Daai Community Malaysia

Directions Website

Daai Community Malaysia This page was created by Daai Community Malaysia. This page represents the Daai Chin people.

The Daai Chin language code according to the International Organization for Standardization is ISO 639-3 DAO.

09/10/2026

ကျန်းမာရေးဝန်ကြီးဌာနက ဒုက္ခသည်များအတွက် ကျန်းမာရေးအာမခံ မဖြစ်မနေထားရှိရန် အဆိုပြု

ကွာလာလမ်ပူ၊ အောက်တိုဘာ ၈ - မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် ကျန်းမာရေးအာမခံထားရှိခြင်း သို့မဟုတ် သတ်မှတ်ထည့်ဝင်ကြေး ပေးသွင်းခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန် အဆိုပြုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Hanifah Hajar Taib ၏ ပြောကြားချက်အရ နိုင်ငံခြားသားလူနာများ၏ ဆေးကုသစရိတ်ကြွေးကျန် ၈၀ ရာခိုင်နှုန်းကျော်သည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံမဲ့သူများကြောင့် ဖြစ်ပေါ်နေသည်။

ဝန်ကြီးဌာန၏ ကြွေးကျန်ငွေမှာ ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၃၅၉ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၃၃၆ သန်းသို့ လျော့ကျခဲ့သည်။

သို့သော် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများတွင် လူသားချင်းစာနာမှုအရ လူနာအားလုံးကို ကုသမှုပေးရန် ဆက်လက်အာမခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source Link: https://www.msn.com/en-my/news/other/health-ministry-moots-compulsory-insurance-for-refugees-asylum-seekers/ar-AA2dJPhR?ocid=socialshare

DCM အဖွဲ့ဝင်များသို့ အရေးကြီးအသိပေးချက်လက်ရှိ မလေးရှားနိုင်ငံအတွင်း မီးခိုးမြူ (Haze) နှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်န...
09/10/2026

DCM အဖွဲ့ဝင်များသို့ အရေးကြီးအသိပေးချက်

လက်ရှိ မလေးရှားနိုင်ငံအတွင်း မီးခိုးမြူ (Haze) နှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် အဖွဲ့ဝင်များအနေဖြင့် မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်။

အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအားနည်းသူများကို အထူးဂရုစိုက်ကာ မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပြီး သက်ဆိုင်ရာ ကျန်းမာရေးသတိပေးချက်များကို လိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

DCM

07/10/2026

- UNHCR Hotline Phone ယာယီရပ်ဆိုင်းခြင်း

- ၂၀၂၃ ခုနှစ်အထိ UNHCR တွင် မှတ်ပုံတင်ထားပြီး Appointment မရရှိသေးသူများအတွက် UNHCR မှ Hotline Phone Number တစ်ခု ပေးထားခဲ့ပြီး၊ အဆိုပါဖုန်းမှတစ်ဆင့် Appointment တောင်းခံနိုင်ခဲ့ကြရပြီး လူအများအပြား အတွက်အကျိုးရှိခဲ့ကြပါသည်။

- သို့သော် အရေးပေါ်နှင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် အမှုများ များပြားနေသဖြင့် UNHCR သည် Registration Hotline Phone မှ Appointment တောင်းခံခြင်းကို ၆ လခန့် ယာယီရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

- ယင်းကာလအတွင်း UNHCR မှ အရေးပေါ်နှင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် အမှုများကို ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

- Hotline ယာယီရပ်ဆိုင်းမှုကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်မည် ဖြစ်ပြီး၊ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို သက်ဆိုင်ရာ Community Organization များမှတစ်ဆင့် အသိပေးသွားမည်ဖြစ်ပါသည်။

- My Services Portal
My Services Portal မှတစ်ဆင့် UNHCR သို့ လျှောက်ထားနိုင်ပြီး၊ Appointment များကို အမှုတစ်ခုချင်းစီနှင့် တစ်ဦးချင်းလိုအပ်ချက်အပေါ် မူတည်၍ ပေးအပ်သွားမည်ဖြစ်ပါသည်။

- မိသားစုဝင် ထည့်သွင်းခြင်း
မိသားစုဝင် ထည့်သွင်းရန်အတွက် UNHCR ရုံးသို့ သွားရောက်တန်းစီပြီး Appointment တောင်းခံ၍ မရပါ။ အမှု၏အခြေအနေနှင့် လိုအပ်ချက်အလိုက် UNHCR မှ Appointment ပေးအပ်သွားမည်ဖြစ်ပါသည်။

- UNHCR Card ပျောက်ဆုံးသူများ
UNHCR Card ပျောက်ဆုံးသွားပါက စိုးရိမ်စရာမလိုဘဲ UNHCR Reception သို့ သွားရောက်၍ Card ပျောက်ဆုံးကြောင်း အကြောင်းကြားနိုင်ပါသည်။
အမှု၏အခြေအနေပေါ်မူတည်၍ လိုအပ်သော မေးမြန်းစစ်ဆေးမှု သို့မဟုတ် Interview ပြုလုပ်ပြီးနောက် Card အသစ် ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။

- အခြားနိုင်ငံတွင် UNHCR Card ရရှိထားသူများ
အခြားနိုင်ငံတွင် UNHCR Card ရရှိထားပြီး Malaysia သို့ ရောက်ရှိလာသူများသည် My Services Portal မှတစ်ဆင့် မှတ်ပုံတင်ခြင်းအသစ် ပြန်လည်လျှောက်ထားနိုင်ပါသည်။

- ဖမ်းဆီးခံရမှုနှင့် Protection Case များ
ဖမ်းဆီးခံရမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမှုများကို Help Site မှတစ်ဆင့် တင်ပြနိုင်ပြီး၊ Protection / Arrest Hotline မှတစ်ဆင့်လည်း ဆက်လက်တင်ပြနိုင်ပါသည်။

Amnesty International Malaysia နှင့် Asylum Access Malaysia တို့၏ ပူးတွဲကြေညာချက်၂၉ စက်တင်ဘာ ၂၀၂၆မလေးရှားနိုင်ငံ၏ ဒုက္ခသ...
29/09/2026

Amnesty International Malaysia နှင့် Asylum Access Malaysia တို့၏ ပူးတွဲကြေညာချက်

၂၉ စက်တင်ဘာ ၂၀၂၆

မလေးရှားနိုင်ငံ၏ ဒုက္ခသည်များကို ဆက်လက်ပြန်လည်ပို့ဆောင်နေမှုက နိုင်ငံတကာဥပဒေအပေါ် မလေးရှား၏ စံနှုန်းနှစ်မျိုးထားရှိမှုကို ဖော်ထုတ်နေသည်။

Amnesty International Malaysia (AIM) နှင့် Asylum Access Malaysia (AAM) တို့က မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းသည် လူပေါင်း ၅,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသည့် အစီအစဉ်၏ ပထမအဆင့် ဖြစ်သည်။

AIM နှင့် AAM တို့က မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးအကျပ်အတည်းကြောင့် လူအများအပြား၏ဘဝများ ထိခိုက်ပျက်စီးနေသည့် အခြေအနေတွင် တရားမဝင် ပြန်လည်ပို့ဆောင်ခြင်းများဖြင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိနိုင်မည်မဟုတ်ကြောင်း ထပ်မံအလေးပေးပြောကြားသည်။

ထိုသို့သော ရေရှည်ဖြေရှင်းချက်များသည် တာဝန်ခံမှု (accountability)၊ အကာအကွယ်ပေးမှု (protection) နှင့် လူများကို မိမိတို့နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်စေသည့် အခြေခံအကြောင်းရင်းများကို ဖြေရှင်းခြင်းတို့မှသာ ရရှိလာနိုင်မည်ဖြစ်သည်။

ထိုအခြေအနေများ မဖြစ်ပေါ်သေးသည့်အချိန်အထိ မလေးရှားနိုင်ငံသည် non-refoulement ဟုခေါ်သည့် နိုင်ငံတကာဥပဒေ၏ အခြေခံမူကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ထို့ကြောင့် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားမှုအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် မိမိတို့၏ တုံ့ပြန်ဆောင်ရွက်မှုများတွင် အကာအကွယ်ပေးရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို အဓိကထားရန် တောင်းဆိုထားသည်။

အောက်ပါ သက်ဆိုင်ရာ မူရင်းpageသို့ သွားရောက်ဖတ်ရှု လေ့လာနိုင်သည်။

https://www.facebook.com/share/1C1S4U37Nh/?mibextid=wwXIfr

28/09/2026

ယနေ့ မနက်အစောပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များမှ မိမိ တို့၏ရုံးသို့ လာရောက်စစ်ဆေးခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လက်ရှိအချိန်တွင် ထူးခြားစိုးရိမ်ဖွယ်ရာ အခြေအနေတစ်စုံတစ်ရာ မရှိကြောင်း အသိပေးအပ်ပါသည်။

မလေးရှားရှိ မိမိတို့ မင်ဘာ၀င်များနှင့် နိုင်ငံတကာ‌ရောက် ဒိုင်ရ်လူမျိုးများ ၏ အစဉ်တစိုက် မားမားမတ်မတ် ရပ်တည်ကူညီမှုနှင့် ဆုတောင်းမေတ္တာများအတွက်လည်း အထူးကျေးဇူးတင်ရှိအပ်ပါသည်။

ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများသက်ရောက်ပါစေ။

အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးဇူးတင်ရှိခြင်းDaai Community Malaysia (DCM) နှင့် Daai Christian Fellowship (DCF) တို့၏ ပူ...
27/09/2026

အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးဇူးတင်ရှိခြင်း

Daai Community Malaysia (DCM) နှင့် Daai Christian Fellowship (DCF) တို့၏ ပူးတွဲစီစဉ်မှုဖြင့် DCF အသင်းတော်မှာ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ လက်ရှိ မလေးရှားနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အဖမ်းအဆီးအခြေအနေတွေ၊ UNHCR ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ အလုပ်ခွင်မှာ အဖမ်းဆီးခံရတဲ့အခါ ဘယ်လိုဆောင်ရွက်သင့်သလဲ၊ အခြေအနေကို သက်ဆိုင်ရာခေါင်းဆောင်တွေဆီ ချက်ချင်းအကြောင်းကြားဖို့နဲ့ မလေးရှားနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆရာ အိုက်လွင် က မျှဝေပေးခဲ့ပါတယ်။

ဒါ့အပြင် MMA ရဲ့ ရပ်တည်ချက်တွေ၊ လက်ရှိလုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သိရှိနိုင်အောင် ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

အခုလို မိမိတို့ Communityနှင့် အသင်းတော် Member များ အတွက် အချိန်ပေးပြီး အသိပညာနဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့ ဆရာအိုက်လွင်ကို DCM နဲ့ DCF တို့မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🙏

အလားတူ ဒီအစီအစဉ်မှာ ပါဝင်ပေးခဲ့ကြတဲ့ DCF ရဲ့ ပါစတာ၊ သင်းထောက်များ၊ အမှုဆောင်များနဲ့ အသင်းသူ၊ အသင်းသားများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

DCM & DCF
27 September 2026

၁၈ စက်တင်ဘာ ၂၀၂၆မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့အစည်း COBEM မှ ဦးဆောင်ပြီး Dang Wangi District P...
18/09/2026

၁၈ စက်တင်ဘာ ၂၀၂၆

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့အစည်း COBEM မှ ဦးဆောင်ပြီး Dang Wangi District Police ဒုရဲမှူးတို့အဖွဲ့နဲ့ မြန်မာ တိုင်းရင်းသားခေါင်းဆောင်များ၊ အသင်းတော်အသီးသီးရှိခေါင်းဆောင်များ လူထုတွေ့ဆုံပွဲကို ယနေ့ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

* တွေ့ဆုံပွဲတွင် ဒုရဲချုပ်မှ အဓိကမှာကြားသွားသည့်အရာများမှာ……

၁။ မလေးရှားမှာရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအနေဖြင့် မလေးရှားမှာနေထိုင်စဉ် မလေးစကားတတ်မြောက်အောင်လည်း လေ့လာသင်ယူကြဖို့၊ မလေးစကာပြောတတ်ရင် အရာရာ လွယ်ကူစွာဖြေရှင်းတတ်မည်ဖြစ်ကြောင်း မှာကြားသွားပါသည်။

၂။ မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအနေဖြင့် မလေးရှားရဲ့ ဥပဒေများကို လိုက်နာကြဖို့၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတာမျိုး၊ အိမ်တွင်း အိမ်ပြင် ဆူဆူညံညံ နေထိုင်ကြတာမျိုးမလုပ်ကြဖို့နဲ့ မလေးရှား ဥပဒေကိုဆန့်ကျင်သည့် အပြုအမူမျိုး ပြစ်မှုတွေ မလုပ်မိကြဖို့ အထူးမှာကြားသွားပါသည်။

၃။ လူ တစ်ဦးတစ်ယောက်ကြောင့် လူအများနာမည်ပျက်အောင်မလုပ်မိကြဖို့၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်မောင်းခြင်းမလုပ်မိကြဖို့၊ ဒေသခံတွေ မနှစ်မြို့ဖွယ်ဖြစ်အောင်နေထိုင်တာမျိုး ဆင်ခြင်ကြဖို့။

၄။ အိမ်မွေးတိရိစ္ဆာန်များ အထူးသဖြင့် ၀က်၊ ခွေး၊ ကြောင်များကို မွေးထားရင် အနီးအနားပတ်၀န်းကျင်တွေအတွက် အဆင်မပြေဖြစ်စေမည့် အရာများကို ကြိုးစားရှောင်ကြဥ်ကြဖို့။

၅။ အရက်သေစာသောက်တတ်သူများအနေဖြင့် အများပြည်သူအပန်းဖြေရာနေရာမှာ ထိုင်သောက်တာမျိုး၊ လမ်းဘေးမှာထိုင်ပြီး အုပ်စုဖွဲ့ ဝိုင်းသောက်တာမျိုး၊ အိမ်ထဲမှာ သောက်ပြီး ဆူညံတာမျိုး၊ မူးပြီး စကားများ ရန်ဖြစ်တာမျိုး လုံးဝလုံးဝ ရှောင်ကြဉ်ကြဖို့ အထူး မှာကြားသွားပါသည်။

၆။ ရဲဆိုတာ ကြောက်ဖို့မဟုတ်ဘဲ အကူအညီပေးမယ့်သူသာဖြစ်ပြီး မိမိပစ္စည်းခိုးခံရတာမျိုး၊ ဓါးမြတိုက်ခံရတာမျိုး စသည်ဖြင့် ကြုံတွေ့ရလျှင် ရဲစခန်းမှာ အထောက်အထားမှန်ကန်စွာဖြင့် တိုင်တန်းမှုများပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ တိုင်တန်းသည့်အခါ မိမိရဲ့ကွန်မြူနီတီခေါင်းဆောင်များနဲ့အတူ ရဲစခန်းသို့သွားပြီးတိုင်တန်းနိုင်ကြောင်း မှာကြားခဲ့ပါသည်။


🛡 REMEDI ကျန်းမာရေးအာမခံ စာရင်းသွင်းခြင်းနေ့စက်တင်ဘာ ၁၉ ရက်၊ စနေနေ့ | မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီ | ပူချုံး (Puchong)တ...
15/09/2026

🛡 REMEDI ကျန်းမာရေးအာမခံ စာရင်းသွင်းခြင်းနေ့
စက်တင်ဘာ ၁၉ ရက်၊ စနေနေ့ | မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီ | ပူချုံး (Puchong)တွင်ကိုယ်တိုင်ဝယ်ယူနိုင်သည်။
ဤအများပြည်သူဆိုင်ရာ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲတွင် သင်နှင့် သင့်ကလေးများအတွက် REMEDI အာမခံကို ဝယ်ယူနိုင်ပါသည်။

ဝမ်း ချန်ပီယံရှစ် (One Championship) ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာ-အင်္ဂလိပ် ဘာသာစကား နှစ်မျိုးဖြင့် ဘာသာပြန် အားကစားသတင်...
12/09/2026

ဝမ်း ချန်ပီယံရှစ် (One Championship) ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာ-အင်္ဂလိပ် ဘာသာစကား နှစ်မျိုးဖြင့် ဘာသာပြန် အားကစားသတင်း တင်ဆက်သူ ဒိုင်ရ် (Daai) ချင်းလူမျိုး ဘရုစ်အောင် (Bruce Aung) အား အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဒိုင်ရ် အသိုင်းအဝိုင်းက ပြောကြားလိုပါသည်။
ဘရုစ်အောင် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ်ပီနီ (Lumpini) အားကစားကွင်းအတွင်းရှိ လက်ဝှေ့ကွင်း၌ ပထမဆုံးအကြိမ် ပါဝင် သတင်းတင်ဆက်ခြင်းလည်း ဖြစ်ပါသည်။ ရှေ့ဆက်ပြီးလည်း အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ရပ်ဒုတ်ကျေးရွာဇာတိ၊ ဘရုစ်အောင် အတွက် ရှေ့ဆက်ပြီးလည်း အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
https://www.facebook.com/share/1EMqeoQnVB/?mibextid=wwXIfr

Address

548A Jalan CHERAS 56100
Kuala Lumpur
55300

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Daai Community Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share