Arakanese Community Malaysia

Call Directions Website Contact the organization

Arakanese Community Malaysia Our Vision is to build up "A resilient Arakan refugee community through access to education, health and protection for sustainable resolutions."

Arakan Refugee Relief Committee (ARRC) is united with the people of arakan in Malaysia to assist Arakanese people who are in trouble!

၃၁ ရက်၊ ၈ လပိုင်း၊ ၂၀၂၆ ခုနှစ် (နက်ဖြန်) မလေးယှားနိုင်ငံ၏ လွတ်လပ်ရီးနိန့် (Hari Merdeka) ဖြစ်တေအတွက်ကြောင့် ARRC ရုံးပိတ...
30/08/2026

၃၁ ရက်၊ ၈ လပိုင်း၊ ၂၀၂၆ ခုနှစ် (နက်ဖြန်)

မလေးယှားနိုင်ငံ၏ လွတ်လပ်ရီးနိန့် (Hari Merdeka) ဖြစ်တေအတွက်ကြောင့် ARRC ရုံးပိတ်မည် ဖြစ်ကြောင်း အသိပီးတင်ပြအပ်ပါသည်။

ရုံးအား ၁ ရက်နိန့် ၊ ၉ လပိုင်း၊ ၂၀၂၆ ခုနှစ် ဆက်လက်ပြီးကေ ဖွင့်လားဖို့ ဖြစ်ပါရေ။

ဂါရဝတရားဖြင့်/
ARRC Info

HIV/AIDS  ရောဂါဝေဒနာခံစားနေရသူများအတွက် ထောက်ပံ့ရေးရန်ပုံငွေ ကံစမ်းမဲ ပေါက်မဲနံပါတ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ယခုရန်ပုံငွ...
15/08/2026

HIV/AIDS ရောဂါဝေဒနာခံစားနေရသူများအတွက် ထောက်ပံ့ရေးရန်ပုံငွေ ကံစမ်းမဲ ပေါက်မဲနံပါတ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ယခုရန်ပုံငွေကံစမ်းမဲလက်မှတ်များကို ဦးဆောင်ရောင်းချပေးသူ၊ ဝယ်ယူအားပေးသူ၊ အလှူငွေဖြင့်ပါဝင်သူ တစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်။

COBEM Info

15/08/2026

HIV AIDS ‌ရောဂါဝေဒနာခံစားနေရသူများအတွက် ထောက်ပံ့ရေးရန်ပုံငွေ ကံစမ်းမဲဖွင့်ပွဲအစီအစဥ်

https://www.facebook.com/share/v/1KE3SjwdEv/

15/08/2026

HIV/AIDS လူနာများအတွက် ရန်ပုံငွေကံစမ်းမဲဖွင့်မည့်အချိန်ကြေညာခြင်း ———————————————————————————

အားလုံးပဲမဂ်လာပါ🙏

✅ကျွန်တော်တို့ လွန်ခဲ့တဲ့ရက်ကြေညာထားတဲ့အတိုင်း HIV/AIDS လူနာများအတွက် ရန်ပုံငွေ ကံစမ်းမဲဖွင့်ပွဲကို မနက်ဖြန် ၁၅ / ၈ /၂၀၂၆ ရက်နေ့မှာ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

✅ကံစမ်းမဲဖွင့်ပွဲပြုလုပ်ရာတွင် ပိုမိုတိကျပွင့်လင်းမြင်သာမှုရှိစေရန် Random Number Generator စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးချင်ပါတယ်။

✅ဤကံစမ်းမဲဖွင့်ပွဲအစီအစဥ်ကို မနက်ဖန် ညနေ ၄ နာရီတိတိတွင် COBEM fb page မှ Live လွှင့်ပြီးပြုလုပ်သွားမှာဖြစ်တာကြောင့် အားလုံးပဲ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ကိုလည်း အသိပေးတိုက်တွန်းအပ်ပါတယ်။

COBEM Info

HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း လေးစားစွာအသိပေးခြင်း================...
12/08/2026

HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း လေးစားစွာအသိပေးခြင်း
======================================

ကနဦးတွင် HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်ကို (ဇူလိုင် ၃၁)ဟု သတ်မှတ်ထားသော်လည်း
လက်မှတ်ထက်ဝက်ကျော်ကျန်နေသေးသည့်အတွက် ယူအန် မလေးရှား၏ အကြံပြုချက်အရ လာမည့် (သြဂုတ် ၁၅ )ရက်နေ့ကို ရန်ပုံငွေ ကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။

ယခုကဲ့သို့ ကံစမ်းမဲဖောက်မည့်ရက်အား ပြောင်းလဲလိုက်ခြင်းအပေါ် နားလည်ပေးကြမည်ဟု မျှော်လင့်မိပါသည်။

ယခုအချိန်ထိ လက်မှတ်ဝယ်ယူအားပေးခဲ့သော တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ရပါသည်။ ဆက်လက်ပြီး လက်မှတ်များကို ဝယ်ယူအားပေးကြရန်လည်း တောင်းဆိုအပ်ပါသည်။

Coalition of Burma Ethnics Malaysia- COBEM

HIV/AIDS လူနာတွေအတွက် ရန်ပုံငွေကံစမ်းမဲလက်မှတ်
မဲဖောက်ဖို့ (၃) ရက်ပဲလိုပါတော့တယ်နော်။
တစ်စောင်ကို RM 10 ပဲမလို့ ဝယ်ယူအားပေးကြပါအုံး။
RM 5000 ကံထူးရှင်ဖြစ်မဲ့ အခွင့်အရေးကို လက်မလွှတ်ပဲ အခုပဲ Hello လုပ်လိုက်တော့နော်

အသေးစိတ်ကို အောက်က link မှာလည်း ဝင်ရောက်နားထောင်ကြည့်လို့ရပါတယ်။

https://www.facebook.com/share/v/18MeMHdESx/?mibextid=wwXIfr

https://www.facebook.com/share/p/1GjWcSxnwr/?mibextid=wwXIfr

UNHCR My Services အကောင့်အသစ်ဖွင့်ခြင်း (Sign-up) ကို ပြန်လည်ပြုလုပ်လို့ရပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ကြောင့် UNHCR...
11/08/2026

UNHCR My Services အကောင့်အသစ်ဖွင့်ခြင်း (Sign-up) ကို ပြန်လည်ပြုလုပ်လို့ရပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ကြောင့် UNHCR My sevices portal အကောင့်အသစ်မပြုလုပ်ရသေးသူများအားလုံး ပြုလုပ်ကြဖို့/လျောက်ထားကြဖို့ အသိပေးလိုပါသည်။

လက်ရှိအကောင့်ရှိပြီးသား အသုံးပြုသူများသည် ပုံမှန်အတိုင်း ဝင်ရောက်အသုံးပြုကြည့်ရှု့စစ်ဆေးနိုင်ပါသည်။

UNHCR My Services Website လျောက်ထားခြင်း အခက်အခဲရှိသူများအားလုံး ARRC ရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်ပါသည်။

လာရောက်သည့်အခါ အောက်ပါအချက်များကို ယူဆောင်လာပေးပါ။

✅ARRC Member Card (သက်တန်းရှိရန်လိုအပ်)
✅ Online Registration Paper (ရှိပါက)

⚠️ သတိပြုရန်

* Registration ပြုလုပ်ရာတွင် မမှန်ကန်သောအချက်အလက်များ မဖြည့်သွင်းမိစေရန် သေချာဂရုစိုက်ပါ။

* မသေချာသည့်အချက်များရှိပါက မိမိဘာသာ ခန့်မှန်းဖြည့်သွင်းခြင်းထက် ARRC ရုံးတွင် အကူအညီရယူပါ။

မှတ်ချက်

>UNHCR မှတ်ပုံတင်ရပြီးသော သူများမလိုအပ်သေးပါ။

>ပြီးလျှင် Email/Gamil ဖွင့်ခြင်း မပြုလုပ်တတ်သူများနှင့် ပတ်သက်၍ ရုံးတွင် အကူညီတောင်းခံနိုင်ပါသည်။

ARRC Info

Text Crd: KRC
Source: UNHCR Malaysia

ယူအန်မှ အသိပီးချက်  - 🔔စာရွက်စာတမ်း သက်တမ်းတိုးခြင်းနန့် ပျောက်ဆုံးလားရေ စာရွက်စာတမ်းတိ ကိစ္စ--------++-------++--------...
04/08/2026

ယူအန်မှ အသိပီးချက် -

🔔စာရွက်စာတမ်း သက်တမ်းတိုးခြင်းနန့် ပျောက်ဆုံးလားရေ စာရွက်စာတမ်းတိ ကိစ္စ
--------++-------++--------------

✅ယူအန်ကဒ်/စာရွက်စာတမ်း သက်တမ်းတိုးလိုလူတိအနိန်ဖြင့် လုပ်ငန်းစိုင်တိ အချိန်မှီ ပြီးစီးနိုင်စီရန်အတွက်

🗓️ယူအန်ကဒ်/စာရွက်စာတမ်းမှာ ဖော်ပြထားရေ သက်တမ်းတိုးရဖို့ ရက်စွဲအတိုင်း

⏰မိုးထက် ၈:၀၀ နာရီ၌ UNHCR ရုံးကို အရောက်လာဖို့တိုက်တွန်းအပ်ပါရေ။
***************************************************

UNHCR စာရွက်စာတမ်း ပျောက်ဆုံးလားလူတိ အနိန်နန့် အစားထိုး စာရွက်စာတမ်း ပြန်ပြီး‌ကေ ထုတ်ယူဖို့အတွက်

🎯ရက်ချိန်း (appointment) ယူဖို့ မလိုဘဲ မိုးထက် ၈:၀၀ နာရီမှယ ယူအန်ရုံးကို တိုက်ရိုက် လာရောက်နိုင်ပါရေ။

ဂါရဝ တရားဖြင့်/
ARRC Info

လောလောဆယ်_My Service Portal ကနိန် တဆင့် ယူအန်အကောင့်ဖွင့်ခြင်းနဲ့ လျောက်လွှာတင်ခြင်းတိ အဆင်မပြေနိုင်သိမ့်ကြောင်း Webiste...
31/07/2026

လောလောဆယ်_My Service Portal ကနိန် တဆင့် ယူအန်အကောင့်ဖွင့်ခြင်းနဲ့

လျောက်လွှာတင်ခြင်းတိ အဆင်မပြေနိုင်သိမ့်ကြောင်း Webiste ကို

ဝင်ကြည့်လို့ My Service Portal ကိုလားကြည့်ကေ မြင်ရဖို့ ဖြစ်ပါရေ။

ယင်းအတွက်နဲ့ အဖွဲ့ဝင် လူထုတိ သိဟိနိုင်ပါစီရန် အကြောင်းကြားအပ်ပါရေ။

ဂါရဝတရားဖြင့်/
ARRC Info

ရက်စွဲ - ၂၈ ရက်၊ ၇ လပိုင်း၊ ၂၀၂၆ ခုနှစ် 📣မျှဝေခြင်းဖြင့် ကူညီပေးနိုင်ပါရန် တိုက်တွန်းခြင်း------------------------------...
28/07/2026

ရက်စွဲ - ၂၈ ရက်၊ ၇ လပိုင်း၊ ၂၀၂၆ ခုနှစ်

📣မျှဝေခြင်းဖြင့် ကူညီပေးနိုင်ပါရန် တိုက်တွန်းခြင်း
--------------------------------------------------
အောက်ပါ အမျိုးသား ၁ ဦးသည်၊ မလေးရှားနိုင်ငံ၌ အကျဥ်းကျခံနီရသူဖြစ်ပြီး နီမကောင်းလို့ ဆီးကုသမှုခံယူယင်းနန့် ကာဂျန်းဆေးရုံမှာ အသက် သီဆုံးလားပါသည်။

လက်ဟိမှာ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖို့ မိသားစုနှင့် အသိညာတကာများအား အသိပီးအပ်ပါသည်။

သီဆုံးသူ၏ မိသားစုနဲ့ အဆက်အသွယ်ရဟိနိုင်ရန် အရေးတကြီးလိုအပ်ပါသည်။

မီးင်္သဂြိုလ်ခြင်းကို -

နက်ဖြန် (၂၉ ရက်၊ ၇ လပိုင်း၊ ၂၀၂၆ ခုနှစ်) မှာ
မလေးရှားနိုင်ငံ ပူချွန်း ၁၄ မိုင် သင်္ချိုင်း၌
နိန့်ခင်းဖက် ၂ နာရီ

မီးင်္သဂြိုလ်လားဖို့ဖြစ်ပါရေ။
-------+----------+----------

သီဆုံးသူ၏ အချက်အလက်တိ -
******************************
နာမေ - အောင်မြသိန်း
လိင် - ကျား
မွီးသက္ကရာဇ် - ၁၆.၄.၁၉၈၇
ဇာတိ - ပီပင်ကုန်းကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်။
ဇနီး - မအေးစောသန်း
*************************

ARRC ရုံး၏ အောက်ပါ ဖုန်းနံပါတ်အား ဆက်သွယ်ရန် အသိပီးအပ်ပါသည်။

ဆက်သွယ်ရန် -
+60 18-777 5734

ဂါရဝတရားဖြင့်/
ARRC Info

📢 အဖွဲ့ဝင် လူထုများအား အသိပေးကြေညာချက်မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းရန် ညွှန်ကြား၂...
23/07/2026

📢 အဖွဲ့ဝင် လူထုများအား အသိပေးကြေညာချက်

မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ မလေးရှားအစိုးရသည် UNHCR အား ဒုက္ခသည်အသစ် (New Registration) များအားလုံးကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။

အစိုးရ၏ ရည်ရွယ်ချက်မှာ Refugee Registration Document (DPP) အစီအစဉ်အောက်တွင် ဒုက္ခသည်များ၏ မှတ်ပုံတင်ခြင်းနှင့် စီမံခန့်ခွဲမှုကို အစိုးရ၏စနစ်အောက်တွင် ပိုမိုစနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဖြစ်ပါသည်။

✅ လက်ရှိအချိန်တွင် အတည်ပြုနိုင်သောအချက်များ
UNHCR မှ ဒုက္ခသည်အသစ်များ၏ မှတ်ပုံတင်ခြင်း (New Registration) ကို ယာယီရပ်ဆိုင်းထားရန် မလေးရှားအစိုးရက ညွှန်ကြားထားပါသည်။

DPP အစီအစဉ်အောက်တွင် ဒုက္ခသည်များ၏ အချက်အလက်များကို အစိုးရက ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားထားပါသည်။

⚠️ လက်ရှိအချိန်တွင် မရှင်းလင်းသေးသောအချက်များ
ယခုထုတ်ပြန်ချက်တွင် အောက်ပါကိစ္စများကို ရှင်းလင်းစွာ မဖော်ပြထားသေးပါ။
• လက်ရှိ UNHCR Card ကိုင်ဆောင်ထားသူများအပေါ် သက်ရောက်မှုရှိ/မရှိ
• Card Renewal (သက်တမ်းတိုးခြင်း)
• Card Replacement (ကတ်ပျောက်/ပျက်စီး၍ အသစ်ထုတ်ပေးခြင်း)
• Family Composition ပြောင်းလဲမှုများ
• My Services မှတင်သွင်းထားပြီးသား လျှောက်လွှာများ
• UNHCR Appointment များ ဆက်လက်ဆောင်ရွက်မည်/မည်မဟုတ်

🇲🇲 မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
ထို့အပြင် ဒုတိယဝန်ကြီးက လက်ရှိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Immigration Detention Depot) များတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မြန်မာအစိုးရက ပြန်လည်လက်ခံရန် သဘောတူထားသဖြင့် လိုအပ်သော လုပ်ငန်းစဉ်များပြီးစီးပါက ရေတပ်သင်္ဘောများဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဟုလည်း ပြောကြားခဲ့ပါသည်။

📌 ARRC မှ မေတ္တာရပ်ခံချက်
🔹 ကောလာဟလများကို မယုံကြည်ကြပါနှင့်။
🔹 မည်သည့်သတင်းကိုမဆို မမျှဝေမီ တရားဝင်အရင်းအမြစ်ကို စစ်ဆေးပေးကြပါ။
🔹 AARC သည် UNHCR နှင့် မလေးရှားအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များကို ဆက်လက်စောင့်ကြည့်နေပြီး အတည်ပြုထားသော သတင်းအချက်အလက်များကိုသာ Community သို့ အချိန်နှင့်တပြေးညီ မျှဝေပေးသွားမည်ဖြစ်ပါသည်။

🙏 ကျေးဇူးပြု၍ စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြပါနှင့်။ တရားဝင်အချက်အလက်များ ထပ်မံထွက်ရှိလာပါက ARRC မှ ချက်ချင်း အသိပေးသွားပါမည်။

https://www.astroawani.com/berita-malaysia/malaysia-arah-unhcr-henti-pendaftaran-pelarian-buat-masa-ini-lukanisman

ARRC Info

Credit: Kachin Refugee Committee (KRC)

Kerajaan arahkan UNHCR hentikan sementara pendaftaran pelarian bagi membolehkan penyusunan semula pengurusan pelarian melalui program DPP.

Address

Pudu
Kuala Lumpur

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+60123482656

Alerts

Be the first to know and let us send you an email when Arakanese Community Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Arakanese Community Malaysia:

Sponsored

Share