The Highlands Chin Channel

The Highlands Chin Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Highlands Chin Channel, Community Center, Kuala Lumpur.

17/08/2026

ဆလန်ဂေါပြည်နယ် အမ်ပန်းမြို့၌ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုတွင် ကလေးငယ်များ ပါဝင်နေသည့် မြင်ကွင်း

ဩဂုတ် ၁၇၊ ၂၀၂၆
HCC News

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ အမ်ပန်း ပန်ဒန် မဲဝါ၌ ယနေ့ ၁၇ရက်နေ့တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အော်ပရာစီ အဖမ်းအဆီး ဆောင်ရွက်နေစဉ် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရှိရသည်။


#ဆလန်ဂေါပြည်နယ်
#အမ်ပန်း

17/08/2026

ယူကရိန်း ဒရုန်း ၆၀၀ ဖြင့် မော်စကိုကို ပြင်းထန်စွာ တိုက်ခိုက်၊ ကုန်စည်ဖြန့်ချိရေးစင်တာများ မီးလောင်

သြဂုတ် ၁၇၊ ၂၀၂၆
HCC News

ယူကရိန်းက ရုရှားနိုင်ငံ မော်စကိုဒေသကို အသေခံဒရုန်း ၆၀၀ ခန့်ဖြင့် ကြီးမားကျယ်ပြန့်စွာ တိုက်ခိုက်ခဲ့ရာ ကုန်စည်ဖြန့်ချိရေးစင်တာများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မော်စကိုမြို့တော်ဝန် Sergei Sobyanin က ဒရုန်း ၂၀၀ ကျော်ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော်လည်း Podolsk အနီး Wildberries ရုံနှင့် Domodedovo ရှိ ဖြန့်ဖြူးရေးစင်တာများ မီးလောင်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း အသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားဒေသများတွင်လည်း ဒဏ်ရာရသူများရှိကြောင်း သိရသည်။

#ယူကရိန်း #ရုရှား #မော်စကို #ဒရုန်းတိုက်ခိုက်မှု

14/08/2026

KIA+KPDF စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီပြည်သူ့စစ်တစ်ဦးသေဆုံး (ရုပ်သံ)

ဩဂုတ် ၁၄၊ ၂၀၂၆

ကချင်ပြည်နယ် မြောက်ဖျား၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသရှိ တိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦး KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့ဝင် စနိုက်ပါ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည်။

လက်ရှိတွင် အဆိုပါဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီနှင့်အတူ တိုက်ခိုက်နေသည့် ပြည်သူ့စစ်လူငယ်များ သေဆုံးမှုမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

#ပူတာအို #ခေါင်လန်ဖူး #စစ်ကောင်စီ #ပြည်သူ့စစ်

11/08/2026

ကိုလံဘီယာတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၂ ဦး အထိရှိလာ (ရုပ်/သံ)

သြဂုတ် ၁၁၊ ၂၀၂၆
HCC News

ကိုလံဘီယာနိုင်ငံမှာ ဩဂုတ် ၁၀ ရက်၊ မနေ့က အင်အား ၇.၄ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၁၃၂ ဦး အထိရှိလာပြီး ၅၇၀ ကျော် ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံအများအပြား ပျက်စီးပြိုကျခဲ့ပြီး Pereira မြို့ဟာ ထိခိုက်မှုအများဆုံးဒေသတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ Cali နဲ့ Bogotá အပါအဝင် မြို့အများအပြားမှာလည်း ပြင်းထန်တဲ့ တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျအဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်

22/07/2026

NLD အစိုးရခေတ်မှာ ကချင်ပြည်သူတစ်ယောက်၏ ရင်ဖွင့်သံ



#ပြည်သူ
#ကချင်

21/07/2026

ဗင်နီဇွဲလား အမြွှာငလျင်ကပ်ဘေး သေဆုံးသူ ၅,၀၀၀ နီးပါးအထိ မြင့်တက်

၂၀၂၆−ဇူလိုင် ၂၁
HCC News

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်က ပြင်းအား ၇.၂ နှင့် ၇.၅ ရှိသော ငလျင်ကြီးနှစ်ခု ၃၉ စက္ကန့်အတွင်း ဆက်တိုက်လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၄,၉၃၀ ဦးအထိ ရှိလာပြီး ပျောက်ဆုံးသူထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်ကြောင်း လွှတ်တော်အမတ် Jorge Rodriguez က ထုတ်ပြန်သည်။

မြို့တော် ကာရာကပ်စ်ရှိ Chacao နှင့် San Bernardino ခရိုင်များအပြင် ပင်လယ်ကမ်းရိုးတန်းဒေသ လာဂွါအီရာပြည်နယ်တို့မှာ အပျက်အစီးပုံအတိဖြစ်နေပြီး La Esperanza သုသာန်တွင် ရုပ်အလောင်းများကို အစုလိုက်အပြုံလိုက် မြှုပ်နှံမှုများ ပြုလုပ်နေရသည်။

ကုလသမဂ္ဂမှ အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ တောင်းခံထားပြီး ပြန်လည်ထူထောင်ရေးကုန်ကျစရိတ်မှာ ဒေါ်လာ ၃၇ ဘီလီယံခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသော်လည်း နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေသည်။

20/07/2026

မြန်မာနိုင်ကို အုပ်ချုပ်ခဲ့တဲ့ - ဗိုလ်နေဝင်း ဗိုလ်သန်းရွှေ ဗိုလ်မင်းအောင်လှိုင် ဘယ်သူကအဆိုးဝါးဆုံးလဲ

− သိမ်းမြတ်

#သိမ်းမြတ်

မြန်မာကမ်းလွန်၌ လှေ ၂ စီး နစ်မြုပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် သေဆုံးနိုင်ဟု ကုလသမဂ္ဂ ပြော၂၀၂၆−ဇူလိုင် ၁၈HCC N...
17/07/2026

မြန်မာကမ်းလွန်၌ လှေ ၂ စီး နစ်မြုပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် သေဆုံးနိုင်ဟု ကုလသမဂ္ဂ ပြော

၂၀၂၆−ဇူလိုင် ၁၈
HCC News

မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဇွန်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် လှေ ၂ စီး နစ်မြုပ်ခဲ့သဖြင့် ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် သေဆုံးနိုင်ကြောင်း IOM နှင့် UNHCR တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပထမလှေတွင် လူ ၂၅၀ ခန့်၊ ဒုတိယလှေတွင် လူ ၂၈၀ ခန့် တင်ဆောင်လာခဲ့ပြီး ဒုတိယလှေမှာ ဇူလိုင် ၈ ရက်တွင် ဧရာဝတီတိုင်းကမ်းလွန်၌ နစ်မြုပ်သွားသည်ဟု ယူဆရကြောင်း ကုလသမဂ္ဂက ဆိုသည်။

ရိုဟင်ဂျာများသည် ပိုမိုကောင်းမွန်သည့်ဘဝကို ရှာဖွေရန် နှစ်စဉ် အန္တရာယ်များသော ပင်လယ်ခရီးစဉ်များ ထွက်ခွာလေ့ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း အန္တရာယ်များသော ပင်လယ်ခရီးထွက်ခဲ့သူ ၆,၅၀၀ ကျော်အနက် ၉၀၀ နီးပါး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ကြောင်း UNHCR စာရင်းများအရ သိရသည်။

IOM နှင့် UNHCR တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန်၊ ဒုက္ခသည်ခိုလှုံခွင့်နှင့် အကာအကွယ်ပေးရေး တိုးမြှင့်ရန်နှင့် လူကုန်ကူးမှုကွန်ရက်များကို ထိရောက်စွာ အရေးယူရန် တောင်းဆိုထားသည်။

#ရိုဟင်ဂျာ #ဒုက္ခသည် #မြန်မာ

13/07/2026

ဘန်ကောက်မြို့ စားသောက်ဆိုင်မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံး

၂၀၂၆−ဇူလိုင် ၁၃
HCC News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဂျွမ်ဖွန်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီ ၅၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံးပြီး အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၈ ဦး ပါဝင်ကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

မီးတောက်များသည် အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့ပြီး ဆိုင်အတွင်းရှိ ဖောက်သည်များနှင့် ဝန်ထမ်းများမှာ ထွက်ပြေးလွတ်မြောက်ရန် ရုန်းကန်ခဲ့ရသည်။ Fire & Rescue Thailand ကယ်ဆယ်ရေးအဖွဲ့များက မီးငြိမ်းသတ်ခဲ့ပြီး ဇူလိုင် ၁၃ ရက် နံနက် ၀၀ နာရီ ၃၂ မိနစ်တွင် မီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းနှင့် သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး အခင်းဖြစ်ပွားရာလမ်းပိုင်းအား ယာယီရှောင်ကြဉ်ရန် အာဏာပိုင်များက အသိပေးထားသည်။

#ဘန်ကောက် #မီးလောင်မှု #ထိုင်း

11/07/2026

ချောက်တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂၀ ခန့်ကျဆုံးခဲ့သည့် ရုပ်သံကို စစ်တပ်ဘက်က ဖြန့်ဝေလာ

၂၀၂၆−ဇူလိုင် ၁၁
HCC News

စစ်ကောင်စီတပ်ဖွဲ့များက ဇူလိုင် ၁၀ ရက်က မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ်အစပ် တောင်သာရွာနှင့် စမ်းစုရွာကြားတွင် ဖြစ်ပွားခဲ့သည့် မြေပြင်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များအား ဒရုန်းဖြင့် တိုက်ခိုက်နေသည့် မြင်ကွင်းပါဝင်သော ရုပ်သံဖိုင်ကို တယ်လီဂရမ်တွင် ဖြန့်ဝေလိုက်သည်။

ဒု-ရဲမှူးကြီး ကျော်သူ ဦးစီးသော ရဲကွန်မန်ဒိုတပ်ခွဲ (၁) စစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးအကြောင်းပြကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာစဉ် NUG လက်အောက်ခံ မကွေးခရိုင် PDF တပ်ရင်း (၃) က ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအပြီး စစ်ကောင်စီဘက်က တော်လှန်ရေးရဲဘော်ရုပ်အလောင်း ၂၀ ဦးအထိ တွေ့ရှိခဲ့ပြီး ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်နှင့် ကျည်ဆန်အမြောက်အမြားကို သိမ်းဆည်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

#ချောက်တိုက်ပွဲ #စစ်ကောင်စီ

Address

Kuala Lumpur

Telephone

+60168409230

Website

Alerts

Be the first to know and let us send you an email when The Highlands Chin Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share