TODAY MARA

TODAY MARA Mara pa chi nata pho he khizaw kaoki zyduata pahno khei ta khizaw chyhsa zy hro liata same level y na aw pa.

ချင်း​ပြည်နယ်၊ပလက်ဝဒေသအတွင်း Paletwa CDF အဖွဲ့အား အပြီးတိုင်ဖျက်သိမ်းပေးရန် ဒေသခံပြည်သူများ တောင်းဆို​ဇွန် ၁၆ရက်၊ ၂၀၂၆ ခ...
16/06/2026

ချင်း​ပြည်နယ်၊ပလက်ဝဒေသအတွင်း Paletwa CDF အဖွဲ့အား အပြီးတိုင်ဖျက်သိမ်းပေးရန် ဒေသခံပြည်သူများ တောင်းဆို

​ဇွန် ၁၆ရက်၊ ၂၀၂၆ ခုနှစ်

​ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းရှိ ခူမီးလူမျိုး ဒေသခံအချို့က Paletwa CDF အဖွဲ့သည် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၆) နှစ်တာကာလအတွင်း ဒေသအတွက် ထိရောက်သည့် အခန်းကဏ္ဍတစ်ရပ် မဖော်ဆောင်နိုင်ခဲ့သည့်အပြင် ဒေသခံများအပေါ် ဖိနှိပ်မှုများသာ ပြုလုပ်နေသဖြင့် အဆိုပါအဖွဲ့အား လုံးဝအလိုမရှိကြောင်းနှင့် အပြီးတိုင်ဖျက်သိမ်းပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ကြောင်း VOICE OF PALETWA စာမျက်နှာက ဒီကနေ့ရက်စွဲနဲ့ဖော်ပြလာပါတယ်။ သိရသည်။

​အဖွဲ့စတင်ဖွဲ့စည်းစဉ်က ဒေသခံများ၏ မျှော်လင့်ချက်နှင့် ထောက်ခံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ တိုးတက်မှုများအတွက် ထင်ရှားသော ရလဒ်များ မမြင်တွေ့ရသေးကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

​ခြောက်နှစ်တာကာလအတွင်း ပလက်ဝအတွက် ဘာတွေ ပြောင်းလဲသွားလဲ၊ ဘာအကျိုးကျေးဇူး ရရှိခဲ့လဲ ဟု ဒေသခံအချို့က မေးခွန်းထုတ်နေကြပြီး Paletwa CDF အဖွဲ့သည် ပြည်သူများ၏ အသံကို ကိုယ်စားပြုနိုင်ခြင်း မရှိသည့်အပြင် ဒေသ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် လုပ်ဆောင်မှုမျိုး လုံးဝမတွေ့ရကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

​လက်တွေ့တွင် ပလက်ဝပြည်သူပြည်သားများမှာ အိုးအိမ်မဲ့၊ အသက်မဲ့ဖြစ်ရခြင်း၊ မိသားစုများ မစုံလင်ကြရခြင်းတို့အပြင် နေ့စဉ်နှင့်အမျှ CDF ၏ ရန်ကိုပါ စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများထံမှ ကြားသိရသည်။

ယခင်က အဟုတ်ထင်မှတ်ပြီး ထောက်ပို့ကျွေးမွေးခဲ့ကြသည့် ပြည်သူများ၏ မျက်နှာကို မထောက်ထားဘဲ AA ၏ ကြိုးဆွဲရာကနေကာ မိမိတို့အချင်းချင်း ပြန်လည်ဒုက္ခပေးနေခြင်း၊ ပြည်သူ့အပေါ် အမြတ်ထုတ် ကုတ်သွေးစုပ်နေခြင်းတို့ကြောင့် ဒေသခံပြည်သူများက အဆိုပါအဖွဲ့ကို လုံးဝရှုတ်ချပြီး အပြီးတိုင်ဖျက်သိမ်းသွားရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

​ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့အား ကန့်ကွက်ပြီး အပြီးတိုင်ဖျက်သိမ်းရန် တောင်းဆိုရသည့် အခြေခံအချက်များမှာ
​၁။ ပလက်ဝအရေး ဟု ကြွေးကြော်ကာ ငွေကောက်ခံခြင်းလုပ်ငန်းများ ပြုလုပ်ပြီး ပလက်ဝအရေးကို ယနေ့အထိ လျစ်လျူရှုထားခြင်း။
၂။ AA နှင့် မဟာမိတ်ထက်ပိုသော ဆက်ဆံရေး သဘောတူစာချုပ် ချုပ်ဆိုထားပြီး AA ၏ ဩဇာခံအဖြစ်သာ ရပ်တည်နေခြင်း။
၃။ AA မှ ပလက်ဝဒေသခံများအား အတင်းအဓမ္မ စစ်မှုထမ်း ဖမ်းဆီးမှု ပြုလုပ်နေစဉ် ပလက်ဝပြည်သူများအား နေရပ်စွန့်ခွာထွက်ပြေးရန် ပိတ်ဆို့ခြင်းနှင့် လူငယ်များကို ဖမ်းဆီးကာ AA ထံ အတင်းအဓမ္မအပ်နှံခြင်းများ ပြုလုပ်နေခြင်း။
​လက်ရှိတွင် အဆိုပါ ဖိနှိပ်မှုများကြောင့် လူငယ်အချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အထိ ထွက်ပြေးတိမ်းရှောင်သွားကြရသည့် ပလက်ဝပြည်သူများ၏ ဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် Paletwa CDF အဖွဲ့၏ ရပ်တည်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

​ယခုကဲ့သို့ ဒေသခံများ၏ ပြင်းထန်သော တောင်းဆိုချက်များနှင့် ဝေဖန်မှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်သို့တုံ့ပြန် ရှင်းလင်းလာမည်ကိုလည်း ဒေသခံများက စောင့်ကြည့်လျက် ရှိကြသည်။

#ပလက်ဝ

#ချင်းပြည်နယ်


16/06/2026

ရို နိုင်ငံသားတဲ့။ 🤣🤣🤣🤣

16/06/2026

နိုင်ငံပျက်၊စနစ်ပျက်၊လူပျက်တဲ့နိုင်ငံ

16/06/2026

Malay Vs Bangala

29/01/2026

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

29/01/2026

မူစလင်ဘုရားက အာရပ်ဗီ ဘာသာတစ်ခုပဲနားလည်တယ်။ ဆိုတော့ မူစလင်ကူးတော့မယ်ဆိုရင် အာရပ်ဗီဘာသာစကားကိုအရင်သင်ကြားရမှနော်။ မဟုတ်ရင် အာလာမ် ကြီးက နတ်သမီး ၇၂ ယောက်မသနားပဲနေအုံးမယ်။

Address

Kuala Lumpur
55100

Alerts

Be the first to know and let us send you an email when TODAY MARA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to TODAY MARA:

Shortcuts

Featured

Share