အသင်း စတင်တည်ထောင်သော ရက်စွဲ ။ ၁၁၊ ၀၁၊ ၂၀၁၅ (တနင်္ဂနွေနေ့)
အမှတ်စဉ် ( ၁ / ၂၀၁၅ )
ရည်ရွယ်ချက်
(၁) ဘာသာရေးပွဲများတွင် လုပ်အား ဒါန၊ န၀ကမ္မ စသည်တို့တွင် တတ်တတ်ကြွကြွ ပါဝင်ဆောင်ရွက်ရန်။
(၂) အမှန်တကယ် အခတ်အခဲ ကြုံတွေ့နေကြသော မြန်မာနိုင်ငံသား
မည်သူကိုမဆို အသင်း၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ကူညီဆောင်ရွက်ရန်။
ခံယူချက်
(၁) အသင်းသား/သူများသည် မေတ္တာ - ကရုဏာ - မုဒိတာ - ဥပေက္ခာဟူသည့် ဗြဟ္မစိုရ် တရားလေးပါ
းအား နှလုံးသွင်း၍ ကိစ္စရပ်များအား တာဝန်ယူ ကူညီ ဖေးမ ဆောင်ရွက်ကြပါမည်။
(၂) “အသင်းသည် မိမိအတွက် မဖြစ်စေရ၊ မိမိသည် အသင်းအတွက် ဖြစ်ရမည်။”
လုပ်ဆောင်ချက်
(၁) မိမိအသင်း၏ ရည်ရွယ်ချက်များကို တလေးတစား အလေးထားဆောင်ရွက်ရမည်။
(၂) မိမိအသင်းသူ/သားများ အချင်းချင်း နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ရမည်။
(၃) အသင်းမှ ပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်။
စည်းမျဉ်း / စည်းကမ်း
(၁) မိမိတို့အသင်း၏ မည်သည့်အရာကိုမဆို ကိုယ်ကျိုးအတွက် အသုံးမပြုရ။
(၂) မိမိတို့အသင်း၏ ဂုဏ်သိက္ခာ ကျဆင်းစေမည့် မည်သည့် လုပ်ရပ်မျိုးကို မဆိုမပြုလုပ်ရ။
(၃) အများ၏ အကြည်အညို ပျက်စေနိုင်သော ပြုမူ ပြောဆို ဆက်ဆံမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်သေစာ သောက်စားမှုများကို ရှောင်ကြဉ်ရမည်။
(၄) အထက်ပါစည်းကမ်းချက်များကို လိုက်နာမှု့ မရှိသော အဖွဲ့ဝင်များကို အသင်း၏ ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်း ခံရမည်။
နိုးဆော်ချက်
အထက်ဖော်ပြပါ အကြောင်းအရာများအား နားလည်းသိရှိ၍ ပါဝင်ဆောင်ရွက်လိုပါက အသင်းမှ နွေးထွေးစွာကြိုဆိုပါသည်။
Alerts
Be the first to know and let us send you an email when စမ်းမြအောင်မြေ ပရဟိတအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.