  • Home
  • Malaysia
  • Muar
ခမီလူငယ်များကို ကိုယ်စားပြုသော
လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကွယ်လွန်သူ မောင်ကျော်မြင့် နာရေးအတွက်ခမီလူငယ်ညီညွတ်ရေးအသင်းမှ လုပ်အားဖြင့် မကူညီနိုင်ခဲ့သော်လည်း အလှူငွေ-500  ဖြင့်ကူညီခ...
07/06/2026
ကွယ်လွန်သူ မောင်ကျော်မြင့် နာရေးအတွက်
ခမီလူငယ်ညီညွတ်ရေးအသင်းမှ လုပ်အားဖြင့်
မကူညီနိုင်ခဲ့သော်လည်း အလှူငွေ-500 ဖြင့်ကူညီခဲ့ပါသည်။
မိသားစုဝင်များနှင့် အသင်းသူ/သားများ ထပ်တူဝမ်းနည်းကြေကွဲ
ရပါသဖြင့် ကွယ်လွန်သူ မောင်ကျော်မြင့် ကောင်းရာဘဝသို့ ရောက်
ရှိပါစေကြောင်း ဆုတောင်းပေးအပ်ပါသည်။
၂၀၂၆ ဇွန်လ ၁‌၄ရက် တနင်္ဂ‌နွေ‌နေ့ မလေးရှားနိုင်ငံသို့ ကြွရောက်မယ့် ဘဒ္ဒန္တဉာဏ (ဓမ္မာစရိယ၊ B.A. M.A. Ph.D.) မဟာချူလာလောင်က...
06/06/2026
၂၀၂၆ ဇွန်လ ၁‌၄ရက် တနင်္ဂ‌နွေ‌နေ့ မလေးရှားနိုင်ငံသို့ ကြွရောက်မယ့် ဘဒ္ဒန္တဉာဏ (ဓမ္မာစရိယ၊ B.A. M.A. Ph.D.) မဟာချူလာလောင်ကွန်းတက္ကသိုလ် ထိုင်းနိုင်ငံ၏ မလေးရှားခရီးစဉ်အတွက် စေတနာရှင်အလှူရှင်များနှင့် အသင်းသူ/အသင်းသားများမှ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးကြသော အလှူတော်ငွေစာရင်းကို မိမိတို့ ခမီလူငယ်ညီညွတ်ရေးအသင်းမှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ယခုတင်ပြထားသော စာရင်းသည် ယခုလက်ခံရရှိထားသော အလှူရှင်များ၏ စာရင်းဖြစ်ပြီး၊ ဆရာတော်၏ ခရီးစဉ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့အသင်းမှ အလှူငွေများကို ဆက်လက်လက်ခံလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ခရီးစဉ်တွင် မိမိတို့ တတ်စွမ်းသမျှ စေတနာသဒ္ဒါတရားနည်းများမဆို ပါဝင်ကုသိုလ်ယူလိုကြသော အသင်းသူ/အသင်းသားများနှင့် စေတနာရှင်များအနေဖြင့် အောက်ပါ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်ဆော် နှိုးဆော်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
ဦးကျော်လှ +60 14-348 2318
ကိုကျော်အေးထွန်း +60 18-325 7839
ကိုမောင်သန်းဝင်း +60 11-1628 6746
လှူဒါန်းမှုအစုစုအတွက် အလှူရှင်တစ်ဦးချင်းစီအား ခမီလူငယ်ညီညွတ်ရေးအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပြီး မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အမှတ်စဉ်(၁)   (၁၆) ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် "ခမီလူငယ်ညီညွတ်ရေးအသင်း (KYUA)" ၏ လုပ်ငန်းစဉ...
27/04/2026
အမှတ်စဉ်(၁) (၁၆) ကြိမ်မြောက် ခမီအမျိုးသားနေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် "ခမီလူငယ်ညီညွတ်ရေးအသင်း (KYUA)" ၏
လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် စေတနာသဒ္ဓါတရား
ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းမှုအပေါ် အထူးပင်ကျေးဇူးတင်ရှိပြီး
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အလှူရှင်အမည် - ဦးအောင်သန်း
လှူဒါန်းငွေ - RM 100 (ရင်းဂစ် တစ်ရာတိတိ)
လိပ်စာ - ခေတ္တ/မလေးရှားနိုင်ငံ
နေရပ်လိပ်စာ - ဘဲငါးရာကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်
ရက်စွဲ: ၂၇. ၄. ၂၀၂၆
ခမီအမျိုးသားနေ့ ဂုဏ်ပြုကဗျာ
----------------------------------------------
ဧပြီ (၂၇) ရက်၊ တို့ရဲ့နေ့ထူးမြတ်
အစဉ်လာမပျက်၊ စောင့်လေဆက်၍
လူတိုင်းအသိ၊ ဉာဏ်အရှိနဲ့
အမျိုးသားနေ့၊ တို့မမေ့ဘဲ
နှစ်စဉ်အမြဲ၊ တို့ဆင်နွှဲမယ်။
ပေါင်းစည်းညီညာ၊ လက်တွဲကာနှင့်
တစည်းတရုံး၊ ပန်းတိုင်လုံးသို့
လုံ့လဝီရိယ၊ ဇွဲတိုမာန်ဖြင့်
သမိုင်းထောက်ရှု၊ စံပြုကာ
ဧကန်မလွဲ၊ တို့အောင်ပွဲ။
လူငယ်လူကြီး၊ မျိုးခမီတို့
ခွဲဝေတာဝန်၊ တို့ကျေပွန်မှ
မျိုးဆက်လူငယ်၊ အနာဂတ်သယ်ရင်း
ဘယ်သူခွဲခွဲ၊ တို့မခွဲဘဲ
အမျိုးသားနေ့၊ ကျင်းပမယ်။
ဟိန်းဇော် (စမ္မတီးမြေ)
ဧပြီ လ| (၂၆)ရက်နေ့| (၁၆)ကြိမ်မြောက် ခမီအမျိုးသားနေ့ ဂုဏ်ပြုပွဲအခမ်းနား စုပေါင်း ပုံရိပ်များ 🤗🤗
26/04/2026
ဧပြီ လ| (၂၆)ရက်နေ့| (၁၆)ကြိမ်မြောက် ခမီအမျိုးသားနေ့ ဂုဏ်ပြုပွဲအခမ်းနား စုပေါင်း ပုံရိပ်များ 🤗🤗
(၁၆)ကြိမ်မြောက် ခမီအမျိုးသားနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားခမီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သော ဂုဏ်ပြုကြိုဆ...
26/04/2026
(၁၆)ကြိမ်မြောက် ခမီအမျိုးသားနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား
ခမီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်
ကျင်းပပြုလုပ်သော ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအား
သတ်မှတ်ထားသည့် အစီအစဉ်များနှင့်အညီ
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားသို့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၊
အနယ်နယ်အရပ်ရပ်မှ လာရောက်အားပေးသူများအား
ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
📍 နေရာ – (မလေးရှားနိုင်ငံ)
📅 နေ့စွဲ – (26.4.2026)
မိမိခမီရိုးရာ ထမင်းဟင်းလျာများဖြင့် တည်းခင်းကျွေးမွေးပါသည်။😊😊
26/04/2026
မိမိခမီရိုးရာ ထမင်းဟင်းလျာများဖြင့် တည်းခင်းကျွေးမွေးပါသည်။😊😊
အခမ်းအနားသို့ ရောက်ရှိလာသူ ပုံရိုက်များ 😊
26/04/2026
အခမ်းအနားသို့ ရောက်ရှိလာသူ ပုံရိုက်များ 😊
စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ...🙏🙏🙏
14/04/2026
စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ...🙏🙏🙏
ဧပြီလ( ၂၇ )ရက်နေ့ ကျရောက်မည့် ( ၁၆ )ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့်မလေးရှားနိုင်ငံရောက် ခမီလူမျိုးများ...
08/04/2026
ဧပြီလ( ၂၇ )ရက်နေ့ ကျရောက်မည့် ( ၁၆ )ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့်
မလေးရှားနိုင်ငံရောက် ခမီလူမျိုးများမှပြုလုပ်ကျင်းပမည်ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိကြကုန်သော ညီအစ်ကိုမောင်နှမများအားလုံး လာရောက်အားပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
#ပြန်ကြားရေးအဖွဲ့
ခမီရိုးရာခေါင်ရည်နှင့် ခမီလူမျိုး========================   ခမီရိုးရာခေါင်ရည်သည် ခမီလူမျိုးတို့၏ ဓလေ့ရိုးရာပွဲတော်အခမ်းအ...
07/04/2026
ခမီရိုးရာခေါင်ရည်နှင့် ခမီလူမျိုး
========================
ခမီရိုးရာခေါင်ရည်သည် ခမီလူမျိုးတို့၏
ဓလေ့ရိုးရာပွဲတော်အခမ်းအနားများ
ပျော်ပွဲရွှင်ပွဲများမှာ မရှိမဖြစ်မပါမဖြစ်သော
ရိုးရာအဖျော်ယမကာ တစ်ခုဖြစ်သည်။
ခမီရိုးရာခေါင်ရည်ရဲ့ သက်တမ်းများသည်
အများအားဖြင့် နှစ်ပေါင်း(၅၀ - ၁၀၀) အထက်ရှိကြသည်။
ခမီလူမျိုးတွေက ခမီရိုးရာခေါင်ရည်များကို
အမြတ်တနိုးနှင့် ထိန်းသိမ်းကြပြီး
ဘိုးဘွားဘီဘင်ဘိုးစဉ်ဘောင်ဆက်
လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းတတ်ကြပါသည်။
ဒါကလည်း ခမီလူမျိုးတို့၏
ရိုးရာဓလေ့တစ်ခုပင် ဖြစ်ပါတယ်။
#ခမီလူမျိုး #ခမီဓလေ့ရိုးရာယဉ်ကျေးမှု
#ခမီရိုးရာဆင်ယင်ထုံးဖွဲ့မှု #ခမီရိုးရာခေါင်ရည်
#ခမီလူငယ်ညီညွတ်ရေးအသင်း-မလေးရှားနိုင်ငံ
-Malaysia
#ခမီသွေး (လခုံမြေ )
Address
Muar
Telephone
+601124455762
Website
Alerts
Be the first to know and let us send you an email when ခမီလူငယ်ညီညွတ်ရေးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Organization
Send a message to ခမီလူငယ်ညီညွတ်ရေးအသင်း:
Share