10/06/2026
ထိုင်းမလေးနယ်စပ် Perlis ပြည်နယ် Kangar တရားရုံးသို့ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သွားရောက်အမှုလိုက်ကူညီပေးခဲ့ပါသည်
တရားရုံးတွင် မြန်မာ စကားပြန်အဆင်သင့်မရှိတာကြောင့် ဒုတိယရုံးချိန်းကို ဇွန်လ ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းပေးခဲ့ပါသည်
လက်ရှိတရားရုံးအခြေအနေမှာ အထောက်အထားမဲ့အမှုကို ထောင်ဒဏ် အနည်းဆုံး ၇ လ ချမှတ်ခဲ့ပြီး တချို့သောသူတွေကို ၈ လ ထောင်ဒဏ် အမိန့်ချမှတ်နေပါသည် ဒဏ်ကြေးဆောင်သောသူတွေကို တရားသူကြီးမှ ၈ ထောင် သတ်မှတ်ပေးခဲ့ပြီး တချို့ချို့သော Overstay ပါမစ် ဗီဇာ ရက်ကျော်လွန်သူတွေကို အနည်းဆုံး ဒဏ်ကြေး ၁ သောင်း ချမှတ်ပေးခဲ့ပါသည်
တစ်နိုင်ငံလုံး အတိုင်းအတာ အဖမ်းဆီးအရမ်းများနေပါသဖြင့် အားလုံးအထူးဂရုစိုက်ကြပါ အားလုံးဘေးကင်းကြပါစေ
ကူညီမှုတိုင်းသည် အမြဲတမ်း အခမဲ့ ဖြစ်သည်
All help is always free
+6011-2812 3603 ကိုမင်းထိုက် (Mon Chan)
Myanmar Labour Affairs & Refugees Organisations ( Malaysia )
#မလေးရှားမြန်မာနိုင်ငံသားများရဲ့ဒုက္ခ #ထိုင်းမလေးနယ်စပ်အဖမ်းဆီးအရမ်းများနေပါသည် #အခမဲ့ဖြင့်သာကူညီပါသည် ゚ ゚viralシ