတော်က ပေးတဲ့ ထောက်ပံ့ငွေစနစ်ဟာ လူနည်းစု ဘာသာရေးအသိုင်းအဝိုင်းတွေအတွက် အင်မတန်အကျိုးရှိတဲ့ စနစ်တခုဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ လည်ပတ်နိုင်ဖို့၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့၊ ဝတ်ပြုရာနေရာတွေ ထိန်းသိမ်းတည်ဆောက်နိုင်ဖို့ အတော်လေးကို အထောက်အကူပြုပါတယ်။

ကျနော်တို့ နော်ဝေရောက် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှာလည်း ဒီလို နိုင်ငံတော်ဆီက ရတဲ့ ထောက်ပံ့ငွေတွေကို အသုံးပြုပြီး အဖွဲ့ရဲ့ ဘာသာရေးလှုပ်ရှားမှုတွေ လုပ်နိုင်တာမျိုး၊ ဘုန်းတော်ကြီးကျောင်း ဝယ်ယူနိုင်ခဲ့တာမျိုးတွေလည်းရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီစနစ်ရဲ့ အကျိုးကျေးဇူးကို ကျနော်တို့ကိုယ်တိုင် ကောင်းကောင်းသိကြပါတယ်။

ဒါပေမယ့် အခုရက်ပိုင်း နော်ဝေမှာဖြစ်ပေါ်နေတဲ့ ဘာသာရေးအသင်းဝင်စာရင်း ပြဿနာတွေက ဒီစနစ်ရဲ့ အခြားတဖက်ကိုလည်း ပြန်ကြည့်ဖို့ သတိပေးလာပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ ကထုတ်ဝေတဲ့ VG သတင်းမှာ Høyre ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်မင်း Mahmoud Farahmand ဟာ Oslo အခြေစိုက်တဲ့ အစ္စလမ် အဖွဲ့ချုပ် (Det Islamske Forbundet/Rabita) မှာ သူမသိဘဲ နှစ်ပေါင်း ၃၀ ကြာ အဖွဲ့ဝင် အဖြစ် စာရင်းဝင်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Rabita ဘက်ကလည်း Farahmand ဟာ ၁၉၉၅ ခုနှစ်၊ အသက် ၁၆ နှစ်အရွယ် ကတည်းက တခြားသူတယောက်ရဲ့ စာရင်းသွင်းမှုကြောင့် အဖွဲ့ဝင် ဖြစ်နေခဲ့တာကို အတည်ပြုပါတယ်။

ဒီကိစ္စမှာ အရေးကြီးတာက Farahmand ဟာ အသက် ၁၆ နှစ်ရှိနေပြီ ဖြစ်တဲ့အတွက် တကယ်တော့ တခြားသူတယောက်ယောက်က အဲဒီလို စာရင်းသွင်းပေးလို့ မရတော့တာပါဘဲ။ နော်ဝေရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဥပဒေ (trossamfunnsloven) အရ အသက် ၁၅ နှစ်ပြည့်ပြီးသူဟာ ဘာသာရေး ဒါမှမဟုတ် ဘဝဒဿနအဖွဲ့အစည်း (livssynssamfunn) တခုကို ကိုယ့်ရဲ့ သဘောဆန္ဒအလျောက် ဝင်လိုက ဝင်နိုင်သလို နှုတ်ထွက်လိုက နှုတ်ထွက်နိုင်ပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးကိုသာ foreldreansvar ရှိသူ (မိဘ သို့မဟုတ် အုပ်ထိန်းသူ အဖြစ် တာဝန်ယူထားရသူ) က စာရင်းသွင်းပေးနိုင်ပါတယ်။ အသေးစိတ်ကို ပူးတွဲပါ Regjeringen.no မှာ ကြည့်ရှုနိုင်ပါတယ်။

ဒါကြောင့် Rabita ကိုယ်တိုင်ကလည်း Farahmand ကို အဲဒီတုန်းက စာရင်းသွင်းခဲ့ပုံဟာ တရားမဝင်ခဲ့ကြောင်း လက်ခံထားပြီး တောင်းပန်ခဲ့ပါတယ်။ သူ့နာမည်နဲ့ မမှန်ကန်စွာ ရရှိထားတဲ့ ထောက်ပံ့ငွေကိုလည်း ပြန်ပေးမယ်လို့ ပြောထားပါတယ်။

ဒီနေရာမှာ ဘယ်သူ့ ရည်ရွယ်ချက် ဘယ်လိုရှိခဲ့တယ် ဆိုတာတော့ အထောက်အထားမရှိဘဲနဲ့ ခန့်မှန်းဖို့ မသင့်ပါဘူး။ အဖွဲ့အစည်းကို အားကောင်းစေချင်လို့လား၊ အဖွဲ့ဝင် အရေအတွက် များစေချင်လို့လား၊ အဲဒီခေတ်က စာရင်းသွင်းပုံ စနစ်မကျခဲ့လို့လားဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ အသင်းအဖွဲ့တခုကို ချစ်လို့၊ ကိုယ့်ဘာသာရေးအသိုင်းအဝိုင်း တိုးတက်စေချင်လို့ အဖွဲ့ဝင် များစေချင်လို့ - စတဲ့ စေတနာတွေကိုတော့ နားလည်နိုင်ပါတယ်။ သို့သော် စေတနာကောင်းတခု ရှိရုံနဲ့ မဖြစ်နိုင်ပါဘူး။ တည်ဆဲဥပဒေတွေဟာ စေတနာကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ကန့်သတ်ထားပါတယ်။ ဒီဖြစ်ရပ်က ကျနော်တို့ အားလုံးကို သတိပေးလိုက်တာတာပါပဲ။

နော်ဝေမှာ မှတ်ပုံတင်ထားတဲ့ ဘာသာရေးနဲ့ ဘဝဒဿန အဖွဲ့အစည်းတွေဟာ သတ်မှတ်ချက်ပြည့်မီတဲ့ အဖွဲ့ဝင် ဦးရေအလိုက် နိုင်ငံတော်ဆီကနေ ထောက်ပံ့ငွေ တောင်းခံနိုင်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအရ ဆိုရင် တရားဝင် မှတ်ပုံတင်ထားတဲ့ ဒီလို အဖွဲ့အစည်းတွေ အနေနဲ့ မဲပေးခွင့်ရှိတဲ့ အဖွဲ့ဝင် (tellende medlemmer) ဦးရေ အနည်းဆုံး ၁၀၀ ရှိမှသာ အဖွဲ့ဝင် တယောက်ကို ထောက်ပံ့ကြေး ခရိုနာ ၁,၆၁၁ နှုန်းနဲ့ ထောက်ပံ့ကြေး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားရာမှာ အသင်းအဖွဲ့တွေရဲ့ နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့မှာ မှတ်တမ်းတင်ထားတဲ့ အဖွဲ့ဝင်တွေရဲ့ မွေးသက္ကရာဇ် နံပါတ် (fødselsnummer) ပါစာရင်းကို မတ်လ ၁ ရက် နောက်ဆုံးထား တင်ရပါတယ်။ နိုင်ငံတော် မှတ်တမ်းရုံး (Brønnøysundregistrene) က အဲဒီစာရင်းတွေကို ပြည်သူ့အင်အားမှတ်တမ်း (Folkeregisteret), နော်ဝေခရစ်ယာန်ကျောင်းတော် (Den Norske Kirke) မှတ်တမ်းနဲ့ တခြား ဘာသာရေးနဲ့ ဘဝဒဿနအဖွဲ့အစည်းတွေရဲ့စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။ အကယ်၍ လူတယောက်ဟာ ဘာသာရေးနဲ့ ဘဝဒသန အသင်းအဖွဲ့ တခုမှာထက် ပိုပြီး စာရင်းဝင်နေခဲ့ရင် အဲဒီလူအတွက် ဘယ်အသင်းအဖွဲ့ကမှ ထောက်ပံ့ကြေးမရပါဘူး။

ဒါပေမဲ့ မွေးသက္ကရာဇ် နံပါတ်လိုမျိုး ကွန်ပြူတာနဲ့ တိုက်ဆိုင် စစ်ဆေးလို့ မရနိုင်တဲ့ အရာတခုရှိပါတယ်။ ဒါကတော့ "အဖွဲ့ဝင် တယောက်ဟာ ဒီလို အသင်းအဖွဲ့ထဲကို သူ့ဆန္ဒနဲ့သူ အမှန်တကယ် ဝင်ခဲ့သလား” ဆိုတဲ့ မေးခွန်းပါ။

Farahmand ဖြစ်ရပ်က အဲဒီအားနည်းချက်ကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ဒီနှစ် တနှစ်တည်း အတွင်းမှာတင် Rabita အဖွဲ့ဟာ အဖွဲ့ဝင် လေးထောင် သုံးရာကျော်အတွက် ထောက်ပံ့ကြေး ခရိုနာ ခုနစ်သန်း နီးပါး ရရှိခဲ့ပါတယ်။ Farahmand ရဲ့ အဖွဲ့ဝင် ဖြစ်မှုကို အခြေခံပြီး နှစ်ပေါင်းများစွာ အတွင်း ထောက်ပံ့ငွေ အနည်းဆုံး ခရိုနာ တသောင်း ခုနှစ်ထောင်ကျော် ရရှိခဲ့တယ်လို့ VG သတင်းမှာ ဖော်ပြထားပါတယ်။

ဒီနေရာမှာ ကျနော်တို့ သတိပြုသင့်တဲ့ အရေးကြီးဆုံး အချက် တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ - ဒီငွေတွေဟာ အသင်းအဖွဲ့ကို ဦးဆောင်နေသူရဲ့ ကိုယ်ပိုင်ငွေ မဟုတ်သလို အသင်းအဖွဲ့က ရှာဖွေထားတဲ့ စီးပွားရေး အမြတ်အစွန်းလည်း မဟုတ်ပါဘူး။ အလားတူပဲ ပုဂ္ဂလိက အလှူရှင် တယောက်က လှူထားတဲ့ အလှူငွေလည်း မဟုတ်ပါဘူး။ ဒီငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာကနေ ထုတ်ပေးထားတဲ့ ပြည်သူ့ငွေပါ။ နော်ဝေခရစ်ယာန်အသင်းတော်နဲ့ မဟုတ်တဲ့ တခြား ဘာသာရေးနဲ့ ဘဝဒဿန အသင်းအဖွဲ့တွေရဲ့ အဖွဲ့ဝင် တယောက်ချင်းစ်ကို ထောက်ပံ့တဲ့ နှုန်းထားဟာ နော်ဝေခရစ်ယာန်အသင်းတော်အတွက် နိုင်ငံတော်နဲ့ ကွန်မြူးန်တွေက ထောက်ပံ့တဲ့ နှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းကြီးကျောင်း တကျောင်း ခန့်ခန့်ငြားငြားဖြစ်ဖို့ပဲ ဖြစ်ဖြစ်၊ ဗလီတလုံး တည်တံ့ဖို့ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘုရားကျောင်းတခု လုပ်ငန်းလည်ပတ်ဖို့ပဲ ဖြစ်ဖြစ်၊ ရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်း ပြည်သူ့ငွေကို ရယူတဲ့အခါ အဲဒီငွေ ရရှိစေတဲ့ အခြေခံအချက်အလက်က မှန်ကန်ဖို့လိုပါတယ်။

ကျနော်တို့ မြန်မာအသိုင်းအဝိုင်း အနေနဲ့လည်း ဒီဖြစ်ရပ်ဟာ တခြား ဘာသာတခုရဲ့ ပြဿနာ သက်သက်သာ ဖြစ်တယ်ဆိုပြီး ကျော်မသွားသင့်ပါဘူး။ ဘုန်းကြီးကျောင်းကို လာတယ် ဆိုရုံနဲ့ အဖွဲ့ဝင် ဖြစ်တာ မဟုတ်ပါဘူး။ ဘုရားပွဲလာတယ်၊ ကထိန်လာတယ်၊ အလှူပေးတယ်၊ မြန်မာဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် ဆိုတာနဲ့ နိုင်ငံတော်ရဲ့ ထောက်ပံ့ကြေး ကိုရမယ့် အသင်းဝင်တယောက်အလိုအလျောက် ဖြစ်မသွားပါဘူး။အသက် ၁၅ နှစ်ပြည့်ပြီးသူ ဆိုရင်တောင် ကိုယ်တိုင် အသင်းဝင် အဖြစ် မှတ်ပုံတင်ထားရမှာပါ။

ဒါဟာ စာရင်းဇယားကိစ္စ တခုတည်းလည်း မဟုတ်ပါဘူး။လူတယောက်မှာ ဘာသာတခုကို ယုံကြည်ခွင့်ရှိသလို၊ မယုံကြည်ပဲ နေခွင့်လည်း ရှိပါတယ်။ ဘာသာရေးအသင်းတခုကို ဝင်ခွင့် ရှိသလို မဝင်ဘဲ နေပိုင်ခွင့်၊ ဝင်ထားရာကနေ ပြန်ထွက်ခွင့်လည်း ရှိပါတယ်။ အဲဒီလူရဲ့နာမည်ကို သူမသိဘဲ အသင်း အကျိုးအတွက် အသုံးပြုလိုက်ခြင်းဟာ ငွေကြေးကိစ္စမတိုင်ခင် သူ့ရဲ့လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ သက်ဆိုင်လာပါတယ်။ ဒါကြောင့် အခုလိုသတင်းတွေ ထွက်လာတာကို "ဘာသာရေးအသင်းတွေအပေါ် အစိုးရက စစ်ဆေးချင်လွန်းလို့" ဆိုတဲ့ အမြင်တခုတည်းနဲ့ မကြည့်သင့်ပါဘူး။ စာရင်းမှန်ခြင်း၊ စာရင်းစစ်ဆေးနိုင်ခြင်း၊ ငွေကြေးပွင့်လင်းခြင်း၊ အဖွဲ့ဝင်တွေရဲ့ဆန္ဒကို အထောက်အထားနဲ့ ပြနိုင်ခြင်းတွေဟာ အစိုးရကို ကျေနပ်အောင်လုပ်ပေးတာသက်သက် မဟုတ်ပါဘူး။ ကိုယ့်အသင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တာပါ။

စာရင်းမမှန်ကန်တဲ့ အဖွဲ့ဝင် အနည်းငယ် ကိစ္စကြောင့် စည်းကမ်းတကျ လုပ်ကိုင်နေတဲ့ ဘာသာရေးအသင်းပေါင်းများစွာ အပေါ် လူထုယုံကြည်မှု ကျမသွားသင့်ပါဘူး။ အထူးသဖြင့် လူထုက ပေးဆောင်ထားတဲ့ အခွန်ငွေကနေ ထောက်ပံ့ထားတဲ့ စနစ်ဆိုရင် လူထုကို ပြန်ပြီးတာဝန်ခံနိုင်ဖို့က ပိုအရေးကြီးပါတယ်။

Farahmand ကတော့ ဒီဖြစ်ရပ်အပြီးမှာ ဘာသာရေးအသင်းတွေက လူတယောက် ဘယ်လို အဖွဲ့ဝင် ဖြစ်လာတယ်ဆိုတာ အထောက်အထားပြနိုင်ဖို့၊ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခံရသူကို အသိပေးဖို့၊ ဆန္ဒအလျောက် ဝင်ထားကြောင်း အထောက်အထားမပြနိုင်တဲ့ အဖွဲ့ဝင်တွေအတွက် ရထားတဲ့ငွေကို ပြန်လည်စစ်ဆေးဖို့ စတဲ့ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေ ထုတ်ပြောထားပါတယ်။ ဒါတွေဟာ လက်ရှိ ဥပဒေဖြစ်ပြီးသား မဟုတ်တဲ့ Farahmand ရဲ့ အဆိုပြုချက်တွေ ဖြစ်ပါတယ်။

ကျနော်တို့အတွက်တော့ ဥပဒေ ဘယ်လိုပြောင်းလာမလဲဆိုတာ စောင့်နေစရာမလိုပါဘူး။ ကိုယ့်အသင်းရဲ့ အဖွဲ့ဝင် စာရင်းကို ကိုယ်တိုင် ပြန်စစ်နိုင်ပါတယ်။ အဖွဲ့ဝင် တယောက်ချင်းစီက တကယ် ဆန္ဒအလျောက် ဝင်ထားသူ ဟုတ်မဟုတ်၊ စာရင်းထဲက ထွက်ချင်သူတွေကို စာရင်းထဲကနေ အချိန်မီ ဖယ်ထုတ်ပေးထားသလား၊ အချက်အလက်တွေ မှန်ကန်သလား၊ နိုင်ငံတော်ဆီ တင်တဲ့ စာရင်းနဲ့ ကိုယ့်မှတ်တမ်းတွေ ကိုက်ညီသလားဆိုတာ ပြန်ကြည့်နိုင်ပါတယ်။တဦးချင်းကလည်း မိမိရဲ့ အဖွဲ့ဝင်အဖြစ်ကို ဘယ် ဘာသာရေး သို့မဟုတ် ဘဝဒဿန အသင်းက ထောက်ပံ့ကြေးတောင်းခံရာမှာ စာရင်းတင်ထားသလဲ ဆိုတာကို Brønnøysundregistrene ရဲ့ Min side ကနေ စစ်ဆေးနိုင်ပါတယ်။

နော်ဝေက ဒီထောက်ပံ့ကြေးစနစ်ဟာ ဘာသာရေးအသိုင်းအဝိုင်းတွေအတွက် ကောင်းမွန်တဲ့ စနစ်တခုပါ။ ကျနော်တို့လို လူနည်းစု အသိုင်းအဝိုင်းတွေ အတွက်ဆို ပိုပြီးတန်ဖိုးရှိပါတယ်။ အဲဒီစနစ်ကို ရေရှည်တည်တံ့စေချင်ရင် ပေးထားတဲ့ အခွင့်အရေးကို စည်းမျဉ်းဥပဒေ ဘောင်အတွင်းကသာ ရယူရမှာ ဖြစ်သလို၊ တာဝန်ယူ တာဝန်ခံမှုလည်း ရှိရပါလိမ့်မယ်။ စေတနာကောင်းတဲ့ ဘာသာရေးလုပ်ငန်း ဖြစ်လေလေ၊ ပြည်သူ့ငွေကို ကိုင်တွယ်တဲ့အခါ ပိုပြီး ပွင့်လင်းမှန်ကန်ဖို့ လိုလေလေပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေရဲ့ အသင်းအတွက် ရလာတဲ့ငွေ ဖြစ်ပေမယ့်၊ မူလ ပိုင်ရှင်ကတော့ လူထု ဖြစ်နေတာမို့ လူထုရဲ့အခွန်ငွေကို လေးစားရမှာ ဖြစ်ကြောင်း သုံးသပ်မိပါတယ်။

Regjeringen.no skal gi befolkningen innsikt i regjeringens og departementenes arbeid og skape engasjement i demokratiske prosesser.

30/09/2026

Adresse

Oslo
1925

Varslinger

Bli den første som für vite det: Vi sender deg en e-post nür Myanmar- CRPH Support Group, Norway legger ut nyheter og kampanjer. E-postadressen din brukes ikke til noe annet formül, og du kan melde deg av nür som helst.

Kontakt Organisasjonen

Send en melding til Myanmar- CRPH Support Group, Norway:

Snarveier

Del