Myanmar Refugees and Asylees Council MRAC

Myanmar Refugees and Asylees Council MRAC A Stepping Stone for Broken Souls

https://mraccomweb-e3sghuqv.manus.space

11/08/2026

Kajang Sungai Chua အော်နေပါတယ် သတိထားကြပါညိုကီတို့။ 😢😢

အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအား...
08/08/2026

အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာစစ်ကောင်စီအား တောင်းဆိုလိုက်ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ရှည်လများ ထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ထံ ICRC က သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တွေ့ဆုံခွင့်နှင့် ဆေးဝါးကုသခွင့်များ ရရှိလာနိုင်ခြေ ရှိသည်ဆိုသည့် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အောက်မှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အာဆီယံအထူးသံတမန်၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း အာဆီယံက ပြန်လည်အတည်ပြုခဲ့ပြီး၊ အမေရိကန်ကလည်း ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာစစ်တပ်အား တိုက်တွန်းခဲ့သည်။

Credited to : The Nation Thailand

🎉🎉☢️☢️အမျိုးတို့ သတိထားကြပါ… ☢️☢️အောက်ကပုံတွေသာကြည့်ကြတော့ ယူအင် ရက်ချိန်းရချင်ရင် ၃၀၀၀၊ ၄၀၀၀-၅၀၀၀ ဆိုပြီးတောင်း ငွေအရင်...
08/08/2026

🎉🎉☢️☢️အမျိုးတို့ သတိထားကြပါ… ☢️☢️

အောက်ကပုံတွေသာကြည့်ကြတော့ ယူအင် ရက်ချိန်းရချင်ရင် ၃၀၀၀၊ ၄၀၀၀-၅၀၀၀ ဆိုပြီးတောင်း ငွေအရင်သွင်းမှရက်ချိန်းပေးမယ် ဒါမျိုးတွေနဲ့ အကူညီမဲ့သူတွေကို လိမ်စားကြတာ။ သွားပြီးမယုံမိစေနဲနော် ညိုကီတို့ ပါသွားမယ်….

အသိတယောက်ကိုလိမ်မလို့လုပ်တာ ကံကောင်းလို့ပေါ့…

08/08/2026

UN အသစ်လျှောက်လို့ ပြန်ရနေပြီ။ ဘယ်ချိန်ပြန်ပိတ်မလည်းတော့မသိသေးဘူးနော်။ 😅

စိုးရိမ်မှုတွေ အများကြီးကြားထဲက ကျန်းမာစွာမွေးဖွားလာတဲ့ ကလေးလေးရယ် ကြိုဆိုပါတယ်…. မိခင် နှင့် ကလေး နှစ်ယောက်စလုံး အမြန်န...
08/08/2026

စိုးရိမ်မှုတွေ အများကြီးကြားထဲက ကျန်းမာစွာမွေးဖွားလာတဲ့ ကလေးလေးရယ် ကြိုဆိုပါတယ်…. မိခင် နှင့် ကလေး နှစ်ယောက်စလုံး အမြန်နေကောင်းပြီး ဆေးရုံမှဆင်းနိုင်ကြပါစေလို့ ဆုမွန်တောင်း မေတ္တာပို့ရင်း….

MRAC

မြန်မာပြည်သူ့သမ္မတနိုင်ငံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ကြိုဆိုပွဲတွင် ထိုင်းလွှတ်တော်အမတ်တစ်ဦး နှောင့်ယှက်ဆန္ဒပြ၂၀၂...
08/08/2026

မြန်မာပြည်သူ့သမ္မတနိုင်ငံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ကြိုဆိုပွဲတွင် ထိုင်းလွှတ်တော်အမတ်တစ်ဦး နှောင့်ယှက်ဆန္ဒပြ
၂၀၂၆ ခုနှစ်၊ သြဂုတ် ၇ ရက်
မင်းအောင်လှိုင်အား ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌ မုန်းခွန် စူရာဆာဂျာ (Mongkol Surasajja) က ဘန်ကောက်မြို့ရှိ အမျိုးသားလွှတ်တော်၌ ကြိုဆိုသည့်အခမ်းအနားကို အတိုက်အခံ ပြည်သူ့ပါတီ (People's Party) မှ လွှတ်တော်အမတ် အနုဆွန် သမ်ဂျိုင်း (Anusorn Thamjai) က သောကြာနေ့နံနက်ပိုင်းတွင် ဝင်ရောက်နှောင့်ယှက်ဆန္ဒပြခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်နှင့် ဒုတိယအဖွဲ့ဝင်များ ဧည့်ကြိုဧရိယာသို့ ရောက်ရှိလာစဉ် အနုဆွန်က "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" ဟု အကြိမ်ကြိမ် အော်ဟစ်ဆန္ဒပြခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
မင်းအောင်လှိုင်က မျက်နှာသေဖြင့် ကြည့်ရှုနေစဉ် အနုဆွန်အား လွှတ်တော်ရဲတပ်ဖွဲ့က ချက်ချင်းဆိုသလို ခေါ်ဆောင်သွားခဲ့သည်။
အနုဆွန်သည် နယ်စပ်ဖြတ်ကျော် ပြဿနာများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး အရေးပေါ်ဆောင်ရွက်ရန် တောင်းဆိုထားသည့် အဓိကစာလွှာကို အထက်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မြန်မာစစ်ခေါင်းဆောင်ထံ ပေးပို့ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။
ယခုခရီးစဉ်သည် မြန်မာစစ်တပ်၏ လက်ရှိပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအပေါ် ပိုမိုဖိအားပေးရန် တောင်းဆိုနေကြသည့် ထိုင်းလူ့အခွင့်အရေးအဖွဲ့များနှင့် မြန်မာ့ရေးရာ လှုပ်ရှားသူများ၏ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရသည်။
ကြာသပတေးနေ့ကလည်း ထိုင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်ဟောင်း ကန်နာဝီ ဆူအဆန် (Kannavee Suebsang) တို့က မြန်မာစစ်ကောင်စီကို တရားဝင်မှုမပေးရန် ထိုင်းအစိုးရအား သတိပေးခဲ့ကြပြီး အခြားဆန္ဒပြသူများသည်လည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စုဝေးခဲ့ကြသည်။

ပုံ- Khaosod English

ကျွန်တော် ၁၃-၁၄ နှစ်တောင်နေလာခဲ့တဲ့ အလုပ်ခွင်၊ဒုအိမ် UN ရုံးသို့ REMERI ကျန်းမာရေးအာမခံ နဲ့ပါတ်သက်ပြီး meeting သွားရောက်...
07/08/2026

ကျွန်တော် ၁၃-၁၄ နှစ်တောင်နေလာခဲ့တဲ့ အလုပ်ခွင်၊ဒုအိမ် UN ရုံးသို့ REMERI ကျန်းမာရေးအာမခံ နဲ့ပါတ်သက်ပြီး meeting သွားရောက်ပါဝင်ရင်း သူငယ်ချင်းဟောင်းမိတ်ဆွေဟောင်းတွေနဲ့ အမှတ်တရဓါတ်ပုံ ရော့ဒီမှာတချက် 😁😁

ဒီနေ့ ၆/၈/၂၀၂၆ ရက်နေ့ ညိုကီတို့ မေတ္တာပို့၊ ဆုတောင်းသတိရလို့ ကျေးဇူးတင်တယ်။ဒီနေ့ပဲ ဟိုကျန်နေသေးတဲ့ ညိုကီ ၂ယောက်လည်း ကျန်...
06/08/2026

ဒီနေ့ ၆/၈/၂၀၂၆ ရက်နေ့

ညိုကီတို့ မေတ္တာပို့၊ ဆုတောင်းသတိရလို့ ကျေးဇူးတင်တယ်။
ဒီနေ့ပဲ ဟိုကျန်နေသေးတဲ့ ညိုကီ ၂ယောက်လည်း ကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်လာနိုင်ပြီဖြစ်ပါတယ်။
အားလုံးအပေါ် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ကူညီပေးတဲ့ MRAC မှတာဝန်ခံဆရာများကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

🙏🏻🙏🏻🙏🏻

MRAC

လူtatမှုဖြစ်ပွါးရာနေရာမှာ ကံဆိုးပြီးသွားတိုးမိလို့အဖမ်းခံရတဲ့ ညိုကီ၅ယောက်အနက် ဒီကနေ့ ၃ယောက်အား MRAC မှကောင်းမွန်စွာသွားရ...
05/08/2026

လူtatမှုဖြစ်ပွါးရာနေရာမှာ ကံဆိုးပြီးသွားတိုးမိလို့အဖမ်းခံရတဲ့ ညိုကီ၅ယောက်အနက် ဒီကနေ့ ၃ယောက်အား MRAC မှကောင်းမွန်စွာသွားရောက်ကယ်ထုတ်နိုင်ပြီဖြစ်ပြီး သူတို့မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ပီတိဖြစ်မိပါတယ်။

နောက်ထပ် လွတ်မလာနိုင်သေးတဲ့ ၂ယောက်အတွက်လည်း အမြန်ဆုံးလွတ်နိုင်ဖို့ အတွက်ဆုတောင်းသတိရကြပါရန် မေတ္တာရပ်ခံခြင်ပါတယ်။

ညိုကီတို့ အသွားအလာဆင်ချင်ဖို့နောက်ထပ်ပြန်လည်အသိပေးလိုပါတယ်။ အားလုံးကျမ်းမာချမ်းသာပြီး ဘေးရန်ကင်းနိုင်ကြပါစေ။

UN သမား၊ Passport သမားများ နှင့် ကိုကိုစောင်း သမားများအလုံး သိဖို့၁။ ငါကဘယ်နိုင်ငံသားလဲ။၂။ ငါနေတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ။...
04/08/2026

UN သမား၊ Passport သမားများ နှင့် ကိုကိုစောင်း သမားများအလုံး သိဖို့

၁။ ငါကဘယ်နိုင်ငံသားလဲ။
၂။ ငါနေတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ။
၃။ နိုင်ငံသားနဲ့ နိုင်ငံခြားသားများ အခွင့်အရေးတန်းတူ ဖြစ်သင့်သလား။ (လုံးဝမဖြစ်နိုင်)
၄။ နိုင်ငံခြားသားဆိုတာက အိမ်ရှင်နိုင်ငံမှ ပေးထားသည့် အခွင့်အရေးသာ ခံစားခွင့်ရှိတာ။
၅။ အိမ်ရှင်စိတ်ဆိုးရင် အချိန်မရွေးဧည့်သည်ကိုမောင်းထုတ်လို့ရတယ်။

ဒီအချက်တွေကို စဉ်းစားပြီး ကိုယ်ကဘာလဲ ဆိုတာ နားလည်စေချင်တယ်။
ငါက UNသမား၊ ငါက ပါမစ်သမားဆိုပြီး ကြိုက်သလိုနေ ကြိုက်သလိုစား နေရင်တော့ အိမ်ရှင်က မသေးခံနိုင်တော့ရင်တော့ ဧည့်သည်ကပဲ ထွတ်ပေးရတော့မယ် ဆိုတာနားလည်စေချင်တယ်။

Address

Goodyear Court 3 Apartment, USJ-8
Subang Jaya
47610

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+601127217802

Alerts

Be the first to know and let us send you an email when Myanmar Refugees and Asylees Council MRAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Refugees and Asylees Council MRAC:

Shortcuts

Share